“ရိုဟင်ဂျာ” (ခေါ်)ဘင်္ဂလီမူဆလင်များသည် ရခိုင်ပြည်ကို မူဆလင် ဘုရင်များအုပ်စိုးခဲ့ကြောင်းရခိုင်ပြည်တွင် “ရိုဟင်ဂျာ” နာမည်ဖြင့်လူမျိုးတမျိုးတည်ရှိခဲ့ကြောင်းစသည်ဖြင့် ထုပ်ပြန်ကြေငြာချက်များစာအုပ်အချို့တွင် ရေးသား ဖေါ်ပြကြ သည်ကိုတွေ့ရသည်။ ဤသည်မှာယုတ္တိဗေဒကင်းမဲသော၊ ကျိုးကြောင်းဆီလျှော်မှုမရှိသော လုပ်ဇာတ် တခုသာဖြစ်ပေသည်။
အကယ်၍များ ရခိုင်ပြည်ကို မူဆင်ဘုရင်များအုပ်စိုးခဲ့သည် မှန်လျှင် ရခိုင်ပြည်နယ်တွင် ရှိနေသောရှေ့ဟောင်း အဆောက်အဦး၊ ယဉ်ကျေးမှုလက်ရာစသည့် အမွေအနှစ်များသည် အစ္စလန်ဘာသာနှင့်ပတ်သတ်သော အဆောက်အဦး၊ ယဉ်ကျေးမှုလက်ရာစသည့် အမွေအနှစ်ဖြစ်ရပါမည်။ သို့ရာတွင် အစ္စလန်ဘာသာဝင်များ၏ရှေ့ဟောင်းအဆောက်အဦး၊ ယဉ်ကျေးမှုစသည့် အမွေအနှစ်များကိုလုံးဝမတွေ့ရပေ။ တည်ရှိနေသည်များမှာ ဗုဒ္ဓဘာသာ၏ ယဉ်ကျေးမှုနှင့် အထိမ်းအမှတ်လက်ရာများကိုသာ နေရာတိုင်းတွင်တွေ့ရှိနိုင်သည်။
ရခိုင်ပြည်ဖြစ်ပေါ်လာပုံသမိုင်းတွင် ရခိုင်ပြည်သည် ဘီစီ ၃၂၅၂ ခုမှ အေဒီ ၁၇၈၄ ခုနှစ် အထိ ဓည၀တီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦး၊ ဟူ၍ ခေတ်ကြီး(၄)ခေတ်ဖြင့် ရခိုင်ဘုရင်ခေတ်အဆက်ဆက်တွင် အုပ်စီုးခဲ့ကြသော ရခိုင်ဘုရင်များသည် ဗုဒ္ဓဘာသာကိုသာ ကိုးကွယ်ဆည်းကပ်ခဲ့ကြသည်။ လက်ရှိရခိုင်ပြည်နယ်တွင် တည်ရှိနေသော ရှေ့ဟောင်း အဆောက်အဦး စသည်များသည် ဗုဒ္ဓဘာသာဝင်များ၏ အမွေအနှစ်ဖြစ်သော စေတီ၊ ပုထိုး၊ ကျောင်းကန်၊ ဘုရား စသည်များကိုသာ တွေ့ရမည်ဖြစ်သည်။ ရခြိုပည်နယ်၏ နောက်ဆုံးဘုရင်ဖြစ်သော သမ္မတရာဇာ နန်းစိုက်ခဲ့သော နန်တော်ရာ မြို့ဟောင်း(မြောက်ဦး)မြို့တွင် ယနေ့အထိဗုဒ္ဓဘာသာဝင်များအထင်အရှားရှိနေသည်မှာထင်ရှားပေသည်။
မြန်မာပြည်ရှိ အစ္စလန်ဘာသာဝင် ဘဂလီင်္မူဆလင်များ
မြန်မာနိုင်ငံတွင် အစ္စလန်ဘာသာဝင် ဘင်္ဂလီမူဆလင်များသည် ရခိုင်ပြည်နယ် စစ်တွေခရိုင်တွင်၎င်း၊
မြန်မာပြည်အနှံ့ ပြည်နယ်နှင့် တိုင်းများတွင်၎င်း၊ နေထိုင်လျှက်ရှိကြသည်။ မြန်မာပြည်အနှံ့ပြည်နယ်နှင့် တိုင်းများတွင် နေထိုင်လျှက်ရှိကြသည့် အစ္စလန်ဘာသာဝင်ဘင်္ဂမူဆလင်များ လူ့အခွင့်ရေးချိုးဖေါက်ခံနေကြရသလို အခြားသော တိုင်းရင်းသားပြည်သူများသည်လည်း လူ့အခွင့်ရေးချိုးဖေါက်ခံနေကြရသည်။ အခြားသော ပြည်နယ်နှင့် တိုင်းများတွင် နေထိုင်လျှက်ရှိကြသည့် အစ္စလန်ဘာသာဝင် ဘင်္ဂလီမူဆလင်များသည် “ရိုဟင်ဂျာ” ဟူ၍ လူမျိုးသစ်ဖန်တီးကာ လူ့အခွင့်ရေးချိုးဖေါက်ခံနေရကြောင်း ပြောဆိုကြသည်ကိုမတွေ့ပါ။ အစ္စလန်ဘာသာဝင်များ ဖိနှိပ်ခံနေကြ၇သည်။ လူ့အခွင့်ရေးချိုးဖေါက်ခံနေကြသည်စသည်ဖြင့် သာပြောဆိုမှုရှိကြသည်။
