You Are Here: Home - ပင်မစာမျက်နှာ , ရခိုင်သိုင်းပညာ , သတင်း - ရခိုင်/တိုင်းရင်းသားကိုယ်ခံပညာအင်အားစုဖွဲ့စည်း

ရခိုင်/တိုင်းရင်းသားကိုယ်ခံပညာအင်အားစု

ရခိုင်/တိုင်းရင်းသားကိုယ်ခံပညာအင်အားစုကို၊ ၂၀၁၂ခုနှစ်၊ ဇွန်လ(၂၉)ရက် ( စနေနေ့ ) နေ့လည် (၁၃:၀၀) နာရီတွင် စစ်တွေမြို့၊ ကျောင်းတက်လမ်း ရပ်ကွက် ၊ ပြည်တော်ပြန်ကျောင်းတိုက် တွင်ဖွဲ့စည်းကြပါသည်။

ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင်ရှိကြသည့်၊ သိုင်း/ကရာတေး အားကစား ကိုယ်ခံပညာအသင်းများ ပေါင်းစည်းညီညွတ်စွာဖြင့် ဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။ သိုင်းအသင်း(၇)သင်းနှင့် ကရာတေးအသင်း(၃)သင်း ပါဝင်ပါသည်။

ရည်ရွယ်ချက်

၁။ရခိုင်/တိုင်းရင်းသားများ ကိုယ်ခံပညာတတ်လှမ်းရေး
၂။ရခိုင်/တိုင်းရင်းသားများ ကာယစွမ်းရည်တိုးမြှင့်ရေး
၃။ရခိုင်/တိုင်းရင်းသားများ အရက်သေစာ၊ မူးယစ်ဆေးဝါး၊ ဆေးလိပ်စသည်တို့ ရှောင်ရှားရေး။
၎။ရခိုင်/တိုင်းရင်းသားများ အမျိုးဘာသာ၊ သာသနာကိုအစွမ်းကုန်ကာကွယ်စောင့်ရှောက်ရေး
၅။ရခိုင်ပြည်နယ်လုံခြုံရေးကို၊ အစိုးရနှင့်ကားကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ရေး

ဦးစီးနာယကအဖွဲ့

၁။ဦးထွန်းရွှေအောင်( လေးဝတီကရာတေးအသင်း)
၂။ဦးကျော်ဝင်း(ဟိုက်ကာရီကရာတေးအသင်း)
၃။ဦးလှဖေ( အားမာန်ကရာတေးအသင်း)
၎။ဦးသံခဲအောင်(အားမာန်ကရာတေးအသင်း)
၅။ဦးရွှေသိန်း(သိုင်းပြောင်းပြန်အဖွဲ့)
၆။ဦးထွန်းစော( သိုင်းမဟာသိုင်းအဖွဲ့)
၇။ဦးမောင်သိန်း(ရှမ်းကြီးသိုင်းအဖွဲ့)
၈။ဦးမောင်ထွန်းကျော်( ရခိုင်သစ္စာသိုင်းအဖွဲ့)

