ရခိုင်သားတိရခိုင်စကားပြောလာကတ်စွာ ကောင်းကောင်းကြာပါဗျာယ်။ပြောစကားကိုရွီးသားနိုင်ဖို့ စာပီ ကို လေ့ တည်ထွင်နိုင်ခကတ်ဗျာယ်။ပြောစကားနန့်အညီကျောက်စာတိကိုလေ့ရွီးထိုးခကတ်ဗျာယ်။ ယင်းနောက် မှာ ကိုယ်စကားကိုပြောပြီးကေ သူများစာကိုဖတ်ရရေ။ ရွီးရရေခေတ်တိ ကို ဖြတ်သန်း ရပြန် ပါရေ။ ရခိုင်မှာ ပီပင်မစိုက်ရ။မြင်းမမွီးရစပ်ရ၊ ဆင်မမွီးစပ် ရရေ ခေတ် တိနန့်လေ့ကြုံ ခကတ်ရရေ။ စကားက စာကိုထိန်း၊ စာကစကားကိုထိန်းရေ သဘောဟိစွာကို သိကေလေ့ စာမရွီးရစွာ ကြာလာရေခါ စကားပါ ပျက်လာ ရေ။ ယေခါ ရခိုင်စကားထဲမှာ သူများစာ/စကားထဲကအသံတိတိုး ၀င်နီရာယူလာစွာကိုတွိ လာ ရရေ။ဒေပိုင်နီရာ ၀င်ယူနီစွာကို ကာကွယ်ဖို့ ရခိုင်စာရွီးကတ်ရဖို့၊ဖတ် ကတ်ရဖို့ဆိုစွာကို ပညာတတ် ရခိုင် သားတိအယင်ဆုံး အရိပ်ကျပါလတ်ကတ်တေ။ ရခိုင်သားမှာ စာတတ်တေလူအများစုက မြို့သား၊ ကျွန်းသား အများစုက စာမ တတ်ကတ်။ စာမတတ်တေကျွန်းသား တိကရခိုင်စကားစစ်စစ်ကို ထိန်းသိမ်းပီး ထားရေ။ မြို့ထက်က ပညာ တတ်ရခိုင်တိရခိုင်စာရွီးဖို့ ကြံကတ်တေခါ သူရို့ပြောနီရေ ရခိုင်စကားက အားလုံး မစစ်ချင် ဗျာယ်။ယေခါ သူ များစကားထဲက စကားလုံးတိကို ကိုယ့်စွာထင်ဗျာယ် ရွီးသားတင်ပြကတ်စွာကို တွိလာရ ပါရေ။ ယင်းအထဲက “ဖြေ”လာ၊“ဖြီ”လာနန့် “ပြေ”လာ၊“ပြီ”လာကို တချက်အတွက်ချကြည့် ကတ် ပါမေ။
ဒေနိရခိုင် မြို့မှာဖြစ်ဖြစ်၊ ကျွန်းမှာဖြစ်ဖြစ် တယောက်နန့်တယောက်စကားပြော ကတ်တေခါ ဒေ ပိုင်ကြား နီ ရပါရေ။
(က) စာမေးပွဲဖြနိုင်ခယင့်လား။ မဖြေနိုင်ခ။
(ခ) အင်္ကျီမှာ မှင်ဆီစွန်းနီစွာဖြေလို့မရဗျာယ်။ ဖြေဖျောက်။မြွီဆိပ်ဖြေဆီး။
(ဂ) မှားလားခစွာကို ခဲဖျက်နန့် ဖြေပြီးပြန်ရွီးထား။ သင်ပုန်းကြီးကိုဖြေပစ်လိုက်။
(ဃ) စိတ်ညစ်မနီကေ့ဖိ၊စိတ်ကိုဖြေပစ်လိုက်။
(င) ဒေသူစိတ်ညစ်နီရေ။ ဖြေသိမ့်ပီးရဖို့။ ဖြေကေပြေလားဖို့စွာရာ။
(စ) အပန်းဖြေရိပ်သာ။
(ဆ) ပြဿနာကိုဖြေသျှင်းပီးပါ။
(ဇ) အနုပညာဖျော်ဖြေပွဲ။
(ဈ) အကြောဖြေလိမ်းဆီး
အစဟိရေပိုင်တွိရပါရေ။
