
လွှတ်တော်တွင် ရခိုင်အရေး ကိစ္စဆွေးနွေးရန် အမျိုးသားဒီမိုကရေစီပါတီသစ်
ရခိုင်အရေးဖြစ်ပြီး ၁ ပတ် ၁၀ ရက်ကာလတွင် ရိုဟင်ဂျာ ၅ ယောက်က
ရခိုင်ဒုက္ခသည်များကို ကူညီပံ့ပိုးရန် (NNDP) ရုံးသို့ ငွေကျပ်သိန်း ၆၀၀
ကျော် လက်ခံရန် လာပြောကြောင်း၊ NNDP ပါတီ အမည်ခံ၍ လှူဒါန်းမည့် ငွေကြေး
ကုန်ကျစရိတ် သိန်း ၁၀၀၀ ကျော်လျှင်လည်း လှူပေးမည်ဖြစ်ကြောင်းနှင့်
လေယာဉ်လက်မှတ် အသွားအပြန်ကုန်ကျစရိတ် အားလုံးကို ရိုဟင်ဂျာများမှ
တာဝန်ယူမည်ဟု ပြောကြောင်း NNDP ပြန် ကြားရေးတာဝန်ခံက ပြောသည်။
““ဒီငွေတွေကို ငါတို့ပါတီအနေနဲ့ လက်ခံလို့မရဘူး။ ရခိုင်ဒေသမှာ လှူချင်ရင် အစိုးရထံကို သွားလှူလို့ ငြင်းလိုက်တယ်။ လွှတ်တော်မှာ ရခိုင်အရေးကိစ္စဆွေးနွေးတာကလ ည်း
ရခိုင်လူမျိုးတွေအတွက် ဆွေးနွေးခဲ့တာမဟုတ်ဘူး။ ပြည်ထောင်စုကြီးအတွက်
ဆွေးနွေးခဲ့တာ၊ လွှတ်တော်မှာ တင်ပြခဲ့တဲ့သမိုင်း၊ အထောက်အထားတွေက ရခိုင်ဘက်က
ပေးလာတဲ့ အထောက်အထားကိုလည်း အခြေမခံဘူး။ ရိုဟင်ဂျာ တွေက ပေးလာတဲ့
အချက်အလက် တွေကိုလည်း အခြေမခံဘူး။ သမိုင်းသုတေသီတွေက ပေးလာတဲ့
အချက်အလက်တွေကို လွှတ်တော်မှာ တင်ပြခဲ့တာဟု NNDP ဥက္ကဋ္ဌဦးသိန်းညွန့်က ပြောသည်။
““သူတို့လှည့်ကွက်ထဲလည်း မ၀င်ရော ရုံးကို နေ့ရောညပါ တယ်လီဖုန်းနဲ့ ခြိမ်းခြောက်တယ်။ ကမ်းလှမ်းချက်မရရင် NNDP ရုံးရှေ့မှာ ဆန္ဒထုတ်ဖော်သပိတ်မှောက်မယ်လို့
အကြိမ်ပေါင်းများစွာ ခြိမ်းခြောက်တယ်။ သိပ်မကြာဘူး၊ ရုံးကို စာတိုက်ကနေ
(သို့ ဦးသိန်းညွန့် လွှတ်တော်ကိုယ်စားလှယ် အမျိုးသား ဒီမိုကရေစီပါတီသစ်
သင်္ဃန်းကျွန်းမြို့နယ်) လို့ လိပ်မူပြီး ခြိမ်းခြောက်စာတစ်စောင်
ရောက်လာတယ်””ဟု ၎င်းက ထပ်မံ ပြောသည်။
ထိုစာ၏ဇာစ်မြစ်၊ ခြိမ်းခြောက် သည့် ဖုန်းနံပါတ်များကို ဖော်ထုတ်ရန်အတွက် အစိုးရနှင့်သက်ဆိုင်ရာ အာဏာပိုင်တွင် တာဝန်ရှိကြောင်း ၁၉၈၂ ခုနှစ် အမျိုးသားနိုင်ငံသား ဥပဒေကို ဖျက်သိမ်းရန်မလိုကြောင်းနှင့် ထိုဥပဒေကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ကာကွယ်သွားမည်ဖြစ်ကြောင်း ၎င်းကဆက် လက်ပြောသည်။
အေးချမ်းမွန်မှ Myanmartandawsint Newspaper တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : Myanmartandawsint Newspaper
““ဒီငွေတွေကို ငါတို့ပါတီအနေနဲ့ လက်ခံလို့မရဘူး။ ရခိုင်ဒေသမှာ လှူချင်ရင် အစိုးရထံကို သွားလှူလို့ ငြင်းလိုက်တယ်။ လွှတ်တော်မှာ ရခိုင်အရေးကိစ္စဆွေးနွေးတာကလ
““သူတို့လှည့်ကွက်ထဲလည်း မ၀င်ရော ရုံးကို နေ့ရောညပါ တယ်လီဖုန်းနဲ့ ခြိမ်းခြောက်တယ်။ ကမ်းလှမ်းချက်မရရင် NNDP ရုံးရှေ့မှာ ဆန္ဒထုတ်ဖော်သပိတ်မှောက်မယ်လ
ထိုစာ၏ဇာစ်မြစ်၊ ခြိမ်းခြောက် သည့် ဖုန်းနံပါတ်များကို ဖော်ထုတ်ရန်အတွက် အစိုးရနှင့်သက်ဆိုင်ရာ အာဏာပိုင်တွင် တာဝန်ရှိကြောင်း ၁၉၈၂ ခုနှစ် အမျိုးသားနိုင်ငံသား ဥပဒေကို ဖျက်သိမ်းရန်မလိုကြောင်းနှင
အေးချမ်းမွန်မှ Myanmartandawsint Newspaper တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ
Photo From : Myanmartandawsint Newspaper