You Are Here: Home - ပင်မစာမျက်နှာ , ဆောင်းပါး - အပ်ကြောင်းထပ်တေ ညီညွတ်မှုအကြောင်း

 
သူနန့် စတွိခါ မှောင်စပျိုးနိန်ပျာယ်ဖြစ်တေ။ မြစ်ကမ်းနံဘေးက လက်ဘက်ရည်ဆိုင်မှာထိုင်ပြီးကေ ရီပြင်ထက်မှာ မိတ်တင်နိန်ရေ လိမ္မော်ရောင် နီလုံးကြီးကို ကြည့်ယင်း သူက မဆီမဆိုင် ညီညွှတ်ရီးအကြောင်းကို ဆိုလာရေ။ ဒေဂုတလော ညီညွှတ်ရီးရေ ပေါ်ပျူလာအဖြစ်ဆုံးဝေါဟာရတခုဖြစ်နိန်ရေ။ ညီညွှတ်ရီးအကြောင်းကို ဈီးထဲမှာလဲ ကြားရရေ၊ သတင်းစာထဲမှာလဲဖတ်ရရေ၊ ဂျာနယ်တိကလဲ ဖော်ပြကတ်တေ၊ တွိဗွီထဲမှာလဲ မြင်ရရေ၊ အင်တာနတ်စာမျက်နှာတိထက်မှာလဲ ဖတ်ကတ်ရရေ။
သူ့အဆိုအရ ညီညွှတ်မှုဆိုစွာရေ မညီညွတ်မှုနန့် ဆန့်ကျင်ဖက်ဖြစ်တေ။ သဘာဝနိယာမ တရားဧ။် ဖီလာဆန်ရေ ဒွန်တွဲချက်တိထဲက တခုပင်ဖြစ်တေလို့ ပြောရေ။ အဖြူနန့်အမည်း၊ အတိုနန့် အရှည် မတူကွဲပြားရေပိုင် ညီညွတ်မှုနန့် မညီညွှတ်မှုကို မှတ်ကျောက်တင် တိုင်းတာလို့ ရတန်ကောင်းရေလို့ သူက တထစ်ချပြောရေ။ ညီညွှတ်မှုဆိုစွာ ညီညီညာညာ နန့် ကိုင်းကိုင်းညွှတ်ညွတ် ဆိုရေ အနက်နှစ်ခုကို ပေါင်းစပ်ထားစွာဖြစ်ကြောင်း သူကဆိုလာရေ။ သူ့အဆိုအရ ညီရေ ဆိုစွာ အပိုအလိုမဟိ၊ အတက်အလက်မဟိ တပြိုင်တည်းဖြစ်ပြီးကေ ညွှတ်တေဆိုစွာ အပင်တပင်က တပင် လီတိုက်တေအခါ ကိုင်းညွှတ်ကတ်တေပိုင် လူတစ်ယောက်နန့် တစ်ယောက် အချင်းချင်း အလေးထားပြီးကေ ညှိညှိနှိုင်းနှိုင်းလုပ်ဆောင်ကတ်ခြင်းကို ဆိုရေလို့ သူကဆိုရေ။ အချင်းချင်းညီညွှတ်ကတ်ခြင်းရေ အမှုကိစ္စတိကို ပြီးမြောက်ဖို့ရာမှာ အဓိက ကျရေလို့ စာပီတိကလဲဆိုထားကြောင်းကို သူကဆက်တေ။ ယင်းပိုင်နန့် အပ်ကြောင်းထပ်တေ ညီညွှတ်မှုအကြောင်းကို အဖန်ရည် တတုတ်ချင်းစီသောက်ယင်း သူဆက်ပြောခရေ။
ညီညွှတ်မှုဆိုစွာ အာကာထက်ကနိန်ကျလာစွာမဟုတ်။ လူတိကြားထဲမှာ တည်ဆောက်ရရေ ကြိုးစားအားထုတ်မှုတခုရာဖြစ်တေ။ ညီညွှတ်မှုဆိုစွာ ပန်းတိုင်မဟုတ်၊ ယင်းပန်းတိုင်ကို ရောက်ဖို့ ကြိုးစားအားထုတ်မှုတခုရာဖြစ်တေ။ ဥပမာ- မုန့်တီချက်စားဖို့၊ အတွက်လိုအပ်တေ ဖေသာကို ညီညီညွှတ်ညွတ် ထည့်ကတ်လို့ မုန့်တီချက်စားဖို့၊ ဖေသာရလားရေ။ သင်္ကြန်ဘုရားရီချိုးဖို့ ကိစ္စအထမြောက်ဖို့ ညီညီညွှတ်ညွတ် လုပ်ဆောင်ရေအတွက် ဘုရားရီချိုးပွဲအောင်အောင် မြင်မြင် ပြီးဆုံးလားရေ။ ယေဇုနန့် ညီညွှတ်ရီး ဆိုစွာ အမူကိစ္စတခု