You Are Here:
Home -
ကုလား(သို့)ဘင်္ဂလီ
,
ထုတ်ပြန်ချက်
,
ပင်မစာမျက်နှာ
,
သတင်း
-
ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ပဋိပက္ခ၊ အကြမ်းဖက်မှုများနှင့် ပက်သက်၍ ပြည့်စုံသော အစီရင်ခံစာထုတ်
ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ပဋိပက္ခ၊ အကြမ်းဖက်မှုများနှင့် ပက်သက်၍ ပြည့်စုံသော အစီရင်ခံစာထုတ်
Posted by Unknown on 6:52 AM //
ရန်ကုန်၊ သြဂုတ် ၁
၂၀၁၂ ခုနှစ်၊ ဇွန်လနှင့် အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ၊
အကြမ်းဖက်မှုများတွင် သတင်းလွဲမှားပေးခဲ့ကြသော နိုင်ငံတကာမီဒီယာ များကြောင့်
ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးများ ကိုယ်တိုင် အောင့်အည်းသည်းခံ၍
ခံစားလာခဲ့ရသော ဒုက္ခများကို ရိုဟင်ဂျာ
ဆိုသူများအပေါ် ရခိုင်များကပင် ပြုလုပ်သယောင် အပြစ်ဖို့၊
စွပ်စွဲခံလာရသောကြောင့် ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့
(AHRDO) မှ “ မြန်မာနိုင်ငံ အနောက်ဖက် ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော
ပဋိပက္ခ၊ အကြမ်းဖက်မှု များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၌
ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့် အကြမ်းဖက်မှု မည်သို့ဖြစ်နေပုံ၊ အဘယ့်ကြောင့်
ဖြစ်ရပုံနှင့် လုပ်ဆောင်ရမည့် အရာများ ” ဟု အမည်ပေးထားသော
အစီရင်ခံစာကြီးတစ်ခုကို စုစည်းရေးသား၍ ယနေ့တွင် ထုတ်ပြန်ခဲ့သည်။
“အဓိကရည်ရွယ်တာကတော့ တချို့နိုင်ငံတကာမီဒီယာတွေက
ဖြစ်ပြီးခဲ့တဲ့ ပဋိပက္ခတွေကို ပြန်လည်တင်ပြရာမှာ သူတို့သတင်းတွေက
အချက်အလက်တွေ မှားတော့ ရခိုင်လူမျိုးတွေအပေါ် အပြစ်တင်ခံရတယ်၊
စွပ်စွဲခံရတာတွေ ရှိတယ်။ အဲဒါကြောင့် ဒီအစီရင်ခံစာကို စုစည်း ထုတ်ပြန်တာပါ။
တခြားနိုင်ငံတကာ အဖွဲ့အစည်းတွေ၊ မီဒီယာတွေ၊ NGO တွေလဲ ဒီအစီရင်ခံစာကို
လေ့လာပြီး အခြေနေအမှန်ကို သိလာဖို့၊ အချက်အလက်မှန်တွေကို သိနိုင်ဖို့
ရည်ရွယ်ပါတယ် ” ဟု ရခိုင် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့
(AHRDO)၏ အမှုဆောင် ဒါရိုက်တာဖြစ်သူ ကိုအောင်မင်းဦးကပြောသည်။
ယင်းအစီရင်ခံစာကို ရခိုင် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့
(AHRDO)မှ အမှုဆောင်ဒါရိုက်တာ ကိုအောင်မင်းဦးနှင့် အဓိကရေးသားသူ Rick
Heizman တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် သုတေသနပြု ရေးသားတင်ပြထားပြီး
ပဋိပက္ခနောက်ကွယ်မှ သမိုင်းကြောင်း၊ အင်္ဂလိပ်လူမျိုးများ၊
မြန်မာခေါင်းဆောင်အမျိုးမျိုး၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးနှင့်
အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC) တို့ ပါဝင်ခဲ့သော
အခန်းကဏ္ဍများ၊ တကယ့် အမှန်တရား များကို ပြညွှန်းသွားမည့် သတင်း အချက်အလက်
များစွာကို သမိုင်းအမှန်တရား မှသာမက ကိုယ်တွေ့ကြုံခဲ့ရသော ဒုက္ခသည် များ၏
ပြောပြချက်များ၊ ဆက်စပ်နေသော ပဋိပက္ခများနှင့် နှိုင်းယှဉ်မှု များဖြင့်ပါ
တင်ပြထားကြောင်း သိရသည်။
သတင်းဓါတ်ပုံ-သီဟသစ်
(Source - themyanmaage.com)