You Are Here: Home - သတင်း , ဆောင်းပါး - ဥပဒေ အငြင်းပွားမှု ဒေါက်တာအေးမောင်တို့ ဘာကြောင့် အနိုင်ရသလဲ (အသေအချာဖတ်ဂတ်ပါ)

  • ဥပဒေ အငြင်းပွားမှု ဒေါက်တာအေးမောင်တို့ ဘာကြောင့် အနိုင်ရသလဲ
  •  
  •  
  •  
  • ဒိန်ဖန်ခူး

(မည်သည့် ပြည်တွင်း ပြည်ပ အသံလွှင့်မီဒီယာဖြစ်စေ ပုံနှိပ် သတင်းမီဒီယာဖြစ်စေ ယခုဆောင်းပါးကို တဆင့်ကူးယူခြင်း အသုံးပြုခြင်း ခွင့်မပြုပါ။ Facebook မိတ်ဆွေများ ရှယ်ယာလုပ်ခြင်း၊ ဘလော့ဆိုက် ရှယ်ယာလုပ်ခြင်းများကို ခွင့်ပြုသည်။ သို့သော် ခင်ရတနာ Facebook မှဟု ဖော်ပြပေးစေလိုပါသည်)
=======================================================
(ဒိန်ဖန်ခူးဆောင်းပါးကို တိုက်ရိုက်ကူးချခြင်းမှ ကာကွယ်ရန် ကိန်းဂဏန်းအချို့ကို တမင်ပြောင်းလဲထားသည်)

ဝန်ခံချက် //  ကျနော် ဒေပို့ဒ်ကိုခေါ်ပြစော်ရေ ကျနော့်မှာ ဘလော့ဖြစ်လို့ ဖေါ်ပြစော် ဖြစ်ပါရေ


                                    အခြေခံဥပဒေ အငြင်းပွားမှုမှာ
               ဒေါက်တာအေးမောင်တို့ ဘာကြောင့် အနိုင်ရသလဲ





အမှုနောက်ခံအကျဉ်း

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဆင့် ၀န်ကြီးတွေရဲ့ ချီးမြှင့်ငွေ၊ စရိတ်နဲ့ အဆောင်အယောင် ဥပဒေ ၃/၂၀၁၁ ပါ ပုဒ်မ ၅ နဲ့ ပုဒ်မ ၁၇ ပါ ပြဋ္ဌာန်းချက်တွေဟာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတွေနဲ့ တန်းတူ မသတ်မှတ်တဲ့အတွက် အခြေခံ ဥပဒေနဲ့ မကိုက်ညီလို့ စိစစ်ပေးဘို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့အဖွဲ့က အခြေခံဥပဒေဆိုင်ရာ ခုံရုံးကို လျှောက်ထားခဲ့ပါတယ်။ ဒီမှာတင် ခုံရုံးက အနိုင်ပေးခဲ့တာဖြစ်ပါတယ်။

ဒေါက်တာအေးမောင် RNDP

ဒါ့ကြောင့် အခြေခံဥပဒေအရ အစိုးရအဖွဲ့နဲ့ လွှတ်တော်က အဲဒီ ပြဋ္ဌာန်းချက်တွေကို ပြင်ဆင်ပေးရမှာ ဖြစ်ပါတယ်။

ဒီအမှုမှာ ဘာကြောင့် ဒေါက်တာအေးမောင်တို့ကို အနိုင်ပေးရသလဲဆိုတာ နားလည်ဘို့အတွက် စစ်အစိုးရအခြေခံဥပဒေ ၂၀၀၈ အရ ၀န်ကြီးအမျိုးအစား ဘယ်နှစ်မျိုးရှိသလဲ အရင် သိဖို့လိုပါတယ်။

