You Are Here: Home - ကဗျာ - သစ္စာ

အသိတရားတခုက

အမှန်တရားတိုင်းကို ရင်ဆိုင်ဖို့အတွက်

ဆင်းရဲခြင်းဆိုရေဆင်ခြေက အကာအကွယ်မဟုတ်။



ထိုက်တန်ရေပီးဆပ်မှုတိုင်း မတူညီစော်က

အားနည်းချက်အဖြစ် ဂနိန့်မဟိ။



အသိအမှတ်ပြုဖို့ ပင်ပန်း

အောင်မြင်တိုးတက်မှုတခုကို ထမ်းထားရေ

ပခုံးတိပွန်းပဲ့။



တိုင်းတာလို့မရရေဆုံးရှုံးမှု

သံသယအကြည့်တိအောက်မှာ

ယုံကြည်မှုတိုင်းကို သွီးစက်နန့်ရွီးရင်း

မျော်လင့်ခြင်းကို သက်သီတခုအဖြစ်ထုဆစ်။



သွီးနန့်ရွီးထိုးဖို့မော်ကွန်းတိုင်း ခံနိုင်ရေဟိရေ

နှလုံးသားတစုံ အတွက် အဟာရအားနည်တုန်းသိ....။



ခေတ်လွန်ရေ မဟာအနန္တစိတ်ကူးကြီးတိနန့်

ပေါ်လစီအချိုရည်သောက်ရင်း မုဆိုးတိဇဝိန်ချူပ်...

အောက်ခြီမနောင်းရေ သစ္စာ

အိမ်မက်ဝင်္ဂဘာမှာ မွိ

ဂျောင်ပိတ်ပြီးအသတ်ခံရရေ နိန့်....။



ဂနိန့်

ဖခင်၏ ဝိဥာဏ် ပြန်ပနာရှင်သန်မှုအတွက်

ရွက်ဟောင်း ရွက်နု တောင်းဆု ပြုအံ့...

ဂနိန့်

ဖခင်၏ အဓိဌာန် လမ်းစဉ်မှန်ကို

မသွယ်မဖေါက် ရောက်အောင်လျှေက်ဖို့

သွီးသစ်လောင်းလျက် ပေါင်းဖက်တည်အံ့..

ဂနိန့်

ဖခင်၏ သတ္တိ အားမာန်တိကို

ရဲဝံ့သာကီ အာဇာနီတိ

မမှိတ်မသုန် လက်ဆင့်ယူလို့

ကြိုးပမ်း လွတ်လမ်း

အရောက်လှမ်းမည်....

ဖခင်...

ကျ်ျသစ္စာကြောင့် ...ဖခင်ဘဝရောက်လေရာ၌

ဆင်းရဲခြင်းကင်း ချမ်းသာခြင်းကို မလွဲမသွေ

ရပါဇီသား...။။

စိုးရဲသူ
Tags: ကဗျာ
Blogger Widgets