ကိုအောင်သန်း
အချိန်သည် ရခိုင်တော်လှန်ရေးအင်အားများ၊ ပြည်သူများအတွက် အလွန်တရာ အရေးကြီးနေ ပါသည်။ ဆံချည်တစ်မျှင်မှ အတိမ်းစောင်းခံ၍မဖြစ်ပေ။ ပြည်သူများအထူးနစ်နာမည်။
ထို့ကြောင့် ပြည်သူမျက်နှာ တစ်ခုတည်းကိုသာကြည့်ပြီး တင်ပြစရာရှိသည်ကို ပွင့်ပွင့်လင်းလင်းတင်ပြပါက အားလုံးအတွက် အကျိုးဖြစ်ထွန်းနှိုင်လိမ်မည်ဟု့ ထင်မြင်ယူဆ၍ ယခုဆောင်း ပါးကိုရေးသားခြင်းဖြစ်ပါ သည်။
AA Lt. Col. DR Nyo Tun Aung |
အသယ့်ကြောင်းနည်း။
တပြည်လုံးအပစ်ရပ်စည်းရေး မဖြစ်နှိုင်ဟု ရခိုင်ခေါင်းဆောင်အများစု ကောက်ချက် ချထားသည်။ တချို့က ဖြစ် နှိုင်သည်ဟု ထင်မြင်သည်။ ၀ိ-၀ါဒ မရှင်းဖြစ်နေကြသည်။
ယနေ့မြန်မာနိုင်ငံ၏ ဗျူဟာအခင်းအကျင်းကိုကြည့်လျှင် တိုင်ရင်းသားငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စုပြန် လည်ထူထောင်ရေး၊ ပါတီစုံဒီမိုကရေစီစနစ်ကျင့် သုံးရေး၊ ဇျေးကွက်စီပွားရေးစနစ်ကျယ်ပြန့်ရေးနှင့် ဒေသ တွင်းနိုင်ငံများအပါအ၀င် အနောက်နိုင်ငံများနှင့် ၀င်ဆန့်ရေးပင်ဖြစ်သည်။ ထိုဗျူဟာအခင်းအကျင်းများ ပီးပင် လာစေရန် တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးကို အလွဲမသွယ်ဖေါ်လျှက်ရှိသည်။ တနည်းအားဖြင့် တိုင်းရင်း သားများ တောင်ဆိုနေသည့် ဖက်ဒရယ်စနစ်ကို အနည်းနှင့်အများ လျှော့ပေးရမည်ဖြစ်သည်။
ထို့အတွက် နိုင်ငံရေးဆွေးနွေးရပါမည်။ အပထအဆင့် အပစ်ရပ်ရန်ကြိုးစားနေကြခြင်းဖြစ်သည်။
တပြည်လုံး အပစ်ရပ်စည်းရေးဖြစ်စဉ်နှင့် ပက်သက်ပြီး မည်သည့်တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့အစည်း ကမှ ယခုအချိန်အထိ ပြတ်သားစွာ ဘူးခါ ငြမ်းပါယ်ခြင်းမရှိသေးပေ။ တောင်း ဆိုချက် များ၊ ရှင်းလင်းချက် များနှင့် ပါဝင်သင့်ပါဝင်ထိုက်သူများကိုသာ အစိုးရထံ တောင်းဆိုနေကြသည်ကို တွေရှိရ သည်။ ဆိုလိုသည်မှာ တပြည်လုံးအပစ်ရပ်စည်းရေးသည် ၉၀% အထမြောက်နေပြီဖြစ်သည်။
သို့ရာတွင် ရခိုင်တော်လှန်ရေးအင်အားများသည် ထိုဗျုဟာအခင်းအကျင်းများ၊ စနစ် လမ်းကြောင်းများနှင့် လွဲလျှော်နေကြသည်။ ၁၉၄၆-၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရယူတော့မည့်ကာလတွင်း ခေါင်းဆောင် တစ်ချို့ လွဲမှားစွာတွက်ချက်လုပ်ဆောင်ခဲ့မှုကြောင့် အမျိုးသားအခွင့်အရေးများ ဆုံရှုံးခဲ့ရပုံနှင့် ပုံစံတူနေ ပေသည်။
