အပိုင်း (၂)
စစ်တကောင်းသားများ အလုံးအရင်းဖြင့် ၀င်ရောက်လာခြင်း
စစ်တကောင်းဘင်္ဂါလီများ ရခိုင်ပြည်သို့ စိမ့်ဝင်ရောက်ရှိမှုသည် မင်နှိပ်စက္ကူပေါ်မှ ရေကဲ့သို့ ပျံနှံ့သွားကြသည်။
ပထ၀ီအနေအထားအရ
ရခိုင်ပြည်သည် စစ်တကောင်းနယ်နှင့် နယ်နိမိတ်ထိစပ်နေသောကြောင့်
ဗြိတိသျှကိုလိုနီခေတ်ကတည်းက ထိုစစ်တကောင်းသားများ နယ်စပ်ဖြတ်ကျော်၍
အလုံးအရင်းဖြင့် ပြောင်းရွှေ့ဝင်ရောက် နေထိုင်ကြသည့် နေရာဌာနတစ်ခုဖြစ်သည်။
ထိုသို့ စစ်တကောင်းဘင်္ဂါလီများ၏ နယ်ခြားကျူးကျော်ဝင်ရောက်မှုသည်
ဗြိတိသျှများက ရခိုင်ပြည်ကို သိမ်းပိုက်ပြီး၊ ရန်တပိုစာချုပ်အရ
ဘင်္ဂလားအုပ်ချုပ်ရေးစနစ်အောက်သို့ သွတ်သွင်းလိုက်သည်။ ဘင်္ဂလားနယ်၏
ဌာနချုပ်မှာ စစ်တကောင်းနယ်ဖြစ်သည်။ ဗြိတိသျှအရှေ့အိန္ဒိယကုမ္မဏီသည်
ကုန်သွယ်ရေးလုပ်ငန်းတစ်ခု ဖြစ်သောကြောင့် ရခိုင်ပြည်ရှိ
ဆန်စပါးထုတ်လုပ်မှုကို အရှိန်အဟုန်မြှင့်လုပ်ဆောင်လာကြသည်။ ဈေးပေါပေါဖြင့်
အလုပ်ခိုင်းနိုင်မည့် အလုပ်သမားများကို စစ်တကောင်းခရိုင်မှ
တင်သွင်းလာခဲ့ကြသည်။ စစ်တကောင်းမှ ရွှေ့ပြောင်းလာသူများ၏
အများအပြားဝင်ရောက်မှုကို သမိုင်းမှတ်တမ်းများတွင် ဒိဋ္ဌ တွေ့မြင်ရပါသည်။ ဟေး
(Hay) က အောက်ပါအတိုင်း ဖော်ပြထားသည်။
“၁၈၅၅ ခုနှစ်တွင်
ရခိုင်ပြည်၏ လူဦးရေသည် (၃၆၆၃၁၀) ခန့် အထိ တိုးပွားလာခဲ့သည်။
ထိုသို့ကြီးမားသော လူဦးရေ တိုးပွားမှုသည်
ဗြိတိသျှအုပ်ချုပ်မှုအောက်တွင်ရှိသော ပြည်နယ်များမှ
ဝင်ရောက်လာခဲ့ကြခြင်းကြောင့် ဖြစ်သည်။ ဗြိတိသျှအစိုးရနှင့်အစိုးရဆိုင်ရာ
အဖွဲ့အစည်းများက လုံးဝ မျက်နှာသာပေးကြောင်း (ဤသို့ စစ်တကောင်းသားများ
ဝင်ရောက်လာကြသည် ဟူသောအချက်ကို) သက်သေပြနေသည်။“
စစ်တကောင်းသားများ
အချိန်တိုတိုအတွင်း အလျင်အမြန် တိုးပွားဝင်ရောက်များပြားလာမှုကို
စစ်တွေခရိုင် နေရာချထားရေးအရာရှိ (ဒုတိယမဟာဝန်ရှင်တော်မင်းကြီး) ဖြစ်သော
အာရ့ဘီ စမတ် (R. B. Smart) က မြန်မာ့သတင်းလွှာ (The Burmese Gazetteer) တွင် အောက်ပါအတိုင်း တင်ပြခဲ့သည်။
“စစ်တကောင်းနယ်မှ
အလုပ်သမားများသည် ဗြိတိသျှအိန္ဒိယမီးသင်္ဘောရေကြောင်းသွားလာရေးကုမ္မဏီ၏
တိုက်ရိုက်မီးသင်္ဘောများဖြင့် စစ်တွေမြို့ပေါ်သို့ သော်လည်းကောင်း၊ မက်ဆာ
(Messrs)၊ တားနာ (Turner)၊ မောရစ်ဆန် (Morrison) နဲ
ဗြိတိသျှအိန္ဒိယကုမ္မဏီမီးသင်္ဘောဖြင့် မောင်တောမြို့သို့လည်းကောင်း၊
အာရကန်ဖလော်တီလာကုမ္မဏီ မီးသင်္ဘောများဖြင့် နတ်မြစ်အတိုင်းစုန်၍
မောင်တောမြို့သို့လည်းကောင်း၊ နတ်မြစ်ကိုဖြတ်ကျော်ရုံဖြင့်
မောင်တောမြို့နယ်သို့လည်းကောင်း ရောက်ရှိလာကြသည်။
ကုန်ပစ္စည်းများထမ်းပိုးရောင်းချနိုင်ရန် စစ်တကောင်းဆိပ်ကမ်းများမှ လှေဖြင့်
လာရောက်ကြသူများလည်း အများအပြားရှိသည်။ မဒရပ်မြို့ (Madras) နှင့်
ဘုံဘေမြို့ (Bombay) ကမ်းရိုးတမ်းများမှ လှေစီးခရီးသည်များကိုလည်း
တွေ့ရပေမည်။
အိန္ဒိယမိတ်ဆွေနှင့် နိုင်ငံပြုပုဂ္ဂိုလ်သတင်းလွှာ (Friend of India and Statesman) တွင် အောက်ပါအတိုင်း ဖော်ပြထားသည်။
”စစ်တကောင်းနယ်မှ
လူဦးရေ၏ ဆယ်ပုံတစ်ပုံခန့်သည် ရခိုင်ပြည်သို့ နှစ်စဉ်
ရွှေ့ပြောင်းဝင်ရောက်လာကြသည်။ ရခိုင်ပြည်တွင် အလုပ်အကိုင်အခွင့်အလမ်းသည်
စစ်တကောင်းနယ်တွင်ထက် ပို၍ များပြားသည်။ …”
ရခိုင်သတင်း (Arakan News) (သြဂုတ်လ ၄ ရက်၊ ၁၈၇၇ ခုနှစ်) တွင် အောက်ပါအတိုင်း အခိုင်အမာ ဖော်ပြထားသည်။
”ထို့နောက်
တစ်ဖန် စစ်တကောင်းနယ်သည် လူဦးရေအဆမတန်တိုးပွားများပြားသည်။
