ရက္ခ ၀ံသ ဖေါင်ဒေးရှင်း
အမှတ်121 ပထပ်41လမ်းအပေါ် ဗိုလ်တထောင်မြို့နယ် ရန်ကုန်
ဖုန်း 01 240324 ၊ 0951 22182၊ 0973160916၊ဖက်စ် 01 240324
Email:/ rakhawantha5@gmail.com
ဆောင်ပုဒ် (ပညာထွန်းမှ လူမျိုးစွမ်းမေ)
ရည်ရွယ်ချက်
၁၊ သင်ဖို့စိတ်ရှိပြီး ငွေကြေးမတတ်နိုင်ရေ ရခိုင်လူငယ်မျိုးဆက်သစ်တိ အတွက် ကွန်ပျူတာနည်းပိုင်ညာကို အလကားသင်လို့ရရန်။
၂၊ ခေတ်မှီ ကွန်ပျူတာနည်းပိုင်ညာ တတ်မြောက်တေ ရခိုင်လူငယ်မျိုးဆက်သစ်တစ်ရပ်ပေါ်ထွက်လာစီရန်။
၃၊ ရခိုင်ပြည်နယ်ဟိန့် မျိုးဆက်သစ်လူငယ်တိ ခေတ်မှီ ကွန်ပျူတာနည်းပိုင်ညာမှာ နောက်ကျ မကျန်ရစီရန်။
ရက္ခ၀ံသ ဖေါင်ဒေးရှင်းသည် ရခိုင်ပြည်ဟိန့် ရခိုင်လူငယ်မျိုးဆက်သစ်တိအတွက် ခေတ်မှီကွန်ပျူတာနည်းပညာတိကို ကမ္ဘာနန့် ရင်ဘောင်တန်းနိုင်အောင်
အလွယ်တကူ သင်လို့ရအောင် ကွန်ပျူတာ သင်ထောက်ကူပစ္စည်းတိကို အခမဲ့ကူညီထောက်ပံ့ဖို့ ဖွဲ့စည်းမည်ဖြစ်တေ ပညာရေးကူညီမှုအဖွဲ့ ဖြစ်ပါရေ။ ရခိုင်တိုင်းရင်းသားအားလုံးရို့သည် ဤမြီမှာမွီး ဤမြီမှာကြီး ဤပြေ ဤမြီက ထွက်တေ သယံဇာတတိကို ယူငင်စားသုံးပြီးကေ လူလားမြောက်လာခကတ်ရပါရေ။
ငါရို့၏ ရှေးဘိုးဘွားစိုင်ဆက်လက်ထက်ကပင် စလို့ ဂနိန့်ထိ ခေတ်အဆက် မငြိမ်းမညူ ကြိုက်ရာယူပီးဆပ်နေရေ အဖရခိုင်ပြေ ရခိုင်မြီသည် ကမ္ဘာတည်နိန်သရွီ့ ကာလ
ပတ်လုံး ငါရို့ ရခိုင်သူ/သားတိအတွက် ကျေးဇူးသိတတ်သသည်ဖြစ်စီ၊ မသိတတ်သည်ဖြစ်စီ ၊နောင်လည်း ကြည်ကြည်ဖြူဖြူနန့် ပီးဆပ်နိန်ဖို့ အမှန်ဖြစ်ပေသည်။
ရခိုင်သူ/သားတိထံမှာ အေလောက်ကျေးဇူးများရေ ရခိုင်ပြေ ရခိုင်မြီ ကို ကျွန်ုပ်တို့တတွေသည် ကိုယ်နိုင်သလောက် ကျေးဇူးဆပ်ဖို့သင့်ကြပေသည်။
( သင်သည် ရခိုင်လူမျိုးဖြစ်၍ ရခိုင်ပြေကို ပြန်၍ ကျေးဇူးပြုလိုပါက ရက္ခ၀ံသ ပညာရေးဖေါင်ဒေးရှင်းနန့် ပူးပေါင်းဖို့ ဖိတ်ခေါ်ပါရေ)
