Mr.Sam Rainsy |
Mr.HunSen |
........................................................
ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင်(Sam Rainsy) ရွေးကောက်ပွဲမ၀င်ရပေမယ့် သူ့ပါတီဖြစ်တဲ့ Cambodia National Rescue Party ကိုတော့ ကမ္ဘောဒီးယားနိုင်ငံသားတွေက စိတ်ဝင်စားဆုံးနဲ့ မကြိုက်ဆုံးဖြစ်နေတာပါ
အဲဒီလိုဖြစ်ရတာကလည်း ကမ္ဘောဒီးယားနိုင်ငံသားတွေရဲ့ရင်ထဲမှာ လက်ရှိဝန်ကြီးဖြစ်သူ HunSen ရဲ့ လုပ်ရပ်တွေကို မကျေနပ်ကြလို့ပါပဲ အကျေနပ်ရခြင်းရဲ့အကြောင်းရင်းကလည်း သူ့ရဲ့ဇနီးဖြစ်သူ Bun Rany ဟာ ဗီယက်နင်သူဖြစ်နေတာယေ ဗီယက်နင် နိုင်ငံသားစီးပွားရေးသမားတွေကိုပဲ ဦးစားပေးနေတာယေ ဗီယက်နင်နိုင်ငံသားတွေ ကမ္ဘောဒီးယားမှာ တခါးမရှိဓါးမရှိသွားလာခွင့်ရနေကြတာယေ ဗီယက်နင်တွေတစ်နေ့ထက်တစ်နေ့ကမ္ဘောဒီးယားမှာများလာတာယေတွေကြာင့် မကြိုက်ကြတာဖြစ်ပြီး သူလုပ်ခဲ့တဲ့သက်တမ်းတစ်လျှောက်မှာ ရွေးကောက်ပွဲနဲ့တူတဲ့ ရွေးကောက်ပွဲမရှိခဲ့ဘူးလို့ဆိုကြတာပါ သူရဲ့အစိုးရအဖွဲ့ကိုလည်း ဗီယက်နင် နိုင်ငံရဲ့သြဇာခံဖြစ်တယ်လို့ ကမ္ဘောဒီယားနိုင်ငံသားအများစုနဲ့ ပညာတက်အသိုင်းဝိုင်းက သုံးသပ်နေကြတာလည်းဖြစ်ပါတယ်၊
လက်ရှိမှာတော့ Mr.Sam Rainsy ဦးဆောင်တဲ့ Cambodia National Rescue Party ကို အာဏာရလာတဲ့အထိ ထောက်ပံ့ပေးကြဖို့ ကမ္ဘောဒီယားနိုင်ငံသားအများစုကကြိုးစားနေကြတာလည်းဖြစ်ပါတယ် အဲဒီလိုကြိုးစားနေကြတာကလည်း အကြောင်းထူးရှိပါတယ် အဲဒီအကြောင်းထူးကတခြားမဟုတ်ပါဘူး သူတို့ခံစားနေရတဲ့ ဗီယက်နင် လွှမ်းမိုးမှုက ကျော်လွှားနိုင်မယ်လို့မျှော်လင့်လို့ပါပဲ တစ်ချို့ကမ္ဘောဒီးယားမျိုးချစ်လူငယ်တွေကတော့ HunSenနဲ့ သူ့ရဲ့အာဏာရအစိုးရကို လုံးဝမနှစ်သက်ကြတော့ပါဘူး အဲဒါကြောင့် Mr.Sam Rainsy ဦးဆောင်တဲ့ Cambodia National Rescue Party ကိုအစိုးရဖြစ်လာရေးအတွက် အစွမ်းကုန်ကြိုးစားထောက်ပံ့ပေးနေကြတာပါ သူတို့ရဲ့ ရင်ထဲမှာတော့ ဖြူစင်တဲ့စိတ်ထားလေးတွေနဲ့ ကမ္ဘောဒီယားမြေကို ခမာ(ကမ္ဘောဒီယင်)တွေပဲ အုပ်ချုပ်စေရမယ်ဆိုတဲ့ စိတ်တွေနဲ့ အနာဂါတ်ခရီးကို လျှောက်နေကြတာပါ ဒါပေမယ့် သူတို့လိုချင်သလို Sam Rainsy ဟာ ရွေးကောက်ပွဲဝင်ခွင့်မရသေးပါဘူး သို့ပေမယ့် သူဦးဆောင်တဲ့ ပါတီ Cambodia National Rescue Party ကိုတော့ အစွမ်းကုန်လုပ်ဆောင်ပေးသွားမယ်ဆိုတဲ့ကတိတွေ ကမ္ဘောဒီယားနိုင်ငံသားတွေအပေါ်ထားရှိတဲ့စေတနာတွေက နိုင်ငံကိုဦးဆောင်စေမှာဖြစ်တယ်လို့ကျောင်းသားလူငယ်အသိုင်းအဝိုင်းနဲ့ ပညာတက်နိုင်ငံသားတွေကြားထဲမှာ ပြောဆိုသံတွေထွက်ပေါ်နေတာလည်းဖြစ်ပါတယ်။
ရွေးကောက်ပွဲကိုတော့ မနက်ဖြန် 28 July 2013 မှာ စည်စည်ကားကား ကျင်းပသွားကြမှာလည်းဖြစ်ပြီး ဘယ်လိုဖြစ်လာမလဲဆိုတာကိုတော့ စိတ်ဝင်စားဖွယ်ရာ စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်ခင်ဗျာ့။
ဒီသတင်းကို ကျနော် အာကာထွန်းတင်ဆက်တာဖြစ်ပါတယ်။
မှတ်ချက်// ထူးခြားတဲ့ ရခိုင့်သတင်း မြန်မာ့သတင်းနဲ့ ကမ္ဘာ့သတင်းတွေကို AboutArakan က လက်လှန်းမှီသလောက် တင်ပြသွားမှာဖြစ်ပါတယ်။