အလုပ်အမှူဆောင်ကော်မတီ

၁။ဦးအောင်သန်း(အားမန်ကရာတေးအသင်း)ဥက္ကဌ
၂။ဦးစံရှားမောင်(ရွှေစွန်ညိုသိုင်းအဖွဲ့)ဒု - ဥက္ကဌ
၃။ဦးသန်းရွှေ(လေးဝတီကရာတေးအသင်း)ဒု - ဥက္ကဌ
၎။ဦးညီပု(မေမိုးအောင်ထွန်းသိုင်းအဖွဲ့)ဒု - ဥက္ကဌ
၅။ဦးဘသောင်း(သိုင်းမဟာသိုင်းအဖွဲ့)အထွေထွေအတွင်းရေးမှူး
၆။ဦးသန်းရွှေ(ဟိုက်ကာရီကရာတေးအသင်း)တွဲဘက်အတွင်းရေးမှူး
၇။ဦးကျော်စိန်(သိုင်းပြောင်းပြန်သိုင်းအဖွဲ့)ဒု - အတွင်းရေးမူး
၈။ဦးသန်းထိုက်(လေးဝတီကရာတေးအသင်း)ဒု - အတွင်းရေးမူး
၉။ဦးဇော်နိုင်ဝင်း(ဟိုက်ကာရီကရာတေးအသင်း)ဒု - အတွင်းရေးမူး
၁၀။ဦးကျော်သန်း(သိုင်းမဟာသိုင်းအဖွဲ့)ဘဏ္ဍာရေးမှူး
၁၁။ဦးကျောင်သန်းဝင်း(အားမာန်ကရာတတေးအသင်း)ဘဏ္ဍာရေးမှူး
၁၂။ဦးမောင်ထွန်းစိန်(လေးဝတီကရာတေးအသင်း)စာရင်းစစ်
၁၃။ဦးထွန်းနေဇော်(အားမာန်ကရာတေးအသင်း)စာရင်းစစ်

လုပ်ငန်းစဉ်များ

၁။ရပ်ကွက်/ကျေးရွာများတွှု သင်တန်းဖွင့်လှစ်နိုင်ရေးအတွက်ဆောင်ရွက်ရန်။
၂။ရပ်ကွက်/ကျေးရွာများကို အခြေခံ၍၊ မြို့နယ်တစ်ခုလုံးသင်တန်းဖွင့်နိုင်ရန်။
၃။မြို့နယ်များကို အခြေခံလျှက်၊ ပြည်နယ်တစ်ခုလုံးရှိ၊ တိုင်းရင်းသားများ ကိုယ်ခံပညာတတ်မြှောက်ရေးကိုဆောင်ရွက်ကြိုးပမ်းကြရန်။
၎။အမျိုးမာန်၊ ဇာတိမာန်တက်ကြွရေးနှင့် မျိုးချစ်စိတ်ဓာတ်များ ခိုင်မာစွာ ရှိလာရေးအတွက် ရခိုင်သမိုင်းဖြစ်စဉ်များအားလုံး ပညာပေးဟောပြောမှုများ ပြုလုပ်ပေးရန်။
၅။ပြည်ထောင်စုတိုင်းရင်းသားများအားလုံးချစ်ကြည်စည်းလုံးရေးနှင့် ပြည်ထောင်စု
မြန်မာနိုင်ငံတော်၏လုံခြုံရေးကာကွယ်ရေးများကို ကူညီဆောင်ရွက်ပေးရန်။
၆။ရခိုင်ပြည်နယ်ဂုဏ်ဆောင် သိုင်း/ကရာတေး အားကစားသမားကောင်းများ ပေါ်ထွက်လာရေးအတွက် အစွမ်းကုန်ကြိုးစားဆောင်ရွက်ကြရန်။

ရံပုံငွေနှင့်ရံပုံငွေရရှိရေး

ယခုလက်ရှိအခြေအနေတွင်၊ စိတ်ပါဝင်စားပြီး အားပေးကူညီလိုသည့် စေတနာရှင်မှထည့်ဝင်လှူဒါန်းငွေ၊ ရံပုံငွေများဖြင့်လှုပ်ရှားဆောင်ရွက်လျှက်ရှိကြပါသည်။ စိတ်ပါဝင်စားပြီး၊အားပေးကူညီထောက်ပံ့ပေးလို့သည့်စေတနာရှင်များသည် အောက်ဖော်ပြပါ၊ ဦးစီးနာယကများနှင့်အမှူဆောင်အဖွဲ့ ဥက္ကဌ၊ အတွင်းရေးမှူးတို့၏ တယ်လီဖုန်းအားဆက်သွယ်လျှက်၊ဘဏ်ငွေစရင်းတွင်ထည့်ဝင်၍လူဒါန်းနိုင်ပေသည်။

Blogger Widgets