You Are Here: Home - ဆောင်းပါး - စစ်အစိုးရရဲ့ ငြိမ်းချမ်းရေး ဘယ်တော့စမှာလဲ(ဗမာ၊မြန်မာဘာသာ)

-------------------------
မှတ်ကြီးသား (ဥပဒေ)
------------------------
ဒီလအတွင်းမှာ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ စစ်အစိုးရရဲ့လုပ်ဆောင်ချက်တွေကို ကြည့်မယ်ဆိုရင် -

၁) နိုင်ငံရေးအခန်းအနားတွေကို ကျင်းပခွင့်ပေးတာ
၂) သတင်းစာရှင်းလင်းပွဲပြုလုပ်တာ
၃) လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစာကြည်နှင့် တွေ့စုံဆွေးနွေးတာ
၎) လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးခရီးစဉ်ထွက်ခွင့်ပေးတာ
၅) တွေ့စုံပွဲများ ကျင်းပပြုလုပ်တာ
၆) ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေနဲ့ တွေ့စုံဆွေးနွေးတာ
၇) လူထုခေါင်ဆောင်ဒေါ်အောင်ဆန်းစုကြည်ကို တွေ့စုံပွဲတွေတက်ရောက်စေတာနဲ့
၈) မစ္စတာ ကွင်တားနားကို မြန်မာပြည်ခရီးစဉ်ခွင့်ပြုခြင်းတွေကို

အဓိကပြုလုပ်နေတာတွေ့ရပါတယ်။ အထက်ပါလုပ်ဆောင်ချက်တွေကို ကြည့်မယ်ဆိုရင် မြန်မာပြည်ရဲ့နိုင်ငံရေးအခြေအနေဟာ တိုးတက်သယောင်ရှိတာတွေ့ရမှာပါ။ လက်ရှိနိုင်ငံရေးအခင်းအကျင်းကို ကြည့်မယ်ဆိုရင်လည်း အားရကျေနပ်သဖွယ်ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် အတွင်းကျကျ လေ့လာကြည့် မယ် ဆိုရင်တော့ အားလုံးဟာ ဗြောင်လိမ်ထားတဲ့ အနှစ်သာရမပါတဲ့ အတုအယောင်လုပ်ဆောင်ချက်တွေဖြစ်နေတာတွေ့ရမှာပါ။ အထူး သဖြင့် မစ္စတာကွင်တားနား မြန်မာပြည်ကိုလာတဲ့အခါ ဒီလုပ်ဆောင်ချက်တွေစစ်အစိုးရက ကိန်းကြီးခန်းကြီးချပြမယ့်အစီအစဉ် တွေဆို တာ တွေ့ရမှာပါ။ နောက်ဆက်တွဲအနေနဲ့ကတော့ မစ္စတာကွင်တားနားပြန်တဲ့အခါ သူ့ရဲ့အစီအရင်ခံစားထဲမှာပါသွားမှာဖြစ်သလို ကွင် တားနားသုံးသပ်ချက်ထဲမှာ မြန်မာပြည်ရဲ့ တိုးတက်မှုရှိအခြေအနေတွေ ထည့်သွင်းဖော်ပြသွားမယ်ဆိုရင် ကမ္ဘာ့ကုလသမဂ္ဂရဲ့ လူ့အခွင့် အရေးကောင်စီညီလာခံမှာ ဂုဏ်သိက္ခာပြန်ဆယ်မယ့်သဘောဖြစ်တယ်ဆိုတာ ကွက်ကွက်ကွင်းကွင်းတွေ့မြင်နိုင်ပါတယ်။ အထူးသဖြင့် ကွင်တားနားအပါအ၀င် ကမ္ဘာ့ခေါင်းဆောင်ကြီးတွေကို အရူးလုပ်တာဖြစ်နေပါတယ်။ စစ်အစိုးရရဲ့တွက်ကိန်းမှာတော့ မြန်မာပြည်ဟာ ဒီမိုကရေစီကို အသွင်ပြောင်းနေပါတယ်ဆိုတာကို ပေါ်လွင်စေချင်ပြီး ကွင်တားနာက မြန်မာပြည်စစ်အစိုးရကို လူ့အခွင့်အရေးချိုး ဖောက် မှုအတွက် အရေးယူပေးဖို့ ပြီးခဲ့တဲ့ (၁၆)ကြိမ်မြောက်ကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီညီလာခံက အဆိုပြုချက်ကို “ပလပ်” စေချင်တာ လည်းပါမယ်ထင်ပါတယ်။