ဦးသိန်းစိန်အစိုးရခေတ်လောက်ဝန်ကြီးရာထူးတွေ အောတိုက်အောင်များတာ ဒီခေတ်ဘဲ ရှိပါတယ်။

ဝန်ကြီးရာထူးတွေကတော့-

ပြည်ထောင်စုဝန်ကြီး

ဗဟိုအစိုးရ ကက်ဘိနက်က ၀န်ကြီးဖြစ်ပီး ဗဟိုအစိုးရ သတ်မှတ်တဲ့ ၀န်ကြီးဌာန တခုခုကို တာဝန်ယူရပါတယ်။ ဦးသိန်းစိန်အစိုးရတက်စက ၀န်ကြီး အရေအတွက် ၃၀နဲ့ ၀န်ကြီးဌာန ၃၄ ခု ရှိပါတယ်။ ခုတော့ နည်းနည်း အပြောင်းအလဲ ရှိပါတယ်။

ပြည်နယ်ဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီး

ပြည်နယ် တိုင်းဒေသကြီး ၁၄ ခုမှာလဲ ပြည်နယ်ဆိုင်ရာ တိုင်းဒေသကြီးဆိုင်ရာ ၀န်ကြီးဌာန ၉ ခုစီ (နောက်ပိုင်း အပြောင်းအလဲ နည်းနည်းရှိ) ဖွဲ့ထားတဲ့အတွက် ပြည်နယ်ဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီး ဆိုတာ ရှိပါတယ်။

တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး

ပြည်နယ် တိုင်းဒေသကြီး ၁၄ ခုမှာ ပြည်နယ်ဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးတွေအပြင် တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဆိုပီး ရှိပြန်ပါတယ်။ စုစုပေါင်း တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ၂၇ ဦးရှိပါတယ်။

တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဆိုတာ ပြည်နယ် တိုင်းဒေသကြီး ၁၄ ခုဖွဲ့စည်းရာမှာ သက်ဆိုင်ရာ ပြည်နယ် တိုင်းဒေသကြီး ၁၄ ခုအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်စီရင်စုရပီးတဲ့ တိုင်းရင်းသားများမှအပ ကျန်လူမျိုးတွေထဲက နိုင်ငံတော်စုစုပေါင်း လူဦးရေရဲ့ ၀.၁% နှင့် အထက် အရေအတွက်ရှိတဲ့ တိုင်းရင်းသားလူမျိုးတွေက လူမျိုးတမျိုး တဦးကျစီ ရွေးကောက်တင်မြှောက်တဲ့ ပြည်နယ်ကိုယ်စားလှယ်တွေကို “တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး” လို့ ခေါ်တာ ဖြစ်ပါတယ်။ (အခြေခံဥပဒေ ၂၀၀၈ ပုဒ်မ ၁၆၁(ဂ)--)။

ဥပမာ- ရန်ကုန်တိုင်းဒေသကြီးမှာ မြန်မာအများစုနေထိုင်တဲ့အတွက် ဒီမြန်မာတွေထဲက ရွေးကောက်တင်မြှောက်ခံရသူတွေက( ဗမာက လူမျိုးကြီးဝါဒ မဟုတ်ရင် ဘာလဲ) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ထဲက ၀န်ကြီးဌာန ၉ ခုမှာ တိုင်းဒေသကြီးဝန်ကြီး ဖြစ်လာပါတယ်။ ဒါပေမဲ့ ရန်ကုန်တိုင်းဒေသကြီးထဲမှာ မြန်မာအပြင် ရခိုင် ကရင်စတဲ့ တခြားတိုင်းရင်းသားတွေပါ နေထိုင်တာဖြစ်တဲ့အတွက် အဲဒီထဲက နိုင်ငံတော်စုစုပေါင်း လူဦးရေရဲ့ ၀.၁% နှင့် အထက် အရေအတွက်ရှိတဲ့ တိုင်းရင်းသားလူမျိုးတွေက ရခိုင်နဲ့ ကရင်သာရှိပါတယ်။

ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီးထဲမှာ ရခိုင် တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးအဖြစ် ဦးဇော်အေးမောင်က အရွေးခံရပီး ကရင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးအဖြစ် ဦးစောထွန်းအောင်မြင့်က အရွေးခံရပါတယ်။ ကျန်ပြည်နယ် တိုင်းဒေသကြီးတွေမှာလဲ အလားတူ ဖြစ်ပါတယ်။

