You Are Here: Home - ပင်မစာမျက်နှာ , သတင်း - ကျော်ဖြူမြို့ လူထု ဆန္ဒထုတ်ဖော်မှုမြင်ကွင်းများ

သမ္မတကြီး၏နိုင်ငံသား ကိစ္စမိန့်ကြားချက်ကို အပြည့်အ၀ထောက်ခံပါသည်၊ OIC နှင့်ပတ်သက်သောမည်သည့်အဖွဲ့ အစည်းကိုမှ အလိုမရှိဟူသော စာ တမ်းများကိုရေးထိုး ကိုင်ဆောင်ခဲ့ကြကြောင်းသိရှိရပါသည်။

မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်မည်မဟုတ်ကြောင်း နိုင်ငံတော်သမ္မ္မတရုံး သတင်းထုတ်ပြန်ချက်ကို အပြည့်အ၀ထောက်ခံသည်၊ OIC နှင့်ပတ်သက် သော မည်သည့်အဖွဲ့အစည်းကိုမှ အလိုမရှိဟု ကျောက်ဖြူမြို့တွင် ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။

ထိုပွဲကို အောက်တိုဘာ ၂၀-ရက် ယနေ့ မွန်းလွဲ တစ်နာရီက ကျောက်ဖြူမြို့ ဘုရားကြီးတောင်ကွင်းတွင် စတင်ပြုလုပ်ပြီး ဆန္ဒထုတ်ဖေါ်ရာ ရဟန်းသင်္ဃတော် အပါး ၂၀၀ခန့်၊ ကျောက်ဖြူမြို့ခံများနှင့် ကျောက်ဖြူခရိုင် တိုက်နယ်အသီးသီးမှ လူထုအင်အား ၁၀၀၀၀-ကျော် ပါဝင်ကြောင်း သိရသည်။

ဆန္ဒထုန်ဖေါ်ရာတွင် ကျောက်ဖြူလူငယ်များက ဦးဆောင်ပြီး လမ်းလျှောက် ဆန္ဒထုတ်ဖေါ်ရာ OIC အလိုမရှိထွက်သွား၊ OIC နှင့်ပတ်သက်သည့် မည်သည့်အဖွဲ့အစည်းကိုမှ အလိုမရှိဟု ကြွေးကြော်သံများဖြင့် သံပြိုင်ရွက်ဆိုကာ ဆန္ဒထုတ်ဖေါ်ပွဲကို မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် ကျော်ဖြူမြို့ နာရီစင်ကွင်းတွင်း ငြိမ်းချမ်းစွာဖြင့် လူစုခွဲခဲ့ကြောင်း သတင်းရရှိပါသည်။
ထိုသို့ ဆန္ဒဖော်ထုတ်မှုများယနေ့ ၂၀ ရက်နေ့တွင် မြို့နယ်လေးခုတွင် ကျင်း ပပြုလုပ်ခဲ့ကြောင်းလည်းသိရှိရပါသည်။
Blogger Widgets