အခု ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အထူးစုံစမ်းရေးကိုယ်စားလှယ် မစ္စတာ ကွင်တားနားဟာ မြန်မာပြည်ကို စတုထ္တအကြိမ် မြောက်ရောက်ရှိနေပါပြီ။ သူ့ရဲ့ကြိုးပမ်းချက်တွေကိုတော့ လေးစားပေမယ့် သူ့ရဲ့လုပ်ရပ်ဟာ လက်တွေ့ကျမကျတော့ မသိသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ တွေ့ခွင့်ရနိုင်ကောင်းပါတယ်။ ဒါပေမယ့် သူ့ရဲ့လုပ်ငန်းတာဝန်ကိုမေ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ရ လို့ ပြီးတော့ အခုစစ်အစိုးရရဲ့ လုပ်ဆောင်ချက်တွေနဲ့ပါတ်သက်ပြီး အားရကျေနပ်မှုတွေဖြစ်သွားမှာတော့စိုးရိမ်မိတယ်။ ဘာကြောင့်လဲဆို တော့ သူမြန်မာပြည်ကို ပထမအကြိမ်ရောက်စဉ်ကတည်းကပင် စစ်အစိုးရကို အကြံပြုချက်လေးတွေပေးထားတာရှိပါတယ်။ အထူး သဖြင့် -

၁) ယုံကြည်ချက်နဲ့အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ချွင်းချက်မရှိလွတ်ပေးဖို့

၂) လူ့အခွင့်အရေးကိုလေးစားလိုက်နာဖို့

၃) တရားမျှတတဲ့ ရွေးကောက်ပွဲကို ကျင်းပဖို့

၎) ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့

၅) လွတ်လပ်ပြီး တရားမျှတတဲ့ တရားစီရင်ရေးစနစ်ကိုဖော်ဆောင်ဖို့ဆိုတာတွေပါ။

အထက်ဖော်ပြပါအချက်တွေနဲ့ပါတ်သက်ပြီးလေ့လာကြည့်မယ်ဆိုရင် ကနေ့စစ်အစိုးရဟာ-

၁) နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ကနေ့ထက်ထိ လွတ်မပေးသေးပါဘူး။ ကမ္ဘာ့ခေါင်းဆောင်အတော်များများကို တော့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် လွတ်ပေးတာတစ်ခုတည်းနဲ့ ချွေးသိပ်စေခဲ့ပါတယ်။

၂) လူ့အခွင့်အရေးနဲ့ပါတ်သက်ပြီး ကနေ့အချိန်အထိ လေးစားလိုက်နာမှုမရှိသေးပါဘူး။ မြန်မာနိုင်ငံရဲ့နေရာဒေသတွေမှာ လယ်မြေသိမ်း၊ ပေါ်တာဆွဲ၊ ဆွဲချက်တွေအမျိုးမျိုးနဲ့ ဖမ်းဆီးတာတွေ၊ ဆက်ကြေးကောက်တာတွေ ဆက်တိုက်ဆိုသလို တိုးတက်နေသေး တယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ထိထိရောက်ရောက် စုံစမ်းဖော်ထုတ်တာ၊ အရေးယူတာ ဘာတစ်ခုမှ မလုပ်ဆောင် သေးပါဘူး။ နာဂစ်၊ ဂီရိ၊ ငလျှင်၊ ချင်းပြည်နယ်အငတ်ဘေး စတဲ့ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်းမရှိသေးပါဘူး။ အခုလက်တလောဖြစ် နေတဲ့ သဘာဝဘေးအန္တရာယ်ကျပြီး ဒုက္ခရောက်နေတဲ့ဒေသတွေမှာ လူမှုကယ်ဆယ်ရေးအတွက် ဘားဂျက်ရှာသတ်မှတ်ပြီး ကူညီဖြည့် စည်းပေးတာ ဘာမှမရှိသေးပါဘူး။