 ပြဿနာက ဘာလဲ

အခြေခံဥပဒေအပိုင်းကကြည့်ရင် တိုင်းပြည်လူဦးရေရဲ့ ၀.၁% နှင့် အထက်ရှိတဲ့ တိုင်းရင်းသားလူမျိုးတွေကို ပြည်နယ်လွှတ်တော်တွေမှာ ပါအောင်ရေးဆွဲထားတာဟာ တိုင်းရင်းသားအချင်းချင်း ပြဿနာတက်အောင် ရည်ရွယ်ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

ဥပမာ-ကချင်လွှတ်တော်မှာ အများစု ဂျိန်းဖောတွေအပြင် ၀.၁%နဲ့အထက် အနည်းစုလူမျိုးထဲက ဂျိန်းဖောနဲ့မတဲ့တဲ့ ရ၀မ်လို လူမျိုးစုတွေပါအောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ထဲ့ထားတာမျိုး၊ ရှမ်းပြည်မှာ ရှမ်းနဲ့မတဲ့တဲ့ လူမျိုးစုတွေ လွှတ်တော်မှာပါအောင် ထည့်ထားတာမျိုးဟာ အကောင်းဆုံး သက်သေဖြစ်ပါတယ်။ ဒီလို တိုင်းရင်းသားချင်း မတည့်မှ စစ်ဗိုလ်လူထွက် ကြံ့ဖွံတွေ အုပ်ချုပ်ရတာ အဆင်ပြေမယ်လို့ တွက်ပုံရပါတယ်။

ခုဒေါက်တာအေးမောင်တို့ ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးကို တင်ပြတဲ့အမှုကလဲ ဒီသဘောဖြစ်ပါတယ်။

ပြည်နယ် တိုင်းဒေသကြီးက အစိုးရတွေကိုကြည့်ရင် ၀န်ကြီးရာထူးတွေကို အများစုတိုင်းရင်းသားတွေကသာ ယူထားပီး ၀.၁%နဲ့အထက် လူမျိုးစုထဲက အရွေးခံထားရတဲ့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ၂၇ ဦးအတွက် ၀န်ကြီးအမည်ခံထားပေမဲ့ ဌာနလက်ကိုင်မရှိဖြစ်နေပါတယ်။

နအဖ ထုတ်ပြန်ခဲ့တဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေကို ပြန်ကြည့်တဲ့အခါမလဲ ပုဒ်မ(၁၀)(က) ပုဒ်မခွဲ (၂)အရ နိုင်ငံတော်သမ္မတသည်-

"၀န်ကြီးများဖြစ်သည့် တိုင်းရင်းသားလူမျိုးရေးရာ ဆောင်ရွက်ရန် ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များအား သက်ဆိုင်ရာ တိုင်းရင်းသား လူမျိုးရေးရာများကို ဆောင်ရွက်ရန် တာဝန်ပေးအပ်ရမည်" လို့ ပြဌာန်းထားပါတယ်။

လက်တွေ့မှာ ပြည်နယ် တိုင်းဒေသကြီး ၀န်ကြီးချုပ်တွေက တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတွေကို ဘာတာဝန်မှ မပေးတဲ့ပြင် ရန်ကုန်တိုင်းဒေသကြီးဆိုရင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတွေကို လိုမှ ရုံးလာပါလို့ ပြောတဲ့အတွက် ရခိုင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင် မကျေမနပ်ဖြစ်ပီး မီဒီယာတွေကို မကြာခင်က ဖွင့်ချခဲ့ပါတယ်။

ပြည်နယ် တိုင်းဒေသကြီး ၀န်ကြီးချုပ်ဆိုသူအများစုကလဲ နအဖစစ်အစိုးရလက်ထက်မှာ ရားထူးကြီးကြီးယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးတွေက အများစု ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတွေကို ပြည်နယ်ဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးတွေနဲ့ ရန်တိုက်ပေးတာဘယ်သူလဲလို့ စစ်ကြည့်တော့ စစ်ဗိုလ်လူထွက်တွေဖြစ်တဲ့ ပြည်နယ် တိုင်းဒေသကြီး ၀န်ကြီးချုပ်ဆိုသူတွေ ဖြစ်နေတာ တွေ့ရပါတယ်။

