ရခိုင်ပြည်နယ် ပဋိပက္ခကာလအတွင်းမှ မြင်ကွင်းတစ်ခု
ဗိုလ်မှူးကျော်ကျော်ခိုင်ရဲ့ ရခိုင် - ဘင်္ဂလီ ပဋိပက္ခမှ ရှုမြင်ချက်များ - အပိုင်း (၁) ကို ဒီနေရာတွင် နှိပ်၍ ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။၃။ ယခု ဘင်္ဂလီအရေး ပြဿနာဟူသည်မှာ ယခင်နှစ်ပေါင်းများစွာကပင် ရှိခဲ့သော ဘင်္ဂလီတို့၏ နယ်မြေချဲ့ထွင်လိုမူနှင့် မတော်မတရား ပြုမူကျင့်ကြံခဲ့ကြသည့် နောက်ခံအကြောင်းရင်းများနှင့် လတ်တလော ရက်စက်ယုတ်မာစွာ ပြုကျင့်မှုများအပေါ် မူတည်ပြီး ဖြစ်ပေါ်လာရခြင်း ဖြစ်ပါတယ်။ လတ်တလော အကြောင်းရင်းများမှ ဘင်္ဂလီ (၃) ဦးက ရခိုင်မိန်းကလေး တစ်ဦးအပေါ်တွင် ရက်စက်စွာ မုဒိန်းကျင့်ပြီး မတော်ရာကို ဒါးဖြင့်မွှေကာ လည်လှီး သတ်ဖြတ်ပစ်ခြင်းသည် နဂိုကပင် နှစ်ပေါင်းများစွာ အနာအခံဓါတ်ရှိနေသည့် ရခိုင်တိုင်းရင်းသားတို့ကို အကြီးအကျယ် ပေါက်ကွဲစေခဲ့ပါတယ်။ မတိုင်မီကလေးကမှ ဘီဘီစီရဲ့ လုပ်ကြံဆောင်းပါးကလည်း အခံအဖြစ် ရှိနေချိန်ဖြစ်ရာ စနက်တန်ကို မီးရှို့ပေးလိုက်သလို ဖြစ်သွားခဲ့ပါတယ်။
တရားဥပဒေစိုးမိုးရေး၏ အားနည်းကလည်း ရှိနေသေးသဖြင့် တောင်ကုတ်တွင် ရန်ကုန်မှတက်လာသော မူဆလင်ဗလီဆရာ အချို့ကို ဒေါသအလျှောက် လက်တုန့်ပြန်ခဲ့ကြပါတယ်။ တကယ်တော့ ဤကဲ့သို့ လက်တုန့်ပြန်မူမျိုးကတော့ မဖြစ်သင့်ပါဘူး။ တရားဥပဒေအတိုင်းပဲ ဆောင်ရွက်သင့်ပါတယ်။
သို့သော် ထိုအခြေအနေပေါ်မှာ နဂိုကပင် အစီအစဉ် ရှိထားပြီးဖြစ်တဲ့ ဘင်္ဂလီတွေဟာ မောင်တော ဘူးသီးတောင်ဒေသက အစပြုပြီး တနေ့တည်း တချိန်တည်း ချိန်ကိုက်ကာ ရခိုင်တိုင်းရင်းသားများအပေါ် အစီအစဉ်တကျ လက်စားချေ သတ်ဖြတ်ခြင်း၊ ရွာကိုမီးရှို့ခြင်း၊ ရေတွင်အဆိပ်ခတ်ခြင်း စသည်တို့ကို သဲကြီးမဲကြီး ပြန်လည် တုန့်ပြန်ခဲ့ကြပါတယ်။ ပြန်လည်ပြီး သတင်းအရပ်ရပ်ကို စုစည်းလိုက်တဲ့အခါမှာ ဘင်္ဂလီအစွန်းရောက်များဟာ နိုင်ငံရေး စစ်ရေးအရ ထိုးနှက်ရန်နှင့် ယခုကဲ့သို့ သတ်ဖြတ်မှုများ ကျူးလွန်ရန် အစီအစဉ်များ ရှိထားပြီးဖြစ်တာကို နှစ်ဘက်နိုင်ငံတွေရဲ့သတင်းများအရ သိရှိနိုင်ကြပါတယ်။ ၎င်းတို့ရဲ့ အစီအစဉ် မဖြစ်ပေါ်မီမှာ ယခုဖြစ်စဉ်များ ဖြစ်ပွားခဲ့တဲ့အတွက် ဖြစ်စဉ်အပေါ် လျှင်မြန်စွာ တုန့်ပြန်နိုင်ခဲ့ကြခြင်းသာ ဖြစ်ပါတယ်။
