You Are Here: Home - ပြည်သူ့အသံ , လက်ရှိအခြီနီ , သုတရေးရာ , အမျိုးသားရီး , ဆောင်းပါး - ဗမာအစိုးရ အမေရိကန်နင့်ပေါင်းဖို့စော်ကို တရုတ်နင့် ဗမာအစိုးရကို ချုပ်ကိုင်ထားရေ ဗမာလူမျိုးကြီးဝါဒနင့် လုပ်ငန်းရှင်တိက သက်ပြင်းချနီကြောင်းဖေါ်ပြရေ(ဆောင်းပါး)

ဆောင်းပါးခေါင်းစိုင်(အမေရိကန်နဲ့ ပေါင်းရင် တန်ဖိုးကြီးကြီး ပေးဆပ်ရလိမ့်မယ်)


( တရုတ်နိုင်ငံက ဂလိုဘယ်တိုင်းမ် အင်္ဂလိပ် သတင်းစာဟာ တရုတ် ကွန်မြူနစ်ပါတီက ထုတ်ဝေတဲ့ သတင်းစာ ဖြစ်ပြီး ပါတီ အာဘော် သတင်းစာလို့ ဆိုကြပါတယ်။ ပြီးခဲ့တဲ့ နို ၁၈ ရက်နေ့ထုတ် သတင်းစာမှာ US Asia Pacific Strategy Bring Steep Price ခေါင်းစဉ်နဲ့ အယ်ဒီတာ အာဘော်တစ်ခု ဖော်ပြထားပါတယ်။ အဲဒီ အာဘော်ဟာ မြန်မာနိုင်ငံ အပါအ၀င် အာရှ ဒေသတွင်း နိုင်ငံတွေကို သတိ ပေးထားတာလို့ ယူဆနိုင်ပါတယ်။ ထူးခြား သတိပြုသင့်တဲ့ ဆောင်းပါး ဖြစ်လို့ ဘာသာပြန်ဆို ဖြန့်ဝေပေး လိုက်ပါတယ်။ )
နိုဝင်ဘာ ၁၉ ရက်နေ့ကျရင် အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့မှာ အရှေ့အာရှ ထိပ်သီး အစည်းအဝေးကို ကျင်းပတော့မယ်။ အမေရိကန်က သူတို့ အာရှ- ပစိဖိတ်ဒေသကို ပြန်လာပြီ ဆိုတာကို အချက်ပြနိုင်ဖို့ အတွက် ဒီထိပ်သီး ညီလာခံကို တောင်တရုတ် ပင်လယ်အရေး ဆွေးနွေးတဲ့ ဖိုရမ်အဖြစ် ပြောင်းဖို့ လုပ်နေတယ်။ တရုတ် ဘက်ကတော့ ဒါမျိုး လုပ်တာကို ပြင်းပြင်း ထန်ထန် ဆန့်ကျင်တယ်လို့ ပြောထားပြီးပြီ။
အမေရိကန်- သြစတေးလျ၊ အမေရိကန်- ဖိလစ်ပိုင် စစ်ရေး ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်တာရယ်၊ အခု ကိစ္စရယ်ဟာ အမေရိကန်တွေရဲ့ အာရှ- ပစိဖိတ် မဟာဗျူဟာရဲ့ အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်တယ်။ ဒီလုပ်ရပ်တွေကို တရုတ်နိုင်ငံကို ပြင်းပြင်း ထန်ထန် ဖိအားပေးရာ ရောက်ခဲ့ပြီး အခုတော့ တရုတ်ဘက်က တုန့်ပြန် ဆောင်ရွက်ဖို့ လိုလာနေပြီ။
အမေရိကန်ဟာ အာရှမှ တရုတ်ကို ပစ်မှတ်ထားပြီး Soft Power သံတမန် နည်းလမ်းတွေကို သုံးလာနေတယ်။ ဒါကို တားဖို့ ဆိုတာ လက်တွေ့ မကျဘူး။ ဒီလိုပဲ အာရှ နိုင်ငံတစ်နိုင်ငံပြီး တစ်နိုင်ငံက တရုတ်ရန်က ကာကွယ်ဖို့ ဆိုပြီး အမေရိကန်နဲ့ သွားပြီး မဟာမိတ် ဖွဲ့နေတာကိုလည်း တရုတ်ဘက်က ဘယ်လိုမှ လက်ပိုက် ကြည့်မနေနိုင်ဘူး။ အဲဒီလို သဘောထား ကွဲမှုတွေ၊ ပဋိပက္ခတွေ ဖြစ်လာတဲ့ အခါကျရင် ဒါကို ကိုင်တွယ်ဖို့ ဘယ်သူဆီမှာ အင်အားနဲ့ နည်းလမ်းတွေ ပိုရှိသလဲ၊ ဒါဟာ ပြောင်ဆော်တဲ့ အဆင့်ကို ရောက်သွားမှာလား ဆိုတာကို စဉ်းစား ရတော့မယ်။ ဒါဟာ တကယ် စိုးရိမ့်ရမယ့် အချက်ပဲ။
သိသာ ထင်ရှားလာတဲ့ အချက်ကတော့ အမေရိကန်ဟာ အာရှ- ပစိဖိတ်ဒေသမှာ ပိုပြီး လှုပ်ရှား လာနေတယ်၊ တရုတ်ရဲ့ အိမ်နီးနားချင်းတွေကို တရုတ်အပေါ် စိန်ခေါ်မှုတွေ လုပ်လာအောင် အားပေးနေတယ် ဆိုတဲ့ အချက်ပဲ။ ဒါဟာ Soft Power ကို အသုံးချ နည်းသစ်တစ်ခုပဲ။