ဂနိန့်ရခိုင်ပြည်ကြီးရေ အခြားဒေသတိနန့် နှိုင်းယှဉ်ပါက ပိုင်ညာရေး စီးပွားရေး တိမှာ အဖက်ဖက်က နောက်ကျ ကျန်နိန်လိုက်ပါရေ။ မြီပေါ်မြီအောက် သယံဇာတတိကိုလေ့ အဆက်မပြတ် ပြန်လည်ဖြည့်ဆည်းခြင်း အလျဉ်းမရှိဘဲ အတိုင်းအတာမဲ့ ယူငင်သုံးစွဲလာကတ်သောကြောင့် ရခိုင်ပြည်ကြီးသည် မချိကိုယ်နွမ်း အားအင်ခန်းလျှက် ပင်ပန်းရုပ်သွင် အိုနာဝင် ကဲ့သို့ ဖြစ်နိန်ပါဗျာလ်။ (ရခိုင်ပြည်ကြီးတိုးတက်ဖို့ ရခိုင်လူငယ်မျိုးဆက်သစ်တိ ခေတ်မှီကွန်ပျူတာနည်းပိုင်ညာတတ်ဖို့ အထူးလိုအပ်နိန်ရေ ဆိုစွာကို လက်ခံပါလား)
ရာဇ၀င်ခေတ်အဆက်ဆက် ကမ္ဘာအလယ်မှာ ၀င့်ဝင့်ထည်ထည် ဂုဏ်သရေဖြင့် နိန်လာခရေ ရခိုင်ပြည်ကြီးသည် ငါရို့လက်ထက်ကျခါမှ လူလုံးမလှ ဂုဏ်မတက်ကေ ရခိုင်လူငယ်မျိုးဆက်သစ်တိသည် ငါရို့အား ညံ့ကြလေဟု သမိုင်းရွီးထိုးကတ်လိမ့်မည်။ အေပိုင် သမိုင်းရိုင်း အဖြိုက်မခံရအောင် မိမိရွီးခရေ မော်ကွန်းလည်းလှအောင် ဇာတိချက်ကြွီ မွေးရပ်မြီကိုလေ့ ကျေးဇူးဆပ်ရာရောက်အောင် ၊ရခိုင်လူငယ်မျိုးဆက်သစ်တိလည်း ကွန်ပျူတာနည်းပိုင်ညာတတ်မြောက်လားအောင် လုပ်ဖို့တာဝန်သည် ဂနိန့် ငါတို့မျိုးဆက်၏ တာဝန်ဖြစ်ရေလို့ ထင်မြင်မိကေ ရက္ခ၀ံသ ဖေါင်ဒေးရှင်းနန့် အတူလက်တွဲ့ လုပ်ကတ်ဖို့ သင့်အားဖိတ်ခေါ်ပါရေ။
(ရခိုင်လူငယ်မျိုးဆက်သစ်တိ ခေတ်မှီကွန်ပျူတာနည်းပိုင်ညာတတ်မြောက်ရေး ဆောင်ရွက်စွာမှာ မိမိနန့် မဆိုင်ဆိုပြီးကေ ခေါင်းရှောင်သင့်ပါလား)
ရက္ခ၀ံသဖေါင်ဒေးရှင်းသည် (ပညာထွန်းမှ လူမျိုးစွမ်းမေ) ဆိုစွာကို ယုံကြည်ရေအတွက်နန့် ရခိုင်ပြည်နယ်ဟိန့် မြို့နယ်အားလုံးမှ ရခိုင်မျိုးဆက်သစ်လူငယ်တိ ခေတ်မှီကွန်ပျူတာပိုင်ညာရပ်တိကို အလကား သင်ယူတတ်မြောက်နိုင်အောင် ရည်သန်ပြီးကေ ကွန်ပျူတာနန့် ကွန်ပျူတာဆက်စပ် ပစ္စည်းတိကို အလကား ကူညီထောက်ပံ့ပီးနိုင်အောင် အကောင်အထည်ဖေါ် ဆောင်ရွက်လားပါမည် ။
ယင်းအတွက်နန့် ရခိုင်မှန်ကေ ဇာနိုင်ငံရောက်ရောက် ဇာဒေသကိုရောက်ရောက် အ၀ီးရောက်ရခိုင်သူ/သားများအားလုံးလည်း စိတ်ပါလက်ပါ ပူးပေါင်းပါဝင်ဆောင်ရွက်ကတ်ဖို့ တိုက်တွန်းလိုပါရေ။