တစ်စတုရန်းမိုင်လျှင် လူဦးရေ (၄၈၇) ဦးနှုန်း ရှိသည်။ ရခိုင်ပြည်တွင်
တစ်စတုရန်းမိုင်လျှင် (၂၄) ဦးသာ ရှိခဲ့သည်။ စစ်တကောင်းနယ်သားများမှာ
မြင့်မားသော အခွန်များပေးဆောင်ရန် အလုပ်အကိုင်မရှာဖွေနိုင်ကြ၊ ငွေရရန်လည်း
လုံလောက်သော နည်းလမ်းမရှာနိုင်ကြချေ။ စစ်တကောင်းနယ်လူဦးရေ၏
ဆယ်ပုံတစ်ပုံခန့်မှာ စစ်တွေမြို့သို့ နှစ်စဉ်ရွှေ့ပြောင်းလာကြသည်။
စစ်တွေမြို့တွင် အလုပ်အကိုင်အခွင့်အလမ်းမှာ စစ်တကောင်းနယ်တွင်ထက်
ပိုမိုများပြားသည်။ ထို့ကြောင့် စစ်တွေမြို့တွင်
ကုန်စည်ကူးသန်းရောင်းဝယ်မှုသည် စစ်တကောင်းနယ်တွင် အခွန်များပေးချေရန်
ကူညီပေးသည်။ လက်ရှိအချိန်တွင် စစ်တွေမြို့သို့ ပြောင်းရွှေ့သွားကြသော
စစ်တကောင်းသားများ၏ လုပ်အားခများကြောင့် စစ်တကောင်းခရိုင်
မဟာဝန်ရှင်တော်မင်းကြီးအနေဖြင့် အခွန်အတုပ်ကောက်ခံရာတွင်
အခက်အခဲနည်းလာသဖြင့် သူ့ အတွက် အကျိုးအမြတ်ရရှိသည်။
ရခိုင်တိုင်း၊ (၁၈၈၁) ခုနှစ် မြန်မာ့ သန်ခေါင်စာရင်း (1881 Burma Census, Arakan Division) အရ အောက်ပါအတိုင်း ဖော်ပြထားပါသည်။
အထက်ပါဖော်ပြချက်အရ
စစ်တွေတွင်နေထိုင်ကြသူများအနက် (၇၆) ရာခိုင်နှုန်းမှာ
စစ်တွေခရိုင်ဇာတိဖြစ်ကြသည်။ စစ်တကောင်းသားများ အထူးသဖြင့်ပါဝင်သော (၁၈.၆)
ရာခိုင်နှုန်းမှာ ဘင်္ဂလားဒေသမှ ဖြစ်သည်။
(၁၈၇၂) ခုနှစ်၊ မြန်မာ့သန်းခေါင်စာရင်း (Burma Census, 1872) တွင် အောက်ပါအတိုင်း ဖော်ပြထားသည်။
စစ်တွေခရိုင်တွင်
လူဦးရေ (၁၉,၀၀၀) ဦး ရှိသော လူသူရှုပ်ထွေးလှသည့်
အမည်တူပင်လယ်ဆိပ်ကမ်းမြို့ ယခုအခြေအနေအတိုင်း ယခင်ကလည်း ပါဝင်ခဲ့သည်။
စစ်တွေခရိုင်တွင် စုစုပေါင်းလူဦးရေအချိုးအစားမှာ အမျိုးသားအယောက် (၁၀၀)
လျှင် အမျိုးသမီး (၈၆.၇၆) ယောက်နှုန်း ဖြစ်သည်။ ဤသို့ကွာခြားမှုသည်
အိန္ဒိယနိုင်ငံမှ အလုပ်ကြမ်းသမားအမျိုးသားများ အများအပြား နှစ်စဉ်
ရွှေ့ပြောင်းဝင်ရောက်လာမှုကြောင့် ဖြစ်သည်။ (စစ်တကောင်းခရိုင်
အကောက်ခွန်အရာရှိ၏ ပြောဆိုချက်အရ ကော့ဘဇားမြို့ (Cox’sBazar)
တစ်မြို့တည်းမှ ရခိုင်ပြည်သို့ ရွှေ့ပြောင်းဝင်ရောက်လာသူပေါင်းမှာ နှစ်စဉ်
(၁၅,၀၀၀)ဦးဖြစ်သည်။) ဗုဒ္ဒဘာသာဝင်လူဦးရေမှာ အမျိုးသား (၁၀၀)ဦးလျှင်
အမျိုးသမီး (၉၀) ဦးခန့် ဖြစ်သည်။ (စစ်တွေခရိုင် လူဦးရေ၏ (၂၀)
ရာခိုင်နှုန်းခန့်ရှိသော) အစ္စလာမ်ဘာသာဝင်များ (Mohomendans) အကြား ကျား၊မ
အချိုးအစားသည် အမျိုးသား (၁၀၀) လျှင် အမျိုးသမီး (၇၉.၉၁) ဦး ဖြစ်သည်။
(၁၈၇၂) ခုနှစ်၊ ဗြိတိသျှဘင်္ဂလားဒေသသန်းခေါင်စာရင်း (1872 British Bengal Census) တွင် အောက်ပါအတိုင်း ဖော်ပြထားသည်။
စစ်တကောင်းတိုင်းသို့
ဝင်ရောက်ကြည့်ရှုလိုက်လျှင် စစ်တကောင်းတွင် အမျိုးသမီး (၅၅,၀၀၀)
ဦးကျော်ကျော်ကို တွေ့ရှိရသည်မှာ အံသြစရာမဟုတ်ပါ။ စစ်တကောင်းခရိုင်သည်
အိန္ဒိယသင်္ဘောသားများ (သို့) ဒေသခံတိုင်းရင်းသားများအနေဖြင့်
အိန္ဒိယရေပိုင်နက်အတွင်း ကုန်စည်ကူးသန်းရောင်းဝယ်ရန် အဓိက အထောက်အပံ့ပြုသော
ခရိုင်ဖြစ်သည်။ ထို့ပြင် ဆောင်းရာသီအတွင်း ရခိုင်ပြည်အတွက် လုပ်အားကို
စစ်တကောင်းခရိုင်မှ ထောက်ပံ့ဖြည့်ဆည်းပေးသေးသည်။
မြန်မာ့သတင်းလွှာ (Burma Gazetteer) တွင် အောက်ပါအတိုင်း ဖော်ပြထားသည်။
(၁၈၇၉)
ခုနှစ်ကတည်းက ရွှေ့ပြောင်းဝင်ရောက်မှုသည် ပိုမိုတိုးပွားလာခဲ့သည်။
ကျွန်များမှ ဆင်းသက်လာသူများသည် ကျောက်တော်နှင့်
မြို့ဟောင်းမြို့နယ်တို့တွင် အများအပြား နေထိုင်ကြသည်။
စမတ် (Smart)
က (၁၉၁၁) ခုနှစ်တွင် စစ်တွေခရိုင် (the Akyab District) ၏