အာရှမှာ တရုတ် ဆန့်ကျင်ရေး မဟာမိတ် အဖွဲ့တစ်ခု တည်ထောင်မယ် ဆိုရင်တော့ အမေရိကန်ဟာ သူ့မဟာမိတ်တွေကို စီးပွားရေး အခွင့်အလမ်းတွေ ပိုရလာအောင် လုပ်ပေးဖို့ လိုလိမ့်မယ်။ အဲဒီ နိုင်ငံတွေကို အမေရိကန်နဲ့ ပေါင်းတာက ပိုပြီး အကျိုးရှိတယ်လို့ ယုံအောင် သက်သေ ပြရလိမ့်မယ်။ ရေပိုင်နက် အငြင်းပွားမှုနဲ့ ပတ်သက်ပြီး ထောက်ခံကြောင်း ပါးစပ်က ပြောရုံ၊ လုံခြုံရေး အကာအကွယ် ပေးမယ်လို့ သဘောတူချက် လက်မှတ် ထိုးရုံနဲ့တော့ လုံလောက်မှာ မဟုတ်ဘူး။
အဲဒီလို စီးပွားရေးအရ အကျိုးအမြတ် ရှိအောင် လုပ်ပေးဖို့ ဆိုတာလည်း လက်ရှိ အမေရိကန် စီးပွားရေး တုန့်ဆိုင်းနေပုံမျိုးနဲ့ မဖြစ်နိုင်ဘူး။ နောက်ပြီး တရုတ်ကို ထိန်းချုပ်မယ် ဆိုတဲ့ မဟာဗျူဟာက အမေရိကန် စီးပွားရေး နလံထူဖို့ အတွက် တရုတ် ဈေးကွက်ကို အသုံးချရမယ် ဆိုတဲ့ လက်တွေ့ကျတဲ့ အမြင်နဲ့ ဘယ်လိုမှ သဟဇာတ မဖြစ်ဘူး။
မဟာဗျူဟာ သဘောအရ ပြောရင် အာရှ- ပစိဖိတ်ဒေသမှာ အမေရိကန်- တရုတ် အားပြိုင်မှုဟာ မကောင်းဘူး။ ဒါပေမယ့် တကယ်ပြိုင်ရင် တရုတ်ဘက်က အလေးသာပါတယ်။ တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ အိမ်နီးနားချင်း ဒေသတွေမှာ အမေရိကန်က အသာ စီးရနေတယ်လို့ ပြောဖို့ အတော် ခက်တယ်။ တရုတ်နဲ့ အိမ်နီးချင်း နိုင်ငံတွေကြား စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု အလား အလာတွေက အရမ်း ကောင်းနေတယ်။ တရုတ်ဟာ အဲဒီ စီးပွားရေး အလားအလာ ကောင်းတွေကို အသုံးချပြီး နိုင်ငံရေး အကျိုးစီးပွားကို ကာကွယ်တတ်ဖို့ အတွက် လေ့လာ သင်ယူရတော့မယ်။ အမေရိကန်ရဲ့ နယ်ရုပ်အဖြစ် အသုံးချခံမယ့် ဘယ်နိုင်ငံမဆို တရုတ်နိုင်ငံထံက ရလာမယ့် စီးပွားရေး အခွင့်အလမ်းတွေ၊ အကျိုး ကျေးဇူးတွေ အားလုံး ဆုံးရှုံး ရလိမ့်မယ် ဆိုတာကို ထင်ရှားအောင် လုပ်ရမယ်။။ ဒီလိုသာ လုပ်လိုက်ရင် အမေရိကန်ရဲ့ အကာအကွယ် ဆိုတာက သိပ်ပြီး ဆွဲဆောင်မှု ရှိတော့မှာ မဟုတ်ဘူး။
ရေပိုင်နက် အငြင်းပွားမှုက အရှေ့အာရှ ဒေသရေးရာတွေမှာ သေးငယ်တဲ့ အစိတ်အပိုင်း တစ်ခုသာ ဖြစ်တယ်။ အမေရိကန်နဲ့ နိုင်ငံတစ်ချို့က သူတို့ရဲ့ ပုဂ္ဂလိက အကျိုး စီးပွားတွေကို ကာကွယ်ဖို့ အတွက် ဒါကို အသုံးချနေတာပါ။ တရုတ်ဘက်က အဲဒီ ဒေသမှာ စီးပွားရေး တိုးတက်အောင် တိုးချဲ့ လုပ်ဆောင်ခဲ့မယ် ဆိုရင် နိုင်ငံတွေဟာ ရေပိုင်နယ် အငြင်းပွားမှုတွေကို ပူးပေါင်း ဆောင်ရွက်တဲ့ နည်းလမ်းနဲ့ ဖြေရှင်းမလား၊ အမေရိကန် အလိုကျလုပ်ဖို့ ဆုံးဖြတ်တဲ့ အတွက် ပေးဆပ်ရမယ့်ဟာ တွေကို ပေးဆပ်နိုင်မလား ဆိုတာ ရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။
အရှေ့အာရှ ဒေသက ကိစ္စတွေဟာ ပတ်သက်နေတဲ့ နိုင်ငံတွေ အတွင်းမှာပဲ ညှိနှိုင်း ဖြေရှင်းရမှာ ဖြစ်ပါတယ်။ တစ်ခြား အင်အားကြီး နိုင်ငံတစ်ခုက ၀င်ပါဖို့မလိုဘူး။ အမေရိကန်က ဒီဒေသကို စိုးမိုးနိုင်ဖို့အတွက် သုံးတာထက် တရုတ်က အမေရိကန်က စိုးမိုး မသွားအောင် တားဆီးဖို့ လိုတဲ့ အရင်းအမြစ်တွေ၊ နည်းလမ်းတွေ ပိုရှိတယ်။ တရုတ်ဘက်ကသာ စိတ်ရှည်ရှည် ထားပြီး လုပ်ဆောင် သွားမယ် ဆိုရင် တရုတ်ဆီက စီးပွားရေး အမြတ်ကို ချူယူမယ်၊ အမေရိကန်ကို လုံခြုံရေး အတွက် အားကိုးမယ် ဆိုတဲ့ နိုင်ငံတွေအတွက် အနာဂတ် မရှိနိုင်ပါဘူး။
· · Share
BY  Padauk Myay   facebook မှာကူးယူဖေါ်ပြပါရေ မူရင်းဖတ်ချင်ကေ