ယေကေ“ဖြေ” စွာရခိုင်ဝေါဟာရအစစ် ကဟုတ်ပါ ယင့် လား။ “ဖြေ”ကိုဗမာစကားမှာတွိရပါရေ။ ဒေ“ဖြေ”နန့် အဓိပ္ပါယ်တူ ရခိုင်စကားလု့းကိုရှာရေခါ “ဖြီ”ကိုတွိရရေ။ ဗမာ“ဖြေ” နန့်ရခိုင်“ဖြီ” စွာအောက်ပါအတိုင်း အဓိ ပ္ပါယ်တူထွက်စွာကိုတွိရပါရေ။
(က) အသျှုပ်အသျှင်းပြဿနာကို သျှင်းလင်းအောင်လုပ်တေ။
(ခ) ခြူနီစွာကို သျှင်းပစ်တေ။
(ဂ) ပုစ္ဆာတစ်ခု၏အမှန်တရားကိုဖော်ထုတ်တေ။
(ဃ) မသိဘဲဖြစ်နီစွာကို သိအောင်လုပ်တေ။
(င) စွန်းထင်း၊ပေကျံနီစွာကို ပျောက်အောင်ဖျောက်တေ။
(စ) မကောင်းဖြစ်ခစွာကို ဖြတ်တောက်ဝဲသတ်ပစ်တေ။
(ဆ) တင်းကျပ်နီစွာ(စိတ်၊ရုပ်)တိကိုလျော့ပါးအောင်ပြုရေ လို့အဓိပ္ပါယ်ရပါရေ။
ယင်းပိုင်ဗမာ“ဖြေ”ကို ကိုယ့်စကားထင်ဗျာယ်ပြောနီကတ်ကေလေ့ ကိုယ့်ရခိုင်စကား“ဖြီ”ကိုသုံးဗျာယ်ပြောနီ ကတ်စွာတိလေ့ အင်တန်ကျန်နီပါသိရေ။
(က) ဒေကြိုးထုံးကိုတချက်ဖြီစမ်။ လက်ကိုဖြီစမ်။
(ခ) ဒယောပြီနီကေ ဖြီပြီးပြန်ဝတ်။
(ဂ) အိမ်သျှင်မဖြီ၊ငါဖြီမေ(အိမ်သျှင်မနတ်သာခြင်း)။
(ဃ) ဒေအထုပ်ကိုဖြီမကြည့်ကေ့ အစဟိရေပိုင်တွိရပါရေ။
အထက်ကဖော်ပြခရေအချက်တိအရ“ဖြေ”စွာဗမာဝေါဟာရဖြစ်ပြီးကေ“ဖြီ”စွာရခိုင်စကားစစ် စစ်ဖြစ်ကြောင်း ထင်ရှားနီပါဗျာယ်။ ယေနန့် အကျွန်ရို့ရခိုင်သားတိ“ဖြေ” ကိုဖျောက်လို့ “ဖြီ”နန့် ပြန်ပြော ဖို့ ၊ပြန်ရွီးဖို့မရှက် မကြောက်ပျင်ကတ်ရပါဖို့။
ယေခါ
(က) စာမီးပွဲဖြီနိုင်ခယင့်လား။ မဖြီနိုင်ခ။
(ခ) အင်္ကျီမှာမှင်ဆီစွန်းနီစွာဖြီလို့မရဗျာယ်။ ဖြီဖျောက်။မြွီဆိပ်ဖြီဆီး။
(ဂ) မှားလခစွာကို ခဲဖျက်နန့်ဖြီပြီး ပြန်ရွီးထား။ သင်ပုန်းကြီးကိုဖြီပစ်လိုက်။
(ဃ) စိတ်ညစ်မနီကေ့ဖိ။ စိတ်ကိုဖြီပစ်လိုက်။
(င) ဒေသူစိတ်ညစ်နီရေ။ ဖြီသိမ့်ပီးရဖို့။ ဖြီကေ ပြီလားဖို့စွာရာ။
(စ) အပန်းဖြီရိပ်သာ။
(ဆ) ပြဿနာကိုဖြီသျှင်းပီးပါ။
(ဇ) အနုပညာဖျော်ဖြီပွဲ။
(ဈ) အကြောဖြီလိမ်းဆီး အစဟိရေပို၈င် ရခိုင်စကားပီပီသသဖြစ်လာနိုင်ကတ်ပါဖို့။
“ပြီ”မှာလေ့ အထက်က “ဖြီ”မှာပိုင်ဗျာယ်...
