You Are Here: Home - အတွီးစချေတိ - "ရခိုင်သမချေတိက ရခိုင်သားတိကို မကြိုက်ကတ်ပါလာ"


အဂုတလော တချို့ရခိုင်သားချေတိ မိန်းစွာ မိန်းခွန်းတစ်ခုကို ကောင်းကြုံလာရပါရေ ။ အားလုံးကို မဆိုလိုပါ။ မိန်းခွန်းက "ရခိုင်သမချေတိက ရခိုင်သားချေတိကို မကြိုက်ကတ်ပါလာ" ။ အေမိန်းခွန်းအတွက် ဖြေဖို့အဖြေ အကျွန့်မှာ အဆင်သင့်ရှိပါရေ ။ ယကေလေ့သော့ ယင်းအဖြေစွာ မမချေ အားလုံးကိုယ်စားလို့ မဆိုနိုင်ပါ ။ အကျွန်နန့် ထိစပ်ဆက်နွယ်နိန်ရေထဲက မမချေ အများစုကို ခင်မင်ယင်း ၊ ပေါင်းသင်းယင်း ရလာရေ အချက်ချေတိပါ။ အကျွန်ကိုယ်တိုင်လေ့ လက်ခံရေ အချက်ချေတိပါ ။

ရခိုင်သမချေတိအတွက် ယောက်ျားချေတစ်ယောက်ရေ ရခိုင်သားဖြစ်ခါကပင် ၄၀ % အော်တို အားသာချက်ရှိခပါဗျာယ် ။ ရခိုင်သမချေတိက ရခိုင်သားချေတိကိုရာ လိုချင်ကတ်ပါရေ ။ ယကေလေ့ တစ်ဘဝလုံးလက်တွဲလားဖို့ ယင်းရခိုင်သားချေရေ ရခိုင်သားဖြစ်နိန်ရုံနန့်တော့ကေ တစ်ဘဝစာ မလုံလောက်နိုင်သိဆိုစွာကို လက်ခံနိုင်ကတ်ဖို့ထင်ပါရေ ။

အဂုခေတ်မှာ မမချေအများစုစွာ ပညာရေးကို တစိုက်မတ်မတ်လိုက်စားပနာ ကိုယ့်စွာကိုယ်ရပ်တည်နိုင်စွမ်း ပိုရှိလာကတ်ပါရေ ။ နိုင်ငံတကာမှာ ရင်ဘောင်တန်းပနာ ရပ်တည်လာနိုင်စွမ်းရေ ယင်းမမချေတိ ရင်ထဲကို ထိုးဖေါက်ဝင်ဖို့ အမောင်ရခိုင်သားချေစွာ "ကကောင်းချစ်ပါရေ ၊ မြတ်နိုးပါရေ ။" ဆိုရေ စကားတစ်ခွန်းတည်းနန့်ရာဆိုကေ နောက်ထပ် ၅ % ထပ်ပေါင်း (၄၅ %)။ ယင်း ၄၅ % ကပင် ထပ်တက်လီဖို့ မဟုတ်ပါဗျာယ် ။

လူတစ်ယောက်ကို အထင်ကြီးမိလားကေ ၊ လေးစားမိလားကေ အခြားအရာတိထက် ထိုးဖေါက်နိုင်စွမ်း ပို လျင်ပါရေ ။ ယုံကြည်မှုလေ့ ပိုရှိလာပါရေ ။ ယင်းချင့်စွာ ယောက်ျားချေနန့် မမချေကြားမှာမှ မဟုတ် ။ လူကြီးနန့် လူငယ်ကြား ၊ ဆရာနန့် တပည့်ကြား ၊ ယောက်ျားချေချင်းချင်း ၊ မမချေချင်းချင်း ကြားမှာလေ့ ယင်းပိုင်ပါဗျာယ် ။ ကိုယ့်စွာကိုယ် သုံးသပ်ကြည့်ကတ်ပါမယ် ။ ကိုယ်လေးစားတန်ဖိုးထားရေ လူတစ်ယောက်ကပြောရေ စကားအပေါ်မှာ အလေးအနက်ထားမှုနန့် သာမာန်လူတစ်ယောက်က လာပြောရေ စကားအပေါ်မှာ အလေးအနက်ထားမှု ။ "ပုဂ္ဂိုလ်ခင်မှ တရားမင်" ဆိုစွာ အေကရလာရေ စကားပုံ မဟုတ်ပါလားယေ ။ ယင်းနည်းတူပါဗျာယ် ကိုယ့်စွာကိုယ်ရပ်တည်နိန်နိုင်ရေ ၊ မိသားစုအတွက် တစ်တပ်တစ်အားဖြစ်နိန်ရေ မမချေတိစွာ နှလုံးသားကို ဦးနှောက်နန့် ချိန်ထိုးတတ်ကတ်ပါရေ ။ သူရို့ကို မှားရေ ၊ ဂုဏ်မက်တေ ၊ ငွေမက်တေလို့ ပြောပါဖို့လား ။ နှလုံးသားကို ကိုးကွယ် ၊ အချစ်အတွက် အသက်ကိုစွန့်ရေလို့ ပြောတတ်ကတ်တေ အရွယ်ကို ကျော်လွန်ပနာ ကိုယ့်ကိုကိုယ်ထိန်းကျောင်းနိန်နိုင်ရေ မမချေတိစွာ ချစ်တေ၊ မချစ် ဆိုပနာ တစ်ချက်ချေ ကာလတိုကိုထက် တစ်ဘဝစာ ခခိုင်မြမြဲ လက်တွဲဖေါ်ကိုရာ ရွီးချယ်ချင်ကတ်ပါရေ ။ ယင်းချင့်ရေ မှန်ကန်ရေ လုပ်ရပ်ချေလို့လေ့ လက်ခံထားတတ်ကတ်ပါရေ ။

