You Are Here: Home - စာကြည့်တိုက် , မောင်ပေါ်ထွန်း - မောင်ပေါ်ထွန်း

မောင်ပေါ်ထွန်း(၁၉၉၇)ခုနှစ် အမျိုးသားစာပေဆု(ဘာသာပြန်ရသ)
ဆရာမောင်ပေါ်ထွန်းသည် ဘာသာပြန်အရေးအသားကောင်းသော စာရေးဆရာကြီးတစ်ဦးဖြစ်သည်။ ရခိုင် ပြည်နယ်၊ မာန်အောင်မြို့နယ်၊ရေမျက်ဝရွာတွင် အဖဦးမောင်ပု၊အမိဒေါ်အေးသာတို့မှ (၁၉၃၅)ခုနှစ် ၊မေ လ (၁၄)ရက်တွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဦးခင်မောင်စိုးဖြစ်သည်။

၁၅ နှစ်သားအရွယ်တွင်ရန်ကုန်ရောက်ပြီးအလွတ်ပညာသင်ကျောင်းတက်သည်။ (၁၉၇၃)ခုနှစ်တွင်လုပ်သား များကောလိပ်မှ သမိုင်းအဓိကဖြင့် ဘွဲ့ရခဲ့သည်။(၁၉၅၅)ခုနှစ်တွင် စာပေဗိမာန်တွင် လက်နှိပ်စက် စာရေး၊ လက်ရေးတိုလက်နှိပ်စက်အုပ်စုမှူး၊ အထက်တန်းစာရေး၊ စအုပ်အသင်း ကြီးကြပ်ရေးမှူး စသည့် တာဝန်များ ကို ထမ်းဆောင်ခဲ့သည်။ ငွေတာရီမဂ္ဂဇင်းတွင်စာအုပ်လောကကဏ္ဍကို(၁၉၆၇)မှစ၍(၆)နှစ်နီးပါး ဆက်တိုက် ရေးသားခဲ့သည်။ (၁၉၇၉)တွင် စာရေးခြင်းသက်သက်ဖြင့် အသက်မွေးရန်ပင်စင် ယူခဲ့သည်။

ပထမဆုံးပုံနှိပ်ဖော်ပြခြင်းခံရသော စာမူမှာ ၁၉၅၈ခုနှစ်ထုတ် စာပန်းချီမဂ္ဂဇင်းတွင်ပါသော ခုနစ်နှစ်သမီး ငယ် (The Seven years' old) ရုရှားပုံပြင် ဘာသာပြန်ဖြစ်သည်။ ယူနက်စကို အကူအညီဖြင့် စာပေဗိမာန် နှင့် အခြား စာတိုက်ကြီးများ ပူးပေါင်းထုတ်ဝေသော(၃)လတစ်ကြိမ်ထုတ် စာအုပ်လောကစာစောင်တွင် တာဝန်ခံအယ်ဒီတာ၊ပန်၊ ချယ်ရီမဂ္ဂဇင်းတွင်တာဝန်ခံအယ်ဒီတာ၊ဓနစီးပွားရေးမဂ္ဂဇင်းတို့တွင် အယ်ဒီတာချုပ် အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။မဂ္ဂဇင်းအများအပြားတွင်ဘာသာပြန်ဝတ္ထု၊ဆောင်းပါးများရေးသား ခဲ့ သည်။

ဆရာမောင်ပေါ်ထွန်း၏ထင်ရှားသော ဘာသာပြန်လုံးချင်းဝတ္ထုများမှာ နိုင်းမြစ်ဝှမ်းမှတော်လှန်ရေး၊ ကျွန်မ ချစ်တဲ့ဆူကာနို၊ပင်တဂွန်၊ မောင့်ဘက်တန်နှင့်အိန္ဒိယလွတ်လပ်ရေးတိုက်ပွဲ၊ အကြီးအကဲ၊ မာယာ၊ သန်းခေါင် ယံလွတ်လပ်ရေး အပါအ၀င်လုံးချင်းဘာသာပြန် စာအုပ်(၃၀) ကျော်ရေးသားခဲ့သည်။

စီးပွားရေးတက်ကျမ်းစာအုပ်များဖြစ်သော လုပ်ငန်းတိုးတက်အောင်မြင်ရေးသေချာပေါက် ရွှေဗျူဟာ၊ မိန်းမ တစ်ယောက်၏ဘ၀(A Woman's Life)၊ ဟားဗစ်စီးပွားရေးတက္ကသိုလ်မှ မသင်ခဲ့ရသမျှ၊ အဆင့်မြင့်အောင် မြင် သူများ၏အလေ့အထများ၊ အမြန်ဆုံးသူဌေးဖြစ်နည်း(၁၊၂)၊ စံပြအရောင်းသမား၊ လုပ်ငန်းအောင်မြင်ရေး လျှို့ ၀ှက်ချက်များ၊ ကိုယ်စွမ်းကိုယ်စဖြင့် ကြီးပွားရေး၊ စွန့်စားမှလအောင်မြင်မည်၊ စီးပွားတက်အောင်လုပ် နည်း စသည့် စာအုပ်များဖြစ်သည်။

ဆရာမောင်ပေါ်ထွန်းသည် ၁၉၉၇ခုနှစ်တွင် “ကန္တရစမ်းရေအိုင်”ဘာသာပြန်(ရသ) ၀တ္ထုစာအုပ်ဖြင့် အမျိုး သားစာပေဆုရရှိခဲ့သည်။ ဆရာသည် ယနေ့ထိစာပေရေးသားခြင်းတစ်ခုတည်းဖြင့် အသက်မွေးလျက်ရှိ သည်။

မောင်မောင်ထွန်းအောင်(ကျန်းမာရေး)

ရခိုင်အမျိုးသမီးအသင်း(ရန်ကုန်)မှထုတ်ဝေသည့်မြတ်ပန်းသဇင်မဂ္ဂဇင်းမှ မောင်မောင်ထွန်းအောင် (ကျန်း မာရေး) ရေးသားသည့် အမျိုးသားစာပေဆုရ ရခိုင်စာဆိုများ ဆောင်းပါးမှ ထုတ်နုတ်ဖော်ပြပါသည်။
Blogger Widgets