wontharnu
မြန်မာနိုင်ငံတွင်း တရားမဝင် ဝင်ရောက်နေထိုင်သူ ဘင်္ဂလီများ၏ လိမ်ညာလှည့်ဖြားမှုအောက်တွင် နိုင်ငံတကာနှင့် ပြည်တွင်း/ပ မှ ရခိုင်ပြည်အရေး စိတ်ဝင်စားသူတို့အား ၎င်းတို့၏ သရုပ်သဏ္ဍန် အမှန်အား လက်တွေ့ကျကျ သိရှိလေ့လာနိုင်စေရန်  မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် အစဉ်တစိုက် ရေးသားဖော်ပြနေသော ရခိုင်လူငယ် စာရေးဆရာ မြတ်သိန်းထွန်း၊ ကလောင်ခွဲ – ငချွန်းယေ၊ (အယ်ဒီတာချူပ် – ဝံသာနု သတင်းဌာန) နှင့် တွေ့ဆုံစဉ် စာဖတ်ပရိတ်သတ်များ စိတ်ဝင်စားစေမည့် အကြောင်းအရာတချို့အား ရွေးချယ်ပြီး Arakan Review မှ ဆက်သွယ် မေးမြန်းခဲ့ပါသည်။ စာဖတ်ပရိသတ်များ အားလုံး ဖတ်ရှုလေ့လာနိုင်ရန် ဖော်ပြအပ်သည်။
Arakan Review မကြာခင်လပိုင်းအတွင်းပြုလုပ်မဲ့ ရခိုင်ဘက်က သမိုင်းပညာရှင် ဒေါက်တာအေးချမ်းနဲ့ ဘင်္ဂလီလူမျိုး ဦးဌေးလွင်ဦးတို့ရဲ့စကားစစ်ထိုးပွဲကို အကို့အနေနဲ့ ဘယ်လိုသုံးသပ်ပါသလဲခင်ဗျား။ တကယ်လိုအပ်တယ်လို့မြင်ပါသလား။
ဝံသာနု ဘင်္ဂလီတွေအနေနဲ့ သူတို့ရဲ့ သမိုင်းတုတွေကို ပရိုမိုးရှင်းလုပ်ဖို့ ရခိုင်သမိုင်းပညာရှင်တွေကို ခုတုံးလုပ်ဖို့ ကြိုးစားတာလို့ပဲ မြင်မိပါတယ်။ လိုအပ်သလားဆိုတော သူတို့ဖက်က အသည်းအသန် လိုအပ်နေပါတယ်။ ကျွန်တော်တို့ ဖက်ကတော့ မလိုအပ်ပါဘူး။ ကျွန်တော့်အမြင်ပြောရရင် သမိုင်းဆိုတာမျိုးက အထောက်အထား အကိုးအကားနဲ့ တွဲလျှက်တင်ပြရတာပါ။ စကားနဲ့ပြောရုံနဲ့ မလုံ လောက်ပါဘူး။ ခက်တာက သူတို့စိန်ခေါ်တာကို မထွက်ပဲနေပြန်ရင်လည်း ကိုယ့်ဖက်က မမှန်လို့၊ လိပ်ပြာမလုံလို့ မထွက်ပဲနေတယ်။ သတ္တိမရှိဘူးဆိုပြီး ရခိုင်သမိုင်းပညာရှင်တွေကို ရှုံ့ချ အောင်ပွဲခံကြလိမ့်မယ်။ ထွက်ပြန်တော့လည်း အထောက်အထားမရှိ၊ စိတ်ထင်ရာလျှောက်ပြောမယ့် ပညာရှင် နာမည်ခံ ပုဂ္ဂိုလ်မျိုးကို ဘယ်လိုမှတန်းမတူပဲ လက်သင့်ခံ စကားစစ်ထိုးရအုန်းမယ်။ ဘင်္ဂလီတွေဟာ ဒီလိုမျိုး သူတို့ဖက်က အရှုံးမရှိတဲ့ ရလာဒ်တွေကို မျှော်ကိုးပြီး ဒီ စိန်ခေါ်မှုကို ပြုလုပ်ခဲ့တာလို့ပဲ ကျွန်တော်အနေနဲ့ သုံးသပ်မိပါတယ်။ ပုဂ္ဂိုလ်ရေးအနေနဲ့ ပြောရရင် ဦးဌေးလွင်ဦးဟာ ဒီသမိုင်းကြောင်း စကားစစ်ထိုးပွဲမှာ အထင်ရှားဆုံး ရခိုင်သမိုင်းပညာရှင် ပါမောက္ခ ဒေါက်တာအေးချမ်းလို ပုဂ္ဂိုလ်မျိုးနဲ့ ယှဉ်ပြိုင်ခွင့်ရလို့ ဘင်္ဂလီအသိုင်းအ၀ိုင်းမှာ သူရဲကောင်း တစ်ယောက်အဖြစ် နာမည်ကြီးသွားမှာ သေချာသလောက်ရှိပါတယ်။ အဲဒါကြောင့် ဘင်္ဂလီတွေဟာ ရခိုင်သမိုင်းပညာရှင်တွေကို ခုတုံးလုပ်ဖို့သက်သက် စိန်ခေါ်တာလို့ ကျွန်တော် သုံးသပ်ခဲ့တာဖြစ်ပါတယ်။
Arakan Review အဲဒီစကားစစ်ထိုးပွဲ ပြုလုပ်တဲ့အခါမှာ ဘင်္ဂလီတွေဘက်က သူတို့ဟာရိုဟင်ဂျာ လူမျိုးတွေပါ။ ရခိုင်ပြည်မှာနေလာခဲ့တာ ကြာပါပြီ။ ရခိုင်ဒေသဟာ သူတို့ ရိုဟင်ဂျာတွေရဲ့ ဘိုးစဉ်ဘောင်ဆက် နေလာခဲ့တဲ့ နေရာဖြစ်တယ် ဆိုပြီးတော့ ပြောနေကြတယ်။ အဲဒါကို သူတို့ဘက်က ဆွေးနွေးလာခဲ့ရင် လွယ်လွယ်ကူကူနဲ့ ချေပနိုင်ခြေရှိပါ့မလား။
ဝံသာနု သမိုင်းတစ်ခုကို ပြုစုတဲ့နေရာမှာ ရာဇ၀င်တွေထဲကနေ အမှန်တကယ်ဖြစ်နိုင်ခြေရှိတဲ့ အချက်အလက်တွေကိုပဲ ယုတ္တိကျကျစီစစ်ပြီး ရွေးထုတ်ပြုစုရပါတယ်။ ရခိုင်အပါအ၀င် အရှေ့တောင်အာရှ ဒေသ တော်တော်များများဟာ ဗုဒ္ဓဘာသာယဉ်ကျေးမှု မ၀င်ရောက်ခင် ဟိန္ဒူယဉ်ကျေးမှု လွှမ်းမိုးခံခဲ့ရပါတယ်။ ဘာသာစာပေတွေဟာလည်း ဟိန္ဒူယဉ်ကျေးမှုစာပေတွေကနေ ဆင်းသက်လာခဲ့တာပါ။ အဲဒီအချက်ကိုကြည့်ပြီး ဟိန္ဒူဘာသာဝင်တွေ ထီးနန်းစိုးစံခဲ့လို့ အဲလူမျိုးတွေဟာ အိန္ဒိယတိုက်ငယ်ကနေ ၀င်ရောက်လာတဲ့ ကုလားတွေလို့ သုံးသပ်လို့မရပါဘူး။ နောက်တချက်က သူတို့အမြဲပြောပြောနေတဲ့ အာရပ်သင်္ဘောပျက်ပုံပြင် ဆိုတာကလည်း တကယ်တမ်း လုံးဝမဖြစ်နိုင်တဲ့အကြောင်းအရာပါပဲ။ အာရပ်တွေ ကုန်ကူးလို့ အင်ဒိုနီးရှားမှာ အစ္စလာမ်ဘာသာ ပြန့်နှံ့ခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ နှိုင်းယှဉ်ပြီး ရခိုင်မှာလည်း ဒေသခံတွေနဲ့ အာရပ်တွေ သွေးနှောပြီး အစ္စလာမ်ဘာသာဝင် ရိုဟင်ဂျာတွေ ဖြစ်ပေါ်လာတယ်ဆိုတဲ့ တင်ပြချက်မျိုးက ယုတ္တိမရှိလှပါဘူး။