မမချေတိရဲ့ သဘောသဘာဝအရ ဇာလောက်ပင် ထက်မြက်ပနာ တော်ရေမမချေ ဖြစ်လီပါပတ်စီ (မသိစိတ်က) မှီချင်ရေ သဘောရှိပါရေ ။ မှီရေ ဆိုခါကပင် အမှီခံဖို့အရာရေ ကိုယ်မှီနိုင်လောက်တေလို့ ယုံကြည်စိတ်ချနိန်နိုင်ဖို့ လိုပါရေ ။ ယင်းစိတ်တိကို ပထမဆုံး ညို့ငင်ပနာ သိမ်းကြုံးယူလားဖို့စွာက အချစ်ဆိုရေ ဖွဲ့နွဲ့ရေ စကားတိ မဟုတ်ပါ။ "အထင်ကြီး လေးစားမှု"။ အထင်ကြီး လေးစားမှု ဆိုစွာ ငွေကြေးကို ဦးတည်စွာ မဟုတ်ဆိုစွာကို နားလည်ကတ်ပါလိမ့်မေ ။ ရခိုင်သားကောင်းချေတိ အနေနန့် မမချေတိ အထင်ကြီးလေးစားမှုကို မရယူခင် ပထမဆုံး ကိုယ့်စွာကိုယ် ယုံကြည်စိတ်ချမှု ၊ ကိုယ့်စွာကိုယ် လေးစားမှုတိရှိဖို့ အယင်လိုပါလိမ့်မေ ။ ကိုယ့်အပြုအမူတိကို သူရာ အထင်သေးစိတ် စဝင်လားကေ နဂို ၄၅ % တောင် အနှုတ်ပြလားနိုင်ပါရေ ။


"ဇာကိုလေ့မလို ၊ အချစ်တစ်ခုရာ ပါပတ်စီ" ဆိုစွာ ဆယ်ကျော်သက် အရွယ် (သို့) တေးခင်းထဲမှာ ကျန်ခပါဗျာယ် ။ ဘဝတစ်ခုလုံးကို ချီတက်လားဖို့အတွက် ကိုယ့်ကို လုံခြုံရေ အကာအကွယ်မျိုး ၊ တခါတလီ ကိုယ်လားနိန်ရေ လမ်းကြောင်းမှာ တွေဝေမိလားကေ လမ်းကြောင်းချပီးနိုင်ရေ ဦးဆောင်မှုမျိုး ၊ ကိုယ့်ပင်ပန်းမှုတိကို နှစ်သိမ့်ဖေးမပီးနိုင်ရေ နွီးထွီးမှုမျိုး ၊ ဘဝအတက်အကျတိုင်းမှာ ကိုယ့်လက်ကို နနောင်းကိုင်ပနာ ကိုယ့်ရှိမှာ မားမားမတ်မတ်ကာကွယ်ပီးရေ ရဲရင့်မှုမျိုးတိကို မမချေတိ တောင့်တမိကတ်စွာရာဆိုကေ ယင်းမမချေတိကို မှားရေလို့ စွဲချက်တင်ကတ်ပါဖို့လား ။ ယင်းမမချေတိရေ ကိုယ်နန့် ဘဝတစ်လျှောက်လုံးကို တတူတွဲလားရေ အိမ်ဦးသခင်ကို ရိုသေဝပ်တွားချင်ကတ်ပါရေ ၊ အားကိုးတွယ်တာချင်ကတ်ပါရေ ၊ သူ့အခက်အခဲ ကိုယ့်အခက်အခဲ ဝီမျှယူချင်ကတ်ပါရေ။

