You Are Here: Home - ပင်မစာမျက်နှာ , လက်ရှိအခြီနီ , သတင်း , အရေးကြီးသတင်းများ - အိန္ဒိယမှ ရခိုင်ပြည်နယ်စစ်တွေဆေးရုံအဆင့်မြှင့်ရန်အစီအစဉ် ဗမာ ပြည်မရှိ မုံရွာဆေးရုံသို့ပြောင်း

၁၃ ဇူလိုင်လ ၂၀၁၃

သမ္မတ ဦးသိန်းစိန် အိန္ဒိယသို့ ၂၀၁၁ခုနှစ်ကချစ်ကြည်ရေးသွားရောက်စဉ်ကအိန္ဒိယမှ ပေးသော စစ်တွေဆေးရုံကြီးကိုအဆင့်မြှင့်တင်ရန် အစီအစဉ်ကိုမြန်မာနိုင်ငံမှတာဝန်ရှိသူများက အကြောင်းအမျိုးမျိုးပြကာ စစ်ကိုင်းတိုင်းမုံရွာဆေးရုံ ကို အဆင့်မြှင့်ရန်အစီအစဉ်ပြောင်းလိုက်ကြောင်း သိရသည်။

၎င်းအစီအစဉ်ဖြင့် အဆင့်မြှင့်မည် ဒေါ်လာ နှစ်သန်းတန်အစီအစဉ်သည် ဆေးရုံကိုဒေါ်လာတစ်သန်း ပစ္စည်းကရိယာများကိုဒေါ်လာတစ်သန်းဖြင့် ယခုနှစ်ဇူလိုင်လတွင်စတင်မည်ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့ သော ၆လခန့်ကလည်း ဂျပန်မှ ရခိုင်ပြည်နယ်ကျေးလက်ဒေသ ကျေးရွာများကို ဆိုလာဖြင့် မီးလင်းရန် ဒေါ်လာ ၁၀သန်းတန်အစီအစဉ်ကို မကွေးတိုင်း မင်းဘူးဒေသသို့ပြောင်းလဲလိုက်ကြောင်းသိရသည်။ အလားတူ တရုတ်နိုင်ငံမှ ရေနံပိုက်လိုင်းဖြတ်သန်းသည့် ဒေသများအတွက်ဆေးရုံများ ဆောက်လုပ်မည်အစီအစဉ်ကို မကွေးတိုင်း၊ မန္တလေးတိုင်းဒေသများတွင်သာ တည်ဆောက်မည်ဟု သိရသည်။

ဖွံ့ဖြိုးရေးအစီအစဉ်များသာမက အခြားသော ကိစ္စများကိုလည်း ပြည်မသို့သာပြောင်းလဲလေ့ရှိကြောင်း ဥပမာ- လွန်ခဲ့ သော နှစ်နှစ်ဆယ်ကျော်က လူဇင်ဘတ်နိုင်ငံသားတစ်ဦး ရခိုင်သမိုင်းနှင့် ပါရဂူဘွဲ့ယူရန် မြန်မာနိုင်ငံသို့လာစဉ် ထိုစဉ်က တာဝန်ရှိသူများက ရခိုင်သမိုင်းသည် အထောက်အထားရှာရန် မလွယ်ကူတော့ကြောင်း၊ ထို့အပြင် သွားရေးလာရေးလည်း မလွယ်ကူကြောင်း ထို့အတွက် ပုဂံသမိုင်းကိုသာ သုတေသနပြုရန်တိုက်တွန်းကြသည် ဟုဆိုသည်။ ထိုပါရဂူဘွဲ့မည့်ကျောင်းသားက ရခိုင်သမိုင်းကိုသာ သုတေသနပြုလိုသည်ဟု ဆိုကာ ကြိုးစားပမ်းစာသုတေသနပြုခဲ့ပြီး ဒေါက်တာ ဂျက်လိုင်ဒါဆိုသူဖြစ်လာရသည်ဟု ၄င်းက စစ်တွေမြို့တွင် သမိုင်းသုတေသီများနှင့်တွေ့ဆုံစဉ်က ပြောကြားခဲ့သည်။
RNG



Blogger Widgets