လူမျိုးစုတစ်ခုဟာ ဒေသတစ်ခုရဲ့ ဌာနေတိုင်းရင်းသားဖြစ်ကြောင်း သက်သေပြနိုင်ဖို့ ယဉ်ကျေးမှုအဆောက်အအုံတွေ စာပေလက်ရာတွေ
သမိုင်းကြောင်းအထောက်အထားတွေ ရှိရပါမယ်။ သူတို့မှာ ရခိုင်တွေထက်စောပြီး နေထိုင်ခဲ့တယ်ဆိုတဲ့ အထောက်အထားက ဘာမှ မယ်မယ်ရရပြစရာမရှိပါဘူး။ မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေဟာ မျိုးနွယ်အလိုက် ရုပ်အမျိုးမျိုး မဆိုစလောက် ကွဲပြားကြပေမယ့် ဘင်္ဂလီရုပ်ထွက်တဲ့လူတော့ မရှိသလောက်ရှားပါတယ်။ သူတို့ပြောပြောနေတဲ့ အာရပ်တွေနဲ့ ရခိုင်ဒေသခံအမျိုးသမီးတွေ သွေးနှောပြီး ရိုဟင်ဂျာမျိုးနွယ်စု ဘင်္ဂလီရုပ်တွေ ထွက်လာတယ်ဆိုတဲ့ကိစ္စဟာ ဒီလူမျိုးတွေသာ ကျွန်တော်တို့ ရခိုင်တွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ခေတ်အဆက်ဆက် ရန်မပြုခဲ့ဘူးဆိုရင် အင်မတန်ရယ်ရတဲ့ ဟာသပြက်လုံးတစ်ခု ဖြစ်နေမှာပါ။ အခု ကျွန်တော်အကြမ်းဖျဉ်း ပြောသွားတဲ့ အချက်အလက်တွေကို ကြည့်ရင် ချေပဖို့ လွယ်ကူသလား၊ မလွယ်ကူဘူးလားဆိုတာကို ရှင်းရှင်းလင်းလင်း သိနိုင်ပါလိမ့်မယ်။
Arakan Review ရခိုင်ပြည်ထဲကို တရားမ၀င် ၀င်ရောက်နေထိုင်ကြတဲ့ ဘင်္ဂလီလူမျိုးတွေဟာ သူတို့အခုပြောနေကြတာကို ကြည့်ခြင်းအားဖြင့် ဒါဟာ သမိုင်းအထောက်အထားမရှိတဲ့ လုပ်ကြံမှုတစ်ခုဖြစ်တယ်။ အဲဒီ လုပ်ကြံချက်တွေကို ဘာ့အတွက် အခုလို ကြိုးစားပမ်းစား လုပ်နေတယ်လို့ မြင်ပါသလဲ။
ဝံသာနု အဲဒါနဲ့ ပတ်သက်ပြီးပြောရရင် တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လူဦးရေ အဆမတန် ဖောင်းပွနေတဲ့ အခြေအနေရယ်၊ နှစ်စဉ် ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်ကို ခံစားနေရတဲ့အတွက် သူတို့ရဲ့ ဇစ်မြစ်ဖြစ်တဲ့ ဒီနိုင်ငံကို ပြန်လည်အခြေချဖို့ လုံးဝ မဖြစ်နိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ ခု မြန်မာနိုင်ငံ ဧရိယာထက်ပိုသေးငယ်တဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ လူဦးရေဟာ မြန်မာထက်နှစ်ဆ သုံးဆပိုများပါတယ်။ နောက်တချက်က အဲဒီအခြေအနေကြောင့်တင်မကပဲ၊ ဘင်္ဂလားဒေ့ရှ်ရဲ့ စီးပွားရေးအခြေအနေကလည်း သူတို့ကို လက်သင့်ခံဖို့ အခက်အခဲတွေ ရှိနေပါတယ်။ နောက်တချက်က များသောအားဖြင့် မူဆလင်တွေဟာ ဘယ်နေရာကိုပဲ ရောက်ရောက် လူ့အဖွဲ့အစည်းတစ်ခု ခိုင်ခိုင်မာမာတည်ဆောက်မိပြီဆိုတာနဲ့ နိုင်ငံရေးကို ဘာသာရေးနဲ့ ထိုးဖောက်ဖို့ကြိုးစားတတ်ကြပါတယ်။ ခုလည်း အဲဒီသဘောပါပဲ။ လွတ်လပ်ရေးကြိုးပမ်းမှုမတိုင်ခင် ဖြစ်ပွားခဲ့တဲ့ မြေယာပိုင်ဆိုင်မှု အငြင်းပွားခြင်းတွေကနေ စတင်ခဲ့တဲ့ အဓိကရုဏ်းတွေ နောက်ပိုင်း မူဂျာဟစ်သူပုန်ထမှုကိုကြည့်ရင် သိနိုင်ပါတယ်။ ဘာသာရေးအစွန်းရောက်တဲ့ ဒီဘင်္ဂလီတွေဟာသူတို့ရဲ့ ဘာသာရေး ခေါင်းဆောင်တွေက ဟောပြောသမျှကို မျက်စိမှိတ်ယုံကြည် တတ်ကြပါတယ်။ အဲဒီစာတတ်တဲ့ လက်တစ်ဆုပ်စာ ဘာသာရေး၊ လူမျိုးစု ခေါင်းဆောင်တွေကနေ မှိုင်းတိုက်ပြီး တီထွင်ခဲ့တဲ့ ရိုဟင်ဂျာသမိုင်းတုကို ခုချိန် မျိုးဆက်နှစ်ဆက်လောက် ဖြတ်သန်းပြီးတဲ့အချိန်မှာ ဘင်္ဂလီအများစုက အမှန်တရားအဖြစ် ယုံကြည်နေကြပါပြီ။ နောက်ပြန်လှည့်လို့ မရတော့တဲ့ အခြေအနေမျိုးမှာ ဘင်္ဂလီတွေအနေနဲ့ ဗုဒ္ဓဘာသာအများစုနေထိုင်တဲ့ မြန်မာနိုင်ငံမှာ မူဆလင်ကြီးစိုးတဲ့ ခြေကုပ်စရာနယ်မြေတစ်ခု အပိုင်ရဖို့ ရိုဟင်ဂျာဆိုတဲ့ နာမည်တစ်ခုကို တီထွင်ဖန်တီးပြီး တကယ့်ကိုဗျူဟာကျကျ ဆယ်စုနှစ်နဲ့ချီ လက်ဆင့်ကမ်း အကောင်အထည်ဖော်ခဲ့ကြတာပါ။ နောက်တစ်ချက်က နိုင်ငံတကာကို နိုင်ငံမဲ့ဒုက္ခသည်တွေအဖြစ် လှေစီးခိုးဝင်ဖို့ အများဂရုဏာသက်စရာ ခေါင်းစဉ်လှလှတစ်ခုအဖြစ် အသုံးချခဲ့တယ် ဆိုရင်လည်း မမှားပါဘူး။