တိုင်းရင်းသားအချင်းချင်း သွေးခွဲဘို့အတွက်  တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတွေရဲ့လစာ စရိတ်နဲ့ အဆောင်အယောင်တွေကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ထိုးထုတ်ပြန်ခဲ့တဲ့ ချီးမြှင့်ငွေ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေ ၃/၂၀၁၁ မှာ ပြည်နယ်ဝန်ကြီး တိုင်းဒေသကြီးဝန်ကြီးတွေထက်  အစကထဲက တမင်လျှော့ပေးထားတာ တွေ့ရပါတယ်။

ဇယား(၁)


လစာချင်းယှဉ်ကြည့်ရင်ကို ပြည်နယ်ဝန်ကြီး တိုင်းဒေသကြီးဝန်ကြီးတွေက တလကျပ်ငွေ သိန်း ၂၀ ရပေမဲ့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတွေရဲ့လစာက ကျပ်ငွေ ၁၀ သိန်းသာရပါတယ်။ တခြားအဆောင်အယောင် ကွာခြားချက်တွေကိုလဲ အထက်ပါ ဇယား(၁)မှာ ကြည့်နိုင်ပါတယ်။

ဒီလိုအခြေအနေတွေကိုမြင်လာတဲ့ ဒေါက်တာအေးမောင်နဲ့အဖွဲ့က အခြေခံဥပဒေ ပုဒ်မ ၂၆၂ မှာ ပြည်နယ်ဝန်ကြီး တိုင်းဒေသကြီးဝန်ကြီးတွေနဲ့ တိုင်းရင်းသားလူမျိုးရေးရာ ၀န်ကြီးတွေကို တန်းတူအခွင့်အရေးပေးထားတယ်။ ဒါကို
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကနေ စိစစ်ပေးပါဆိုပီး တင်ပြတာ ဖြစ်ပါတယ်။

ဒီမှာတင် ဒေါက်တာအေးမောင်တို့ တင်ပြချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကနေ အနိုင်ပေးလိုက်တာ ဖြစ်ပါတယ်။

ဘာကြောင့် အနိုင်ပေးသလဲ

ဒေါက်တာအေးမောင်တို့ တင်ပြချက်ကိုကြည့်ရင်
  • အခြေခံဥပဒေ ၂၀၀၈ မှာ အားနည်းချက်ရှိတယ်လို့ အပေါ်ယံထင်ရပေမဲ့ တကယ်တော့ ဒီအားနည်းချက်ကို တမင်ဖန်တီး ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ပြည်နယ်ဝန်ကြီး တိုင်းဒေသကြီးဝန်ကြီးတွေနဲ့ တိုင်းရင်းသားလူမျိုးရေးရာ ၀န်ကြီးတွေ အချင်းချင်း မသင့်မတင့်ဖြစ်နေမှ စစ်ဗိုလ်လူထွက် ပြည်နယ်ဝန်ကြီးချုပ်တွေက အုပ်ချုပ်လို့ကောင်းမှာ ဖြစ်ပါတယ်။

  • ဒါပေမဲ့ ကနေ့ ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေအနေအရ လွှတ်တော်တွေမှာ ကြံ့ဖွံပါတီအမတ်တွေက အသာစီးရနေတာတောင် လူနည်းစုဘက်က တင်ပြတဲ့ အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုကို အနိုင်ပေးပီး မျှတအောင် လုပ်နေပါတယ်လို့ နိုင်ငံတကာကို လိမ်ချင်တဲ့အတွက် အနိုင်ပေးတာက ပထမအချက် ဖြစ်ပါတယ်။

  • ဒုတိယအချက်က တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတွေရဲ့ နစ်နာချက်ကို ပြင်ပေးတဲ့အတွက် ကြံ့ဖွံပါတီအမတ်တွေကို မထိခိုက်ဘူးလို့ ယူဆတဲ့အချက်၊ ပြည်နယ် တိုင်းဒေသကြီးလွှတ်တော်တွေမှာ အင်အား ချိန်ခွင်လျှာ သိသိသာသာ မပြောင်းနိုင်ဘူးလို့ ယူဆတဲ့အတွက်လဲ ကြံ့ဖွံ့ပါတီ မျက်နှာပန်းလှအောင် ဒေါက်တာအေးမောင်တို့ကို အနိုင်ပေးလိုက်တာ ဖြစ်ပါတယ်။