ဤကဲ့သို့ ဘင်္ဂလီများက ဆူပူသောင်းကျန်း သတ်ဖြတ်နေမှုများကို ဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူရမည်သာ ဖြစ်ပါတယ်။ ဥပဒေအတိုင်း ဆောင်ရွက်နေတာကို ကုလသမဂ္ဂအပါအဝင် မည်သူမှ ဝင်ရောက်စွက်ဖွက်ရန် မလိုပါ။ ၎င်းအပြင် ပြစ်မူကျူးလွန်ထားသူများ နေထိုင်ခွင့်ရှိသူများနှင့် မရှိသူများကို စစ်ဆေးဖေါ်ထုတ်ပြီး ရာဇဝတ်မူဆိုင်ရာ ဥပဒေနှင့် လူဝင်မှုကြီးကြပ်ရေး ဥပဒေအတိုင်း ဖမ်းဆီးအရေးယူမူများ ဆက်လက် ပြုလုပ်ကြရမှာ ဖြစ်ပါတယ်။ ဒါဟာ မည်သည့်နိုင်ငံမဆို လုပ်ဆောင်ကြရမည့် အစီအစဉ်သာ ဖြစ်ပါတယ်။ ဒါကို လူ့အခွင့်အရေးတို့နဲ့ မမှန်မကန် အကာအကွယ်ပေးလို့ကတော့ မရနိုင်ပါဘူး။
၎။ ထိုဘင်္ဂလီများသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်းပေါ် ခြေချလျောက်လှမ်းသည်ကို အခွင့်ကောင်းယူပြီး လက်ဦးမှုရယူကာ အခွင့်အရေးဝင်ယူ အမြတ်ထုတ်လာကြခြင်းသာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် ရခိုင်တိုင်းရင်းသားအရေးသည် မြန်မာနိုင်ငံတော် မြန်မာနိုင်ငံသား တိုင်းရင်းသားများအားလုံးနဲ့ သက်ဆိုင်ပြီး မြန်မာနိုင်ငံသားအားလုံးရဲ့ အရေးဖြစ်ပါတယ်။ နိုင်ငံတော်၏ အချူပ်အခြာအာဏာနှင့် နိုင်ငံတော်လုံခြုံရေးအတွက် အထူးသတိထား ဆောင်ရွက်သင့်သည့်ကိစ္စ ဖြစ်ပါတယ်။ အလျော့ပေးခြင်း နိုင်ငံရေးကစားခြင်းများ ပြုလုပ်၍ မရပဲ ဖြောင့်မှန်စွာနှင့် ဥပဒေစည်းမျဉ်း စည်းကမ်းများအတိုင်း တိကျပြတ်သားစွာ ဆောင်ရွက်သင့်ပါတယ်။ အစိုးရအနေဖြင့် တိကျပြတ်သားသော ပေါ်လစီမရှိပဲ ဆန်စင်ရာကျည်ပွေ့လိုက်နေသလို လုပ်နေတာလည်း မဖြစ်သင့်ပါ။ ဘင်္ဂလီကိစ္စနှင့် စပ်လျဉ်းပြီး သမ္မတရုံး၏ ထုတ်ပြန်ချက်ကို အကန့်ကွက်ခံရသည်ကို သင်ခန်းစာ ယူသင့်ပါတယ်။ ကုလနှင့်အင်ဂျီအိုဝန်ထမ်းများကို ဥပဒေအရ စီရင်ခဲ့သော်လည်း ဖိအားအရပ်ရပ်ကို မလွန်နိုင်သဖြင့် နည်းနည်းမှ တောင့်မခံပဲ အလျင်အမြန် ပြန်လွှတ်ပေးခဲ့ရသည့် အစိုးရရဲ့ ရုပ်ပျက်ဆင်းပျက် လိုက်လျောလိုက်ရတဲ့ သဘောဖြစ်နေပါတယ်။ ဥပဒေဆိုတာကို အခိုင်အမာ ရပ်တည်ကြောင်း ပြသသင့်ပြီး မစ္စတာဘန်ကီမွန်းကဲ့သို့သော ပုဂ္ဂိုလ်က တောင်းဆိုလာချိန်ထိတော့ တောင့်ထားသင့်ကြောင်း ယူဆမိပါတယ်။ ထို့အတူ မိမိတိုင်းရင်းသား ရခိုင်လူမျိုးများ၏ သဘောထားများကို လေးစားစွာ ပြန်ကြည့်ပေးခြင်း၊ ညမထွက်ရ အမိန့်ကြောင့် ဖမ်းဆီးခံရသူများကို ပညာပေးပြီး ပြန်လွှတ်ပေးခြင်း တို့ကိုလည်း ပြုသင့်ပါတယ်။ မိမိနိုင်ငံသားများ မိမိတို့တိုင်းရင်းသားများ၏ စိတ်ဓါတ်များကို ဦးကျိုးမသွားသင့်ပေ။ အစိုးရအား ပြင်ပအကြံပေး ပုဂ္ဂိုလ်များကိုလည်း အပြည့်အဝ မယုံကြည်ထားသင့်ပါ။ အချို့ဆိုလျင် သတင်းရနံ့ သင်းပျံ့ပျံ့နှင့် ရှိနေတာကိုလည်း မျက်ခြေမပြတ်သင့်ပါ။