မြို့နယ်တစ်ခုစီတွင် အခြေချနေထိုင်ကြသော စစ်တကောင်းသားအရေအတွက်ကို
အောက်ပါအတိုင်း ဖော်ပြသည်။
စစ်တွေမြို့နယ်။
။ရခိုင်သူ၊ ရခိုင်သားများ (the Arakanese) မှာ ဤမြို့နယ်တွင်
လူနည်းစုဖြစ်သည်။ အိန္ဒိယသားများ (အများအားဖြင့် စစ်တကောင်းသားများ) သည်
စစ်တွေမြို့နယ်တွင် (၆၀) ရာခိုင်နှုန်းထက် မနည်းပေ။
စစ်တွေမြို့။
။လူဦးရေမှာ ရောနှောနေသည်။ ဗုဒ္ဒဘာသာဝင် (၁၂၈၆၄) ဦး (အများစုမှာ
ရခိုင်လူမျိုးများ ဖြစ်သည်။)၊ ဟိန္ဒူဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များ
(စစ်တကောင်းကမ်းရိုးတမ်းမှ ဘင်္ဂလီများ အဓိကပါဝင်သည့် (၂၄၁၀၃) ဦးနှင့်
အခြားသော အစ္စလာမ်ဘာသာဂိုဏ်းဝင်များ (၉၂၆) ဦး) မှာ စစ်တွေမြို့တွင်
ရှိကြသည်။
ရသေ့တောင်မြို့နယ်။ ။ရသေ့တောင်မြို့နယ်တွင် စုစုပေါင်းလူဦးရေ (၅၆၇၈၉)ဦး ရှိသည့်အနက် စစ်တကောင်းသားများမှာ ယခုအချိန်အထိ (၁၀၇၁၈) ဦးသာ ရှိသေးသည်။
အန်ဂူမော်ရွာ။ ။ဤကျေးရွာ၌ စုစုပေါင်းလူဦးရေ (၁၁၀၇) ဦး ရှိသည့်အနက် စစ်တကောင်းသားများမှာ (၄၃၄) ဦးသာ ဖြစ်သည်။
အထက်နန်းရာရွာ။ ။ရွာရှိလူဦးရေမှာ (၁၀၅၁) ဦးဖြစ်သည်။ စစ်တကောင်းသားများ (၆၀၀) ခန့် ရှိသည်။
ကူတောင်ရွာ။ ။ရွာရှိလူဦးရေမှာ (၁၆၇၉) ဦးဖြစ်ပြီး၊ စစ်တကောင်းသားအနည်းငယ်ရှိသည်။
မြင်းဘူး။ ။ကျေးရွာရှိလူဦးရေမှာ (၁၁၅၆) ဦးဖြစ်ပြီး၊ စစ်တကောင်းသားအနည်းငယ်သာ ရှိသည်။
ပေသာဒူရွာ။ ။ရွာရှိလူဦးရေမှာ (၁၂၉၅) ဦးဖြစ်ပြီး၊ စစ်တကောင်းသားဦးရေမှာ (၂၀၀) ဦးဖြစ်သည်။
ပုဏ်ဏားကျွန်းမြို့နယ်။ ။လူဦးရေ (၅၁၈၀၅) ဦးရှိသည့်အနက် အိန္ဒိယတိုင်းသားများမှာ (၁၉၀၅) ဦးသာ ရှိသည်။
ပေါက်တောမြို့နယ်။ ။ စုစုပေါင်းလူဦးရေ (၄၅၃၅၀) ဦး ရှိသည့်အနက် အိန္ဒိယတိုင်းသားဦးရေမှာ (၄၃၄၁) ဦးသာဖြစ်သည်။
ဆင်ဒမော်ကျေးရွာ။ ။ရွာရှိလူဦးရေမှာ (၁၈၃၂) ဦးဖြစ်ပြီး စစ်တကောင်းသားများ နေထိုင်လာကြသည်မှာ ကြာပြီဖြစ်သည်။
မင်းပြားမြို့နယ်။ ။ဤမြို့နယ်တွင် လူဦးရေ (၄၇၇၉၅) ဦးရှိပြီး အိန္ဒိယတိုင်းသား (၅၆၁၉) ဦးပါဝင်သည်။
ကျောက်တော်မြို့နယ်။ ။လူဦးရေ (၅၅၂၈၀) ဦးရှိသည့်အနက် စစ်တကောင်းသားများနှင့် အခြားအိန္ဒိယတိုင်းသားများမှာ (၂၀၀၀၀) ခန့် ရှိသည်။
အပေါက်ဝရွာ။
။ရွာရှိလူဦးရေမှာ (၁၀၀၃) ဦးဖြစ်ပြီး၊ လူဦးရေထက်ဝက်ခန့်မှာ စောစောကတည်းက
စစ်တကောင်းနယ်မှ ၀င်ရောက်နေထိုင်လာကြသူများသာ ဖြစ်သည်။
ကြာနီကန်ရွာ။ ။လူဦးရေ (၁၀၄၅) ဦးခန့်ရှိပြီး၊ အားလုံးမှာ စစ်တကောင်းသားများ ဖြစ်ကြသည်။
သရက်တစ်ပင်ရွာ။ ။လူဦးရေ (၁၄၄၇) ဦးရှိသည့်အနက် (၅၅၀) ဦးမှာ မူဆလင်များဖြစ်ကြသည်။
ကျောက်တော်မြို့။ ။မြို့နေလူဦးရေမှာ (၂၄၉၄) ဦးဖြစ်ပြီး၊ (၄၇၈) မှာ မူဆလင်ဘာသာဝင်များ ဖြစ်သည်။
လမူးတစ်ပင်ရွာ။ ။လူဦးရေ (၁၀၁၃) ဦး ရှိပြီး၊ အများစုမှာ စစ်တကောင်းသားများ ဖြစ်ကြသည်။
ပိုက်သည်ရွာ။
။ရွာရှိလူဦးရေမှာ (၁၂၀၀) ဦးဖြစ်ပြီး၊ (၇၅) ရာခိုင်နှုန်းမှာ
အစောပိုင်းကတည်းက အခြေချနေထိုင်လာခဲ့ကြသည့် စစ်တကောင်းသားများ ဖြစ်သည်။
ရွှေပြရွာ။
။ရွာရှိလူဦးရေမှာ (၁၈၇၆) ဦးဖြစ်ပြီး၊ အားလုံးနီးပါးမှာ အစောပိုင်းက
အခြေချနေထိုင်လာခဲ့ကြသည့် စစ်တကောင်းသားများမှ ဆင်းသက်လာသူများ ဖြစ်ကြသည်။
တောင်ဒေါင်းဟယရွာ။ ။ရွာရှိလူဦးရေ (၁၀၁၆) ဦး ရှသည့်အနက် (၈၇၄) ဦးမှာ စစ်တကောင်းသားများ ဖြစ်ကြသည်။
မြို့ဟောင်းမြို့နယ်။ ။မြို့ဟောင်းမြို့နယ်တစ်ခုလုံးတွင် စစ်တကောင်းသားမျာ ပြန့်ကြဲနေသည်ကို တွေ့ရပေမည်။
ကျောက်ကြပ်။ ။ရွာရှိလူဦးရေမှာ (၁၀၉၄) ဦး ဖြစ်ပြီး၊ အများစုမှာ စစ်တကောင်းသားများ ဖြစ်ကြသည်။
