You Are Here: Home - ပင်မစာမျက်နှာ , သတင်း , အထင်ကရဖြိုက်စိုင်တိ , အမျိုးသားရီး , အမျိုးသားရေး - ရခိုင်ဒေသ လူထုအစည်းအဝေးနှစ်ရက်ကြာကျင်းပမှု အောင်မြင်စွာပြီးဆုံး

ရခိုင်ဒေသ လူထုအစည်းအဝေးနှစ်ရက်ကြာကျင်းပမှု အောင်မြင်စွာပြီးဆုံး



ရခိုင်ပြည်နယ်တွင် ဖြစ်ပွါးခဲ့သော ဆူပူ အကြမ်းဖက်မှုများကို ဖြေရှင်းရေးအတွက် ဇောင်းပေး ဆွေးနွေးသော ရခိုင်ဒေသ လူထု အစည်းအဝေး ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် နှစ်ရက်ကြာကျင်းပခဲ့ရာ ယနေ့အောင်မြင်စွာပြီးဆုံးခဲ့ပြီဖြစ်သည်။

ယင်းအစည်းအဝေးမှာ ထွက်ပေါ်လာသော ရခိုင်တိုင်းရင်းသားများ၏ ဆွေးနွေးချက်များ၊ တောင်းဆိုချက်များ၊ ဖြေရှင်းရ မည့် နည်းလမ်းများကို နိုင်ငံတောင် သမ္မတထံ တင်ပြတောင်းဆိုသွားမည်ဖြစ်ပါသည်။


ရခိုင်ဒေသ လူထု အစည်းအဝေးတွင် ဖတ်ကြားသော စာတမ်းများကို Arakan Times က တစ်ဆင့် ကူးယူဖော်ပြထားပါသည်။


ရခိုင်လူထုအစည်းအဝေးတွင် တင်သွင်းဖတ်ကြားခဲ့သည့် စာတမ်းများ
၂၅-၉-၁၂ နေ့

၁။ ဦးလှဘော်အောင် - ဦးဘိုမင်းဖြူ၏သမိုင်းကပေးသောသင်ခန်းစာ
၂။ ဦးသိန်းမောင် - ရသေ့တောင်မြို့နယ်မှ စုံစမ်းစစ်ဆေးရေးကော်မရှင်သို့ တင်ပြသည့်စာတမ်း
၃။ ဦးမောင်ကျော်မြင့် - ဦးမောင်ဗသိန်း(စစ်တွေ)၏ ကိုလိုနီဆိုးမွေခံရခိုင် ပြည်နှင့် စစ်တကောင်းသားတို့၏ နယ်သစ်ချဲ့ရေးထကြွမှုစာတမ်းထဲမှ ကောက်နှုတ်ချက်

၎။ လေးဝတီခိုင်ကျော် - ဘင်္ဂါလီပြဿနာနှင့် ရခိုင်ပြည်အနာဂတ်အရေး (ကိုယ်စားဖတ်)

၅။ ဦးထွန်းရွှေ - ဦးမောင်ခင်သိန်း(သစ်တော)၏ ရခိုင်ဒေသ ၁၇ မြို့နယ် လူထုအစည်းအဝေး မေယုမြစ်ဝှမ်းဒေသဆန္ဒဖော်ထုတ်ပွဲစာတမ်း

၆။ ဦးစိန်လှအောင် - ဦးအေးသိန်း၏ ဤအရေးသည် ရခိုင်အရေး တစ်ခုတည်းမဟုတ်၊ မကြာမီမြန်မာနိုင်ငံ၏အချုပ်အခြာအာဏာကိုထိပါး လာမည့်အရေးဖြစ်သည်

၇။ ဦးဘသောင်း - ဒိုးတန်း

၈။ ဦးသာသာမောင် - ရိုဟင်ဂျာဆိုသူများနှင့် သူတို့၏အကြမ်းဖက်မှုများ

၉။ ဘဒ္ဒန္တသုနရ - မုစည်းကျွန်းတွင်ဖြစ်ပေါ်ခဲ့သောမှတ်တမ်းများနှင့် နောင်အေးချမ်းရေးအတွက် မိမိထင်မြင်ယူဆချက်

၁၀။ ဦးခိုင်စိုး(၀တီဆွေ) - ငရို့ဇာလုပ်ကတ်ဖို့လဲ

၁၁။ ဦးသုမင်္ဂလ - ဘင်္ဂါလီရန်မှ အနာဂတ်နိုင်ငံတော်ကို ကာကွယ်ပေးရန် (ကိုယ်စားဖတ်)

