You Are Here: Home - ပင်မစာမျက်နှာ , ပြည်သူ့အသံ , သတင်း - ကျောင်းသားများ ကျောင်းမတက်ဘဲ စာမေးပွဲ ဖြေဆိုခွင့်ရရှိ ခြင်းအပေါ် ပြည်နယ်အစိုးရ၏လုပ်ရပ်အား တက္ကသိုလ်ကျောင်းဆရာများအသိုင်းအ၀ိုင်းမှ သရော်

စစ်တွေ တက္ကသိုလ်ကျောင်းသားများအနက် တစ်ချို့သည် စားမေးပွဲ ဖြေဆို စဉ်အ တွင်းလည်း ဖြေဆိုခွင့်မရရှိ သော်လည်း ဒီဇင်ဘာလ ၃ ရက်နေ့တွင် မြို့နယ် ၁၃ မြို့နယ်ရှိ စတိတ်ကျောင်းများနှင့် တြ
ခားသောလုံခြုံးရေး ကောင်း သော နေရာများ တွင် ဖြေဆိုနေကြပြီဖြစ်သည်။

စာမေးဖြေသောကျောင်းသားများမှာလည်း ဘင်္ဂလီကျောင်းသားများ သာဖြစ်ပြီး၆၀၀ နီးပါးရှိကာ၊ ရခိုင်တိုင်းရင်းသားကျောင်းသား ၃၆ ဦးအား ဓါးစာခံအဖြစ် ထည့်သွင်းဖြေဆို စေခဲ့ရာ တက္ကသိုလ် ကျောင်း စည်း ကမ်းနှင့် ညီညွတ်မှုမရှိသည့် ဥပဒေ တစ်ခု(သို့)လုပ်ရပ် တစ်ခုကို ပြဌာန်း လိုက်သကဲ့သို့ ဖြစ်နေကြောင်း တက္ကသိုလ်မှ ကျောင်းဆရာ/မ များက သရော်လိုက်ကြောင်းသိရသည်။

တက္ကသိုလ်စာမေးပွဲကြီးသည် နိုဝင်ဘာလအတွင်းကပင် ပြီးဆုံး သွားပြီဖြစ်သည့် တိုင် ပြန်လည်ဖြေဆိုခွင့်ရရှိ လာခဲ့သည်မှာ ပြည်နယ် အစိုးရ၏ ကြောက်မက်ဖွယ် ကောင်းသော လုပ်ရပ်တစ်ခု ဖြစ်ကြောင်း၊ ဥပဒေတွင်မရှိသော လုပ်ရပ်တစ်ခုသာ ဖြစ်ကြောင်း၊ ပြည်ပအဖွဲ့အစည်း များကို ကြောက်ရွံ့သဖြင့် ထိုသို့လုပ်ဆောင်ခဲ့ခြင်း သာဖြစ်ကြောင်း ပြောဆိုကြပါသည်။

ထိုသို့ဖြေဆိုခွင့်ရရှိသူများမှာ ဘင်္ဂလီကျောင်းသားများသာဖြစ်ကြောင်းနှင့် ကျောင်း မတက်ဘဲ စာမေးပွဲဖြေဆိုခွင့်ရရှိခြင်းသည် စစ်တွေက္ကသိုလ်အား (---) အဆင့်သို့ ရောက်ရှိ အောင်ဖန်တီးလိုက်ခြင်းသာဖြစ်ကြောင်း တက္က သိုလ် ကျောင်းမှ တာဝန်ရှိ သူ တစ်ဦကပြောပါသည်။

ကျောင်းခေါ်ချိန်မပြည့်ဘဲ ထိုသို့ စာမေးပွဲဖြေဆိုခွင့်ရရှိခြင်းသည် မြန်မာနိုင်ငံတွင် မည်သည့် တက္ကသိုလ်မှ မရှိကြောင်း၊ first semester တစ်ခုတည်းသာတက်ပြီး အတန်းတင်စာမေးပွဲ (အတန်းအောင်စာမေးပွဲ) စစ်ခွင့်ရရှိခြင်းသည် လွန်စွာအံ့သြ စရာ ကောင်းကြောင်းလည်း ပြောဆိုကြ သည်။

