ဖိတ်ကြားအပ်ပါသည်...
“ရခိုင်အမျိုးသား ညီလာခံ” ဖြစ်မြောက်ရေး အကြို သတင်းစာ ရှင်းလင်းပွဲ။
၁။ ပြည်တွင်း ပြည်ပ ရခိုင်နိုင်ငံရေး အဖွဲ့အစည်းများ၊ ရခိုင်နိုင်ငံရေး ပါတီများ၊ လက်နက်ကိုင် တပ်ဖွဲ့များ၊ လူမှုအဖွဲ့ အစည်းများ၊ ရခိုင်ပြည်သူများ စသည့် ရခိုင်တမျိုးသားလုံး ပါဝင်သော “ရခိုင်အမျိုးသား ညီလာခံ” တရပ်ကို ရခိုင်ပြည်နယ်အတွင်း၌ မကြာမီ လအနည်းငယ်တွင် ကျင်းပမည်ဖြစ်ပါသည်။
၂။ထိုညီလာခံ ဖြစ်မြောက်လာရေးအတွက် ပြည်တွင်း၊ ပြည်ပ နိုင်ငံရေးပါတီများ၊ လက်နက် ကိုင်အဖွဲ့များ၊ လူမှု အဖွဲ့များက “ရခိုင်အမျိုးသားညီလာခံ”ကျင်းပနိုင်ရေးနှင့် ပတ်သက်သည့် အကြို ညှိနိုင်း အစည်းအဝေး တရပ်ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ဖေဖော်ဝါရီလ ၇ ရက်နေ့မှ ၉ ရက်နေ့ အထိ ၃ ရက်ကြာ ကျင်းပနေပါသည်။
၃။ ရခိုင်အမျိုးသား ညီလာခံ ဖြစ်မြောက်လာရေးနှင့်ပတ်သက်၍ အကြို အစည်းအဝေးမှ ဆုံးဖြတ်ချက်များ၊ မူဝါဒ များ၊ ရခိုင်ဒေသ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးရေး အတွက် ရှေ့ ဆက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် အခြေ အနေများ စသည်တို့ကို သတင်းစာ ရှင်းလင်းပွဲ တရပ် ပြုလုပ်သွားမည်ဖြစ်ပါသည်။ ထို့ကြောင့် သတင်းစာ ရှင်း လင်းပွဲသို့ သတင်းမီဒီယာများ အနေဖြင့် တက်ရောက် သတင်းယူနိုင်ပါကြောင်း လေးစာစွာဖြင့် ဖိတ်ကြားအပ်ပါ သည်။
သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည့် အစီအစဉ်။
နေ့ရက်။ ။ဖေဖော်ဝါရီလ ၁၀ ရက်၊ တနင်္လာနေ့၊ ၂၀၁၄ ခုနှစ်။
အချိန်။ ။ နံနက် ၁၀ နာရီ ၃၀ မိနစ်။
နေရာ။ ။ Chang Pauk Hotel-(ဖုန်း-၀၅၃-၂၁၇၅၁၃၊ ချင်းမိုင်)
ဆက်သွယ်နိုင်သည့် လူပုဂ္ဂိုလ်များနှင့်ဖုန်းနံပတ်များ။
ဦးသာဘန်း-ညီလာခံ ဖြစ်မြောက်ရေး အဖွဲ့ခေါင်းဆောင်၊ ဖုန်း+၆၆(၀)၉၄၇-၀၁-၇၇၉၊ +၆၆(၀) ၈၈၄၁ ၅၃၈၆၉
ဦးလှစော-ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)၊ အထွေထွေအတွင်းရေးမှူး၊ ဖုန်း +၆၆(၀)၈၄၅၈၁၂၅၃၂
You Are Here: Home - ပင်မစာမျက်နှာ , သတင်း - ရခိုင်အမျိုးသား ညီလာခံ” ဖြစ်မြောက်ရေး အကြို သတင်းစာ ရှင်းလင်းပွဲ