You Are Here: Home - ပင်မစာမျက်နှာ , သတင်း - ရခိုင်လူထု အစည်းအဝေး ကန့်သတ် ပိတ်ပင်

ရခိုင်လူထု အစည်းအဝေး ကန့်သတ် ပိတ်ပင်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် ကျင်းပမည့် ရခိုင်လူထု အစည်းအဝေးကို အစိုးရက ကန့်သတ်မှုများ ယနေ့ ပြုလုပ်လိုက်သည်။

ယင်းလူထု အစည်းအဝေးကို စက်တင်ဘာလ ၂၅ရက်နေ့မှ ၂၆ရက်နေ့ထိ နှစ်ရက်ကြာ ရသေ့တောင်မြို့နယ် မေယုနဒီ ခန်းမတွင် ကျင်းပရန် စီစဉ်ထားပြီး လူပေါင်း ၆၀၀ကျော် တက်ရောက်ခွင့် ပြုရန်နှင့် ဟောပြောသူ ၂၀ကျော် ဟောပြောခွင့် ရရှိရန် မြို့နယ်ရဲတပ်ဖွဲ့မှူးထံ လျှောက်ထားခဲ့သည်။

သို့သော်လည်း တစ်ရက်သာ ကျင်းပခွင့်ပေးခဲ့ပြီး လူဦးရေ ၂၀၀ခန့် ကိုသာ တက်ရောက်ခွင့်ပြုသည့်အပြင် ဟောပြောသူ ၁၀ဦးကိုသာ ခွင့်ပြုခဲ့သည်။

ရသေ့တောင်မြို့ စေတီတောင်ကို မေယုမြစ်က လှမ်းမြင်ရစဉ်။

ဓါတ်ပုံ - Rakhine Citizen Journalists
Blogger Widgets