(က) ပြေပျောက်လားဖို့၊ စစ်ပြေငြိမ်း။
(ခ) ပြေလည်စီချင်ရေ၊ ပြေပြေလည်လည်ပြောပလင်၊ ရုပ်ရည်ပြေပြစ်၊ အဆင်ပြေ။
(ဂ) ရန်ပြေ၊ မာန်ပြေ အရှိဘက်အီးဇာတီ။
(ဃ) ခဲဖျက်နန့်ဖျက်လို့ ပြေဖို့လားချင့်၊ လက်သဲဆိုးဆီးပြေလားခဗျာယ်။
(င) အညောင်းပြေ၊အညာပြေ၊ ဂေါင်းညီးပြေလားခဗျာယ်၊ လီမုန်တိုင်းပြေလားခဗျာယ်။
(စ) စိတ်ပြေလက်ပျောက်၊ အဆာပြေစားထား၊ အာသာမပြေသိ။
(ဆ) လီပြေလီညှင်း၊ ဒေကုန်းအဆင်းချေပြေနီထော
အစဟိရေပိုင် ဗမာစကားလုံး“ပြေ” ကိုယူ ဗျာယ် ပြော နီကတ်စွာကို တွိရပါရေ။ ယင်းပိုင်ပြောနီစွာတိ ဟိကေလေ့ ရခိုင်စကားစစ်စစ်“ပြီ” ကိုသုံးလို့ ပြောနီကတ်စွာ တိလေ့ အင်တန်ဟိပါသိရေ။
(က) ဒယောပြီနီကေ ဖြီဝတ်ပစ်လိုက်။ ဆံထုံးပြီနီဗျာယ်ထော။
(ခ) ကြိုးပြီနီစွာကို ပြည်ချည်(ချိုင်)ပစ်လိုက်။
(ဂ) ငပြီငါး
ဗမာ“ ပြေ” နန့်ရခိုင် “ပြီ”စွာ အနက်တူစွာကို အဂုပိုင်တွိရပါရေ။
(က) အခက်အခဲ(၀ါ) ဝေဒနာမှ ကုန်ဆုံးလွန်မြောက်လားခခြင်း
(ခ) အတားအဆီး(သို့) ဖုံးကွယ်ခံထားစွာက ကျွတ်လွတ်လားခခြင်း
(ဂ) တစ်စုံတစ်ရာစွန်းထင်းနီစွာက ကျွတ်လွတ်လားခြင်း
(ဃ) ဝေဒနာ(သို့) ဒေါသဖြစ်နီစွာကင်းစင်လားခခြင်း
(င) တစ်ဦးနန့်တစ်ဦး ပဋိပက္ခ၊ အကျပ်အတည်းဖြစ်နီစွာ အဆုံးသတ်လားခခြင်း
(စ) နုညံ့သိမ်မွိသော၊ အပြစ်ဒေါသကင်းသော၊ ချောမွိသော၊ ညီညာ၍အဖုအထစ်ကင်းသော
(ဆ) ပြဿနာအားလုံးမပြီးပြတ်ကေလေ့ ချောမွိလာခြင်း
(ဇ) တစ်စုံတရာထုံးနှောင်ထားစွာက လျော့ရဲလားခခြင်း
အစဟိရေပိုင် တွိရပါရေ။ ယေနန့်“ ပြေ” နီရာမှာ ရခိုင်စကားစစ်စစ် “ပြီ” ကိုပြန်သုံး၊ ပြန်ရွီးဖြစ်ကတ်ကေ ရခိုင်စာအရွီးအသားနနောင်းနနင်းဖြစ်လားဖို့လို့ ယုံကြည်မိပါရေ။
အသျှင်သူရိယ
၁/၁၂/၂၀၁၀
အောင်တံခွန်ဝံသရက္ခိတ မဂ္ဂဇင်း အတွဲ(၄)၊အမှတ်(၃) မှကူးယူဖော်ပြပါသည်။