Arakan Review စကားစစ်ထိုးပွဲ ပြုလုပ်ဖို့အတွက် ရခိုင်ဘက်က ဒေါက်တာအေးချမ်း လက်မခံခင်မှာ ကိုမြတ်သိန်းထွန်းက ဆွေးနွေးလိုကြာင်း ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ အဲဒီစကားစစ်ထိုးပွဲမှာ အကို့ကို ပါဝင်ခွင့်ပေးခဲ့ရင် ပြောဖို့ အစီအစဉ် ရှိပါသလား။ ပြောဖို့လိုမယ်လို့ ထင်ပါသလား။
ဝံသာနု ကျွန်တော်ကတော့ စကားနဲ့ဆွေးနွေးဖို့ စိတ်မ၀င်စားပါဘူး။ အထောက်အထားခိုင်ခိုင်လုံလုံနဲ့ စာရေးသားဆွေးနွေးဖို့ပဲ ဆန္ဒရှိ ပါတယ်။ အဲအတိုင်းပဲ ဦးဌေးလွင်ဦးကို စိန်ခေါ်ထားပါတယ်။ ခုလောလောဆယ် မူဆလင် သမိုင်းပညာရှင် ဦးရဲရင့်သစ္စာနဲ့ ကျွန်တော် ဘင်္ဂလီ-ရခိုင်သမိုင်းအကြောင်း ဆွေးနွေးနေတုန်းပါပဲ။ အဲလိုမျိုး အပြန်အလှန်စာရေးသားပြီး ဆွေးနွေးမယ်ဆိုရင် ကျွန်တော့်ဖက်က အချိန်မရွေး အဆင်သင့်ရှိပါတယ်။ ခု ဒေါက်တာအေးချမ်းက ဂျပန်နိုင်ငံမှာပြုလုပ်ဖို့ လက်ခံလိုက်တဲ့အချိန်မှာ မလေးရှားက မူဆလင် အဖွဲ့အစည်းတစ်ခုက ဒီပွဲကို အကူအညီပေးဖို့ အသည်းအသန် ကမ်းလှမ်းလာပါတယ်။ အဲဒီအချက်ကိုကြည့်ရင် မြန်မာ-မူဆလင် နာမည်ခံ ဘင်္ဂလီမျိုးနွယ်စုအချို့ဟာ ဒီရိုဟင်ဂျာဆိုတဲ့ နာမည်နဲ့ ဘင်္ဂလီတွေကို တိုင်းရင်းသား၊ နိုင်ငံသားဖြစ်ခွင့်ရဖို့ ဘယ်လောက်ထိ နိုင်ငံရေး ရည်မှန်းချက် ကြီးကြီးမားမားရှိနေတယ် ဆိုတာကို သိနိုင်ပါတယ်။ အဲဒီအဖွဲ့က ဒေါက်တာအေးချမ်းကို အဲဒီပွဲမဖြစ်မြောက်ခဲ့ရင် သူတို့ကုန်ကျထားတဲ့ စရိတ်တွေကို ပြန်ပေးလျော်ဖို့ အာမခံ လက်မှတ်ထိုးပေးရမယ်လို့ တောင်းဆိုထားတာ တွေ့ရပါတယ်။ အဲဒီလိုမျိုး အသည်းအသန်ဖြစ်နေတာကို ကြည့်ရင် သူတို့အတွက် ဒီပွဲဖြစ်မြောက်ရေးဟာ ဘယ်လောက်ထိ အရေးကြီးနေသလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိနိုင်ပါတယ်။ ဒေါက်တာအေးချမ်းအနေနဲ့ သူတို့ဖြစ်စေချင်သလို လိုက်လုပ်ပေးဖို့ မအားပါဘူး။ အဲဒါကြောင့် ပွဲဖြစ်မြောက်ရေးအတွက် ဒေါက်တာအေးချမ်းရဲ့ ကိုယ်စားလှယ်အဖြစ် ကျွန်တော်တို့ ၀ံသာနုအဖွဲ့ကပဲ အစစအရာရာ တာဝန်ယူဆောင်ရွက်သွားဖို့ စီစဉ်ထားပါတယ်။ ဦးဌေးလွင်ဦး ဂျပန်ကို ရောက်လာတဲ့အချိန်မှာ ဒေါက်တာအေးချမ်းက