၃) ၂၀၁၀ ရွေးကောက်ပွဲကြီးဟာ လွတ်လပ်မှု၊ တရားမျှတမှု ရှိမ/ရှိဆိုတာကိုတော့ ပြောစရာမလိုတော့ဘူးထင်ပါတယ်။ အားလုံးအသိပါ။

၎) ကနေ့စစ်အစိုးရက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တာ၊ ကချင်ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ တွေ့စုံ ဆွေးနွေးရေးကို ဘန်းပြပြီး မြန်မာပြည်ရဲ့ အရပ်လေးမျက်နှာလုံးမှာ စစ်ဖြစ်နေပါတယ်။ အပြုသဘောဆောင်မြင်တတ်ဖို့ ဝေးနေပါသေး တယ်။

၅) လွတ်လပ်ပြီးတရားမျှတတဲ့ တရားစီရင်ရေးကတော့ မရှိသေးပါဘူး။ သတင်းစားရှင်းလင်းပွဲမှာ ဦးကျော်ဆန်းက လူထုထံမှ တိုင်တန်းမှုတွေ (၅၀၀)ကျော်လောက်ရှိတယ်လို့သာ ပြောသွားတာပါ။ စုံစမ်းစစ်ဆေးမှုတွေ၊ ထိရောက်စွာ အရေးယူအပြစ်ပေးမှုတွေ မလုပ်သေးပါဘူး။ လာမယ့်လွတ်တော်အစည်းအဝေးမှာ ဥပဒေတွေကို ပြန်လည်သုံးသပ်မယ်ဆိုတာတော့ စောင့်ကြည့်ရမှာပါ။ ခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင် သတင်းစာရှင်း လင်းပွဲတွေပြုလုပ်တာ၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံတာ၊ လူထုခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ကွင်တားနားရောက်ခိုက် အချိန်ကိုက်ပြီး စီးပွားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ အမျိုးသားအဆင့် တွေ့စုံပွဲကို တက်ရောက်စေတာ စသဖြင့်ပေါ့လေ ဒါတွေအားလုံးက မစ္စတာ ကွင်တားနားကို ချွေးသိပ်ဖို့ဖြစ်နေတာပါပဲ။

နိဂုံးချုပ်အနေဖြင့် လက်ရှိစစ်အစိုးရက ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားတယ်ဆိုရင်-

၁) မြန်မာပြည် အရပ်လေးမျက်နှာမှာဖြစ်နေတဲ့ တိုက်ပွဲတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ချက်ချင်းရပ်ဖို့လိုပါတယ်။

၂) နိုင်ငံရေးအကျဉ်းသားတွေကို ချွင်းချက်မရှိလွတ်ပေးဖို့လိုပါတယ်။

၃) အားလုံးပါဝင်နိုင်တဲ့ တန်းတူရည်တူရှိတဲ့ သုံးပွင့်ဆိုင် တွေ့စုံဆွေးနွေးရေးကို လုပ်ဖို့လိုပါတယ်။

အနည်းဆုံး အထက်ဖော်ပြပါအချက်တွေကို ပထမဆုံးအနေနဲ့ အဆင့်ဆင့်ဖော်ဆောင်ဖို့လိုပါတယ်။ ပြီးမှ ကျန်တဲ့အဆင့်တွေကို ယုံကြည် မှုအရ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမှာပါ။ သို့မှသာ မြန်မာပြည်ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုဖော်ဆောင်နိုင်ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရောက်ရှိစေနိုင်မှာဖြစ်ပါတယ်။ စစ်အစိုးရရဲ့ အနှစ်မပါတဲ့ လုပ်ရပ်တွေကို အပေါ်ယံကြည့်ပြီး ကောက်ချက် မချမိပါစေနဲ့။ မယုံမိပါစေနဲ့။ နိရဥ္ထရာ
Blogger Widgets