ဆရာဦးသန်းထွန်းမှ ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါဆွေးနွေးချက်မှာလည်း
ဦးသာပွင့်မှ ဆွေးနွေးခဲ့ခြင်းမဟုတ်ပဲ ဦးသာအေး(ကုလား)မှ ဆွေးနွေးခဲ့ခြင်း
ဖြစ်ကြောင်းသိရသည်။ ဆက်ပြီး နောက်ထပ်အမှားများမှာ ''နိုင်ငံတော်အနေနဲ့
ရိုဟင်ဂျာဆိုတာမရှိကြောင်း ကြေညာထားရဲနဲ့ ဒီလိုဆွေးနွေးပြောဆိုတာက
ဥပဒေချိုးဖောက်ရာရောက်ပါတယ်'' ဆိုတဲ့စကားကို ရခိုင်အမျိုးသား တိုးတက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်ဒေါ်အေးနုစိန်ကပြောဆိုခဲ့သည်ဟုရေးသားထားခဲ့သည်။ အမှန် အဆိုပါတုံပြန်ပြောဆိုမှုအား မြို့မိမြို့ဖ ဦးသာပွင့်မှ သာပြောကြားကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
နောက်ထပ်အမှားတစ်ခုမှာ စစ်တွေမြို့မိ မြို့ဖဦးသန်းထွန်းမှ ဆွေးနွေးသော
စကားရပ်တွင် စကားလုံးများ ကျကျန်ခဲ့ကြောင်း ကျကျန်ခဲ့သောစကားရပ်မှာ
ပြန်လည်သဟဇာတဖြစ်ရေးမှာ……………အချိန်ယူရဦးမည် ဆိုသည့်ကြားတွင် ''ခက်ခဲပြီး" ဆိုသည့် စကားရပ်ကျန်ခဲ့ကြောင်းသိရသည်။ အမှန်မှာ ပြန်လည်သဟဇာတဖြစ်ရေးမှာ ဆက်ခဲပြီးအချိန်ယူရဦးမည်ဖြစ်ကြောင်းသာ ဖြစ်သည်ဟု ဆွေးနွေးပွဲတွင် ကိုယ်တိုင်ဆွေးနွေးခဲ့သူ ဆရာဦးသန်းထွန်းမှ ရှင်းလင်းပြောကြားခဲ့ပါသည်။
Rakhine Straight Views