မြို့ဟောင်းမြို့။ ။လူဦးရေ (၂၈၈၂) ဦးရှိပြီး၊ အိန္ဒိယတိုင်းသားများမှာ (၄၃၄) ဦးသာရှိသည်။
ဘူးသီးတောင်မြို့နယ်။
။စုစုပေါင်းလူဦးရေ (၆၃၆၇၉) ဦး ရှိသည့်အနက် (၃၃၈၅၀) ဦးထက်မနည်း (သို့)
၅၃ ရာခိုင်နှုန်းမှာ စစ်တကောင်းသားများ ဖြစ်ကြသည်။
ဘဒဂါရွာ။ ။ရွာရှိလူဦးရေမှာ (၂၂၅၄) ဦးဖြစ်ပြီး၊ စစ်တကောင်းသားများမှာ (၁၃၀၈) ဦးရှိသည်။
ဘူးသီးတောင်မြို့။ ။နေထိုင်သူ (၁၁၂၃) ဦး ရှိသည့်အနက် သုံးပုံတစ်ပုံခန့်မှာ အိန္ဒိယတိုင်းသားများ ဖြစ်ကြသည်။
ခွဆုံရွာ။ ။လူဦးရေ (၁၂၀၇) ဦးရှိပြီး၊ ထက်ဝက်ခန့်မှာ စစ်တကောင်းသားများ ဖြစ်ကြသည်။
မိကျောင်းကြီးရွာ။ ။ရွာနေလူဦးရေမှာ (၁၆၁၆) ဦးဖြစ်ပြီး၊ စစ်တကောင်းသားများချည်း ဖြစ်ကြသည်။
ပေါင်းတော်ပြင်ရွာ။ ။ရွာခံလူဦးရေမှာ (၁၀၈၁) ဦးဖြစ်ပြီး၊ အားလုံး စစ်တကောင်းသားများချည်း ဖြစ်ကြသည်။
ဒိုးဒန်ရွာ။ ။လူဦးရေ (၁၄၃၆) ဦးရှိသည့်အနက် သုံးပုံနှစ်ပုံမှာ စစ်တကောင်းသားများ ဖြစ်သည်။
ဖုန်းညိုလိပ်ရွာ။ ။လူဦးရေ (၂၃၀၁) ဦးရှိပြီး၊ (၁၅၉၂) ဦးမှာ စစ်တကောင်းသားများဖြစ်ကြသည်။
ဆန်ဂိုးတင်ရွာ။ ။လူဦးရေ (၁၀၁၆) ဦးရှိပြီး၊ ထက်ဝက်မှာ စစ်တကောင်းသားများ ဖြစ်သည်။
စိန်မျှင်ပြရွာ။ ။လူဦးရေ (၁၁၄၅) ဦး ရှိပြီး၊ အများစုမှာ စစ်တကောင်းသားများ ဖြစ်သည်။
ဆူးတောင်ရွာ။ ။မှီတင်းနေထိုင်သူ (၁၂၄၉) ဦး ဖြစ်ပြီး၊ အားလုံးမှာ စစ်တကောင်းသားများ ဖြစ်ကြသည်။
တက်မင်းချောင်းရွာ။ ။ရွာခံဦးရေ (၁၁၁၀) ဦး ရှိပြီး၊ အားလုံးမှာ စစ်တကောင်းသားများဖြစ်ကြသည်။
သိန်းတောင်ရွာ။ ။လူဦးရေ (၁၀၀၂) ဖြစ်ပြီး၊ အများစုမှာ စစ်တကောင်းသားများ ဖြစ်သည်။
ဇာတီတောင်ရွာ။ ။ရွာခံလူဦးရေ (၁၂၅၉) ဦးလုံးမှာ စစ်တကောင်းသားများ ဖြစ်ကြသည်။
မောင်တောမြို့နယ်။
။လူဦးရေမှာ (၁၃၁၁၃၄) ဦး ဖြစ်သည်။ တစ်စတုရန်းမိုင်လျှင် လူဦးရေ (၂၃၀)
ဦးနှုန်း သိပ်သည်းမှုရှိသည်။ စစ်တွေခရိုင်တွင် လူဦးရေသိပ်သည်းဆ အမြင့်ဆုံး
ဖြစ်သည်။ စုစုပေါင်းလူဦးရေ၏ (၇၇) ရာခိုင်နှုန်းနီးပါးမှာ စစ်တကောင်းသားများ
ဖြစ်ကြသည်။
အစိတ်ကျရွာ။ ။ရွာရှိလူဦးရေမှာ (၁၄၅၃) ဦးဖြစ်ပြီး၊ အများအားဖြင့် စစ်တကောင်းသားများ ဖြစ်ကြသည်။
ဘဂူနာရွာ။ ။ရွာခံလူဦးရေမှာ (၁၅၈၈) ဦး ဖြစ်ပြီး၊ အားလုံးနီးပါးမှာ စစ်တကောင်းသားများ ဖြစ်ကြသည်။
ဂြိုက်ချောင်းရွာ။ ။ရွာခံလူဦးရေမှာ (၁၂၉၄) ဦးဖြစ်ပြီး၊ အများစုမှာ စစ်တကောင်းသားများဖြစ်ကြသည်။
အင်းဒင်ရွာ။ ။ရွာခံများမှာ (၁၅၈၈) ဦးဖြစ်ပြီး၊ ထက်ဝက်ကျော်မှာ စစ်တကောင်းသားများဖြစ်သည်။
အင်ကျူလာရွာ။ ။ရွာခံလူဦးရေ (၁၀၃၁) ဦးရှိသည့်အနက် သုံးပုံတစ်ပုံမှာ စစ်တကောင်းသားများ ဖြစ်ကြသည်။
ခမောင်းဆိပ်ရွာ။ ။ရွာရှိလူဦးရေမှာ (၁၉၀၄) ဦး ဖြစ်ပြီး၊ စစ်တကောင်းသားများမှာ အများစုဖြစ်သည်။
လဘော်ဇာရွာ။ ။စုစုပေါင်းလူဦးရေ (၁၄၀၃) ဦး ဖြစ်ပြီး၊ အားလုံးမှာ စစ်တကောင်းသားများ ဖြစ်ကြသည်။
လိုင်းသေရွာ။ ။ရွာခံလူဦးရေမှာ (၁၆၆၇) ဦး ဖြစ်ပြီး၊ အများစုမှာ စစ်တကောင်းသားများ ဖြစ်ကြသည်။
မောင်းဒူလာရွာ။ ။ရွာခံလူဦးရေ (၁၀၇၆) ဦး ရှိသည့်အနက် အားလုံးမှာ စစ်တကောင်းသားများဖြစ်ကြသည်။
လောင်းဒုန်ရွာ။ ။ရွာခံလူဦးရေမှာ (၁၀၆၄) ဦးဖြစ်ပြီး၊ အများစုမှာ စစ်တကောင်းသားများဖြစ်သည်။
မောင့်နှမရွာ။ ။ရွာခံလူဦးရေ (၁၀၉၅) ဦးရှိသည့်အနက် အများစုမှာ စစ်တကောင်းသားများ ဖြစ်ကြသည်။
မင်္ဂလာကြီးရွာ။ ။ရွာခံလူဦးရေမှာ (၁၂၅၃) ဦး ဖြစ်ပြီး၊ အားလုံးမှာ စစ်တကောင်းသားများ ဖြစ်ကြသည်။
မြင်းလွှတ်ရွာ။ ။ရွာခံလူဦးရေမှာ (၁၈၁၅) ဦးဖြစ်သည်။ အများစုမှာ စစ်တကောင်းသားများ ဖြစ်ကြသည်။