၅။ နိုင်ငံတော်အဆင့် အနေနှင့် အဓိက သာမညခွဲ လုပ်ဆောင်သင့်ပါတယ်။ နိုင်ငံတော်အနေနှင့် နိုင်ငံတော်နှင့် ပြည်သူလူထုတရပ်လုံး၏ အကျိုးစီးပွားအတွက် စံနစ်တကျ ဦးစားပေး ဆောင်ရွက်နေရချိန် ဖြစ်ပါတယ်။ ရှေးယခင်က အစိုးရအဖွဲ့သည် အဓိကကို သာမည၊ သာမညကို အဓိက လုပ်ခဲ့သဖြင့် နိုင်ငံတော်တွင် ပြဿနာများ ရှိခဲ့သည်ကို သင်ခန်းစာယူသင့်ပါတယ်။ ဘင်္ဂလီပြဿနာနှင့် ပတ်သက်ပြီး မြန်မာလူထုတရပ်လုံးသည် နိုင်ငံတော်အရေး အမျိုးသားရေးဖြစ်သဖြင့် နိုင်ငံတော်အစိုးရ၏နောက်တွင် ညီညွတ်စွာ ရပ်တည်လျက် ရှိသဖြင့် စိုးရိမ်ဖွယ်ရာ လုံးဝမရှိပါ။ နိုင်ငံတော်နှင့်ပြည်သူလူထု၏ အကျိုးစီးပွါးအတွက်ကိုသာ အချိန်မဆိုင်းပဲ အကျိုးရှိရှိ စဉ်းစားကြိုးစား၍ ဦးစားပေး လုပ်ဆောင်သင့်ပါတယ်။ နိုင်ငံတကာနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့်လည်း Pro, Neutral နည်းနိဿယများနှင့် Diplomatic means များ အားလုံးကို အသုံးပြုကာ ရင်းရင်းနှီးနှီး ဆက်ဆံသင့်သော အချိန်လည်း ဖြစ်ပါတယ်။
ပဋိပက္ခများ ဖြစ်ပွားရာ ရခိုင်ပြည်နယ်
၆။ အချို့က ဟစ်တလာကို ထောက်ပြပြီး အမျိုးသားရေးအဖြစ် မလုပ်ဆောင်ဖို့
သတိပေးကြပါတယ်။ မှန်သင့်သလောက် မှန်ပါတယ်။ သို့သော် လူဝင်မှုကြီးကြပ်ရေး
ဥပဒေအရ စစ်ဆေးဆောင်ရွက်ရခြင်းပင်လျှင် နိုင်ငံတော်အရေး အမျိုးသားရေး
ဖြစ်ပါတယ်။ နိုင်ငံတိုင်းသည် National Interest ဆိုသည့် အမျိုးသား
အကျိုးစီးပွားဆိုသည်ကို အဓိကထား ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။
အမျိုးသားရေးဆိုတာတော့ ပါရမည်သာ ဖြစ်ပါတယ်။ အစွန်းရောက် အမျိုးသားရေးဝါဒီ
မဖြစ်ဖို့သာ ထိန်းသိမ်း လုပ်ဆောင်ရပါမယ်။ ဒီမိုကရေစီ သဘောတရားအတိုင်း
နေရာတိုင်းမှာ တရားဥပဒေကို အခြေပြုပြီး တိကျပြတ်သားစွာ
စစ်ဆေးဆောင်ရွက်ဖို့သာ လိုပါသည်။ တဖန် အချို့သော အပြုသဘောဖြင့်
စေတနာထားတင်ပြသည့် အကြံပြုဆောင်းပါးများတွင် ပြည်တွင်းရေးဟုဆိုလျှင်
ဘင်္ဂလီများကို အသိအမှတ်ပြုသလို ဖြစ်မှာစိုးသည်ဟူ၍ ဖတ်ရှုရပါတယ်။ သတိပြုစရာ
အချက်တစ်ခုပါ။ စာရေးသူအနေနှင့်မူ ပြည်ထဲရေး ( Home Affair )
ဟုမသုံးနှုံးပဲ ပြည်တွင်းရေး ( Internal Affair ) ဟူ၍ ပြည်ပ ပယောဂများကို
ဟန့်တားခြင်းသာ ဖြစ်သဖြင့် အတိုင်းအတာ တစ်ခုအထိ ထိရောက်ခဲ့သည်ဟု
