You Are Here: Home - ပင်မစာမျက်နှာ , သတင်း - စစ်တွေမြို့မှ ရေချမ်းပြင်အထိ ရထားလမ်းတစ်လျှောက်တွင် ရှိသော ဇလီဖားတုံး များအား ဘင်္ဂလီများက ခိုးယူဖျက်ဆီးထားခြင်းအပေါ် အရေးယူခြင်းမရှိ

ထိုသို့ဖျက်ဆီးထားသော်လည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တစ်စုံတစ်ဦးကိုမျှ အရေးယူနိုင်ခြင်းမရှိသေးကြောင်းနှင့် နိုင်ငံတော်ပိုင် ရထားလမ်း၏ ဇလီဖားတုံး များကို ထိုသို့ ခိုးယူဖျက်ဆီးထားခြင်းခံရသော နေရာများတစ်လျှောက်ရှိ ရထားလမ်းဘေး ၀ဲယာတွင် ဘင်္ဂလီများ၏ ကျေးရွာများရှိနေကြောင်းနှင့် ယင်း ကျေးရွာများအနီးတွင် ထိုသို့ ပျက်စီးသွားခြင်းဖြစ်သည်ဟုလည်းသိရ သည်။
ထိုဘင်္ဂလီများသည် အစိုးရ၏ လုပ်ငန်းများကိုပင် ဖျက်ဆီးခြင်းများသည် ရခိုင်ပြည်နယ်အစိုးရအား စိန်ခေါ်ခြင်းဖြစ် သည်ဟုလည်း နိုင်ငံရေးအကဲခတ်များက ပြောဆိုကြပါသည်။ အစိုးရကိစ္စဖြစ်သဖြင့် ပြည်သူများအနေဖြင့် ၀င်ရောက် စွက်ဖက်ခြင်းမပြုနိုင်သကဲ့သို့ မီးရထားဌာမှလည်း ထိုကစ္စရပ်များကို ဖုံးဖိထားကြောင်းသိရှိရပါသည်။
ရထားလမ်းအားဖျက်ဆီးခြင်းသည် နိုင်ငံတော်၏ လုပ်ရပ်များအားဖျက်ဆီးခြင်းဖြစ်သဖြင့် ထိရောက်စွာအရေးယူသင့် ကြောင်းနှင့် မြန်မာနိုင်ငံအတွင်း မည်သည့် နေရာတွင် မဆို ထိုသို့ ရထားလမ်းများကို ဖျက်ဆီးခြင်းများရှိပါက ထိ ရောက်စွာအရေးယူလေ့ရှိကြောင်းလည်းသိရှိရပါသည်။
RSV
Blogger Widgets