မြို့သူကြီးရွာ။ ။ရွာခံလူဦးရေမှာ (၁၇၆၃) ဦးဖြစ်ပြီး၊ အများစုမှာ စစ်တကောင်းသားများ ဖြစ်ကြသည်။
ငကုရရွာ။ ။ရွာခံလူဦးရေ (၂၁၇၄) ဦး ရှိသည့်အနက် အများစုမှာ စစ်တကောင်းသားများ ဖြစ်ကြသည်။
ညောင်ချောင်းရွာ။ ။ရွာခံလူဦးရေမှာ (၁၀၇၈) ဦးဖြစ်ပြီး၊ အားလုံးမှာ စစ်တကောင်းသားများ ဖြစ်ကြသည်။
ပန်းတော်ပြင်ရွာ။ ။ရွာခံလူဦးရေ (၁၃၀၄) ဦးရှိသည့်အနက် အများစုမှာ စစ်တကောင်းသားများ ဖြစ်သည်။
စိုင်းတောင်ရွာ။ ။ရွာခံလူဦးရေမှာ (၁၅၅၁) ဦးဖြစ်ပြီး၊ အားလုံးမှာ စစ်တကောင်းသားများ ဖြစ်ကြသည်။
စတုံဘော့ရွာ။ ။ရွာသား (၁၀၀၉) ဦးလုံးမှာ စစ်တကောင်းသားများ ဖြစ်သည်။
ရွှေဇာရွာ။ ။ရွာခံလူဦးရေမှာ (၁၃၉၇) ဦးဖြစ်ပြီး၊ အများစုမှာ စစ်တကောင်းသားများ ဖြစ်သည်။
မောင်တောမြို့။ ။မောင်တောမြို့တွင် လူဦးရေ (၂၀၂၃) ဦးရှိပြီး၊ အများစုမှာ စစ်တကောင်းသားများနှင့် ရခိုင်များဖြစ်သည်။
တက်တိုပြင်ရွာ။ ။ရွာခံလူဦးရေမှာ (၁၁၈၀) ဦးဖြစ်ပြီး၊ စစ်တကောင်းသား အများစုပါဝင်သည်။
သ၀င်ချောင်းရွာ။ ။ရွာသား (၁၀၃၁) ဦးအနက် အများစုမှာ စစ်တကောင်းသားများဖြစ်ကြသည်။
သာဇီဂုန်းရွာ။ ။လူဦးရေ (၁၂၉၉) ဦး ရှိသည့်အနက် တစ်ထောင်ကျော်မှာ စစ်တကောင်းသားများ ဖြစ်ကြသည်။
သက်ခိုင်ညှာရွာ။ ။ကျေးရွာလူဦးရေ (၁၀၃၄) ဦးရှိပြီး၊ အားလုံး စစ်တကောင်းသားများဖြစ်သည်။
ဥဒေါင်းရွာ။ ။ရွာသား (၁၅၈၁) ဦးရှိပြီး စစ်တကောင်းသားများချည်း ဖြစ်သည်။
ဦးရှင်ကျရွာ။ ။ရွာသား (၁၀၁၃) ဦးလုံးမှာ စစ်တကောင်းသားများသာ ဖြစ်ကြသည်။
ရေတွင်းကျွန်းရွာ။ ။ရွာသားများမှာ စစ်တကောင်းသားများ ဖြစ်ပြီး၊ (၁၁၃၀) ဦးရှိသည်။
ရေနောက်ငသာရွာ။ ။ရွာသား (၁၁၈၅) ဦးရှိသည့်အနက် အများစုမှာ စစ်တကောင်းသားများဖြစ်ကြသည်။
ဇီးပင်ချောင်းရွာ။ ။စစ်တကောင်းသားများချည်း ဖြစ်ကြပြီး လူဦးရေ (၁၁၅၆) ဦးရှိသည်။
မြန်မာနိုင်ငံသည်
ဗြိတိသျှအိန္ဒိယ၏ ပြည်နယ်တစ်ခုဖြစ်သည့် အချိန်ကာလအတွင်း ဘင်္ဂါလီများ မတန်တဆ
ရွှေ့ပြောင်းဝင်ရောက်လာခဲ့ကြခြင်း ဖြစ်သည်။ ထိုအချိန်ကာလက ဗြိတိသျှတို့
စီးပွားရေးအကျိုးအမြတ်ကို ပိုမိုတိုးပွားလာစေသော
ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကို လျင်မြန်စွာ ချဲ့ထွင်နိုင်စေရန် များစွာ
လိုအပ်နေသည့် လုပ်အားကို ရရှိစေနိုင်ရန် ရခိုင်ဒေသအတွင်းသို့
စစ်တကောင်းသားများ အဆက်မပြတ် လွတ်လပ်စွာ ၀င်ရောက်လာခဲ့ကြသည်။
ဗြိတိသျှအိန္ဒိယမှ မြန်မာနိုင်ငံ ခွဲထွက်ပြီးနောက်ပိုင်း၌ပင် ဗြိတိသျှတို့၏
အကျိုးအမြတ်အတွက် အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏
အဓိကစီးပွားရေးအကျိုးတူပူးပေါင်းလုပ်ဆောင်သူအဖြစ် ဆက်လက်တည်ရှိနေခဲ့သည်။
ဗြိတိသျှများက ရခိုင်ပြည်၏ မြုံနေသော နုန်းတင်မြေနုလွင်ပြင်များကို
စပါကျီဖြစ်လာအောင် ပြောင်းလဲပေးခဲ့ပြီး၊ ဆန်စပါးတင်ပို့မှုကို
လုပ်ဆောင်နိုင်မည့် အလားအလာရှိသည့် ရင်းမြစ်ဒေသတစ်ခု ဖြစ်လာစေခဲ့သည်။
ရွှေ့ပြောင်းအလုပ်သမား အိန္ဒိယလူမျိုးများစွာကို စိုက်ပျိုးရေးကဏ္ဍတွင် အဓိက
အလုပ်လုပ်ခိုင်းကြသည်။ အချို့အိန္ဒိယလူမျိုးများမှာ ကုန်သွယ်ရေးနှင့်
ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းတို့တွင်ပါဝင်လုပ်ဆောင်ကြသည်။ ထို့ကြောင့်
၎င်းတို့သည် ကုန်သွယ်ရေးဗဟိုဌာနမြို့များတွင် စုပြုံနေထိုင်ကြသည်။ အထူးသဖြင့်
အရင်းအနှီးနှင့်ကုန်ပစ္စည်းများ တိုးတက်များပြားလာနေသည့်
သင်္ဘောဆိပ်မြို့များတွင် နေထိုင်ကြသည်။ ဗြိတိသျှများတည်ဆောက်ခဲ့သော
စစ်တွေဆိပ်ကမ်းမြို့သည် ဆန်စပါးရောင်းဝယ်ဖောက်ကားမှုပြုသော