ဒုတိယကမ္ဘာစစ်ပြီးဆုံးခါစကာလ ၁၉၄၆-၄၇ ခုနှစ်များတွင် အမေရီကန်ဦးဆောင်သော မဟာမိတ်သည် ကိုယ်ပိုင်ပြဌါန်းခွင့်မူဖြင့် အင်္ဂလိပ်၊ ပြင်သစ်အပါအ၀င် တခြားကိုလိုနီလက်အောက်ခံနိုင်ငံများကို လွတ်လပ် ရေးပေးရန်မူချမှတ်ခဲ့သည်။ ဗမာခေါင်းဆောင်များ ဆန်း-အက်တလီ၊ ခုနှစ်တွင် နု-အက်တလီစာချုပ်များဖြင့် လွတ်လပ်ရေးအတွက် ပြင်ဆင်လျှက်ရှိကြသည်။
တဖက်တွင် ရခိုင်ဒေသအတွင်း လှုပ်ရှားနေသောအင်အားများမှာ အင်္ဂလိပ်မှလွတ်လပ်ရေးပေးမည်မဟုတ်ဟု ခံယူခဲ့ကြသည်။ လွတ်လပ်ရေးရသော်ငြားလည်း နောင်တက်လာမည့် မြန်မာနိုင်ငံအစိုးရသည် အရင်းရှင် အစိုးရဖြစ်လာမည်။ အလုပ်သမားလူတန်းစား အခွင့်အရေးများ မရရှိနှိုင်ပေ။ ထို့ကြောင့် ကွန်မြူနစ်လမ်းစဉ်ဖြင့် ဆက်လက်တော်လှန်ကြရန် ဆုံးဖြတ်ခဲ့ကြသည်။ နောက်ဆုံးတွင် အသုတ်လိုက်လက်နက်ချခဲ့ကြသည်။
ရခိုင်ပြည်လွတ်မြောက်ရးအဖွဲ (AIO) ဥက္ကဌ ဆရာစံကျော်ထွန်း ကောက်ချက်ချသကဲ့သော တော်လှန်ရေး “စခန်းလွန်”ကာ အမျိုးသားနိုင်ငံရေးဘောင်ကို ကျော်ခဲ့ကြသည်။ အမျိုးသားရေးတိုက်ပွဲထက် အအေးစစ်ပွဲ ထဲသို့ ရခိုင်ခေါင်းဆောင်များ မသီမသာဝင် ရောက်ခဲ့ကြသည်။ ဘင်္ဂလားပင်လယ်အိုတကြောတွင် အင်အား ကြီးမား မင်းမူကြီးစိုးခဲ့သည့် ရခိုင့်ဘုရင့်နိုင်ငံတော်သည် ဗမာပြည်သစ်၏ ခရိုင်အဆင့်ကိုသာ ရရှိခဲ့သည်။
လက်ရှိအခြေအနေတွင် ရခိုင်တော်လှန်ရေးအဖွဲအစည်းများသည် ဗိုလ်ရာဇာ တစ်ချိန်ကပြောသကဲ့သော “တော်လှန်ရေး စခန်းယောင်” ရောဂါ-ဝေတနာကို ခံစားနေကြရသည်။
တော်လှန်ရေးစခန်းယောင် ရိုးဂါဆိုသည်မှာ တစ်မျိုးသားလုံးသွေးစည်းညီညွတ်ရေးဖြင့် ခိုင်မာသောအမျိုးသား အင်အားထုကို မတည်ဆောက်ဘဲ တတောတစ်ဗိုလ် တတောင်တမင်းစနစ်ဖြင့် သျှီတစ်ကြောင်း ဆပ်တစ် ကြောင်းနှင့် ယောင်ချာချာဖြစ်နေကြသည်ကို ဆိုလိုဟန်တူသည်။
ထိုသောဖြစ်နေရခြင်းမှာ လက်ယာစွန်းမျက်ကမ်းမျိုးချစ်ဝါဒီများ၏ “စည်းလွတ် ဘောင်လွတ်” ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် လုပ်ဆောင်နေကြခြင်းဖြစ်သည်ဟု ဒီပီအေနာယက ဦးသိန်းဖေမှထောက်ပြခဲ့ဖူးသည်။