  • 21 people like this.
  • 19 shares


    • Khine Kyaw တရုပ်ထက်တော့ပိုကောင်းတယ်
      8 hours ago · · 4

    • Kaung Myat တရုတ်နဲ့ ပေါင်းလာတာ ကြာပြီ ဘာများတိုးတက်လာလို့လည်း။
      7 hours ago · · 6

    • Pyi Phyo တရုတ်ရယ် . . . သွေးရူးသွေးတန်းတွေ လျောက်ပြောမနေပါနဲ့ . . . မြန်မာပြည် ရှိနေလို့ မင်းတို့ ခံသာနေတာ . . . လေသိပ်မကြီးနဲ့ ကိုကို တရုတ်ရေ . . . မြန်မာ လူမျိုးတွေက လူဆိုးနဲ့ပေါင်းတာတောင်ဒီလောက်တော်နေတာ . . . ခုလိုလူကောင်းတွေနဲကပေါင်းရင် အာရှကျား မြန်မာတွေ မကြာမှီလာတော့မယ် . . .
      7 hours ago · · 4

    • Myo Htet Win မျှဝေခွင့်ပြုပါ..
      6 hours ago ·

    • Ko HtinAung share ခွင့်ပြုပါ ။။
      6 hours ago ·

    • Røçkø Avêñgiñø Pitt
      တရုတ်ထက်စာရင် ..အမေရိကန်ကိုပိုလက်ခံပါတယ်...။ ဒီလိုလက်ခံရတာကလဲ အပြင်ပန်း အမြင်ကောင်းမွန် သာယာမှူ တွေကြောင့် အပေါ်ယံ သုံးသပ်ပြီး လက်ခံတာမဟုတ်ပါဘူး..။ ရှေ့ဆက် ဖြစ်ပေါ်လာမယ့် ပြောင်းလဲ မှူတွေကို သုံးသပ်မိတာကြောင့်ပဲဖြစ်ပါတယ်..။ ယဉ်ကျေးမှူခြင်း မတ...See More

