ငါတို့သွေးတွေကို ..ဖောက်ထုတ်ပစ်ရင် ..
မျိုးမစစ်ဆိုတာ ...မရှိဘူး ...။
ဒါပေမဲ့ ... အမျိုးပျောက်မှာ ..တကယ်စိုးကြောက်လာရတဲ့နောက် ...
ငါ ...မျက်ရည်ကျတယ် ....။
ငါတို့ဟာ .. သူတစ်ပါးမြေကို ကျွန်ခံဖို့ ခြေချတယ်။
ငါတို့ဟာ .. သူတစ်ပါးမြေပေါ် ပညာသင်ဖို့ ခြေချတယ် ..။
ငါတို့ဟာ .. သူတစ်ပါးမြေပေါ် အကြောင်းအမျိုးမျိုးနဲ့ ခြေချတယ် ..နေကြတယ်။
ဒါပေမဲ့ .. ....ငါတို့ဟာ ..
သူတစ်ပါးမြေပေါ် ကျူးကျော်စော်ကား၊
သူတစ်ပါး သွေးသားကို ၀ါးမျို
သူတစ်ပါးကို ဒုက္ခပေးလိုစိတ် .....မရှိကြဘူး။
ငါ ..မျက်ရည်ကျတယ် ..။
သေသွားတဲ့ သီတာထွေး ...
တမလွန်ကနေ စိတ်အေးပါ့မလားကွယ် ...။
မင်း ..သွေးသားတွေ ...
ငါ့ ...သွေးသားတွေ ...
ငါတို့ ...တိုင်းရင်းသားတွေ ....
သွေးမြေကျ ..ပြေးနေရတာတွေ ..၊
မီးလောင်ပြင်ကို ကြည့်ငေး ..အဖေအမေ ပျောက်သွားမဲ့ ကလေးလေးတွေ ..၊
တစပြင်လို ..တိတ်ဆိတ် ...
သမိုင်းရဲ့ အရိပ်မည်း ..
ငါတို့ ရာဇ၀င်ရဲ့ ပုံရိပ်ထဲ ..
မေ့လို့မရတော့မဲ့ ...နေ့တွေ ........။
သီတာထွေးရေ ....
ငါ ...မျက်ရည်ကျတယ်။
နောက်ကျောကို ဓားနဲ့ထိုးရုံမက
ငါတို့ရဲ့ ရှိခိုးရာ ... ဘုရား ..တရား ..သံဃာ ...
သူတို့လက်မှာတော့ ... အစိတ်စိတ်အမြွှာမြွှာ ...ဖျက်ဆီး။
ငါတို့ ..ရခိုင်ပြည်ကြီး ..မီးဟုန်းဟုန်းတောက်ပြီ ..တဲ့..။
သီတာထွေးရေ ....
ဆေးမီပါတော့မလားကွယ် ...။
ညီမလေးလည်း အသက်ပေးခဲ့ရပါတယ်။
လူမဆန်တဲ့ ... ခံစားမှုကို ရင်ဝယ်ပိုက်ပြီး
တခဏရလာတဲ့ လူ့ဘ၀မှာ
ကူကယ်ရာရှာမရ .. အဲဒီ့အချိန်က ညီမလေးဒုက္ခကို
အစ်မ .. ကိုယ်ချင်းစာတယ်။
ငါ ..မျက်ရည်ကျတယ်။
အဓိကရုဏ်း ..ပဋိပက္ခနဲ့ စစ်တိုက်ရတာကို ..
သူတို့က ...ကြိုက်ကြတယ်။
သာဓကနဲ့ ... ပြရရင် ..
၁၈၈၅က စလို့ ... တိုင်းပြည်ကြီး --ာဘ၀ရောက်ခဲ့တာ
များများ ..မဟုတ်ဘူး။
ကျူးကျော်စစ် ... သုံးကြိမ်တည်းနဲ့ ...
ပြားပြားဝပ်ခဲ့ရတာပါကွယ် ....။
ဒီနေ့မှာတော့ ...
ဓနနဲ့ သယံဇာတ အလိုရှိရုံသက်သက်မဟုတ်ဘဲ
ကာမသွေးသားနဲ့ ဘာသာတရားကိုပါနင်းခြေ အမြစ်ဖြုတ်
အဲဒီလို အကြံယုတ်နဲ့ ...အားထုတ်ပြီး
ငါတို့ ဦးခိုက်ရာ ...
ငါတို့ ပူဇော်ရာ ...
ငါတို့ရဲ့ ရင်ထဲက မဇ္ဈိမ ပဋိပဒါကို
သိသိသာသာ ဆွဲထုတ် ..
သံပုရာခွံ ဦးထုပ်ဆောင်းသူတွေက ...
မောင့်ကျက်သရေ ခေါင်းပေါင်းလည်း
ပြာပုံထဲ ပို့ပစ်လိမ့်တော့မယ်။
ငါ ...မျက်ရည်ကျတယ်။
မြွေပွေးကို ခါးပိုက်ပိုက်
မြေခွေးကို နေရာပေး
ဗိုလ်ချုပ်ပြောတဲ့ ..ငရဲခွေးကြီးရဲ့ အစွယ်အပွားတွေ
ငါတို့တိုင်းပြည်မှာ ထိန်းမနိုင်သိမ်းမရ ..
လွတ်နေကြပြီကွယ် ....။
သီတာထွေးရေ ...
ဒီကဗျာရေးရင်းနဲ့ ကျတဲ့ မျက်ရည်ဟာ
ညီမလေးကို မိသားစုဆီ ပြန်မပို့နိုင်ပေမဲ့
လောင်နေတဲ့ မီးတွေကို မငြှိမ်းသတ်နိုင်ပေမဲ့
ငါတို့ မြေမှာနေ ...
ငါတို့ ရေကိုသောက် ...
ငါတို့ကို ပြန်ပေါက်မဲ့ မြွေပွေးတွေကို ...
မုန်းတီး ရွံရှာ ..
မသတီစရာတွေကို အန်ထုတ်
ငါ ..မျက်ရည်ကျရင်း ...
ရေးခဲ့တဲ့ ..ကဗျာတစ်ပုဒ်တော့ ..ရှိခဲ့ပြီပေါ့ ....။
ညီမလေး ..သီတာထွေးရေ ....
အစ်မတော့ ..ဒီကဗျာရေးရင်း ငိုနေရတယ်...။ ။
နန်းအသင်္ခယာ