You Are Here:
Home -
ပင်မစာမျက်နှာ
,
ပြည်သူ့အသံ
-
အကြမ်းဖက်သမားကို ဘယ်လိုစံနဲ့တိုင်းသလဲ
အကြမ်းဖက်သမားကို ဘယ်လိုစံနဲ့တိုင်းသလဲ
Posted by Unknown on 6:42 PM //
ရခိုင်အရေးနဲ့ပတ်သက်ပြီး ဘင်္ဂါလီတွေတိုင်းရင်းသားဖြစ်ခွင့်ကို တကမ္ဘာလုံးက မြန်မာကိုဖိအားပေးတယ်။ ရခိုင်အရေးမှာ အယ်ဂျာဇီယားသတင်းဌာနက ဘင်္ဂါလီတွေ လူမျိုးတုံးသတ်ခံနေရပါတယ်ဆိုပြီး ကမ္ဘာကိုသတင်းလွှင့်တယ်။ မွတ်စလင်နိုင်ငံတွေအနေနဲ့ ဘင်္ဂါလီတွေ မြန်မာပြည်မှာ တိုင်းရင်းသားဖြစ်ခွင့်ရရင် မြန်မာပြည်ကိုကျူးကျော်ဖို့ခြေကုပ်ရသွားမယ်ဆိုတာ လူတိုင်းသိတယ်။ ကမ္ဘာ့ကုလသမဂ္ဂလို ဒုက္ခသည်အဖွဲ့အစည်းကြီးတခုကတောင် ဘင်္ဂါလီတွေကို ဘယ်တတိယနိုင်ငံကိုမှပို့လို့မရတာ ဘယ်နိုင်ငံကမှလက်မခံတာ မလေးရှားကဒုက္ခသည်အဖွဲ့အစည်းတွေမှာ လုပ်ခဲ့ဖူးသူတိုင်းသိတယ်။ နိုင်ငံတကာကလည်း ဘယ်နေရာ ဘယ်နိုင်ငံကမှလက်မခံရဲဘဲ ဗြဟ္မာကြီးဦးခေါင်းဖြစ်နေတဲ့ ဘင်္ဂါလီတွေကို မြန်မာနိုင်ငံထဲထိုးထည့်ထားချင်တယ်။ အဲတော့ ဘင်္ဂါလီတွေတိုင်းရင်းသားဖြစ်ခွင့်နဲ့တကွ အဟန့်အတားဖြစ်အောင်လုပ်တဲ့ ဘယ်သူ့ကိုမဆို ဖြုတ်ချဖို့လုပ်မှာပဲ။
ငါတို့ဗုဒ္ဓဘာသာတော့ သွားပါပြီဆိုတဲ့လူတွေ စဉ်းစားကြည့်ရအောင်ပါ။ မင်းတို့ငါတို့ ဗုဒ္ဓဘာသာဝင်တွေရဲ့လက်ချက်နဲ့ ဗလီဆရာတွေသေခဲ့လား။ မော်လ၀ီတွေကို သတ်ခဲ့လား။ ဗုဒ္ဓဘာသာနိုင်ငံမှာ ဗုဒ္ဓဘာသာရဲ့အထွဋ်အမြတ်ထားတဲ့ ဘုန်းကြီးပဲ သူများသတ်လို့သေခဲ့တယ် မဟုတ်လား။ အကြမ်းဖက်သမားဆိုတာကို ကမ္ဘာကဘယ်လိုစံနဲ့သတ်မှတ်ထားလဲ။ မင်းတို့ကရော ဘယ်လိုစံနဲ့တိုင်းချင်လဲ။ မြန်မာနိုင်ငံထဲမှာ ငါတို့ဗုဒ္ဓဘာသာဝင်တွေ ကျောနဲ့ရင်ဘတ်မှာ ဗုံးကပ်ပြီး ဗလီနဲ့ချာ့ခ်ျကျောင်းတွေကို အသေခံဗုံးခွဲတဲ့အဖြစ်မျိုးရှိလား။ ဘာသာခြားမှန်ရင် လည်လှီးမယ်ကွာဆိုတဲ့အတွေးနဲ့လုပ်ရပ် ငါတို့မြန်မာနိုင်ငံမှာရှိလား။ ဗုဒ္ဓဘာသာဘုန်းကြီးတွေက အသေခံဗုံးခွဲကြ၊ လည်လှီးကြဆိုပြီး တိုက်တွန်းနေလို့ မြန်မာနိုင်ငံမှာ အဲလိုအဖြစ်တွေရှိလို့ ရဟန်းတော်တပါးကို အကြမ်းဖက်သမားလို့ စွပ်စွဲတာလား။ ကိုယ့်ဘာသာ ကိုယ့်သာသနာကို စော်ကားတာမှန်းမသိ။ လူတွင်ပါလို့ နွားကျားကိုက်တဲ့ အဖြစ်မျိုးလား။
ငါလည်း ဗုဒ္ဓဘာသာဝင်တယောက်၊ ဒီစာဖတ်နေတဲ့မင်းလည်း ဗုဒ္ဓဘာသာဝင်တယောက်ဆိုတာ မင်းဆင်ခြင်မိရင် ငါ့ဘာသာတရားကို ငါဘယ်လိုကာကွယ်မလဲဆိုတာစဉ်းစားစေချင်တယ်။ ကိုယ့်ဗုဒ္ဓဘာသာဝင်အချင်းချင်း ရေးနေပြောနေတာ ဘာသာ သာသနာကို ကာကွယ်တာပဲလို့ သတ်မှတ်ထားရင်လည်း ဆက်လုပ်ကြ။
မောင်ပါလ