You Are Here: Home - ပင်မစာမျက်နှာ , သတင်း - မြန်မာပြည်သူလူထုအပေါ် ပိတ်ဆို့မှုသက်တမ်းတိုးခြင်းအား အမေရိကန်ရောက်မြန်မာများ ဝမ်းသာအားရကြိုဆို


မြန်မာ့သွင်းကုန် ပိတ်ပင်တားမြစ်မှုအပါအဝင် အခြား အရေးယူ ပိတ်ဆို့မှုများကို သုံးနှစ် ထပ်မံ သက်တမ်း တိုးရန် အမေရိကန် အောက်လွှတ်တော်က ကြာသပတေးနေ့က မဲခွဲ ဆုံးဖြတ်ခဲ့သည့် အပေါ် အမေရိကန်ရောက် မြန်မာများက ဝမ်းသာအားရ ကြိုဆိုလိုက်ပါတယ်။

အမေရိကန်နိုင်ငံဟာ မြန်မာနိုင်ငံမှာ စီးပွားရေးလာလုပ်မည့် လုပ်ငန်းရှင်များကို

ကန့်သတ်ထားပြီး မြန်မာ့ပို့ကုန်ပစ္စည်းများကို လက်ခံခြင်းမရှိဘဲ ပိတ်ဆို့ထားခြင်းဖြစ်ပါတယ်။ ၎င်းပိတ်ဆို့မှုကြောင့် မြန်မာပြည်သူအများအပြား ထိခိုက်မှုရှိတဲ့အပြင် မြန်မာ့စီးပွားရေးတိုးတက်မှုအား အနှောက်အယှက် ဖြစ်စေတာကြောင့် ပြည်သူ့လွှတ်တော်ဥက္ကဌကိုယ်တိုင်က လူထုအကျိုးရှေးရှုကာ မေတ္တာရပ်ခံ ခဲ့သလို၊ သမ္မတကြီးကလည်း တောင်းဆိုခဲ့ပါတယ်။

အမေရိကန်ရောက် မြန်မာအရေးလှုပ်ရှားကြသူများကတော့ လူထုအကျိုး တစုံတရာ ခုချိန်ထိ ဘာမှ မလုပ်ပေးခဲ့ဘူးသူများဖြစ်ပြီး ၎င်းတို့၏ ထောက်ပံ့ကြေးများ ပြတ်တောက်မှာကို စိုးရိမ်မှုကြောင့် လူထုနှင့် တိုင်းပြည်၏စီးပွားအား ကိုယ်ကျိုးအတွက် စတေးခဲ့ကြခြင်းဖြစ်ပါတယ်။

လတ်တလောကာလမှာ ပြည်သူ့အကျိုးလုပ်နေပါတယ်လို့ ကိုယ့်ကိုယ်ကို ဂုဏ်တင်ပြောဆိုနေကြတဲ့ ပြည်တွင်းမီဒီယာသမားများ ဆူညံဆူညံလုပ်နေချိန်ဖြစ်သော်လည်း ယခုကဲ့သို့သော ပြည်သူလူထုအား တိုက်ရိုက်ထိခိုက်စေတဲ့ စီးပွားရေးပိတ်ဆို့မှုနဲ့ပတ်သတ်ပြီး အမေရိကန်ရောက် မြန်မာအရေး လှုပ်ရှားသူများရဲ့ ကြိုဆိုမှုကိုတော့ ဘယ်ဂျာနယ်ကမှ အပြစ်တင် ဝေဖန်ပြီး မရေးကြတာကိုလဲ ထူးဆန်းစွာ တွေ့ရှိရပါတယ်။

Myanmar Express
Blogger Widgets