အေနိန့် စိုက်ရေ အပင်သည် နက်ဖန်ခါ အသိင်္းမသီးသော်လည်း အချိန်အတိုင်းအတာတစ်ခုထိ ဂရုစိုက်ပြုစုကတ်ကေ တစ်ရက်မှာ အသီးအပွင့်တိ မုချ သီးပွင့်လာလိမ့်မည်ဟု ယုံကြည်ပါသည်။ ရက္ခ၀ံသဖေါင်ဒေးရှင်းသည် ရခိုင်ပြည်နယ် တိုင်းရင်းသားလူငယ်မျိုးဆက်သစ်တိကို ကွန်ပျူတာနည်းပိုင်ညာ၌ အတိုင်းအတာတစ်ခုထိ တတ်မြောက်အောင် ဆောင်ရွက်စွာမှာ ရခိုင်သူ/သားများ၏ ပါဝင်မှု စုပေါင်းအားတိကို အမှန်တကယ်လိုအပ်နေပါရေ။
ယင်းအတွက်နန့် အဂုအချိန်ကစ၍ ရက္ခ၀ံသဖေါင်ဒေးရှင်း ကွန်ပျူတာ သင်ထောက်ကူ ပစ္စည်း အလကား ကူညီမှုအဖွဲ့ကို ကျွန်ုပ်တို့နှင့် အတူတူ လက်တွဲလုပ်ကတ်ကေ နောင်မကြာသော အချိန်ကာလတစ်ခုတွင် ခေတ်မှီကွန်ပျူတာနည်းပိုင်ညာကို တတ်မြောက်ရေ ရခိုင်လူငယ်မျိုးဆက်သစ်တစ်ရပ် အမှန်ပေါ်ထွက်လာပါလိမ့်မည်။
(မိမိအပေါ် တင်ဟိန့်နိန်ရေ ရခိုင်မြီကျေးဇူးကို မိမိဘ၀အစိတ်အပိုင်းထဲမှ တစိချေလောက် ပါဝင်ပေးဆပ်ဖို့ ဆန္ဒရှိကေ လှမ်းလာလတ်ပါ၊)
ဤ ရက္ခ၀ံသဖေါင်ဒေးရှင်းတွင် ကိုယ်တိုင်ကိုယ်ကျ မပါဝင်နိုင်ရေ ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်ရို့လည်း ရခိုင်လူငယ်မျိုးဆက်သစ်တိအတွက် ကိုယ်နိုင်သလောက်သော စွမ်းအားချေတိနန့် ထောက်ပံ့ကူညီပေးကတ်ဖို့ တိုက်တွန်းလိုပါသည်။
ရက္ခ၀ံသဖေါင်ဒေးရှင်းကို ဖွဲ့စည်းရာမှာ ဖြစ်မြောက်ရေးအဖွဲ့ နန့် ထိန်းသိမ်းရေးအဖွဲ့ ဆိုပြီးကေ အဖွဲ့ဝင်နှစ်မျိုးဖြင့် ဖွဲ့စည်းလားပါမည်၊ ဖြစ်မြောက်ရေး ဖွဲ့စည်းရာတွင် ရခိုင်ပြည်နယ် မြို့နယ်တစ်ခုစီမှ အနည်းဆုံး(၃)ဦး ပါဝင်ဖို့ ဖိတ်ခေါ်လားပါမည်ဟု စီစိုင်ထားပါသည်။ ဖြစ်မြောက်ရေးအဖွဲ့ဝင်တစ်ဦးသည် ရခိုင်လူငယ်မျိုးဆက်သစ်တိ ကွန်ပျူတာနည်းပိုင်ညာတတ်မြောက်ရေးတွင် အနည်းဆုံး ကွန်ပျူတာတစ်စုံထက်မနည်းသော တန်ဖိုးကို ထည့်ဝင်ကြရမည့်အပြင် လစိုင်ကြေးကိုလည်း တစ်လငွေတစ်သောင်းကျပ်စီ ထည့်ဝင်ကြရပါမည်ဟု စီစိုင်ထားပါသည်။ ဤအဖွဲ့ကို ဖြစ်မြောက်ရေးအဖွဲ့ဝင်တိမှ ဦးဆောင် အကောင်အထည်ဖေါ်လားပါမည်။