ပြီးမြောက်ဖို့အတွက် လုပ်တေ လုပ်ဆောင်ချက်တခုပင်ဖြစ်တေ။ ညီညွှတ်မှုဆိုစွာ စုစည်းမှုတခု တည်း မဟုတ်၊ စုစည်းထားရေ လူတိအချင်းချင်း အကျိုးတူလုပ်ဆောင်ရေ ကိစ္စတခုပင်ဖြစ်တေ။ လူတိ၊ အဖွဲ့တိကို ပေါင်းစုလိုက်စွာနန့် ညီညွှတ်မှုလို့ခေါ်လို့မရ။ ယင်းစုထားရေ လူအစုအဝေးက တူညီရေ ပန်းတိုင်အတွက် အလုပ်တိကို အချင်းချင်း ပူးပေါင်းဆောင်ရွက် လုပ်ဆောင်ရဖို့ဖြစ်တေ။ ညီညွှတ်တိုင်းလဲ ကိုလိုချင်ရေ ပန်းတိုင်ကို ရချင်မှ ရကတ်ဖို့။ ယေဒါလဲ အချင်းချင်း ညီညွှတ်ကတ်ခြင်းရေ ကောင်းမွန်ရေ လူမှုလက္ခဏာ တရပ်ဖြစ်ပြီးကေ ပညာဟိတိ ချီမြှောက်ကတ်တေ အမူအကျင့်တခုလဲ ဖြစ်တေ။
ညီညွှတ်မှုကို သူက ထင်းစည်းနန့် ဥပမာ ပြရေ။ နွားတကျိုင် နန့် တင်စားပြရေ။ ခဲဝါ တအုပ်နန့် နှိုင်းပြရေ။ ထင်းတစ်ချောင်းတည်းဟိနိန်ရေအခါ ချိုးရစွာလွယ်ပြီးကေ ထင်းတိကို စုပေါင်းလိုက်တေအခါ ချိုးလို့မရနိုင်။ ယင်းချင့်ရေ ညီညွှတ်မှုဖြစ်ကြောင်းသူပြောရေ။ ယေဒါလဲ ထင်းတိစွာ သူ့အလိုလို စုနိန်ကတ်စွာမဟုတ်။ ထင်းတိကို ချိုင်ထားရေ ကြိုးကြောင့် စုနိန်ကတ်စွာဖြစ်တေ။ ယေဇုနန့် ယင်းကြိုးရေ ညီညွှတ်မှုကို ပံ့ပိုးပီးရေ အရာတခုဖြစ်တေ။ ညီညွှတ်မှုကို ပံ့ပိုးပီးရေ အရာနန့် ညီညွှတ်မှုကို ဖြစ်ပေါ်စီရေ အရာက မတူသိမ့်။ ထင်းတိကို စုထားရခြင်း အကြောင်းရေ မပြီလားစီဖို့ ဆိုရေ ရည်ရွယ်ချက်ကြောင့်ဖြစ်နိုင်ရေ။ ယပြီးမှ ထမ်းရေအခါ အဆင်ပြေချောမွိဖို့ဖြစ်တေ။ ဒေနိန်ရာမှာ ထင်းစည်းကို မပြီလားစီဖို့နန့် ထမ်းရေအခါ လွယ်လင့်တကူ ထမ်းလို့ ရဖို့ဆိုရေ ရွယ်ရည်ချက်က စုစည်းခြင်းဆိုရေ ညီညွှတ်မှုကို ဖြစ်ပေါ်စီရေ။ ယင်းချင့်ကို ချိုင်ထားရေ ကြိုးက ပံ့ပိုးပီးရေ။ ညီညွှတ်ခြင်းကို ဖြစ်ပေါ်စီရေ အရာအများကြီးဟိနိုင်ရေပိုင်၊ ပံ့ပိုးပီးရေ အရာလဲ ကန်ကမကန် ဟိနိုင်ရေ။ ယေဒါလဲ ယင်းထင်းစည်းကို လူတစ်ယောက်အားနန့် ချိုးလို့ မကျိုးကေလဲ လူဆယ်ယောက်အားနန့် ချိုးကေ ကျိုးနိုင်ရေ။ ထင်းစည်းကို ချိုးနိုင်ရေ အားမပေါ်သိမ့်လို့ရာ ထင်းစည်းအနိန်နန့် တောင့်ခံနိုင်စွာဖြစ်တေ။ ယေဇုနန့် ထင်းစည်းပိုင် ညီညွှတ်တိုင်းလဲ မလုံလောက်သိမ့်။