ဗြိတိသျှလုပ်ငန်းများ ရှိသည့် ကုန်သွယ်ရေးဆိုင်ရာ ဗဟိုဌာန ဖြစ်ပါသည်။
ထို့ကြောင့် စစ်တွေမြို့သည် စစ်တကောင်းသား ရွှေ့ပြောင်းအလုပ်သမားများအတွက်
ညှိုယူဖမ်းစားနိုင်စွမ်းသော နေရာဌာနတစ်ခုဖြစ်ပါသည်။
(၁၈၇၂) ခုနှစ် မြန်မာ့သန်းခေါင်စာရင်း (1872 Burma Census) တွင် အောက်ပါအတိုင်း ဖော်ပြထားသည်။
ရခိုင်ပြည်၏မြောက်ဖက်စွန်းပိုင်းရှိတိုင်းတွင်
အဓိကမြို့မှာ စစ်တွေမြို့ (Akyab) ဖြစ်ပြီး၊ လူဦးရေ (၁၉၂၃၀) ဦးရှိသည်။
ကုလတန်မြစ်ဝတွင် တည်ရှိသည်။ နယ်ချင်းထိစပ်နေသော စစ်တကောင်းခရိုင်မှ
ပြောင်းရွှေ့ဝင်ရောက်လာသူများကြောင့် ဒေသတွင်းနေထိုင်သူများအရေအတွက်ကခို
အဆမတန်တိုးပွားလာ စေသည်။
သွားလာဆက်သွယ်ရေးခက်ခဲလှသည့်
ရခိုင်ပြည်သည် အများပြည်သူများ လမ်းပမ်းဆက်သွယ်ရေး လွယ်ကူချောမွေ့စေရန်
တစ်ခုတည်းသောနည်းလမ်းအဖြစ် ရေလမ်းကိုသာ လုံးလုံးလျားလျား မှီခိုနေရသည်။
ဗြိတိသျှတို့ မီးသင်္ဘောကို စတင်မိတ်ဆက် အသုံးပြုပြလိုက်သောအခါ
ရခိုင်ပြည်တွင်းရှိမြစ်များနှင့် ကမ်းရိုးတမ်းရေပြင်တွင် ဥဒဟို သွားလာလျှက်
ရေကြောင်းကုန်စည် ကူးသန်းရောင်းဝယ်မှုကို အဓိကထားလုပ်ကိုင်သော
ရွှေ့ပြောင်းဝင်ရောက်လာသူ စစ်တကောင်းသားများ ပိုမိုတိုးပွားလာစေရန်
မက်လုံးပေးဆွဲဆောင်လိုက်သလိုပင် ဖြစ်ပါသည်။
မြန်မာ့သတင်းလွာ (Burma Gazetteer) အောက်ပါအတိုင်း ဖော်ပြထားသည်။
“ရေလမ်းခရီးဖြင့်သာပြုလုပ်နိုင်သည့်ကုန်စည်ထမ်းပိုးရောင်းဝယ်မှုသည်စစ်တကောင်းသားလှေသမားများ၏လက်ထဲတွင်သာအထူးသဖြင့်ရှိနေသည်။”
ရခိုင်ပြည်ကိုဗြိတိသျှတို့မသိမ်းပိုက်မီကယခင်မြောက်ဦးမြို့(ရခိုင်ဘုရင်တို့၏နောက်ဆုံးနန်းစိုက်ရာမြို့)ဟုခေါ်သည့်မြို့ဟောင်းမြို့နယ်နှင့်အထူးသဖြင့်ကျောက်တော်မြို့နယ်တို့တွင်ကျွန်အလုပ်သမားဘင်္ဂါလီမူဆလင်များ၏အ
ခြေချနေထိုင်မှုအနည်းငယ်ရှိခဲ့သည်။
မြန်မာ့သတင်းလွာ(Burma Gazetteer)တွင်အောက်ပါအတိုင်းဖော်ပြသည်။
“ယခင်ကရခိုင်ဘုရင်များသည်စစ်တကောင်းခရိုင်နှင့်ဒက္ကားမြို့တို့အထိဖြစ်သောကမ်းရိုးတမ်းတစ်ခုလုံးကိုပိုင်ဆိုင်ခဲ့ကြသည်။ထို့ကြောင့်အစ္စလာမ်ဘာသာဝင်များစွာကိုကျွန်အဖြစ်ရခိုင်ပြည်သို့ပို့ပေးကြသည်။ရခိုင်ဘုရင်မင်းရာဇာကြီးကဆန်ဒီ(Sundeep)သို့ပထမဆုံးတိုင်းခန်းလှည့်လည်သွားသည့်နောက်ပိုင်းတွင်ထိုသို့သောကျွန်များစွာကိုခေါ်ယူလာခဲ့သည်ဟုပြောကြသည်။”
မောရစ်ကောလစ်(Mourie Collis)ကအောက်ပါအတိုင်းရေးသားခဲ့သည်။
“အရှေ့ဘင်္ဂလားဒေသရှိမြစ်ကမ်းနဘေးမှကျေးရွာများတွင်နေထိုင်ကြသောဤမူဆလင်များကိုခ
ရစ်ယာန်ဘာသာဝင်ကျွန်ဖမ်းသူများ(ပေါ်တူဂီလူမျိုးများ)ကပြန်ပေးဆွဲကြပြီး၊ရခိုင်ဘုရင်လယ်ယာများတွင်ခိုင်းစေရန်ရောင်းချကြသည်။”
ကုလားတန်မြစ်တလျှောက်တွင်အခြေချနေထိုင်ခဲ့ကြသည့်ကျွန်မျိုးနွယ်လယ်လုပ်သားများသည်
နောက်ပိုင်းတွင်စစ်တကောင်းသားများရောက်ရှိလာသောအခါရောနှောသွားခဲ့ကြသည်။
စမတ်(Smart)၏ရေးသားချက်မှကိုးကားပါမည်။
“စစ်တကောင်းသားများသည်ကုလားတန်မြစ်ကမ်းနဖူးရှိရွာများကိုမျိုးဆက်ပေါင်းများစွာသူတို့၏အိမ်သဖွယ်အသုံးပြုလာခဲ့ကြပြီး၊အသစ်ဝင်ရောက်လာသူများကြောင့်(ထိုရွာများတွင်)နေထိုင်သူအရေအတွက်သည်အဆက်မပြတ်တိုးပွားလာနေသည်။”
ယခင်အချိန်ကိုပြန်ပြောင်းပြောရလျှင်ရခိုင်သူ၊ရခိုင်သားများသည်သူတို့အလုပ်ခန့်ထားသောဘင်္ဂလီအထမ်းသမားများ(Bengali coolies) ၏ ဆလံပေးခြင်း (Slam) (သို့မဟုတ်) အလေးပြုခြင်းကို ခံယူရသည်ကိုပင် ဂုဏ်ယူဝင့်ကြွားလေ့ရှိခဲ့ကြသည်။
ဖီးလစ်(Phillips)ကအောက်ပါအတိုင်းရေးသားထားသည်။
