You Are Here: Home - ကုလား(သို့)ဘင်္ဂလီ , ပင်မစာမျက်နှာ , အမျိုးသားရီး , အမျိုးသားရေး - ဒေါက်တာ အေးချမ်းရဲ့ ပွဲ


2013 ခုနှစ် ဇွန်လ(၂၂)ရက်နေ့က ဂျပန်နိုင်ငံတွင် People's Forum on Burma (အများစု ဂျပန်လူမျိုးများ) မှ (၁၇) နှစ် မြောက်ညီလာခံ အခမ်းအနားကို ဂျပန်နိုင်ငံ Ikebukuro အရပ်ရှိ Ecotoshima Plaza အဆောက်အဦး (၈) ထပ်တွင် ညနေ(၆)နာရီမှ (၈း၄၅) နာရီထိ ကျင်းပခဲ့ပါတယ်၊ ဒီအခမ်းအနားတွင် Sophia University မှ ဂျပန်လူမျိုး ပါမောက္ခ Kei Nemoto San မှ"၁၉၈၂ ခုနှစ်မြန်မာနိုင်ငံသားဥပဒေနှင့် ရခိုင်ပြည်နယ်ရဲ့ လက်ရှိအခြေနေ" ခေါင်းစဉ်အောက်
မှာ ဘယ်သူက နိုင်ငံသားလဲ?" မြန်မာနိုင်ငံတော်/ နိုင်ငံသားရဲ့ သမိုင်းအသိ(ခံယူမှု)ကို ကြည့်မယ်၊
၁၈၂၄ ခုနှစ်လို့ ပြောတဲ့ အတွေး " စသဖြင့် ခေါင်းစဉ်ဝေေ၀ဆာဆာ နဲ့ ဟောပြောခဲ့ပါတယ်၊ခေါင်း
စဉ်ဝေေ၀ဆာဆာနဲ့ ဟောပြောခဲ့ပါတယ်၊ဒါပေမယ့် ပါမောက္ခ Kei Nemoto San ရဲ့ဟောပြောချက်
ကို ခြုံငုံသုံးသပ်ရရင် 1824-၂၆ ခုနှစ် Englo Burma စစ်ဖြစ်ပြီး ရခိုင်နှင့် တနင်္သာရီ ကို အင်္ဂလိပ်တို့ သိမ်းပိုက်ခဲ့ကြောင်း၊၁၈၅၂ မှာ ရန်ကုန်အပါဝင် အောက်မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့ပုံ၊
၁၈၈၅ ခုနှစ်မှာတော့ မြန်မာတစ်နိုင်ငံလုံးကို အင်္ဂလိပ်တို့ သိမ်းပိုက်ပြီး အိန္ဒိယ
နိုင်ငံရဲ့ ပြည်နယ် တစ်ခု အဖြစ်နဲ့ အင်္ဂလိပ်တို့ အုပ်ချုပ်ခဲ့ပုံ၊ အိန္ဒိယ နိုင်ငံသားများ ကို လယ်ယာမြေ
လုပ်သားများအဖြစ်ခိုင်းစေခဲ့ရာမှ လယ်ပိုင်ရှင်များဖြစ်ပြီး ငွေတိုးချေးစားတဲ့ ချစ်တီး များ ဖြစ်လာပုံ၊ ၄င်း Indian ချစ်တီးများကို မြန်မာ လူမျိုးများက မကောင်းတဲ့ Image တစ်ခုအဖြစ် မြင်လာကြပုံ၊ ၄င်း အိန္ဒိယ ကုလားများက (၄) နှစ်လောက် ငွေစုဆောင်းပြီး တစ်ချို့ ပြန်သွားကြကြောင်း၊မပြန်တဲ့လူတွေလည်း အခွန်ငွေများပေးဆောင်ကြကြောင်း၊
မြန်မာဘုရင်တွေ နန်းစိုက်ခဲ့တဲ့ မြို့တော်ဟောင်း မန္တလေးကိုတော့ ဂျပန်နိုင်ငံရဲ့ ကျိုတို မြို့တော်
ဟောင်း နှင့် ခိုင်းနှိုင်းပြခဲ့ပါတယ်၊ မြန်မာ့သမိုင်းရဲ့ ကုန်းဘောင်ခောတ်မှာတော့ ဗုဒ္ဓဘာသာနဲ့ အတူ