ညီညွှတ်မှုကို သူက နွားတိအကြောင်းနန့် တင်စားပြရေ။ နွားတိရေ အချင်းချင်းနိန်ကေ တစ်ကောင်နန့် တစ်ကောင် ခတ်ကတ်တေ။ ယေဒါလဲ ကျားတိပိုင် တခြား အကောင်ဗလောင်တိက သူရို့ကို ဒုက္ခပီးဖို့ ပေါ်လာခါ အချင်းချင်း စုပေါင်းပနာ ရန်သူကို ကာကွယ်ကတ်တေ။ အရီးကြီးသွီးနီးဆိုရေပိုင် အရီးကြီးလာရေအချိန်မှာ သူရို့ကိုယ်သူရို့ ကာကွယ်ဖို့အတွက် စုပေါင်းလားခြင်းဖြစ်တေ။ ယေဒါလဲ သူရို့မှာ မမျှော်လင့်ဘဲ ကျရောက်လာဖို့ အန္တရယ်အတွက် ကြိုတင်ပြင်ဆင်ထားခြင်းမဟိ။ ဦးဆောင်ဦးရွက် လုပ်ပနာ ရန်သူကို ကာကွယ်ဖို့ ဂေါင်းဆောင်မဟိရေအတွက်နန့် တကောင်းစ နှစ်ကောင်စ စီ ကျားစားခံရပနာ တတိတိ နန့် မျိုးတုန်းလားရေလို့ သူက ထောက်ပြရေ။ ယေဇုနန့် နွားတိပိုင် ညီညွှတ်တိုင်းလဲ မလုံလောက်သိမ့်။ ညီညွှတ်မှုကို သူက ခဲဝါတိနန့် တင်စားပြရေ။ ခဲဝါတိရေ အစာရရေ အချိန်မှာ တစ်ကောင်နန့် တစ်ကောင်ကိုက်ကတ်ပြီးကေ အစာကို လုကတ်ကေလဲ အစာရှာရေ အချိန်မှာ တတူတူ အသင်းအစု ဖွဲ့ပနာ လုပ်ကတ်တတ်တေ။ သူရို့မှာ ဂေါင်းဆောင်းဟိရေ။ ယင်းဂေါင်းဆောင်ရေ အလကား နိန်ယင်းထိုင်ယင်း ဂေါင်းဆောင်ဖြစ်လာစွာမဟုတ်။ သူရေ သူ့ခဲဝါတိကို တခြား ရန်သူတိရန်ကနိန် ကာကွယ်ပီးရေ။ အစာမဟိရေ အချိန်မှာ သူက အစာရှာပီးရေ။ ယေဇုနန့် သူဂေါင်းဆောင်ဖြစ်လာခြင်းဖြစ်တေ။ သူရို့ရေ အချိန်မရွီးဖြစ်လာဖို့ ရန်ကို ကာကွယ်ဖို့ ဆက်တိုက်ဆက်တိုက် ပြင်ဆင်ထားကတ်တေ။ ညီညွှတ်မှုကို စဉ်ဆက်မပြတ်တည်ဆောက်ကတ်တေ။ ယေဇုနန့် ခဲဝါပိုင် ပါညီညွှတ်ကတ်ဖို့ လိုရေလို့ သူကထောက်ပြရေ။ ယေဒါလဲ ခဲဝါတိ ညီညွှတ်မှုရေ ဂေါင်းဆောင်ကို အလေးပီးရေ အတွက်နန့်ဂေါင်းဆောင်ကို အမှီသဟဲ ပြုရေ ဘက်ကိုရောက်လားနိုင်ပြီးကေ အာဏာရှင်စနစ်ဖြစ်လားနိုင်ရေလို့ သူက သုံးသတ်တေ။
သူ ညီညွှတ်ရီးအကြောင်းကို ပြောပြီးရေအချိန်မှာ နီလုံးက အနောက်ဘက်ကို စစုန်းမြုပ်လားပြီးပျာယ်ဖြစ်တေ။ ယင်းနီလုံးရေ နောက်တရက်မှာ အရှိဘက်ကနိန်ပြန်ပနာ ထွက်လာဖို့စွာကို ခြွင်းချက်မဟိ အကျွန် ယုံကြည်နိန်ခပါရေ။ သီဆုံးခြင်းရေ မွီးဖွားခြင်းတိ အစဆိုရေပိုင် ပြိုကွဲမှုတိဟိစွာကို ယုံကြည်လက်ခံနိုင်ကေ ပဇာဖြစ်လို့ ပေါင်းစည်းခြင်းတိလုပ်နိုင်ရေဆိုစွာကို လက်မခံနိုင်စရာ အကြောင်းဟိပါဖို့လဲ။ ယင်းပိုင်နန့် အာကာက မှိတ်တုပ်၊ မှိတ်တုပ် ကြယ်ချေတိကိုကြည့်လိုက်၊ သူငယ်ချင်းပြောရေ အက်ကြောင်းထပ်တေ ညီညွှတ်မှုအကြောင်းကို စိုင်းစာလိုက်နန့် သက်ပြင်းအခါခါ ချပြီးကေ သူငယ်ချင်းနန့် လမ်းခွဲပနာ အိမ်ပြန်ခပါရေ။

မောင်မောင်
Blogger Widgets