''စာမေးပွဲဆိုတာ တစ်ခါဘဲဖြေခွင့်ရတယ်။ ဒါကြောင့်အ ခုဖြေဆိုခွင့် မရ သူကို ပြည် နယ်အစိုးရက အတင်းအကြပ်ဖြေဆိုခွင့် ပေးတာဟာ လုပ်သင့်သလားဆိုတာ ထည့် စဉ်းစားဖို့လိုမယ်။ အခုက ကျောင်းမတက်ဘဲ စားမေးပွဲဖြေလို့ရတယ်ဆိုရင် ဖြေ စရာမှ မလိုတော့တာ အောင်ပေး လိုက်ရင်ပြီးတာဘဲလေ။ ဒါကလေးကစားတာ မဟုတ်ဘူး ။ မြန်မာနိုင်ငံ ပညာရေးခေတ်မီ ဖွံ့ဖြိုးဖို့လုပ်နေတယ်ဆိုတာကို မေးခွန်း ထုတ်စရာဖြစ် လာပြီ''ဟု ကျောင်းဆရာတစ်ဦးကပြောပါသည်

နောက်တစ်ချက်မှာ ဒီဇင်ဘာသုံးရက်နေ့တွင် စာမေးပွဲဖြေဆိုရန် ကျောင်းသားများ ကို အကြောင်းကြားထားပြီး ထိုသုံးရက်နေ့တွင် စစ်တွေကအဖြစ်အပျက်တစ်ခုကို တင်ပြလိုပါသည်။ ဒီဇင်ဘာ သုံးရက်နေ့တွင် ဘင်္ဂလီကျောင်းသား ၇၀ ခန့်ကို စစ်တွေမြို့မှ အမက ၈၈ တွင် စာမေးပွဲဖြေဆိုစေသည်။ နံနက် ၈ နာရီခွဲတွင် အခန်း တွင်းသို့ ရောက်ရှိရမည်ဖြစ်သည်။ သို့သော်လည်း ကျောင်းသားများမရောက်သဖြင့် ပြည်နယ် ပညာရေးမှူးနှင့် လူမှုရေးဝန်ကြီးတို့သည် သဲချောင်းနှင့် သက္ကယ်ပြင် အစ ရှိသော ဘင်္ဂလီကျေးရွာများသို့ သွားရောက်ကာ ကျောင်းသားများကိုခေါ်ယူခဲ့သော သတင်းမှာ လူရွှင်တော်ရွှေဖလားအဖွဲ့ ပြက်လုံးထဲက ပြက်လုံးများထက် ရယ်စရာ ကောင်းနေပါတော့သည်။
ဘင်္ဂလီများကို အိမ်တိုင်ရာရောက်ခေါ်ယူပြီး စာမေးပွဲဖြေ ဆိုခိုင်းရုံမက သေးပါ အစ ကသတ်မှတ်ထားသော နံနက် ၈ နာရီခွဲအချိန်တွင် ဖြေဆို ရမည် ဆိုသည့် သတ်မှတ် ချက်ကို ကျောင်းသားများက မရောက်ရှိသဖြင့် ကွင်းဆင်းခေါ်ယူပြီး တစ်နေ့တည်း တွင် သုံးဖြတ်ခွဲကာ စစ်ဆေးစေခဲ့သည် မှာ လည်း ကြားရသူအပေါင်း မြင်ရသူအ ပေါင်း ထိုင်ပြီးရှိခိုးရ လောက် အောင် တော်ပါပေသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး စစ်တွေတက္ကသိုလ်မှ ဆရာမ တစ်ဦးက '' မဖြစ်သင့်တာကို မဖြစ်အောင်တော့ စည်းစောင့်ဖို့လိုပြီးလို့ထင်တယ်။ ပြီးတော့ စားမေးပွဲဖြေဆိုသူ တွေကို အရှုံးမပေးရဘူး၊ဖြေနိုင်သည်ဖြစ်စေ မဖြေနိုင်သည်ဖြစ်စေ အောင်ပေးရမယ် ဆိုရင် ကျွန်မတို့ ဒီလိုစာမေးပွဲကို စစ်ဖို့လိုသေးသလား။ ဒီလုပ်က နေ နုတ်ထွက်ပစ် မယ်'' ဟုလည်း ပြော ကြား ခဲ့ပါသည်။