မူဆလင်၊ဟိန္ဒူ နှင့် ခရစ်ယန် ဘာသာတွေ ရှိခဲ့ပုံ ၊ တိုင်းရင်းသားတွေအဖြစ် တရုတ်၊ အိန္ဒိယ၊ အာဖဂန်၊ ပါရှန်၊ အာမေးနီးယား နှင့် ပေါ်တူဂီ လူမျိုးများရှိခဲ့ပုံတို့ကို ရှင်းပြပါတယ်၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ မပါတဲ့ လူမျိုးတွေဟာ တစ်ခုခု သက်သေခံ အနေနဲ့ အထောက်ထားမပြနိုင်ရင်တော့ နိုင်ငံသားဖြစ်ဖို့ရာ မဖြစ်နိုင်လို့ ဆိုပါတယ်၊ သူသိတဲ့ အိန္ဒိယအနွယ် ကုလားလေးတစ်ယောက်ဆိုရင် RIT စက်မှုတက္ကသိုလ်ကို စတုတ္ထနှစ်ထိ တက်ရောက်အောင်မြင်ခဲ့ပြီး ပဉ္စမမြောက်နှစ်တွင် နိုင်ငံသားအဖြစ်အသိမှတ်ပြုခံထားရသူ မဟုတ်သည့်အတွက် RIT စက်မှုတက္ကသိုလ် မှ ကျောင်းထုတ်ခံခဲ့ရပုံတို့ ကိုလည်း ပြောပါတယ်၊
ပါမောက္ခ နေမိုးတိုးစံ ရဲ့ ထူးထူးခြားခြား ပြောဆိုချက်ကတော့ မြန်မာ လူမျိုးတွေဟာ ဗုဒ္ဓဘုရားရှင်ရဲ့ သာဂီဝင်အနွယ်မှ ဆင်းသက်လာသည်ဟု ယူဆကြကြောင်း နှင့် ကမ္ဘာ မကျေ နိုင်ငံ
တော်သီခြင်း ဟာအမျိုးသားရေးအစွမ်းရောက်ကြောင်းပြောဆိုသွားပါတယ်၊ဒေါ်အောင်ဆန်းစုကြည်
ဂျပန်နိုင်ငံသို့ လာရောက်ခဲ့စဉ်တုန်းက ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို ပြန်ပြီး Review လုပ်ရမယ်
လို့ ပြောဆိုသွားကြောင်း ၊ ဒီအကြောင်းနဲ့ ဆက်စပ်ပြီး Rohingya ဆိုတဲ့ ဝေါဟာရကို နောက်ဆုံး နိဂုံးချုပ်မှာ ကြားညှပ် ပြောဆိုသွားပါတယ်၊
ဒုတိယတစ်ဦးကတော့ မောင်းတော ဒေသမှာ NGO လုပ်နေတဲ့ Etsuko Nemoto San ဖြစ်ပါတယ်၊ ဒီ အမျိုးသမီးကတော့ Bridge Asia Japan ရဲ့ဥက္ကဋ္ဌ ဖြစ်ပါတယ်၊ မောင်းတောမှာ
ကားပြင်သင်တန်းနဲ့ အမျိုးသမီးတွေကို အပ်ခြုပ် သင်တန်းတွေ ပေးခဲ့ပုံ ၊ လမ်း တံတား နဲ့ စာသင်ကျောင်းတွေဆောက်ခဲ့ ပုံတွေကို ရှင်းပြပါတယ်၊ ရခိုင် နှင့် ကုလား အဓိကရုန်းတွေ ဖြစ်ပြီး
နောက်ပိုင်း Bridge Asia Japan ရဲ့ လုပ်ငန်းတွေကို ရပ်ထားကြောင်းလည်းပြောသွားပါတယ်၊၊
ရခိုင်အမျိုးသားတွေကတော့ ရခိုင်တစ်ပြည်လုံး ချွတ်ခြုံ ကျနေတာ မူဆလင်( ၉၅%) ရှိတဲ့ မောင်းတောဒေသကိုသာ ဘာကြောင့် ရွေးချယ်လုပ်ရသလဲဆိုတဲ့ အတွေးကိုစီ ဖြစ်ခဲ့ကြပါတယ်၊ ဒီ People's Forum on Burma ညီလာခံ မတိုင်မီက သူတို့ရဲ့ Webpage စာမျက်နှာပေါ်မှာ ဂျပန်ဘာသာနဲ့ Rohingya ဆိုတဲ့ အသုံးနှုန်းကို အပ်ကြောင်းထပ်မျှ သုံးနှုန်းထားပြီး ပါမောက္ခ Kei Nemoto San မှ"၁၉၈၂ ခုနှစ်မြန်မာနိုင်ငံသားဥပဒေနှင့် ရခိုင်ပြည်နယ်ရဲ့ လက်ရှိအခြေနေ" ခေါင်းစဉ်အောက်
မှာ ဘယ်သူက နိုင်ငံသားလဲ?" မြန်မာနိုင်ငံတော်/ နိုင်ငံသားရဲ့ သမိုင်းအသိ(ခံယူမှု)ကို ကြည့်မယ်၊