သူ့ကို တက္ကသိုလ်ဧည့်ရိပ်သာမှာ တည်းခိုနိုင်အောင် စီစဉ်ပေးမယ်လို့ ပြောသွားပါတယ်။ တခြားတက်ရောက်လာမယ့် ဘင်္ဂလီအဖွဲ့တွေအတွက်တော့ ကျွန်တော်တို့မှာ တာဝန်မရှိပါဘူး။ ကျွန်တော်တို့ဖက်က တက်ရောက်လာမယ့် ဧည့်သည်တော်တွေ အတွက်ပဲ ကျွန်တော်တို့ တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဦးဌေးလွင်ဦးတို့အဖွဲ့အနေနဲ့ ပွဲနဲ့ပတ်သက်ပြီး တိုင်ပင်ညှိနှိုင်းချင်ရင် ၀ံသာနုကိုပဲ ဆက်သွယ်ဖို့ ဒီနေရာ Arakan Review ကနေပြီးတော့ အသိပေးချင်ပါတယ်။
Arakan Review အခု အကိုက ဦးရဲလွင်ဦးကို အဲလိုစိန်ခေါ်လိုက်တဲ့အခါမှာ သူ့ဘက်က ဘာတွေများတုန့်ပြန်မှုမျိုးကို ပြုလုပ် ပါသလဲခင်ဗျား။
ဝံသာနု ဦးဌေးလွင်ဦးဖက်ကတော့ လူထုပရိသတ် မီဒီယာရှေ့မှာ မျက်နှာချင်းဆိုင် စကားစစ်ထိုးချင်တယ်လို့ တုန့်ပြန်လာပါတယ်။ အပေါ်မှာ ပြောခဲ့သလိုပါပဲ။ သမိုင်းဆိုတာ စကားပြောကောင်းတိုင်း လျှောက်ပြောလို့ရတဲ့ ပုံပြင်မျိုးမဟုတ်ပါဘူး။ ကိုယ်ပြောတဲ့အကြောင်း အရာတစ်ခုချင်းအတွက် အထောက်အထား ခိုင်ခိုင်လုံလုံချပြနိုင်ဖို့လိုပါတယ်။ အဲဒါကြောင့် အထောက်အထား၊ အကိုးအကားတွေ ယှဉ်တွဲဖော်ပြနိုင်တဲ့ စာရေးသားယှဉ်ပြိုင်တာမျိုးကိုပဲ ကျွန်တော်ပိုပြီး လိုလားပါတယ်။ လောလောဆယ်တော့ သူဒေါက်တာအေးချမ်းနဲ့ စကားစစ် ထိုးပြီးမှ ကျွန်တော်ကို အလှည့်ပေးမယ်လို့ ပြောသွားပါတယ်။ အကယ်၍ အပြင်မှာသာ ဦးဌေးလွင်ဦးနဲ့ မျက်နှာချင်းဆိုင် Debate လုပ်ရမယ်ဆိုရင် သူတင်ပြမယ့် စိတ်ကူးယဉ်ကွန့်မြူးထားတဲ့ ပုံပြင်ဆန်ဆန် သမိုင်းဆိုတာတွေကို နားထောင်ရင်း ကျွန်တော် ထိုင်ရယ်နေရလို့ ပွဲကတော်ရုံနဲ့ပြီးမှာ မဟုတ်ပါဘူး။
Arakan Review ဟုတ်ကဲ့ ဘင်္ဂလီတွေကအခုလို လုပ်နေတာဟာ ရခိုင်တစ်ခုတည်းမဟုတ်ပါဘူး တကမ္ဘာလုံးကို လိမ်နေတာပါပဲ။ အဲဒါကို သိသိကြီးနဲ့ ဘင်္ဂလ်ီတွေပြောသမျှကို ယုံနေကြတာကို ဘယ်လိုမြင်ပါသလဲခင်ဗျား။ နိုင်ငံတကာ အပေါ်မှာ။