၁၉၆၄ ခုနှစ် ဦးနေ၀င်းအစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် ဦးကျော်ဇံရွှီနှင့်အတူ ဦးသိန်းဖေ (ရဲနီ) ပါဝင်ခဲ့သည်။ ထိုကာလက ဗိုလ်ချုပ်နေ၀င်းအစိုးရသည် တဖက်လှည့်ဖြင့် လက်နက်ချခိုင်းခဲ့သည်ဟု ဆိုသည်။ ပထမ ဦးနေ၀င်းနှင့်တွေ့သည်။ ဆိုရှယ်လစ်စနစ်ကိုကူးပြောင်းရာတွင် ပူပေါင်းပါဝင်ရန်ပြောဆိုခဲ့သည်။ တဖန် ဗိုလ်ချုပ်ကျော်ထင်မှတွေ့သည်။ ဆိုရှယ်လစ်အသွင် ကူးပြောင်းရာတွင်လက်နက်ကိုစွန့်ပြီး နိုင်ငံရေး အုပ်ချုပ် ရေး ဂန္ဒများတွင် ပါဝင်ရန်ပြောဆိုခဲ့သည်။ “လက်နက်ချတယ်လို့မသုံးပါဘူးဗျာ၊ ငြိမ်းချမ်းရေးနှင့် လက်နက် လှည်းလှယ်တယ်လို့ သုံးပါမည်၊” ဟု ဗိုလ်ချုပ်ကျော်ထင်မှပြောခဲ့ကြောင်း ဦးသိန်ဖေပြန်ပြောပြသည်။
ထိုဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ဦးကျော်ဇံရွှီမှ ရခိုင်ပြည်သမ္မတနိုင်ငံ ထူထောင်ရေးကို အစိုးရနှင့် ဆွေးနွေးမည်ဟု ပြောကြားခဲ့သည်။ ထိုသတင်းသည် ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာ ခေါင်းကြီးပိုင်းတွင် ပါလာခဲ့သည်။ သတင်းစာအတွင်းပိုင်းစာမျက်နှာတွင် ဦကျော်ဇံရွှီ၏ကာတွန့်ပုံဖြင့် ငပလီကမ်းခြေတွင် နဖူး ပြောင်ပြောင်၊ ဗိုက်ပူပူ၊ အင်္ဂဂျီကျွတ်ဖြင့် ကုလားထိုင်တွင် ပင်လယ်ပြင်သို့ မျက်နှာမူထိုင်လျှက် ဆေးပြင်းလစ် သောက်နေသည်။ ဆေးပြင်းလစ်မှထွက်လာသော မီးခိုးဝိုင်းကြီးတွင်၊ “ဘင်္ဂလားပင်လယ်အိုတွင် မုန်တိုင်း ရှိသည်”ဟု ရေးသားထားသည်။
ထိုသတင်းစာကို တွေ့သည်နှင့်တစ်ပြိုင်နက် ဦးသိန်ဖေအား အထုတ်ပြင်ရန်နှင့် နှစ်ရက်အတွင်း ရခိုင်ပြည် ကွန် မြုနစ်ပါတီဌာနချုပ်ရှိရာ ပြေပုံမြို့နယ်သို့ ပြန်ရန် ညွှန်ကြားခဲ့သည်။ နောင်တွင် ဦးကျော်ဇံရွှီလက်နက်ချ သွားခဲ့ သည်။ ဦးသိန်းဖေမှာ ဒီပီအေပါတီဖြင့် လက်ရှိတိုက်ပွဲဝင်လျှင်ရှိသည်။
သို့ရာတွင် ခောတ်စနစ်၊ နိုင်ငံရေးအခြေအနေ၊ ကမ္ဘာ့အခြေအနေများ ပြောင်းလဲနေပြီဖြစ်သည်။ ဦးသိန်းစိန် အစိုးရသည် ALP နှင့် DPA ကို ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းခဲ့သည်။ ALP မှာ ပြည်နယ်အဆင့် လက် မှတ်ထိုးခဲ့ပြီး DPA မှာ ယခုအချိန်အထိ မဆွေးနွေးနှိုင်သေးပေ။
