You Are Here:
Home -
ကုလား(သို့)ဘင်္ဂလီ
,
ပင်မစာမျက်နှာ
,
သတင်း
-
သံတွဲတွင် ရခိုင်အမျိုးသမီးတစ်ဦးအား ဘင်္ဂလီမူဆလင်တစ်ဦးက မုဒိမ်းကျင့်
သံတွဲတွင် ရခိုင်အမျိုးသမီးတစ်ဦးအား ဘင်္ဂလီမူဆလင်တစ်ဦးက မုဒိမ်းကျင့်
Posted by Unknown on 4:06 AM //
ရခိုင်ပြည်နယ် သံတွဲမြို့နယ် ဂွေ့ချောင်းကျေးရွာအုပ်စု ဆိပ်ကြီးကျေးရွာတွင်
ရခိုင်အမျိုးသမီးဦးအားမူဆလင် ဘာသာဝင် ဘင်္ဂလီလူငယ် တစ်ဦးက ဇန်န၀ါရီလ ၂၅
ရက်နေ့ ညနေတွင် အလိုမတူသားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့ကြောင်းသိရသည်။
ဂွေ့ချောင်းကျေးရွာအုပ်စု ၊ဆိပ်ကြီးကျေးရွာနေ
ရခိုင် ဗုဒ္ဓဘာသာဝင် (ဘ) ဦးပုတို၏ သမီး မ၀င်းခင် (၃၄နှစ်) အား အောက်နတ်မော် ကျေးရွာအုပ်စု၊ မြင်းစိမ်းမော်ကျေးရွာနေဘင်္ဂလီမူဆလင်
(ဘ)ဦးမျိုးနိုင်၏သား မျိုးကိုကိုဦး (ခ) အရှည်ကြီး (၂၁နှစ်)က ဇန်န၀ါရီလ
၂၅ ရက်နေ့ ညနေ ၆း၃၀ ခန့်တွင် ဆိပ်ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းအရှေ့ဘက်
ကိုက် ၅၀ အကွာ၊ ပြားတောထဲ၌ အဓမ္မ ပြုကျင့်ခဲ့ခြင်းဖြစ်သည်။
အခင်းဖြစ်သည့်နေ့ ညနေက ဆိပ်ကြီးဘုန်းတော်ကြီးကျောင်းတွင်
ကာရာအိုကေသီချင်းဆိုပြိုင်ပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကာ မ၀င်းခင်
ပွဲသို့သွားရောက်စဉ် မျိုးကိုကိုဦးက ၎င်းပွဲသို့ လာရောက်ရာမှ
အခင်းဖြစ်ပွားခဲ့ခြင်းပြီး၊ သမီးပျောက်၍ မိခင်ဖြစ်သူဒေါ်ပိန်ပိန်ကလိုက်ရှာရာ
အဆိုပါပြားတောထဲ၌ မ၀င်းခင် ထိုင်၍ ငိုနေသည်ကိုတွေ့ရှိခဲ့ရသဖြင့်
မေးမြန်းသောအခါ မျိုးကိုကိုဦးက ၄င်းအား အလိုမတူသားမယားအဖြစ် အဓမ္မပြုကျင့်
ခဲ့ကြောင်းရှင်းပြသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မိခင်
ဒေါ်ပိန်ပိန်သည် ဂွေ့ချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်ညွှန့်၊
ဂေါပက အဖွဲ့ဝင်များဖြစ်သော ဦးမြင့်နိုင်နှင့် ကိုလေးမောင်တို့ကို
အခင်းဖြစ်သည့်နေ့၌ပင် သွားရောက်တိုင်တန်းခဲ့ သော်လည်း
အရေးယူခြင်းတစုံတရာမရှိခဲ့ကြောင်းသိရသည်။
ထို့ကြောင့် ဒေါ်ပိန်ပိန်သည် ဇန်န၀ါရီလ ၂၈ ရက်နေ့ ညနေ ၂ နာရီ ၄၀ မိနစ်တွင်
သံတွဲ၊ ရွှေလှေရဲစခန်းသို့ သွားရောက် တိုင်တန်းရာ ရဲစခန်းမှ
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၆အရ အမှုဖွင့်ထားပြီး ပြစ်မှုကျူးလွန်သည်ဟု
စွပ်စွဲခံရသော မျိုးကိုကိုဦးအားဖမ်းဆီးထိန်းသိမ်း၍ သံတွဲမြို့နယ် ရဲစခန်း၌ စစ်ဆေးမှုများ ပြုလုပ်လျှက် ရှိကြောင်းသိရသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၂ခုနှစ်မေလက ကျောက်နီမော်ရွာမှ
ရခိုင်သမီးပျိုမသီတာထွေးအား ဘင်္ဂလီလူငယ် သုံးဦးက
မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သည့်နောက် ရခိုင်နှင့် ဘင်္ဂလီပဋိပက္ခကြီးမားစွာဖြစ်ပွားခဲ့ပြီးသည့်နောက်ပိုင်း ဘင်္ဂလီက ရခိုင်သမီးပျိုအား ယခုအကြိမ် မုဒိမ်းကျင့်မှုမှာ ဒုတိယအကြိမ်မြောက် အထင်တရှား ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။
ရက္ခိုင် သတင်း ဌာန