      6 hours ago · · 7

    • Ohnmar Hlaing pls let me share
      6 hours ago ·

    • Yan Aung
      ကျွန်တော် သုံးသပ်မိတာကတော့ အိုဘာမား ဘာလီအစည်းအဝေးတက်နေချိန်မှာ US Army က ကမ္ဘာ့ကြိုက်တဲ့နေရာ ကို တစ်နာရီအတွင်းရောက်နိုင်တဲ့ Advanced Hypersonic Weapon ကို အောင်မြင်စွာ စမ်းသပ်ပြလိုက်ခြင်းဟာ. သူရဲ့ Super Power သရဖူကို ကာကွယ်ဖို့ မောင်းခတ်လိုက်တယ်လို့ ထင်ပါတယ်.။

      တရုတ်ရဲ့ စီးပွားရေးတဟုန်ထိုးတိုးတက်လာတာနဲ့အမျှ ဆင်းရဲချမ်းသာကွာဟမှု ပြဿနာ၊ အလုပ်သမားပြဿနာတွေနဲ့ အိမ်ယာ ပြဿနာတွေလည်း တဟုန်ထိုး တိုးတက်လာနေပါတယ်။ တရုတ်နိုင်ငံတ၀မ်းမှာ လူမနေတဲ့ ကွန်ဒိုတိုက်ခန်းပေါင်း သန်းငါးဆယ်မက ရှိတယ်လို့ လေ့လာဖူးပါတယ်။ ပြည်မကြီးက ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေမှာ တဟုန်ထိုးရင်းနှီးထားပြီး ငွေမပေါ်တာတွေ အများကြီးလည်း ရှိနေပါတယ်။ စွမ်းအင်လိုအပ်ချက်အရ အိမ်နီးချင်းနိုင်ငံတွေအပါအ၀င် ကမ္ဘာအနှံအပြားက စွမ်းအင်ရင်းမြစ်တွေကို နည်းမျိုးစုံသုံးပြီး ရယူဖို့ ကြိုးစားနေပါတယ်။

      တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ ဗဟိုချုပ်ကိုင်မှုစီးပွားရေးစနစ်ဖြစ်တဲ့အတွက် စီးပွားရေးစနစ်တစ်ခုလုံးရဲ့ လည်ပတ်နိုင်မှုဟာ အာဏာရပါတီအပေါ် အများဆုံးမူတည်နေပါတယ်။ အချမ်းသာဆုံးကလည်း အစိုးရပိုင် စီးပွားရေး အဆာက်အအုံတွေ အများစုဖြစ်ပါတယ်။ အဲဒီအချက်ဟာ အနာဂတ် အတွက် ပြဿနာဖြစ်လာနိုင်ပါတယ်။ တရုတ်ဂျီဒီပီက ဂျပန်ကိုကျော်ဖြတ်ပြီး ဒုတိယ အကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်လာမှာပါ။ ဒါပေမယ့် ဂျီဒီပီ၏ ၈၈ ရာခိုင်နှုန်းမှာ အစိုးရပိုင်လုပ်ငန်းတွေက လာတာပါ။ အဲဒါကြောင့် ပုဂ္ဂလိက ကဏ္ဍဟာ သူ့တိုင်းပြည်ဂျီဒီပီနှင့်နဲ့ နိုင်ရင် ကလေးကစားစရာ အဆင့်ပါ။ ဘဏ်လုပ်ငန်းတွေ၊ ဆက်သွယ်ရေးလုပ်ငန်းတွေ ဟာ အစိုးရပိုင်က အများဆုံးပါ။ အဲဒီအချက်တွေဟာ တရုတ်စီးပွားရေးတည်ငြိမ်မှုကို ခြိမ်းခြောက်နေတဲ့ အဓီကပြဿနာတွေပါ။ အပြင်ပန်းက ကြည့်ရင် တရုတ်တွေ ချမ်းသာနေကြပါတယ်။ ဒါပေမယ့် .. အစိုးရက အချမ်းသာဆုံးပါ။ ပုဂလိက ကဏ္ဍအတွက် ကွန်မြူနစ်ပါတီတွင်း သဘောထားကွဲလွဲမှုတွေကလည်း တဖြေးဖြေး ကြီးထွားလာနေပါတယ်။ မြစ်ဆုံကိစ္စကို ဥပမာပေးရင် CPI ကို ပြည်တွင်းစွမ်းအင်ဖွံဖြိုးမှုပေါ်လစီအရ နောက်ကွယ်က ဒေါ်လာ ဘီလီယံနဲ့ ချီပြီး ပံ့ပိုးနေတာ တရုတ်အစိုးရပါ။ အဲဒါကြောင့် တရုတ်ကုမဏီနဲ့ဖြစ်တဲ့ကိစ္စမှာ တရုတ်နိုင်ငံခြားရေးဌာနက တိုက်ရိုက်ဝေဖန်အပြစ်တင်ခဲ့တာပါ။