ထိုအချိန် ၂၀၁၁ ခုနှစ်ကာလက DPA ပါတီအတွင်းရေးမှုးသည် အစိုးရအပေါ်သံသယရှိသည်ကတစ်ကြောင်း၊ ထိုကမ်းလှမ်းချက်ကို အတွေ့အကြုံရှိသည့် ဥက္ကဌ၊ နာယကများကိုမတင်ပြဘဲ လျှိုဝှက်ထားခဲ့သည်က တစ် ကြောင်း၊ အကြာင်းကြောင့်များကြောင့် မဆွေးနွေးဖြစ်ခဲ့ပေ။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီသည် ၂၀၁၂ ခုနှစ် ဧပြီလတွင် ပြည်နယ်အဆင့် အစိုးရနှင့်အပစ်ရပ်စည်းရေး လက်မှတ် ရေးထိုးခဲ့သည်။ ကျောက်တော်မြို့တွင် ဆက်ဆန်ရေးရုံးဖွင့်ခဲ့သည်။ သို့သော် အစိုးရမှ ပြည်ထောင်စု အဆင့် လက်မှတ်ရေးထိုးရန် ငြမ်းဆန်လျှက်ရှိသည်။
ရခိုင်အမျိုးသားတိုးတက်ရေးပါတီဥက္ကဌ ဒေါက်တာအေးမောင်သည် သမ္မတဦးသိန်းစိန်နှင့် ယခုနှစ်အစောပိုင်းက တွေဆုံရာတွင် ရက္ခိုင့်တပ်မတော် (AA) ကို ရခိုင်ပြည်ကာကွယ်ရေးတပ် ဖွဲစည်းရန်တင်ပြခဲ့သည်။ သို့သော် အစိုးရမှ အကြောင်းပြန်ကြားခြင်း၊ တွေဆုံဆွေးနွေးခြင်းမရှိခဲ့ပေ။
အဘယ့်ကြောင့်အစိုးရမှ တစ်ဖွဲချင်းတွေဆုံရန် ငြမ်းဆန်ရပါသနည်။
ခြုံငုံတင်ပြရလျှင် ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်းကော်မတီ ဒု-ဥက္ကဌ ဦးအောင်းမင်းမှ ရခိုင်တော်လှန်ရေး အဖွဲအစည်းများကို “စုပေါင်းဆွေးနွေးရန်” NUPA ဥက္ကဌ ဒေါက်တာခင်မောင်၊ ALP ဒု-ဥက္ကဌ ခိုင်စောနိုင်ငံအောင်နှင့် ဗဟိုအလုပ်အမှုဆောင် စေမြရာဇာလင်းတို့နှင့် တွေ့ဆုံစဉ် ထိုသောကမ်းလှမ်းခဲ့သည်။
မြန်မာငြိမ်းချမ်းရေးစင်တာမှ ပညာရှင်တစ်ချို့ကလည်း ရခိုင်ဝါရင့်နိုင်ငံရေးသမားမျာကို အလားတူ စုပေါင်း ဆွေးနွေးရန် ပြောကြားခဲ့သည်။
“စုပေါင်းပြီးလာပါ။ ကျွန်တော်တို့မှာလည်း အလုပ်သိပ်များတယ်။ နောက်ပြီး ရခိုင်ဒေသမှာ တိုက်ပွဲတွေဖြစ်နေ တာမဟုတ်ဘူး” စသည့်ဖြင့် ထိုခေါင်းဆောင်များမှ ပြောကြားလာသည်ကို ကြားခဲ့ရသည်။ အလားတူပင် မဟာမိတ် ခေါင်းဆောင်များ၊ နိုင်ငံတကာအဖွဲအစည်းတစ်ချို့မှ ထိုသော ပြန်လည်တင်ပြခဲ့ဖူးသည်။
အဓီကအားဖြင့်အစိုးရသည် ရခိုင်အင်အားတစ်ဖွဲချင်းနှင့် တွေဆုံဆွေးနွေးရန် ပေါ်လစီမရှိပေ။ စုပေါင်းဆွေး နွေးမည့်ပေါ်လစီသာရှိသည်။