ဝံသာနု ဘင်္ဂလီတွေပြောသမျှယုံတာ လူတိုင်းတော့မဟုတ်ပါဘူး။ အာဏာရှင်အစိုးရတွေရဲ့ ဖိနှိပ်မှုအောက်မှာ သူတို့တွေက မြန်မာလူမျိုးတွေထဲက လူမျိုးစုတစ်ခုအဖြစ် ရောနှောဂရုဏာသက် ခံခဲ့ရတဲ့သဘောပါပဲ။ အရင်စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု တွေနဲ့အတူစစ်အစိုးရ အပေါ် ဖိအားပေးဖို့ အနောက်အုပ်စုက နည်းမျိုးစုံနဲ့ကြိုးပမ်းတဲ့အချိန်မှာ ဒီဘင်္ဂလီတွေဟာ ခေါင်းစဉ်တပ်စရာ အကြောင်းအရာတစ်ခု ဖြစ်လာပြီး နာမည်ကြီးလာခဲ့တာပါ။ လူ့အခွင့်အရေးလှုပ်ရှားသူတွေကြားထဲမှာ အဖိနှိပ်ခံလူမျိုးစုအဖြစ် နည်းလမ်းမျိုးစုံသုံး ပုံဖော်ခဲ့ကြလို့ တချို့ လုပ်စားလူ့အခွင့်အရေးသမားတွေအတွက် မျောက်ပြဆန်တောင်းဖို့ အခွင့်အရေးတစ်ခုဖြစ်လာခဲ့ပါတယ်။ ကျွန်တော်တို့ ရခိုင်လူမျိုးတွေအနေနဲ့ သူတို့လောက် မီဒီယာလောကမှာ မထိုးဖောက်နိုင်ခဲ့တာကြောင့်လို့လည်း ပြောလို့ရပါတယ်။
Arakan Review ဟုတ်ကဲ့ပါ နောက်ဆုံးအနေနဲ့ မြန်မာအစိုးရအပေါ်မှာဖြေရှင်းနေတဲ့ပုံစံတွေကိုဘယ်လိုမြင်ပါသလဲ။ နိုင်ငံသား ဖြစ်ခွင့်ပေးမယ်ဆိုပြီးတော့ ရခိုင်ပြည်ထဲမှာဘဲ ပြန်လည်နေရာချထားဖို့ လုပ်နေတဲ့လုပ်ရပ်အပေါ်မှာပေါ့လေ။
ဝံသာနု ဒီလူမျိုးစုတွေ ရခိုင်ပြည်နယ်မှာ ရှိနေခြင်းဟာ ကင်ဆာရောဂါဖြစ်ပွားနေသလိုပါပဲ။ အချိန်ကြာလာလေ၊ ပိုဆိုးလာလေ ဖြစ်လာ မှာပါ။ မဖြစ်သင့်ပါဘူး။ ဆယ်စုနှစ်ပေါင်းများစွာ ရခိုင်ပြည်သူတွေ ခံစားခဲ့ရတဲ့ လူမျိုးရေးပဋိပက္ခတွေကို အစိုးရအနေနဲ့ကိုယ်ချင်းစာ သင့်ပါတယ်။ ဒီလူမျိုးတွေရဲ့ စရိုက်ကြောင့် မြန်မာနိုင်ငံ ဘယ်နေရာမှာပဲ စုစည်းနေရာချထားပါစေ ဒေသခံတွေနဲ့ ပြဿနာတက်မှာ သေချာပါတယ်။ တလောကမှ ဖြစ်သွားတဲ့ အာသံဒေသအရေးအခင်းကို ကြည့်ရင် သိနိုင်ပါတယ်။
Arakan Review ခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကိုမြတ်သိန်းထွန်း။
ဝံသာနု ကျနော့်အနေနဲ့လည်း Arakan Review မှာ ခုလို ပြောခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။