Rakhine Straight Views
ရခိုင်ပြည်နယ်ရှိ လူငယ်တို့၏ ဆန္ဒ၊ လိုအပ်ချက်များကို သိရှိနိုင်ဖို့နှင့် ရန်ကုန်မြို့တွင် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ဒုတိယအပတ်တွင် ကျင်းပမည့် မြန်မာလူငယ်ဖိုရမ်တွင် တင်ပြနိုင်ဖို့တွက် ရခိုင်ပြည်နယ်တွင် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ရခိုင်လူငယ်ဖိုရမ်ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၊ ၂ ရက်တို့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ၀ံလက်ဖောင်ဒေးရှင်း ရုံးခန်းတွင် ကျင်းပခဲ့ပါသည်။ ဖိုရမ်အခမ်းအနားသို့ ရခိုင်ပြည်နယ်ရှိ မြို့နယ်ပေါင်း ၁၆ မြို့နယ်၊ ပလက်ဝမြို့နယ်နှင့် ရန်ကုန်မြို့ရောက် ရခိုင်လူငယ်ကိုယ်စားလှယ် (၃၆)ယောက်တို့ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ရခိုင်လူငယ်နှင့် ပညာရေး၊ ရခိုင်လူငယ်နှင့် အလုပ်အကိုင်အခွင့်အလမ်း၊ ရခိုင်လူငယ်နှင့် ဘင်္ဂလီအရေး စသည့်တို့ကို မိမိတို့ သက်ဆိုင်ရာ မြို့နယ်များ ကိုယ်စားဆွေးနွေးခဲ့ကြပြီး အပြန်အလှန် သုံးသပ်ပြီးမှ အကောင်းဆုံး အဖြေများကို ထုတ်နုတ်ခဲ့ကြသည်။ ထိုအခမ်းအနားသို့ တက်ရောက်လာသော တောင်ကုတ်မြို့နယ် ကိုယ်စားလှယ် မလှသက်စိုးက “ ကျမကတော့ ကိုယ်ရခိုင် ညီအစ်ကို မောင်နှမတွေနဲ့ ခုလို ရင်းရင်းနှီးနှီးတေ
ွ့ရတဲ့အတွက် အရမ်း ၀မ်းသာပါတယ်။ အယင်းတုန်းကဆိုရင် ဒီလိုမျိုး ရခိုင်လူငယ်အကြား တွေ့ဆုံမှုက တခါမှ မရှိခဲ့ပါဘူး။ ကိုယ်မြို့ ကိုယ်ရွာမှာပဲ နေပြီးတော့ တခြားမြို့နယ်မှာ ဘယ်လိုရှိတယ်ဆိုတာကို မသိရှိရဘဲ အခုလိုဆုံတွေ့လိုက်ရမှ ရခိုင်ညီအစ်ကို မောင်နှတွေ စိတ်ကို ကောင်းကောင်းလေ့လာခွင့်ရတာ အရမ်း ကျေးဇူးတင်ပါတယ်။ နောက်နှစ်တွေမှာလည်း တခြားမြို့နယ်တွေမှာ ပြုလုပ်ကျင်းပပေးနိုင်မယ်ဆိုရင် ပိုကောင်းလိမ်မယ်လို့ ထင်ပါတယ်လို့” ပြောပြသွားပါတယ်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ တက်ရောက်လာသော ဆလိုင်းရာပိုက်ထန်မှ “အရမ်းဝမ်းသာပါတယ်။ ကျနော်တို့က ခမီးတိုင်းရင်းသားတွေပါ။ ရခိုင်မျိုးနွယ်စုထဲက ယခုလို ရခိုင် ညီအစ်ကိုတွေနဲ့ ဆွေးနွေးခွင့်ရတဲ့အတွက် အတိုင်းအဆမရှိ ၀မ်းသာ မိပါတယ်။ ကျနော်ကတော့ ပလက်ဝမြို့နယ်အတွက် လမ်းပန်ဆက်သွယ်ရေးနဲ့ ကျန်မာရေးတို့ကို အဓိက ဆွေးနွေးခဲ့ပါတယ်”လို့ RSV ကို ပြောပြသွားပါသည်။

Tags:
ပင်မစာမျက်နှာ
,
သတင်း