ယင်းအပြင် စစ်တွေတက္ကသိုလ်မှ ကျောင်းသားတစ်ဦးကလည်း'' ကျွန်တော် တို့က ကျောင်းခေါ်ချိန်မပြည့်ရင် စာမေးပွဲဖြေဆိုခွင့်မရခဲ့ဘူး။ ဒါပေမယ့် အခုက ကျောင်း မတက်၊ကျောင်းခေါ်ချိန်မပြည့်တဲ့သူတွေကို စားမေးပွဲ ဖြေဆိုခွင့်ပေးမယ်၊ မဖြေနိုင် ရင်လည်းအရှုံးမပေးရဘူးဆိုတာဟာ စဉ်းစားလို့မရအောင်ထိပါဘဲ။ ဒါကြောင့်ကျွန် တော်တို့ ဆန္ဒဖော် ထုတ်သွားမှာပါ''ဟုလည်း တက္ကသိုလ်ကျောင်းသားတစ်ဦးက ပြောကြားခဲ့ ပါသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရက ပါမောက္ခချုပ်အား အတင်း အကြပ် လုပ်စေခြင်းဖြစ်ကြောင်းနှင့် ယနေ့တွင် ဆုံးဖြတ်ချက် ချသတ်မှတ်လိုက်ကြောင်း၊ သို့ သော်လည်း သတင်းသမားများနှင့် မီဒီယာများသို့ မပြောရန် ညွှန်ကြားထားကြောင်း လည်းသိရှိရပါသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထိုသို့လမ်းညွှန်ခြင်းအပေါ် ပြည်သူတစ်ရပ် လုံးက လည်း မကျေမနပ်ဖြစ်နေကြကြောင်းနှင့် မကြာခင် ကျောင်းသားများ ဆန္ဒဖော်လာလျင် ထို ကိစ္စသည် ပြည်နယ်အစိုးရ၏ တာဝန်သာဖြစ်ကြောင်း လည်းသိရှိရပါသည်။

ဝန်ကြီးများအနေဖြင့် ဘင်္ဂလီကျောင်းသားများ စာမေးပွဲဖြေကြပါဟု အိမ်အထိသွား ရောက်ခေါ်ယူနေခြင်းသည် လွန်စွာတော်သော ၀န်ကြီးဖြစ်ကြောင်းအသိအမှတ်ပြု ရမည်ဖြစ်ပါသည်။ ၀န်ကြီးမှာ တခြားလုပ်စရာအလုပ်မရှိသဖြင့် ထိုသို့ကိုယ်တိုင် သွားရောက် ခေါ်ယူ နေခြင်းဖြစ်သည်ဟုလည်း ဒေသခံများက အောဘာပေးကြ သည်။

တရားဥပဒေစိုးမိုးရေးသည် အရေးကြီးလှသဖြင့် ထိုသို့လုပ် ဆောင်နေ ခြင်းဖြစ် ကြောင်း အများသိအောင် ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးများ တော်ခြင်းအား ဂုဏ်ပြု တင်ပြအပ်ပါသည်။

(ဓါတ်ပုံ ဘင်္ဂလီကျောင်းသားများစာမေးပွဲဖြေရန် ကျောင်းသို့ဝင်လာစဉ်)
Blogger Widgets