၁၈၂၄ ခုနှစ်လို့ ပြောတဲ့ အတွေး " စတဲ့ ခေါင်းစဉ်ကို Emphasize လုပ်ထားတာတွေ့ရတဲ့အတွက် ရခိုင်အမျိုးသားရေး စိတ်ဓါတ်နိုးကြားသူ ရခိုင်အမျိုးသား (၁၀ )ဦး တက်ရောက်ခဲ့ကြပါတယ်၊ ဂျပန်နိုင်ငံ Kanda University မှ သမိုင်းပါမေက္ခ ဒေါက်တာ အေးချမ်း၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ)ဗဟို ဥက္ကဋ္ဌ ဦးဇော်မင်းခိုင်၊ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်)ဋ္ဌါနခွဲ ဥက္ကဋ္ဌ ကိုလှအေးမောင်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်)ဋ္ဌါနခွဲ ဒုဥက္ကဋ္ဌ(၁)ကို ပေါ်ထွန်းအောင်၊ဒုဥက္ကဋ္ဌ(၂) ကို ခင်မောင်ထွန်း၊
ရခိုင်လူမှုရေးအသင်း(ဂျပန်)ဥက္ကဋ္ဌ ကို မျိုးမင်းသန့်၊ ကိုခင်မောင်အေး(ALD)၊ ကို ဦးကျော်တင်(ALD) ၊ ကို စောလွင် (ALD) နှင့် ကို မောင်မောင်လွင် (ALD) တို့ တက်ရောက်ခဲ့ကြပါတယ်၊ ပါမောက္ခ ဒေါက်တာ အေးချမ်းမှ ပါမေက္ခ နေမိုးတိုးစံ ရဲ့ ဟောပြောချက်များကို တစ်ချက်ချင်း ချေပ ပြောဆိုပြီး ဂျပန်လူမျိုးများလည်း သူရိယ နေမင်းကို ဆွေမျိုးစပ်သည့် အယူအဆရှိကြောင်း ၊ ကမ္ဘာမကြေ သီချင်းသည် အမျိုးသားရေး အစွမ်းရောက် သီခြင်းမဟုတ်ကြောင်း၊ နိုင်ငံတိုင်းတွင် အမျိုးသားသီခြင်းရှိကြောင်းချေပပြောဆိုပါတယ်၊ ကိုလှအေးမောင်မှ Kei Nemoto San နှင့် Etsuko Nemoto San အား ရခိုင်မှာ အဓိကရုန်းတွေ ဖြစ်ခဲ့ရသည်မှာ ယခုလို Rohingya ဆိုသည့် အသုံးနှုန်းကို ပြောဆို ရေးသား ဖော်ပြကြခြင်းသည် ပြဿနာ၏ ရင်းမြစ်ဖြစ်ကြောင်း ၊ နောက်နောင်မသုံးနှုန်းကြပါရန် တိုက်တွန်းပြောဆိုခဲ့ပါတယ်၊ကိုစောလွင်မှ မြန်မာနိုင်ငံရဲ့ သန်းခေါင်စာရင်းတွေမှာ မည်သည့် အခါမှ Rohingya ဝေါဟာရ မရှိခဲ့ကြောင်း ၊ ဖဆပလ ခောတ်တွင်လည်း ဦးနုမှ သူ့ပါတီ မဲရရှိရေးအတွက် နိုင်ငံရေး ကစားခဲ့ခြင်းသာဖြစ်ကြောင်း ချေပပြောဆိုခဲ့ကြပါတယ်၊ ဇော်မင်းထွဋ်(ကုလား)ကတော့ မြန်မာနိုင်ငံ
မှာ တိုင်းရင်းသား (၁၄၄) မျိုး ရှိခဲ့ကြောင်း အရှက်သိက္ခာမဲ့စွာ အထောက်ထားမရှိပဲ ပြောဆိုခဲ့ပါတယ်၊
အကြောင်းရာ အားလုံးကို ခြုံငုံ သုံးသပ်ရရင်တော့ ပါမောက္ခ နေမိုးတိုးဟာ ဒီအခမ်းနားကို ရခိုင်အမျိုးသားတွေ ရောက်ရှိလာတဲ့အတွက် ကိုယ်ရှိန်သတ် ပြောဆိုသွားပုံ ရပါတယ်၊ အရှေ့ တောင်အာရှ သမိုင်းပါမေက္ခ ရခိုင်အမျိုးသား ဒေါက်တာ အေးချမ်း အတွက်ကတော့ ဒီပွဲဟာ Light Weight ပွဲလေး တစ်ပွဲသာ ဖြစ်ကြောင်း သုံးသပ်မိပါကြောင်းပါ ခင်ဗျား -----------။
 — at Tokyo, Japan.

Facebook တွင် ဗွီဒီယိုပိုင် ကြည့်ရှုပါရန်.....................
Blogger Widgets