  • တတိယအချက်က အခြေခံဥပဒေမှာကိုက ပြည်နယ်ဝန်ကြီး တိုင်းဒေသကြီးဝန်ကြီးတွေနဲ့ တိုင်းရင်းသားလူမျိုးရေးရာ ၀န်ကြီးတွေရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို ရှင်းရှင်းလင်းလင်း ရေးမထားနိုင်ခဲ့တဲ့ အခြေခံဥပဒေဆိုင်ရာ အားနည်းချက်ဖြစ်နေတာလဲ ဒေါက်တာအေးမောင်တို့ကို အနိုင်ပေးရတဲ့ အကြောင်းတခု ဖြစ်ပါတယ်။

သုံးသပ်ချက်

  • ဒေါက်တာအေးမောင်တို့ဘက်က အနိုင်ရတဲ့အတွက် ပြည်နယ်ဝန်ကြီး တိုင်းဒေသကြီးဝန်ကြီးတွေနဲ့ တိုင်းရင်းသားလူမျိုးရေးရာ ၀န်ကြီးတွေရဲ့ လစာနဲ့ အဆောင်အယောင်တွေ အတူတူ ဖြစ်ပါတယ်ဆိုတာ လွှတ်တော်ကနေ ပြင်ဆင်ချက် တင်သွင်းပီး ထပ်မံအတည်ပြုပေးရမှာ ဖြစ်ပါတယ်။

  • တိုင်းရင်းသားလူမျိုးရေးရာ ၀န်ကြီးတွေကို ပြည်နယ်ဝန်ကြီး တိုင်းဒေသကြီးဝန်ကြီးတွေနဲ့ အဆင့်အတန်း အတူတူလို့ သတ်မှတ်ပီးတာနဲ့ သက်ဆိုင်ရာ ပြည်နယ်တွေ တိုင်းဒေသကြီးတွေအတွက် ဘာတွေ တိုးတက်အောင် လုပ်ပေးနိုင်မယ်ဆိုတာ မသိရပေမဲ့ တိုင်းရင်းသားလူမျိုးရေးရာ ၀န်ကြီးတွေကတော့ တလကို ကျပ်ငွေ ၁၀ သိန်းထီ ပေါက်သလို အကျိုးအမြတ်ရမှာ ဧကန်ဖြစ်ပါတယ်။

  • ဆိုလိုတာက မူလက တိုင်းရင်းသားလူမျိုးရေးရာ ၀န်ကြီးတဦးရဲ့လစာက တလကို ကျပ်ငွေ ၁၀သိန်းကနေ  ပြင်ဆင်ချက်အရ နောက် ၁၀သိန်းတိုးပေးမှာမို့ လစာ ကျပ်ငွေ သိန်း ၂၀ ရတော့မှာ ဖြစ်ပါတယ်။ ပြည်ထောင်စု ဒုဝန်ကြီးတဦးလစာနဲ့ အတူတူ ဖြစ်သွားမှာပါ။ ကားတစီးလဲ ထပ်ရတော့မှာမို့ စုစုပေါင်း ကား ၂ စီးရတော့မှာ ဖြစ်ပါတယ်။

  • တွက်ကြည့်ရင် တိုင်းရင်းသားလူမျိုးရေးရာ ၀န်ကြီးတဥိးကို တလ ကျပ်ငွေ ၁၀ သိန်းထပ်တိုးပေးရမှာမို့ တိုင်းရင်းသားလူမျိုးရေးရာ ၀န်ကြီး ၂၇ ဦးအတွက် တလကို ကျပ်ငွေ သိန်း ၂၇၀ နိုင်ငံတော်က အပိုကုန်ကျတော့မှာ ဖြစ်ပါတယ်။ တနှစ်ဆိုရင် ကျပ်ငွေ သိန်း ၃၂၄၀ အပိုကုန်ကျတော့မှာ ဖြစ်ပါတယ်။