“ယေဘုယျအားဖြင့်ရခိုင်သူ၊ရခိုင်သားများ(theArakanese)သာလယ်ပိုင်ရှင်များဖြစ်ခဲ့သည်။
စစ်တကောင်းသားများကရခိုင်သူ၊ရခိုင်သားများအတွက်လယ်ထွန်ပေးခဲ့ကြရသည်။”
ကာလကြာသောအခါ
လယ်ပိုင်ရှင်ရခိုင်ဗုဒ္ဒဘာသာဝင်များကို ရွှေ့ပြောင်းဝင်ရောက်သူ
စစ်တကောင်းသားများက အိမ်ခြံမြေများမှ တွန်းထုတ်ခံခဲ့ကြရသည်။
စမတ် (Smart) က အောက်ပါအတိုင်း မှတ်ချက်ချခဲ့သည်။
”အနောက်အရပ်မှ
စစ်တကောင်းသားများ မှန်မှန် စုပြုံဝင်ရောက်မလာမီကပင် ရခိုင်သူ၊
ရခိုင်သားများကို တဖြည်းဖြည်း တွန်းထုတ်ခံနေခဲ့ရသည်ဟူသောအချက်မှာ
အသိသာကြီးပင် ဖြစ်သည်။
စစ်တကောင်းခရိုင်မှ အလုံးအရင်းဖြင့်
ဝင်ရောက်လာမှုသည် ဆက်လက်ရှိနေဆဲဖြစ်ပြီး၊ ရခိုင်ဒေသခံများကို
အရှေ့ဖျားပိုင်းသို့ တဖြည်းဖြည်း တွန်းထုတ်လာကြသည်။“
အထက်တွင်ဖော်ပြခဲ့သော
မြို့များ၊ ရွာများအားလုံးနီးပါးကို ရခိုင်ဒေသခံများက ကနဦးကတည်းက
တည်ထောင်ခဲ့ကြသည်။ (မြို့၊ ရွာများ၏ အမည်နာမကပင် ဤအဆိုကို သက်သေပြနေပါသည်။)
ဤရခိုင်မြို့၊ ရွာများကို အထူးသဖြင့် မောင်တောနှင့်
ဘူးသီးတောင်မြို့နယ်များတွင် စစ်တကောင်းသားများက ၀ါးမျိုပြီး၊
အပိုင်စီးသွားခဲ့ကြသည်ဟူသောအချက်မှာလည်း ပြောစရာမလိုချေ။
စမတ် (Smart) က အောက်ပါအတိုင်း အခိုင်အမာ အတည်ပြု ရေးသားခဲ့သည်။
မောင်တောမြို့နယ်ကို
ဝင်ရောက်လာသူစစ်တကောင်းသားများက အပြတ်အသတ် အောင်နိုင်သွားခဲ့ပြီဖြစ်သည်။
ဘူးသီးတောင်မြို့နယ်မှာ မကြာသော ကာလတွင် ၎င်းတို့လက်တွင်း သက်ဆင်းရတော့မည့်
အခြေအနေရှိနေပြီး၊ စစ်တွေခရိုင်တစ်ခုလုံးနီးပါးတွင်
အသစ်ဝင်ရောက်လာသူများကို တွေ့ရှိမည်မှာကား မလွဲပေ။
ရခိုင်ပြည်သည် စစ်တကောင်းသားသူရင်းငှားများ တရှိန်ထိုး ၀င်ရောက်လာကြသည့် တစ်ခုတည်းသောဒေသကား မဟုတ်ပေ။ အထူးသဖြင့် (၁၈၆၉) ခုနှစ်၊ စူးအက်တူးမြောင်းဖွင့်ပြီးနောက်
ဗြိတိသျှတို့က စီးပွားရေးတိုးတက်လာစေရန် တိုးချဲ့လုပ်ဆောင်မှုကြောင့်
အိန္ဒိယအလုပ်သမားများ အဆက်မပြတ် တိုးပွားလာမှုသည် မြန်မာနိုင်ငံ၏
အခြားသောနေရာများ (အထူးသဖြင့် မြန်မာနိုင်ငံ အောက်ပိုင်း) ကိုပါ ကြီးမားစွာ
ဆိုးကျိုးဖြစ်စေခဲ့သည်။ ဗြိတိသျှကိုလိုနီနယ်မြေချဲ့ထွင်မှုနှင့်အတူ
ပူးတွဲပါလာသော အိန္ဒိယတိုက်ငယ် (the Indian sub-Continent) (ဤနယ်မြေသည်
ဗြိတိသျှအင်ပါယာ၏ အဓိကအကျဆုံးနယ်မြေဖြစ်သည်။) မှ တိုင်းတပါးသားများ
အလုံးအရင်းဖြင့် ရွှေ့ပြောင်းဝင်ရောက်လာမှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့်
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အိန္ဒိယလူမျိုးများ၏ ဒဏ်ကို
အခံရဆုံးနိုင်ငံတစ်ခု ဖြစ်ခဲ့သည်။
ဂျီဒီအီးဟော(G. D. E. Hall) က အောက်ပါအတိုင်း ရေးသားထားသည်။
(၂၀)
ရာစုအစပိုင်းတွင် အိန္ဒိယလူမျိုးများသည် တစ်နှစ်လျှင် (၂၅၀၀၀၀)
ဦးနှုန်းဖြင့် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိလာနေခဲ့ပြီး၊
ဝင်ရောက်လာသူအရေအတွက်မှာ နှစ်စဉ် တရှိန်ထိုး မြင့်တက်လျှက်ရှိသည်။ (၁၉၂၇)
ခုနှစ်တွင် ၀င်ရောက်သူအရေအတွက်မှာ (၄၈၀၀၀၀) ဦးအထိ
အမြင့်ဆုံးစံချိန်တင်သွားခဲ့သည်။
မစ်လ့တန် ဒဗလျူ မေယာ (Milton W. Meyer) က အောက်ပါအတိုင်း ရေးသားထားသည်။
အိန္ဒိယလူမျိုးများသည်
အသက်မွေးဝမ်းကျောင်းအလုပ်များ လုပ်ကိုင်ရန်၊ ငွေချေးငှာရန်နှင့်
ဈေးပေါပေါဖြင့် အလုပ်ကြမ်းလုပ်ရန် ရောက်လာကြခြင်းဖြစ်သည်။
ဝီလီယန် အီး ကားတစ် (William E. Curtis) က အောက်ပါအတိုင်း ရေးသားထားသည်။
မြန်မာနိုင်ငံသည်
အိန္ဒိယ၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေခြင်းမှာ အုပ်ချုပ်ရေးဆိုင်ရာ