၁၂။ ဦးဒိုးအောင်ကျော် - ရိုဟင်ဂျာအမည်ခံအစ္စလာမ်အစွမ်းရောက် အကြမ်းဖက်သမားတို့၏ မြန်မာနိုင်ငံ(ရခိုင်နယ်မြေ)ကိုသိမ်းပိုက်ရန် မဟာစီမံကိန်းနှင့် ဒေသခံတိုင်းရင်းသားပေါင်းစုံတို့ရေရှည်ခုခံတွန်းလှန်နေကြ သည့်လုပ်ဆောင်ချက်များ

၁၃။ ဦးမောင်သန်းညွန့် - ခိုင်အောင်ကျော်(နယူးယောက်)၏ ရခိုင်အနာဂတ် စီမံကိန်းနည်းလမ်းများနှင့်ကာကွယ်ရေးဆောင်ရွက်ချက်များကို ဆန်းစစ်ကြည့်ခြင်း

၁၄။ ဦးဘချမ်းဖြူ - အတူယှဉ်တွဲရေးနေထိုင်ရေးဆိုသည်မှာ

၁၅။ ဦးထွန်းအောင်သိန်း - မေယုဒေသအရေး

၁၆။ ဦးဦးထွန်းဝင်း - ကျောက်တော်မြို့သားလူငယ်တစ်ဦး၏ရင်ဖွင့်သံ (ကိုယ်စားဖတ်)

၂၆-၉-၁၂ နေ့

၁၇။ ဒွါရာဝတီအသျှင်ကုသလ - ရခိုင်လူမျိုးနှင့် အနာဂတ်သာသနာ

၁၈။ ဦးမောင်ကျော်ဇော(နောင်အေး) - အရှင်ဇယန္တဗောဓိ၏ အမည်သညာ ခေါ်စရာကား

၁၉။ ဦးထွန်းသာလှ - ဗြိတိသျှတို့၏ ဆိုးမွေခံမယူဒေသရခိုင်လူမျိုးတို့၏ ဘေးဒုက္ခများ

၂၀။ ဒေါ်စောခင်တင့် - ရခိုင်ပြည်သူပြည်သားများ သိထားသင့်သည့် အကြောင်းအကျိုးများ

၂၁။ ပံသုခင် - အေနိတိုင်းရင်းသားနိုင်ငံသားပြဿနာ

၂၂။ သားလှ(ရသေ့တောင်) - မေယုမြစ်ဝှမ်းပညာရေးအခြေအနေ

၂၃။ အရှင်မုနိဓဇ - ရခိုင်-ကုလား အတူနေနိုင်ရေး

၂၄။ ဦးကျော်လှအောင်(ရခိုင်) - ရခိုင်ပြည်နယ်နှင့် ကုလားအန္တရာယ်

၂၅။ ဦးစံရွှေမောင် - မာန်အောင်မြို့နယ်စာရေးဆရာများအသင်း၏ လေးရပ်ဝတီညီညွတ်စီစာတမ်း(ကိုယ်စားဖတ်)

၂၆။ ဦးမောင်ကျော်သာ - ကုလား-ရခိုင်ပြဿနာအဖြေရှာ

၂၇။ ဦးအေးကျော် - ဦးမြသိန်း(ညွှန်ချုပ်/ငြိမ်း-မြေစာရင်း)၏ ရခိုင်ပြည်နယ် တိုးတက်ဖွံ့ဖြိုးနိုင်ရေးစာတမ်း

၂၈။ ဦးမောင်ကံပေါ် - ဘင်္ဂါလီကုလားများနှင့်ပစ္စုပ္ပန်၊ အနာဂတ်ပြဿနာများ

၂၉။ မင်းပြား - မင်းသိန်းထွန်း - အားလုံးနှင့်ဆိုင်ရေ

၃၀။ ဦးဦးဘသိန်း - ရခိုင်လူ့အဖွဲ့အစည်းကိုလေ့လာသုံးသပ်ချက်

တို့ဖြစ်သည်။

အလိုတော်ပြည့် ကျောင်းတွင် ကျင်းပသော ရခိုင်ဒေသလူထု အစည်းအဝေးသို့ လာရောက်အားပေးသော ပရိသတ်များ

ဓါတ်ပုံ - အနောက်တံခါး ဘီးလူး
Blogger Widgets