      ဒါပေမယ့် မြန်မာနိုင်ငံကို US နဲ့ UK က စီးပွားရေးပိတ်ဆို့တာကို အခွင့်ကောင်းယူပြီး မြန်မာနိုင်ငံနဲ့ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးဆိုပြီး တစ်လက်ကိုင်ပေါင်းခဲ့ပေမယ့် မြန်မာနိုင်ငံ မတိုးတက်ခဲ့တာတော့ အသေအချာပါပဲ။ အမေရိကန်ကို လုံခြုံရေးအရ အားကိုးဖို့ကိစ္စကတော့ ယခု ရေပိုင်နက်ကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့ အာဆီယံနိုင်ငံတွေက သက်သေပါပဲ။

      6 hours ago · · 11

    • Røçkø Avêñgiñø Pitt
      ကျွန်တော်အထင် မြန်မာ နိုင်ငံ အနေနဲ့က လတ်တလော အကျပ်အတည်းအပေါ် ထွက်ပေါက်တစ်ခု အနေနဲ့ အိမ်နီးချင်းနိုင်ငံလဲဖြစ် အင်အားကြီး နိုင်ငံလဲ ဖြစ်တဲ့ တရုတ်ကို ထိုအချိန်များက လက်ခံခဲ့ရတယ်လို့ထင်မြင်မိပါတယ်။ အစိုးရအနေနဲ့လဲ တိုင်းပြည်အတွက် အနဲနဲ့ အများ ဖြစ...See More

      5 hours ago · · 2

    • Naw La let me share
      about an hour ago ·

    • Sai Woon Hein မှန်ပါတယ်...ကန်နဲ့ပေါင်းရင် တန်းဖိုးကြီးကြီးပေးဆပ်ရမှာပါ.. ဒါပေမယ့်ပေါက်ဖေါ်ကြီးနဲ့ပေါင်းရင်တော့ နိုင်ငံပါသူတို့ကိုဝကွက်အပ်ရမှာဆိုတော့.. တန်ဖိုးနည်းနည်းကြီးပေမယ့်ပေါင်းရမှာပေါ့....
      about an hour ago · · 1

    • Ar Mrat Khine ကျနော်တစ်ခု ဝင်ပြောခဲ့မယ်ဗျာ သူများလိုတော့ အများကြီးမသိဘူး ဒါပေမယ့် ကျနော်သိတာက အမေရိကန်နဲ့ပေါင်းလို့ အစ်စရေး ယာ ဆိုဗီယက် ပြည်ထောင်စုကြီးထဲမှာ ရပ်တည်နေနိုင်တာ ဂျူးတွေနော် ဂျာမနီအနားမှာနေတာပါ ဘယ်သူ့အားကိုးလဲ လေ့လာလိုက်ပါ အဲဒီကန်ပဲ ဗမာ တရုတ်နဲ့ပေါင်းလာတာ ဘယ်လောက်ကြာပြီလဲ ဘယ်သူက ဗမာကို အားနာခဲ့လို့လဲ အားလုံးသိကြတဲ့အတိုင်းပါပဲ တရုတ်ဟာ ဒီနေ့ထိ သူ့ပြည်တွင်းမှာ လူ့အခွင့်အရေး ချိုးဖေါက်နေတုန်းပါ၊ ကန်ကိုလည်း အားလုံးသိကြတဲ့အတိုင်းပဲ ကမ္ဘာအရပ်ရပ်က ဒုက္ခရောက်နေတဲ့သူတွေကို လက်ခံနေတာ ဒီနေ့ထိပဲ.... ဒါပေမယ့်ကျနော် ဒီဆောင်းပါးကို စိတ်ဝင်စားပါတယ် မျှဝေခွင့်ပေးပါဗျာ...ကျေးဇူးတင်ပါတယ်.။
      32 minutes ago ·
Blogger Widgets