ရည်ရွယ်ချက်အတွက်သာ ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံနှင့်
အိန္ဒိယနိုင်ငံတို့မှာ မည်သည့်ဘက်ကမှ မတူညီကြပေ။ မြန်မာနိုင်ငံတွင်
လုပ်ခလစာမှာ အိန္ဒိယနိုင်ငံမှ အလားတူလုပ်အားအတွက် ပေးသော လုပ်ခလစာထက်
သုံးဆပိုမိုများပြားသည်။ ထိုအခြေအနေကြောင့်
ဘင်္ဂလားပင်လယ်အော်ကမ်းရိုးတမ်းတစ်လျှောက်မှ ဟိန္ဒူဘာသာဝင်များကို
လယ်ကွက်များ၊ အခြားသော သီးပင်၊ စားပင်စိုက်ပျိုးခင်းများနှင့်
ကျွန်းသစ်တောများတွင်အလုပ်လုပ်ရန် ရောက်ရှိလာကြပေသည်။
ဖရန့်ဂျီကာပင်တာ (Frank G. Carpenter) က အောက်ပါအတိုင်း ရေးသားဖော်ပြထားသည်။
မြန်မာနိုင်ငံ၏
မြို့တော် ရန်ကုန်တွင် အာရှိတိုက်ရှိ နိုင်ငံတိုင်းနှင့်
မျိုးနွယ်စုအားလုံးနီးပါးမှ လူများရှိနေသည်။ လူဦးရေ (၃၅၀၀၀၀) ဦးရှိပြီး၊
အိန္ဒိယလူမျိုး (၁၀၀၀၀၀) ဦးကျော်မှာ ဟိန္ဒူစတန် (Hindustan) ၏
အစိတ်အပိုင်းအမျိုးမျိုးမှ ဖြစ်ကြသည်။
ဗြိတိသျှတို့
မြန်မာနိုင်ငံကိုသိမ်းပိုက်ထားသောကာလအတွင်း ၀င်ရောက်လာသူ အိန္ဒိယလူမျိုးများ
လွန်စွာများပြားလှသောကြောင့် (မြန်မာနိုင်ငံကို) အိန္ဒိယမှ ခွဲထုတ်ပြီး၊
ကိုယ်ပိုင်အာဏာအပြည့်အ၀ရှိသော အစိုးရ တစ်ခု အမြန်ဆုံး ဖွဲ့စည်းပေးရန်
အပူတပြင်း တောင်းဆိုလာစေခဲ့သည်။
(၁၉၃၉) ခုနှစ်တွင်
အိန္ဒိယလူမျိုးများ ၀င်ရောက်မှုကို ကန့်သတ်ရန် လတ်တလော ရည်ရွယ်ချက်ဖြင့်
ဗြိတိသျှအာဏာပိုင်များက ကော်မရှင်တစ်ခုကို ဖွဲ့စည်းခဲ့ကြသည်။ သို့သော်
ဒုတိယကမ္ဘာစစ်ကြောင့် ထိုသို့သော အခွင့်အာဏာကို အကောင်အထည် မပေါ်လာစေခဲ့ပေ။
ဟောလ့ (Hall) က အောက်ပါအတိုင်း ရေးသားထားသည်။
တိုးပွားလာသော
အိန္ဒိယလူမျိုးများ ၀င်ရောက်မှုနှင့် စီးပွားရေးပြိုင်ဆိုင်မှုတို့ကို
နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်လာရသောအချိန်တွင် မြန်မာနိုင်ငံသည်
အိန္ဒိယလူမျိုးများ အုပ်ချုပ်သော အိန္ဒိယဓနသဟာယနိုင်ငံ၏
လက်အောက်ခံနိုင်ငံငယ်တစ်ခု ဖြစ်လာမည်ကို စိုးကြောက်ခဲ့ကြသည်။
အိန္ဒိယတိုက်ငယ်မှ
မြန်မာနိုင်ငံအတွင်းသို့ လူဦးရေအဆမတန် ၀င်ရောက်ခဲ့မှုမှာ ငြင်းမရသော
အချက်ပင်ဖြစ်သည်။ ထို့အတူ အရှေ့တွင် ဆွေးနွေးခဲ့သည့်အတိုင်း
ရခိုင်ပြည်အတွင်းသို့ စစ်တကောင်းသားများ
ဝင်ရောက်အခြေချနေထိုင်လာမှုဖြစ်စဉ်သည် မည်သို့မှ မငြင်းဆိုနိုင်သော
ပကတိအမှန်တရားပင် ဖြစ်သည်။ ထို့ကြောင့် အာရပ်သင်္ဘောများဖြစ်သည်ဟူ၍
ကောက်ကျစ်စဉ်းလဲစွာ ပြောဆိုရေးသားခဲ့ကြသည် ရိုဟင်ဂျာအမည်ခံများသည်
စစ်တကောင်းခရိုင်တွင်နေထိုင်ကြသည့် သူတို့နှင့်ဇာတိမြေတူ လူမျိုးများနှင့်
အတူတူပင် ဖြစ်သည်။ တစ်နည်းအားဖြင့် ၀င်ရောက်လာသော
ဘင်္ဂါလီမူဆလင်မျိုးရိုးစဉ်ဆက်များသာ ဖြစ်သည်။ ၎င်းရိုဟင်ဂျာအမည်ခံများနှင့်
ဘင်္ဂါလီမူဆလင်များမှာ မျိုးနွယ်တစ်စုတည်းတွင်ပါဝင်ကြပြီး၊ ဘာသာစကား၊
ယဉ်ကျေးမှု၊ အလေ့အထများ၊ လူမှုရေးဆိုင်ရာအသုံးအနှုန်းများနှင့်
ဟန်ပန်အမူအရာတို့တွင်ပါ တူညီကြပြန်သည်။ ထို့ပြင် ရိုဟင်ဂျာအမည်ခံများနှင့်
ဘင်္ဂါလီမူဆလင်များသည် ရုပ်ရည်လည်းထပ်တူ၊ အသွင်အပြင်လည်း မခြား၊
စိတ်နေသဘောထားလည်း လုံးဝ မကွဲပြားကြကြောင်း တွေ့ရသည်။
(စာမျက်နှာ (၂၅) မှ (၃၆) အထိ ပြီးပါပြီ။)
(ဆက်လက်ဘာသာပြန်ဆို တင်ပြပါမည်။)
လေးစားစွာ
ဇွဲသစ် (ရမ္မာမြေ)
၆.၃.၂၀၁၃ (ဗုဒ္ဒဟူးနေ့)
You Are Here: Home - ကုလား(သို့)ဘင်္ဂလီ , ပင်မစာမျက်နှာ , ဘာသာပြန် , ဆောင်းပါး - Rohingya Hoax (ရိုဟင်ဂျာလုပ်ဇာတ်) (by Maung Tha Hla) ဘာသာပြန်၊ အပိုင်း (၄)