
ကမ္ဘာမူစလင်အဖွဲ့ချုပ် (OIC) သည် ရခိုင်ပြည်နယ်တွင်း အခြေစိုက်၍ ရခိုင်လူမျိုးတို့နှင့် ဘင်္ဂါလီလူမျိုးတို့ အတူယှဉ်တွဲနေထိုင်နိုင်ရန်နှင့် ဘာသာ ရေးလုပ်ငန်းများ လုပ်ဆောင်မည့်အစီအစဉ်အား အစိုးရအဖွဲ့မှခွင့်ပြုမည်ဟု ကြားသိရသောကြောင့် ရခိုင်လူမျိုးများအနေဖြင့် ဆန္ဒပြကန့်ကွက်သွားမည် ဖြစ်ကြောင်းကို စစ်တွေမြို့ရှိ ဝံလက်ဖောင်ဒေးရှင်းမှ အမှုဆောင် ဦးသိန်းဝင်းက ပြောသည်။ စစ်တွေမြို့တွင် အောက်တိုဘာလ ပထမပါတ်အတွင်း OIC အဖွဲ့အား ခွင့်မပြုနိုင်ကြောင်း စစ်တွေမြို့ရှိ သံဃာတော်များ၊ မြို့မိမြို့ဖများ၊ ကျောင်း သားလူငယ်များက လက်မှတ်ရေးထိုး၍ နိုင်ငံတော်သမ္မတအား တင်ပြမည်ဖြစ်ကြောင်းနှင့် အောက်တိုဘာ ၄ ရက်နေ့တွင် ရခိုင်အမျိုးသမီးထုမှ ရခိုင် အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ ဘဝလုံခြုံရေးနှင့် အေးချမ်းစွာ နေထိုင်ရေးအတွက် အတူယှဉ်တွဲမနေထိုင်နိုင်ကြောင်း ဆန္ဒပြတောင်းဆိုမည် ဖြစ်ကြောင်း သိရသည်။ “မြို့ပေါ်မှာကော၊ ပြည်နယ်အတွင်းမှာ ဘယ်နေရာမှာမှ ဘဝလုံခြုံရေးအတွက် အာမခံချက်မပေးနိုင်ဘူး၊ လူတိုင်းက ကျီးလန့်စာစား ဖြစ်နေတယ်၊ တစ်နေ့ကို တစ်နေရာမှာ ပြသနာတက်တယ်ဆိုပြီး အသံတွေထွက်နေကြတော့ အမြဲတမ်းစိုးရိမ်နေကြတယ်၊ ဒါကြောင့် ဘယ်လိုမှ အတူယှဉ်တွဲနေထိုင်လို့ မဖြစ်ဘူး”ဟု ဦးသိန်းဝင်းက ဆိုသည်။ အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ရခိုင်အမျိုးသမီးထုမှ စက်တင်ဘာလ ၂၆ ရက်နေ့တွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှူးရုံးများသို့ ဆန္ဒပြခွင့်လျှောက်ထားခဲ့ ကြောင်းသိရပြီး ကမာ့္ဘမူစလင်အဖွဲ့ချုပ် (OIC) ရခိုင်ပြည်နယ်အတွင်း အခြေမစိုက်ရေး၊ စစ်တွေမြို့အတွင်းရှိ အင်ပါလာရပ်ကွက် (ဘင်္ဂါလီရပ်ကွက်) အား မြို့အတွင်းမှ ပြောင်းရွေ့ပေးရေးနှင့် ရခိုင်အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ ဘဝလုံခြုံရေးနှင့် အေးချမ်းစွာနေထိုင်ရေးအတွက် အတူယှဉ်တွဲ မနေ ထိုင်နိုင်ရေးတို့အား တောင်းဆိုဆန္ဒပြမည်ဖြစ်ကြောင်း သိရသည်။ အောက်တိုဘာလ ၄ ရက်နေ့တွင် ဆန္ဒပြမည့်အစီအစဉ်အား သက်ဆိုင်ရာဒေသအာဏာပိုင်များနှင့် ပြည်နယ်အစိုးရမှ လက်ရှိရခိုင်ပြည်နယ် အတွင်း ဖြစ်ပေါ်နေသည့်ပြသနာများကြောင့် ၁၄ ရက်ခန့်ရက်ရွေ့ဆိုင်းရန်နှင့် တောင်းဆိုမှုအစီအစဉ်များအား နေပြည်တော်ရှိအစိုးရအဖွဲ့သို့ တင်ပြထား ကြောင်းသိရပြီး အဆိုပါတောင်းဆိုချက်များအား လိုက်လျောပေးခြင်းမရှိပါက ရခိုင်အမျိုးသမီးထုကိုယ်စား “အစိုးရကခွင့်မပြုရင် လမ်းပေါ်အကုန်ထွက် မယ်”ဟု မြို့မိမြို့ဖ ရခိုင်အမျိုးသမီးကြီးတစ်ဦးက ပြောသည်။ “နိုင်ငံတကာရုံးတစ်ရုံးလာဖွင့်တဲ့ကိစ္စက ပြည်နယ်အစိုးရအနေနဲ့ ဆုံးဖြတ်လို့ရမှာမဟုတ်ဘူး၊ နေပြည်တော်မှာရှိတဲ့ အစိုးရအဖွဲ့ကဘဲ ဆုံးဖြတ် ပေးနိုင်လိမ့်မယ်၊ ၁၄ရက်လောက်ရွေ့ဆိုင်းတယ်ဆိုတာကိုတော့ လူထုကလက်ခံထားတယ်”ဟု သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းမှ တာဝန်ရှိသူက ပြောသည်။ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုသည့် ၄ လကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးအတွက် တာဝန်ယူလျက်ရှိသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့၏အိုးအိမ်များပင် လွမ်းမောလျက်ရှိနေကြောင်းကို “ကျနော်တို့ရဲ့အိမ်မက်က အိမ်ကိုဘဲပြန်ရောက် နေတယ်”ဟု လုံခြုံရေးတာဝန်ကျနေသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတပ်ရင်း(၆)မှ အရာရှိတစ်ဦးက ဆိုသည်။