ရခိုင်သားချေတိမှာ လေးစားဖို့ကောင်းရေ၊ ထက်မြက်တေ ၊ ကိုယ့်ကျွမ်းကျင်မှုနန့်ကိုယ် တော်ရေ ရခိုင်သားချေတိ အများကြီး ရှိကတ်ပါရေ ။ မူးလာကေ ဟောင်ဖွါ ဟောင်ဖွါ ရခိုင်သားမှ ရခိုင်သား အမျိုးချစ်တေလို့ အော်တတ်တေရခိုင်သား ၊ လိုအပ်ရေအချိန်မှာ အလုပ်ကြီးကြီးလုပ်ကတ်ကေ ပစ္စလက္ခတ်ဆဲစွာနန့် အယင်စပနာ သူရို့ဝင်ကူညီရေလို့ ယုံကြည်ကတ်တေ ရခိုင်သား ၊


လူအများနန့်လုပ်ကတ်ကေ အုပ်စုလုံးတိုင်ပင် နှီးနှောစွာထဲမှာ ပါမလားပဲ "ကိုယ့်တစ်ယောက်တည်း တစ်မင်း" ရခိုင်သား ၊ ကိုယ်လေ့ ဦးမဆောင် လူများတိ အလုပ်ကို အဆိုးမြင်နန့် ပုံသေကြည့် ဇာနေရာမှာ ဇာပိုင်လို့ ဝေဖန်ကဲ့ရဲ့တတ်တေ ရခိုင်သား ၊ အကောင်းမြင်ဘက်က ကြည့်ပနာ အေနေရာချေမှာ အေပိုင်ဆိုကေ ပိုကောင်းလားဖို့လားလို့ အကြံပီးတတ်တေ ရခိုင်သား ၊ ဇာပင်လုပ်လုပ် အုတ်တစ်ချပ် သဲတစ်ပွင့် ဖြစ်စီရေ ရခိုင်သား ၊ အငြင်းအခုံကြိုက်တေ ရခိုင်သား ၊ ဆွေးနွေးမှုကို အပြုသဘောနန့် လက်ခံရေ ရခိုင်သား ။ ရခိုင်သားတိ အများကြီးပါ ။ ကိုယ့်စွာကိုယ်ပဲ ပြန်သုံးသပ်ကတ်ပါမယ် ။

အကျွန်ရို့တိ လေးစားတန်ဖိုးထားရရေ ရခိုင်သားတိ အများကြီးရှိပါရေ ။ ယင်းပိုင် တစ်ယောက်ကို တစ်ယောက် တန်ဖိုးထားလေးစားပနာ ဘဝတစ်ခုကို ခခိုင်မြမြဲတည်ဆောက်လားရေ မိသားစုတိလေ့ အများကြီးပါရာ ။ ရခိုင်သမချေအများစုလေ့ ရခိုင်သားချေတိထဲကရာ ရွီးချယ်ကတ်ပါလိမ့်မယ် ။ ကိုယ်တန်ဖိုးထားရေ မမချေက ရွီးချယ်လိုက်ခရေ ရခိုင်သားချေ တစ်ယောက်စွာ ကိုယ်မဟုတ်လိုက် ကိုယ်မဖြစ်လိုက်ဖို့စွာကိုရာ စိုးရိမ်စီချင်ပါရေ ။ "ရခိုင်သမချေတိက ရခိုင်သားတိကို မကြိုက်ကတ်ပါလာ" လို့ ပြောရေ ရခိုင်သားကောင်းချေတိအတွက် အကျွန် မိန်းခွန်းအောက်ပီးလိုက်ပါယင့်ကား ......

PS: ဇာသူတစ်ဦးတစ်ယောက်ကိုလေ့ ထိခိုက်စီဖို့ မရည်ရွယ်ပါ ။ ဖတ်လို့ စိတ်ထဲမှာ မကျေမနပ်ဖြစ်ခကတ်ကေလေ့ မဆဲကတ်ဖို့ မေတ္တာရပ်ခံပါယင့် ။

သင်းချို

* Source - facebook
Blogger Widgets