ယူဆမိကြောင်း တင်ပြလိုပါတယ်။၇။ ယခင် တစ်ပတ်လောက်က ကလေးမြို့နယ်တွင် ခိုးဝင်လာသော ဘင်္ဂလီအင်အားမှာ ၃၀ ခန့်ဖြစ်သည်။ တခါဝင်လျင် ၃၀- ၄၀ နှုန်းနှင့် အချိန်ကာလတစ်ခုဖြင့် တွက်ချက်ကြည့်ပါက မန္တလေး၊ ရန်ကုန်တွင် မည်မျှဝင်ရောက်နေပြီဖြစ်ကြောင်း သတိပြုသင့်ပါတယ်။ ဥပမာပြရပါက နွားမှောင်ခိုသဘောနှင့်ကြည့်လျင် နွားအုပ်တစ်အုပ် ပို့ဆောင်ရာတွင် လမ်းပြသူ၊ ခေါ်ဆောင်လာသူ၊ နောက်ကွယ်မှကြိုးကိုင်သူ၊ လမ်းကြောင်းရှင်းသူ၊ လာဘ်ငွေယူပြီး သွားစေသူ၊ လမ်းကြောင်းတလျှောက် ဂိတ်အဆင့်ဆင့် ဖြတ်ကျော်ရာတွင် တာဝန်ရှိသူများ ပါဝင်ပတ်သက်မှု၊ ခရီးဆုံးတွင် နွားလက်ခံသူ စသည်ဖြင့် ရှိကြရာ အားလုံးကို ဖေါ်ထုတ်အရေးယူနိုင်ဖို့ လိုပါတယ်။ မန္တလေး၊ ရန်ကုန် ရန်ကုန်တွင်ပင် အထူးသဖြင့် တာမွေ၊ မအူကုန်း ၊ ပန်းဘဲတန်း၊ ကျောက်တံတားမြို့နယ်များတွင် အထူးအဖွဲ့များဖြင့် စစ်ဆေးသင့်သည်။ အချို့ယူဆသလို မြောက်မှဝင် တောင်မှထွက်သွားမည်ဟူသော အယူအဆ မမှန်ပါ။ ပြည်တွင်းမှာပင် အမျိုးတူများ အကြား၌ ရောနှော ဖျောက်ဝင်ထားလျက် ရှိနေပါတယ်။ အချိန်မီ မစစ်ဆေး မရှာဖွေလျှင် ထိုမြို့နယ်များသည် ဗေဒါပင်ပွားများ အဖုံးလွှမ်းခံရသော ရေကန်သဖွယ် ဖြစ်လာနိုင်ပါတယ်။ ဆိုခဲ့ပြီးသော သနပ်ခါးတုံးနှင့်ကျောက်ပြင် ဥပမာကိုလည်း တာဝန်ရှိသူအားလုံး သဘောပေါက်စေချင်ပါတယ်။ အမျိုးသား လူ့အခွင့်အရေး ဒီမိုကရက်တစ်ပါတီသည်လည်း ဘင်္ဂလီများ ပါဝင်ဖွဲ့စည်းထားသဖြင့် ပါဝင်ပတ်သက် ကျောထောက်နောက်ခံ ပေးထားနိုင်ပါတယ်။ အဆိုပါ ပါတီရှိနေသေးပါကလည်း ဥပဒေအတိုင်းပင် ပါတီဖွဲ့ထားခြင်းကို စုံစမ်းဖေါ်ထုတ်၍ တားဆီးခြင်း အရေးယူဖျက်သိမ်းခြင်း ပြုသင့်ပါတယ်။
၈။ ဤရခိုင် ဘင်္ဂလီ ပဋိပက္ခတွင် ထူးခြားမှုတစ်ခုမှာ မြန်မာပြည်သူလူထု တရပ်လုံးသည် “ အရေးကြီးလျင် သွေးနီးသည် ” ကို ရခိုင်တိုင်းရင်းသားများအပြင် တိုင်းရင်းသားအားလုံး မျက်မြင်ကိုယ်တွေ့ သိရှိနိုင်ခဲ့ကြခြင်း ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အရေးတွင် ဒေသအသီးသီးမှ သမ္မတအား ထောက်ခံမှုများနှင့် ယခု ငြိမ်းချမ်းရေး လှုပ်ရှားမှုများသည် မြန်မာပြည်သား တိုင်းရင်းသားအားလုံး တစိတ်တဝမ်းတည်း စည်းလုံးညီညွတ်မူ ရှိခြင်းနှင့် စည်းလုံးညီညွတ်မှု၊ ငြိမ်းချမ်းမှုကိုသာ လိုလားကြောင်း ပြသလိုက်တဲ့ စစ်မှန်သော ပြည်သူ့သဘောထားပင် ဖြစ်ကြောင်းလည်း တွေ့မြင်နိုင်ခဲ့ကြရပါတယ်။