You Are Here: Home - သတင်း , အရေးကြီးသတင်း - ဦးမောင်ညို(RNDP) တင်ပြသော အဆိုနှစ်ရပ်လုံး အောင်မြင်မှုမရှိ

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ စစ်တွေလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညို၏ 
(၂၆၊၀၆၊၂၀၁၃)ရက်နေ့တွင်တင်ပြချက်နှစ်ခုဖြစ်သော " စစ်တွေ-မင်းဘူးရထားလမ်းအစား မောင်တော-မင်းဘူးရထားလမ်းဖောက်လုပ်ရန် အစီအစဉ်နှင့် ပြီးစီးမည့် အချိန်ကို မေးမြန်းကို မေးမြန်းရာ " ရထားပို့ထောင်ရေးဝန်ကြီးဌာနမှ ပြန်လည်ဖြေကြားရာတွင် " ရထားလမ်းသည် ကန့်သတ်ချက်နှင့် ငွေကြေးပိုမိုကုန်ကျမည်ဖြစ်သောကြောင့် မောင်းတော-မင်းဘူးလမ်း ပိုင်းကို တိုးချဲ့ဖောက်လုပ်ရန် လတ်ရှိတွင် လျာထားနိုင်ခြင်းမရှိသေးပါကြောင်း " စသည်ဖြင့်ဖြေကြားခဲ့ပြီး။

ယနေ့(၂၇၊၀၆၊၂၀၁၃)တွင်ကျင်းပပြုလုပ်သော လွှတ်တော်အစည်းအဝေးတွင် ဆရာကြီးဦးမောင်ညိုက "  ဦးဥတ္တမပန်းခြံအဖြစ်
ပြန်လည်ထားရှိမည်ဆိုပါ မည်သည့်ခုနှစ်တွင် အကောင်အထည်ဖော်မည်ကို သိရှိလိုပါကြောင်းမေးမြန်းရာ



သမ္မတရုံးဝန်ကြီးဌာန(က)က ပြန်လည်ဖြေကြားရာတွင် 
 ဦးဥတ္တမပန်းခြံဟု ခေါ်တွင်ခဲ့သည့် အထောက်အထားခိုင်လုံစွာ မတွေ့ရှိရသဖြင့် ထိုသို့အမည်ပြောင်းရန် အစီအစဉ်မရှိပါကြောင်းဖြင့် ပြန်လည်ဖြေကြားခဲ့" ပြီး ရခိုင်ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်များတင်ပြသော အဆိုတိုင်းလိုလိုမှာ ရှုံးနိန့်လေ့ရှိကြောင်းနဲ့ ဖြစ်စဉ်များကိုသုံးသပ်ကြည့်ပါက ရခိုင်လူမျိုးများအပေါ်မြန်မာအစိုးရ၏ ပေါ်လစီမှာ ယခုအချိန်ထိရိုးသားမှုရှိမလာသေးကြောင်း နိုင်ငံရေးလေ့လာသူ ရခိုင်လူမျိုးများဘက်မှ ဝေဖန်မှုများထွက်ပေါ်လာနေသည်ကိုတွေ့နေရတာပါ၊

မေးခွန်နဲ့ အဖြေများအားလုံးကို အောင်တွင်အပြည့်အစုံဖတ်ရှုပါရန်====


စစ်တွေ-မင်းဘူးရထားလမ်းအစား မောင်တော-မင်းဘူးရထားလမ်းဖောက်လုပ်ရန် အစီအစဉ်နှင့် ပြီးစီးမည့် အချိန်ကို မေးမြန်းကို မေးမြန်းရာ ရထားပို့ဆာင်ရေး ဝန်ကြီးဌာနက ပြန်လည်ဖြေကြား


ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် ဦးမောင်ညို(စစ်တွေ မဲဆန္ဒနယ်)က ရခိုင်ပြည်နယ် စစ်တွေမြို့နယ် စစ်တွေမြို့နှင့် မောင်တောမြို့ကြားတွင် ကျောက်လမ်းကြီးများ ဖောက်လုပ်ထား၍ အဆင်ပြေပါကြောင်း၊ တံတားများထိုး၍ ရထားလမ်းများ
ဖောက်လုပ်ပါက ပိုမိုအကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ ယခင်စီစဉ်ထားသော စစ်တွေ-မင်းဘူးအစား မောင်တော-မင်းဘူးလမ်းကို တိုးချဲ့ရန် အစီအစဉ်ရှိမရှိနှင့် ရှိပါက မည်သည့်အချိန်တွင် လုပ်ဆောင်မည်ကို
မေးမြန်းရာ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးချန်မောင်က မိမိတို့အနေဖြင့် စစ်တွေ-အမ်း-မင်းဘူးရထားလမ်းကို ၁၅-၂-၂၀၀၉ရက်နေ့မှ စတင်ဖောက်လုပ်ရာ စစ်တွေ-ရေချမ်းပြင် လမ်းပိုင်း ၁၁.၄၆မိုင်၊ ကွမ်းတောင်-ပုဏ္ဏားကျွန်း-ယိုးတရုတ်လမ်းပိုင်း ၂၂.၇၂မိုင်၊ ယိုးတရုတ်-ကျောက်တော်
လမ်းပိုင်း ၁၉.၈၂မိုင် စသည်တို့ကို ဖွင့်လှစ်၍ မီးရထားပြေးဆွဲပေး
လျက်ရှိပါကြောင်း၊ အဆိုပြုသော ရထားလမ်းတွင် ရေချမ်းပြင်မှ အငူအမော်အထိ ရထားလမ်းဖောက်လုပ်ရေးသည် ချောင်းကူးတံတားအပြင် ပင်လယ်ဝ တံတားကို ဖောက်လုပ်ရခြင်း၊ နည်းပညာ အတွေ့အကြုံ၊
ငွေကြေး၊ ရာသီဥတု၊ မြေမျက်နှာသွင်ပြင်များ အပြင် အခြားကန့်သတ်ချက်များကြောင့် မင်းဘူး-အမ်း-စစ်တွေရထား
လမ်းသည်ပင် ၅နှစ်အတွင်း ၈၆.၅ မိုင်သာပြီးစီးနိုင်ကြောင်း၊ ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင်-မောင်တော ကားလမ်းအူကြောင်း
ဖောက်လုပ်ရာတွင်ပင် ခန့်မှန်းသည်ထက် ငွေကြေးကုန်ကျမှုနှင့် အခြားအခက်အခဲများ ကြုံတွေ့ခဲ့ရပြီး ရထားလမ်းသည် ကန့်သတ်ချက်နှင့် ငွေကြေးပိုမိုကုန်ကျမည်ဖြစ်သောကြောင့် မောင်းတော-မင်းဘူးလမ်း ပိုင်းကို တိုးချဲ့ဖောက်လုပ်ရန် လတ်ရှိတွင် လျာထားနိုင်ခြင်းမရှိသေးပါကြောင်းဖြင့် ပြန်လည်ဖြေကြားခဲ့ ပါသည်။


==========================================
အပြည့်အစုံကို အောက်ပါ<<<<link>>>>တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
==========================================


http://pyithuhluttaw.gov.mm/answer/စစ်တွေ-မင်းဘူး-ရထားလမ်းဖောက်လုပ်မည့်-အစား-မောင်တော-မင်းဘူး-ရထားလမ်းဖောက်လုပ်ရန်
=====================================================

ဦးမောင်ညို(စစ်တွေမဲဆန္ဒနယ်)က ဦးဥတ္တမပန်းခြံအဖြစ်
ပြန်လည်ထားရှိမည်ဆိုပါ မည်သည့်ခုနှစ်တွင် အကောင်အထည်ဖော်မည်ကို သိရှိလိုပါကြောင်းမေးမြန်းရာ သမ္မတရုံးဝန်ကြီးဌာန(က)က ပြန်လည်ဖြေကြား

ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး တတိယနေ့တွင် ဦးမောင်ညို(စစ်တွေမဲဆန္ဒနယ်)က ရန်ကုန်တိုင်း
ဒေသကြီးတွင် လွတ်လပ်ရေးသမိုင်းဝင် ရုပ်ဝတ္တုများသည် ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ၊ ဗိုလ်ချုပ်ဈေး၊ ဗိုလ်ချုပ်လမ်းတို့တွင်ရြှီး ရဟန်းအဖြစ် ဦးဝိစာရကျောက်တိုင်၊ ဦးဝိစာရလမ်း စသဖြင့်ရှိပါကြောင်း၊ ထို့အတူ ကန်တော်မင်ပန်းခြံတွင်လည်း ဦးဥတ္တမရုပ်နှင့် ဆိုင်းဘုတ်ချိတ်ဆွဲထားပါကြောင်း၊ အကြောင်းကြောင့် ယာယီ
ပျောက်ကွယ်သော်လည်း ဦးဥတ္တမနှင့် ပန်းခြံပျောက်နေခဲ့သော်လည်း လွတ်လပ်ရေး မော်ကွန်းဝင် ဦးဥတ္တမပန်းခြံ ထင်ထင်ရှားရှား
ပေါ်လွင်စေရန်စသဖြင့် ပြောကြား၍ ဦးဥတ္တမပန်းခြံအဖြစ် ရန်ကုန်မြို့ကန်တော်မင်ပန်းခြံအား ပြန်လည်နေရာချထားပေးရန် အစီအစဉ်ရှိမရှိနှင့် ရှိပါက မည်သည့်ခုနှစ်တွင် အကောင်အထည်
ဖော်ပါမည်နည်းကို မေးမြန်းရာ သမ္မတရုံးဝန်ကြီးဌာန(၁) ဒုတိယဝန်ကြီး ဦးသန့်ရှင်းက ၎င်းမေးခွန်းနှင့် စပ်လျဉ်း၍ ပြန်လည် ဖြေကြားရာတွင် လွတ်လပ်ရေးမရခင်ကာလတွင် အဆိုပါပန်းခြံကိုတည်ဆောက်ခဲ့ပြီး ဦးဥတ္တပန်းခြံအဖြစ် အထောက်အထား ခိုင်လုံစွဲ မတွေ့ရှိပါကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၆ခုနှစ် မတ်လ ၂၇ရက်
တော်လှန်ရေးနေ့၊ မေလ ၁ ရက် အလုပ်သမားနေ့များတွင် မိန့်ခွန်းပြောကြားခဲ့သည့် ကောက်နှုတ်ချက်များ စာသားများကို ယင်းပန်းခြံ မြေယာရှုခင်းတောင်ကုန်းပေါ်ရှိ ကျေက်တိုင်ပေါ်တွင် ကဗျည်းထိုးဖော်ပြထားသည်ကို တွေ့ရှိနိုင်ပါကြောင်း၊ ၁၉၈၉ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် စတင်မွန်းမံခဲ့၍ ၁၉၈၉ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် တည်ဆောက်ပြီးစီးခဲ့ပြီး ကန်တော်မင်ပန်းခြံဟု ခေါ်တွင်စေရာ ယနေ့တိုင်ဖြစ်ပါကြောင်း၊ သို့ပါ၍ ဦးဥတ္တမပန်းခြံဟု ခေါ်တွင်ခဲ့သည့် အထောက်အထားခိုင်လုံစွာ မတွေ့ရှိရသဖြင့် ထိုသို့အမည်ပြောင်းရန် အစီအစဉ်မရှိပါကြောင်းဖြင့် ပြန်လည်ဖြေကြားခဲ့ပါသည်။
Blogger Widgets