အဘယ့်ကြောင့်ဆိုသော် ရခိုင်လက်နက်ကိုင်အင်အား အများစုသည် ကချင်နှင့် ကရင်ဒေသများတွင်ရှိနေ သည်ကတစ်ကြောင်း။ တစ်ဖွဲကိုဦးစားပေးလိုက်လျှင် နောက်အဖွဲများကို ချန်လှပ်သကဲ့သောဖြစ်ကာ ဝေဖန်မှု များထွက်ပေါ်လာနှိုင်သည်။ နောက်ပြီး ကရင်နှင့် ကချင်ဒေသတွင် အပစ်ရပ်စည်းလျှင် ရခိုင်အင် အားများဖြစ် ကြသော AA နှင့် ALP တို့သည်လည်း အလိုအလျှောက် အပစ်ရပ်စည်းပြီးဖြစ်ကြောင်း ယူဆထား ပုံရသည်။ ဘင်္ဂလီနှင့်ရခိုင်များအကြား ဖြစ်ခဲ့သည့် အကြမ်းဖက်အဌိပက္ခများသည်လည်း အဓိကအကြောင်းရင်းများ ဖြစ်သည်။
စက်တင်ဘာလနှင့် အောက်တိုဘာလများတွင်း UNFC၊ KIO နှင့် အစိုးရငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲနှင့် တွေဆုံခဲ့ကြသည်။ UNFC မှ ALP ကို ထိုတွေ့ဆုံပွဲသို့ဖိတ်ကြားခဲ့သည်။ ကိုကစ္စကို အစိုးရ ကန့်ကွက်သည်။ သို့သော် UNFC မှ ALP ကို တက်ရောက်ခွင်ပြု့ခဲ့သည်။ အခြေအနေ တင်းမာခဲ့ကြသည်။ အလားတူပင် KIO နှင့် မကြာသေးမှိန်က အစိုးရတို့ တွေဆုံရာတွင် AA ကို လေ့လာသူအဖြစ်တက်ရောက်ရန် ဗိုလ်ချုပ်ဂွမ်းမော်မှ အစိုးရကို တင်ပြခဲ့သည်။ သို့သော် အစိုးရမှ ငြမ်းပါယ်ခဲ့ကြောင်း နီးစပ်သည့် မဟာမိတ်များမှ ပြောကြားချက်အရ သိရှိခဲ့ရသည်။ ထိုသောဖြစ်ရခြင်းမှာ အစိုးရသည် စုပေါင်းဆွေးနွေးရေးမူတွင် ခိုင်မာစွာရပ်တည်ကြောင်း ပြသလိုဟန်တူသည်။
သို့ရာတွင် ရခိုင်တော်လှန်ရေးခေါင်းဆောင်တစ်ချို့သည် ထိုသောစုပေါင်းမဆွေးနွေးလိုပေ။ အဘယ့် ကြောင့်ဆို သော် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများတပ်ဦး (ABSDF) အပါအ၀င် တစ်ခြားအဖွဲများကို သီးခြားဆွေး နွေးပြီး ရခိုင်တော်လှန်ရေးအင်အားများကိုသာလျှင် ကွက်ပြီး စုပေါင်းဆွေးနွေးလိုခြင်းသည် ရခိုင်များကိုခွဲခြား ဆက်ဆန်ပြီးသည်။ လူရာမသွင်းဟု ပြင်းထန်စွာခံစားချက်များ ဖြစ်နေကြသည်။
တစ်ဖက်တွင်လည်း အဖွဲအစည်းများအကြား အခွင့်အရေးနှင့် ဦးဆောင်မှုကို ပြိုင်ဆိုင်နေကြသည့်အတွက် စုပေါင်းဆွေးနွေရန် စိတ်ဝင်စားမှု နည်းပါနေခြင်းဖြစ်သည်။ တဖန် NUPA အပါအ၀င် DPA ၏ စစ်အင်အားမှာ AA နှင့် ALP ကဲ့သော မရှိသည့်အတွက် သုံညနှင့်ပေါင်းလျှင် “၀” လုံးသာ ထွက်မည်ဟု နိုင်ငံရေးကိန်းသေ များဖြင့် တွက်ချက်နေကြသည်။ နောက်တစ်ချက်ကလည်း ငြိမ်းချမ်းရေး ကော်မတီဖွဲလျှင် ဒေါက်တာ ခင်မောင်နှင့် ဦးညီညီလွင်တို့ကို မပါစေလိုကြောင်း ထုတ်ဖေါ်ပြောကြားလာသည်။ အဘယ့်ကြောင့်ဆိုသော် နာမည်ကောင်း ထွက်နေသည့်အဖွဲသည် ရောယောင်ပြီးနာမည်ပျက်ကာ ပြည်သူများထောက်ခံမှု လျှော့ကျ သွားနှိုင်သည်ဟု နိုငံရေးကို (ဖလီ) အလီနှင့်ချိန်တွယ် တိုင်းတာနေကြသည်။