ထိန်းသိမ်းရေးအဖွဲ့ဝင်တစ်ဦးသည် အဖွဲ့ဝင်ကြေး ငွေနှစ်ထောင်ကျပ်ကို ထည့်ဝင်ကြရပါမည်၊ လစိုင်ကြေးကိုလည်း ငွေနှစ်ထောင်ကျပ်စီ ထည့်ဝင်ကြရပါမည်၊ ခြောက်လစာ၊ တစ်နှစ်စာ ကြိုတင်၍လည်း ထည့်ထားနိုင်ပါသည်။ ထိန်းသိမ်းရေးအဖွဲ့ဝင်တိသည် အသင်းဝင်များ တိုးပွါးလာစေဖို့အတွက် စည်းရုံးရေးတာဝန်တိကို ဆောင်ရွက်ကြရပါမည်။
အခမဲ့ ကွန်ပျူတာပိုင်ညာသင်ကြားရေး စင်တာတိကို စတင်ဖွင့်လှစ်စွာမှာ ရခိုင်ပြည်နယ်၌ တောင်ပိုင်းတွင်တစ်မြို့နယ် နန့် မြောက်ပိုင်းတွင် တစ်မြို့နယ် ညီတူညီမျှဖြစ်အောင် ဖွင့်လှစ်လားပါမည်။ ပထမဆုံးကွန်ပျူတာ နည်းပိုင်ညာသင်ကြားရေး အခမဲ့စင်တာကို စစ်တွေမြို့နှင့် ကျောက်ဖြူမြို့တို့တွင် ကွန်ပျူတာ (25)လုံးစီဖြင့် စတင်အကောင်အထည်ဖေါ်ပြီးကေ ကျန်မြို့နယ်များတိမှာလည်း အများသဘောတူဆန္ဒအရ မဲနှိုက်ပြီးကေ အခမဲ့ ကွန်ပျူတာပညာရေးစင်တာတိကို ဆက်လက် အကောင်အထည်ဖေါ် ဆောင်ရွက်လားပါမည်။
ရက္ခ၀ံသဖေါင်ဒေးရှင်း ကွန်ပျူတာနည်းပိုင်ညာ သင်ကြားရေးနှင့် သင်ထောက်ကူပစ္စည်း အခမဲ့ ကူညီမှုအဖွဲ့ကို သီးခြားရပ်တည်ပြိး ဆောင်၇ွက်ကေကောင်းမည်လား၊ ကိုယ်ကျိုးမပါ အများကောင်းကျိုးရှာ ဆောင်ပုဒ်ကို လက်ကိုင်ထားရေ ရခိုင်သဟာယအသင်းနန့် ပူးပေါင်းကေကောင်းဖို့လား၊ ရခိုင်တိုးတက်ရေးပါတီ၏ ပညာရေးကဏ္ဍမှာ ပူးပေါင်းအားဖြည့်ကေ ကောင်းဖို့လား ဆိုစွာကို Lovearakan မှာဟိန့်ရေ ရခိုင်သူ ရခိုင်သားတိလည်း သဘောထားအမြင်ကို မှတ်ချက်ချေတိ ရွီးပီးကတ်စီချင်ရေ၊ထို့အပြင် အောက်ပါအီးမေလ်းလိပ်စာများသို့လည်း မိတ်ဆွေ၏ သဘောထားကို ပေးပို့နိုင်ပါကြောင်း သိစေအပ်ပါသည်။
Email;/ rakhawantha5@gmail.com
Email;/ kophyu55@gmail.com
Email;/mgphyu55@gmail.com
