You Are Here: Home - ကုလား(သို့)ဘင်္ဂလီ , ပင်မစာမျက်နှာ , ဘာသာပြန် , သတင်း , အရေးကြီးသတင်း - Myanmar will not accept illegal immigrant Rohingyas, says President

Mr. Antonio Guterres နှင့် နေပြည်တော်တွင် တွေ့ဆုံစဉ်
Myanmar will not accept illegal immigrant Rohingyas, says President U Thein Sein 

တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ပြောကြား
==========================================
President U Thein Sein shaking hands with UN High Commissioner for Refugees Mr. Antonio Guterres in Nay Pyi Taw  on 11 July.
While meeting with UN High Commissioner for Refugees Mr. Antonio Guterres in Nay Pyi Taw on 11 July, President U Thein Sein said Myanmar will not allow illegal immigrant Rohingyas to live in the country.
The only solution to the problem is that Rohingyas are to be handed over to the UNHCR, which needs to provide them food and shelter in refugee camps or they will be sent to a third county if it accepts.
He added that according to history, the #Britishcolonialists took Bengalis into Myanmar before it regained independence in 1948 making them engage in farm work. At that time, some settled down in the country because of their good jobs.
According to the law, Myanmar only accepts the third generation born of parents who have come to live in the county before 1948. In Rakhine State, there are complicated problems such as descendents of Bengalis who came before 1948 and illegal immigrants in disguise of Rohingya, said the President. 
He continued that the issue has even threatened State stability so he is taking it very seriously. Myanmar will take responsibility for its own national ethnics only and illegal immigrant Rohingyas will not be accepted, he added. 
Like Myanmar, the Bangladeshi government dismissed calls from the UNHCR to accept Rohingyas fleeing to Bangladesh when violent incidents erupted in Rakhine State last month.
“It is certainly not in the best of our interests to allow in a further influx of refugees. We want to make sure that refugees don’t enter Bangladesh in large numbers again”, Bangladesh Foreign Minister Dipu Moni told reporters in Dhaka.
The Bangladeshi government immediately sent back more than 1,000 Rohingyas entering the country on 12 June to Myanmar in three boats. According to Bangladeshi media, like Myanmar, Bangladesh sees the acceptance of 200,000 to 300,000 Rohingyas within decades as a burden and regards Rohingya as a stateless race.
At the meeting, President U Thein Sein and UNHCR commissioner also discussed the issues of war victims in Kachin State and returning of displaced people to their places in Kayin State. 

တိုင်းရင်းသား မဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ဇူလိုင်လ ၁၁ ရက်နေ့ နေပြည်တော်၌ တွေ့ဆုံချိန်တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါသည်။

ထို့အပြင် ခိုးဝင်လာသော ရိုဟင်ဂျာများနှင့် ပတ်သက်ပြီး နောက်ဆုံး ဖြေရှင်းသည့် နည်းလမ်းမှာ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို UNHCR သို့ အပ်နှံပြီး ဒုက္ခသည် စခန်းအဖြစ် ထားရှိရန် ဖြစ်ကြောင်း၊ UNHCR က ကျွေးမွေး စောင့်ရှောက်ပေးရန် ဖြစ်ကြောင်း၊ တတိယနိုင်ငံက လက်ခံမည်ဆိုလျှင် ပို့ပေးမည် ဖြစ်ကြောင်းနှင့် ဤသည်မှာ ပြဿနာဖြေရှင်းနည်းကို စဉ်းစားနေခြင်းဖြစ်ကြောင်း နိုင်ငံတော် သမ္မတက ဆက်လက် ပြောကြားခဲ့ပါသည်။

သမိုင်းကြောင်းအရ ဘင်္ဂါလီများ ဝင်ရောက်လာသည်မှာ (၁၉၄၈) ခုနှစ်၊ လွတ်လပ်ရေးမရခင် အင်္ဂလိပ် နယ်ချဲ့များက လယ်ယာ လုပ်ကိုင်ရန် ခေါ်သွင်းလာခြင်း ဖြစ်ကြောင်း၊ ထိုစဉ်က အလုပ်အကိုင် ကောင်းမွန်သဖြင့် မပြန်တော့ဘဲ အခြေချ နေထိုင်သူများလည်း ရှိကြောင်း၊ မိမိတို့ ဥပဒေအရ (၁၉၄၈) ခုနှစ်မတိုင်မီ မြန်မာနိုင်ငံသို့ ရောက်ရှိသူ မိဘနှစ်ပါးက မွေးဖွားသူ တတိယမျိုးဆက် (Third Generation) မြေးအဆင့်ကိုသာ နိုင်ငံသားအဖြစ် လက်ခံမည်ဟူသော ဥပဒေရှိကြောင်း၊ ရခိုင်ပြည်နယ်ကို လေ့လာကြည့်ပါက (၁၉၄၈) ခုနှစ် မတိုင်မီ ဘင်္ဂါလီများက ပေါက်ဖွားလာသူများ၊ နောက်ပိုင်းတွင် ရိုဟင်ဂျာ အမည်ခံ၍ ခိုးဝင်လာသူများ စသည်ဖြင့် ရှုပ်ထွေးလျက် ရှိကြောင်း၊ နိုင်ငံတည်ငြိမ် အေးချမ်းမှုကိုပါ ခြိမ်းခြောက်လာကြောင်း၊ထိုကိစ္စကို ကိုင်တွယ်ရန် အလေးအနက်ထား စဉ်းစားလျက်ရှိပါကြောင်း၊ မိမိတို့ တိုင်းရင်းသားများကို တာဝန်ယူမည် ဖြစ်ကြောင်း၊ တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောပါသည်။

နိုင်ငံတော် သမ္မတနှင့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံမှုတွင် ကချင်ပြည်နယ်ရှိ စစ်ဘေးသင့် ပြည်သူများ အရေးကိစ္စနှင့် ကရင်ပြည်နယ်ရှိ ရွေ့ပြောင်းပြည်သူများ မိမိဆန္ဒ အလျောက် ပြန်လာရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါတွေ့ဆုံမှုတွင် မြန်မာအစိုးရဘက်မှ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အပါအ၀င် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့်မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ သမ္မတရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး၊ အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများ ပါဝင်ခဲ့ကြောင်း သိရပါသည်။

Source;

http://www.taunggyitime.com/2012/07/blog-post_12.html

http://aboutarakanenglishvision.blogspot.com/2012/07/myanmar-will-not-accept-illegal.html

http://eversion.news-eleven.com/index.php?option=com_content&view=article&id=901%3Amyanmar-will-not-accept-illegal-immigrant-rohingyas-says-president&catid=43%3Abi-weekly-eleven-news&Itemid=110



Ar Mrat Khine Facebook စာမျက်နှာမှ ကူးယူဖေါ်ပြသည်။
Blogger Widgets