နိုင်ငံရေးအရတွက်မည်ဆိုလျှင် စုပေါင်းဆွေးနွေးခြင်းသည် ပို၍အကျိုးရှိသည်။ အဘယ့်ကြောင့်ဆိုသော် ပင်လုံ ထက်ကျယ်ပြန့်သော နိုင်ငံရေးဆွေးနွေးပွဲဖြစ်လာလျှင် ပြည်နယ် (သို့မဟုတ်) လူမျိုးအလိုက် ကိုယ်စားပြု့ နှိုင်သည် ကိုယ်ထည် (representation body) ဖွဲလာရမည်ဖြစ်သည်။ နောက်ပြီး ရခိုင်ပြည်လုံးကျွတ်ညီလာခံ ကို တော်လှန်ရေးအင်အားများ၊ နိုင်ငံရေးပါတီများအပါအ၀င် အဖွဲပေါင်းစုံ လူတန်းစာပေါင်းစုံဖြင့်ကျင်းပကာ အမျိုသားဘုံ လမ်းစဉ်ကို ချမှတ်ရပေအုံမည်။ အုပ်ချုပ်ရေး၊ သယံဇာတစီမန်ခွင့်ရရှိရေး၊ ဖွန့်ဖြိုးရေးစသည့် တစ်မျိုးသားလုံး အရေးအတွက် လုပ်ဆောင်စရာမျာစွာ ရှိနေပါသည်။ မိမိအဖွဲအစည်းအရေး တစ်ခုတည်းကို ကွက်ပြီးကြည့်ပါက ဗျူများ မှားယွင်းနှိုင်သည်။ နောက်ဆုံး ပြည်သူသာ နစ်နာကြရပါမည်။
အကယ်ဤ အစိုးရနှင့်ငြိမ်းချမ်းရေး မဆွေးနွေးဟုဆိုလျှင်လည်း လေးဖွဲစလုံး စုပေါင်းခုခံမည့် ဘုံသဘော တူညီချက်များ ထားရှိရပါမည်။ ALP မှ ငြိမ်းချမ်းရေးယူပြီး ကျန်သုံဖွဲးမှ ဆက်တိုက်နေလျှင် ရခိုင်အချင်းချင်း သွေးကွဲရုံမှလွဲပြီး မည်သည့်အကျိုးမှ ဖြစ်လာမည်မဟုတ်ပေ။
ထိုလေးဖွဲသည် တပြည်လုံးအပစ်ရပ်စည်းရေး ပွဲတော်သို့ တက်ရောက်ခွင့်ရရှိသည့်တိုင်အောင် စုစည်းမှုမရှိပါက အိုက်ပေါက်နှင့် ဖားကောက်သကဲ့သော ဖြစ်နေပေအုံးမည်။
အစိုးရနှင့် တွေ့ဆုံဆွေးနွေမည်ဆိုလျှင်လည်း စုပေါင်းဆွေးနွေးရန် အမြန်ပြင်ဆင်သင့်ပါသည်။ အတိတ်ကို အတိတ်မှာထားပြီး လက်ရှိ stakeholders နှင့် key actors များစုံညီစွာဖြင့် ရခိုင်အမျိုးသား နိုင်ငံရေးဆွေး နွေးရေးကော်မတီ (Arakan National Political Dialogue Committee-ANPDC) ကိုဖွဲစည်းသင့်ပါသည်။ အစိုးရနှင့် စတင်တွေ့ဆုံသင့်ပါသည်။ ဆင်းရဲတွင်းနက်ကာ ဘက်ပေါင်းစုံမှ ဖီ့နှိပ်ချယ်လှယ်ခြင်းခံနေရသော ရခိုင်ပြည်သူများ ဘ၀ကို ကိုယ်ချင်းစာသင့်ပါသည်။ ဦးစားပေးဆုံးဖြတ်သင့်ပါသည်။
Note: စာရေးသူသည် မလေးရှားအခြေစိုက် Association of Arakan National Council Supporting (ANC-S) ၏ ဥက္ကဌ ဖြစ်သည်။