ရက္ခ၀ံသဖေါင်ဒေးရှင်းအဖွဲ့ကို စတင်ဖွဲ့စည်းသည့် နေ့မှစ၍ ဖြစ်မြောက်ရေးအဖွဲ့ဝင်တိနန့့်  ထိန်းသိမ်းရေးအဖွဲ့ဝင်တိတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်လိုသော မျိုးစောင့်ရခိုင်များလည်း အောက်ပါဖုန်းနံပါတ်များသို့ စာရင်းပေးထားနိုင်ပါကြောင်း သိစေအပ်ပါသည်။
ဖုန်း 0951 22182 ၊ 09 73160916 ၊ 01 240324 ၊
ရခိုင်ပြည် ရခိုင်မြေကို ကျေးဇူးပြုခဲ့သူများ၊ ကျေးဇူးပြုနေသောသူများ၊ ကျေးဇူးမပြုရသေးသူများ ၊ကျေးဇူးဆပ်ချင်စိတ်သာရှိပြီး အချိန်မပေးနိုင်သော ရခိုင်သူ/ရခိုင်သားများအား ဤဖေါင်ဒေးရှင်းတွင် ပူးပေါင်းပါဝင်လာကြဖို့ နွေးထွေးပျူငှါသော စိတ်နှလုံးဖြင့် မိတ်ဆွေများအား ကြိုဆိုနေပါမည်။
ရခိုင်ပြည် ရခိုင်မြေ ရခိုင်လူမျိုးအတွက် အလုပ်အကျွေးပြုလိုပါက
အဂုစပါ ၊နောက်မကျသိ။ ဇာခါလေ့ စမလုပ်ကေ ငါရို့ရေ အမြဲတမ်း နောက်ကျနိန်မေ။
START NOW, NEVER LATE . NEVER START , EVER LATE.
သင်ထောက်ကူကွန်ပျူတာပစ္စည်းများ ထောက်ပံ့ကူညီလှူဒါန်းရာတွင် ကွန်ပျူတာများ အလွန်အဆင့်မနိမ့်စေရန် ကွန်ပျူတာအစိတ်အပိုင်းတစ်ခုချင်းစီ လှူဒါန်းလိုသူများ အောက်ပါအတိုင်း လှူဒါန်းနိုင်သည်။
Motherboard (775)
CPU. Core 2 Dual အထက်
HDD 250 GB အထက်
Memory 2GB (DDR3)
Graphic Card 1.GB
Monitor 18.5’’ အထက်
Cassing
Keyboard
Morse
ကွန်ပျူတာစာသင်ခန်းများအတွက် အခြားလိုအပ်တေ အောက်ပါပစ္စည်းတိကိုလည်း ထောက်ပံ့ကူညီလှူဒါန်းနိုင်ပါရေ။
အဲယားကွန်း
မီးစက်
ပလက်စတိတ်ထိုင်ခုံ
ကွန်ပျူတာ ခုံ
အင်တာနက်လိုင်း ADSL နှင့် Wireless လိုင်းစသည်တို့ဖြစ်သည်။
ရခိုင်သူ/သားများ ပညာထွန်းလို့ လူမျိုးစွမ်းနိုင်ကြပါစေ။
ရက္ခ၀ံသဖေါင်ဒေးရှင်း
ရန်ကုန်မြို့
အလှူရှင်များ
1။ ဦးမောင်ဖြူ (2.000.000) ကျပ်သိန်းနှစ်ဆယ်
2။ ဥိးထွန်းကျော်ခိုင် (2.000.000) ကျပ်သိန်းနှစ်ဆယ်
3။ ဦးထွန်းမြိုင် ( 400.000) ကျပ်လေးသိန်းတိတိ
4။ဦးစိုးဝင်း ( 400.000) ကျပ်လေးသိန်းတတိ
ဖြစ်မြောက်ရေးအဖွဲ့ဝင်များ ကျပ်တစ်သောင်းစီအလှူရှင်တိကို နောက်မှ ဖေါ်ပြလားပါမည်။