  • ထို့အတူ မော်တော်ကားနဲ့ တခြားအဆောင်အယောင် စရိတ်တွေလဲ တက်လာမှာမို့ ဘာမဟုတ်တဲ့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ၂၇ ဦးအတွက် အစိုးရဘဏ္ဍာတိုက်က အပိုထပ်ကုန်ရမှာ တနှစ်ကို ကားဘိုးပါထဲ့ပေါင်းရင် ကျပ်ငွေ သိန်းပေါင်း သောင်းနဲ့ချီ ကုန်တော့မှာ ဖြစ်ပါတယ်။ ဒီငွေတွေကို ပြည်သူတွေရဲ့ ကျန်းမာရေး ပညာရေးမှာသာ သုံးခွင်ရရင် အင်မတန်အကျိုးရှိမှာဖြစ်ပါတယ်။
  • ကျနော့် အမြင်ပါ    (ဗမာက တိုင်းရင်းသား မဟုတ်ဘူးလား)

  • ဒီလိုငွေတွေ အပိုကုန်ကျတာဟာ မူလက အခြေခံဥပဒေ ၂၀၀၈ ကို စေတနာဆိုးနဲ့ ပေါ့ပေါ့ လျော့လျော့ရေးဆွဲခဲ့တဲ့ အကျိုးဆက်၊ ပြည်နုယ်လွှတ်တော်တွေ တိုင်းဒေသကြီးလွှတ်တော်တွေမှာ နိုင်ငံရေးအရ ချုပ်ကိုင်ထားဘို့သာ အာရုံထားပီး အခြေခံဥပဒေရေးဆွဲခဲ့တဲ့အတွက် တိုင်းရင်းသားလူမျိုးရေးရာဆိုတဲ့အပိုင်းမှာ အားနည်းချက် ပေါ်လွင်သွားတဲ့အချက်တွေဖြစ်ပီး( ဒါလည်း စော်ကားတာ) မူလရေးဆွဲခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ နအဖ စစ်ခေါင်းဆောင်တွေမှာ တာဝန်ရှိတာ မငြင်းနိုင်တဲ့ အချက် ဖြစ်ပါတယ်။

  • သဘောကတော့ တချိန်က အခြေခံဥပဒေရေးဆွဲရေး ညောင်နှစ်ပင် အမျိုးသားညီလာခံမှာ ဥက္ကဌတာဝန်ယူခဲ့တဲ့ လက်ရှိအစိုးရ သမ္မတ ဦးသိန်းစိန်မှာလဲ တာဝန်ရှိတာ ထင်ရှားနေပါတယ်။
  • (အေးပေါ့ ဗမာတွေ မိုး ရွာထားကြပါ)

 ဒေါက်တာအေးမောင်တို့ကို အနိုင်ပေးတာဟာ ဦးသိန်းစိန်အစိုးရဟာ သူတို့အားနည်းချက်ကို ဖုံးဖိဘို့၊ အခြေခံဥပဒေအားနည်းချက်ကို ဖုံးဖိဘို့၊ နိုင်ငံတကာကို လိမ်လည်ဘို့အတွက် အနိုင်ပေးတာသာ ဖြစ်ပီး ဖြောင့်မတ်တဲ့ တရားစီရင်မှု မဟုတ်ပါ။ ဖြောင့်မတ်တဲ့ တရားစီရင်မှုဆိုရင် နိုင်ငံတော်ကို တနှစ် ကျပ်ငွေ သိန်းသောင်းနဲ့ချီ အပိုကုန်ကျအောင် ပေါ့ပေါ့ဆဆနဲ့ အခြေခံဥပဒေရေးဆွဲခဲ့သူတွေကိုပါ ဖော်ထုတ် အရေးယူ သင့်ပါတယ်။

ချုပ်ကြည့်ရင် ဦးသိန်းစိန်အပါအ၀င် စစ်အစိုးရ ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေ ၂၀၀၈ ဟာ လက်တွေ့ကျင့်သုံးကြည့်တဲ့အခါ မအောင်မြင်ဘဲ တိုင်းရင်းသားအချင်းချင်း သွေးကွဲတာသာ အဖတ်တင်ပါတယ်။


ခင်ရတနာ facebook မှကူးယူဖေါ်ပြသည်။


Blogger Widgets