ရခိုင်ပြည်စစ်တွေခရိုင်ရှိ “ရိုဟင်ဂျာ” ဆိုသူ ဘင်္ဂလီမူဆလင်များသည်သာ ဖိနှိပ်ခံနေကြရသည်။ လူ့အခွင့်အရေးချိုးဖေါက်မှု အများဆုံးခံနေကြရသည် စသည်ဖြင့် နိုင်ငံတကာသို့ဝါဒဖြန့်ချီနေခြင်းသည် နိုင်ငံတကာ၏ အာရုံစိုက်မူ၊ စာနာထောက်ခံမူကို ရရှိလာကာ “ရိုဟင်ဂျာ” ဟူ၍ လူမျိုးတမျိုးဖြစ်လာရေးအတွက် နည်းဗျုဟာအဖြစ် ကျင့်သုံးလျှက် ၀ါဒဖြန့်ချီနေခြင်းဖြစ်သည်မှာထင်ရှားနေပေသည်။ မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့် လုပ်ကြံခြင်းခံခဲ့ကြရသော ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချိုတို့သည် အစ္စလန် ဘာသာဝင် မူဆလင်များ ဖြစ်ကြသည်။ သူတို့သည် အစ္စလန် ဘာသာဝင် ဘင်္ဂလီမူဆလင်များအနေဖြင့်သာ ဗိုလ်ချုပ်အောင်ဆန်းတို့နှင့်အတူ မြန်မာလွတ်လပ်ရေးကို ရယူကာ လုပ်ကြံခံခဲ့ရသော အစ္စလန်ဘာသာဝင် ဘင်္ဂလီမူဆလင် ခေါင်းဆောင်များဖြစ်ကြသည်။
ရခိုင်ပြည်ရှိ အစ္စလန်ဘာသာဝင် ဘင်္ဂလီမူဆလင်များတွင် ရခိုင်ပြည် မြောက်ဦးခေတ်တွင် ၀င်ရောက် လာကြသော အစ္စလန်ဘာသာဝင် ဘင်္ဂလီမူဆလင်များ၊ ဗြိတိသျှကိုလိုနီခေတ်တွင် ၀င်ရောက်လာကြသော အစ္စလန် ဘာသာဝင် ဘင်္ဂလီမူဆလင်များ၊ ၀န်ကြီးချုပ် ဦးနု ဦးဆောင်သော ဖဆပလ ခေတ်တွင် ၀င်ရောက်လာကြသော အစ္စလန် ဘာသာဝင် ဘင်္ဂလီမူဆလင်များ မဆလ၊ န၀တ၊ နအဖ၊ ခေတ်တွင် ၀င်ေ၇ာက်လာကြသော အစ္စလန်ဘာသာဝင် ဘင်္ဂလီ မူဆလင်များဟူ၍ အမျိုးအစားအားဖြင့်(၄)မျိုးရှိပေသည်။
၎င်း(၄)မျိုးတွင် မြောက်ဦးခေတ်။ ဗြိတိသျှခေတ်တွင် ၀င်ရောက်လာကြသော အစ္စလန်ဘာသာဝင် ဘင်္ဂလီမူဆလင်များသည် နိုင်ငံသားအဖြစ် အသိအမှတ်ပြုခြင်းခံရသော ဘင်္ဂလီမူဆလင်များဖြစ်ကြသည်။ ဖဆပလ၊ မဆလ၊ န၀တ၊ နအဖ၊ ခေတ်တွင် ၀င်ရောက်လာကြသော အစ္စလန်ဘာသာဝင် ဘင်္ဂလီမူဆလင်များတွင် အချို့သည် နိုင်ငံသားအဖြစ် အသိမှတ်ပြုခြင်းခံထားကြရသည်။ အချို့သည် နိုင်ငံသားအဖြစ် အသိအမှတ်ပြုခြင်းမခံထားရသော်လည်း နိုင်ငံသားအဖြစ် နေထိုင်ခွင့် ရရှိထားကြသည်။ အချို့ (အများစု) သည် နေထိုင်ခွင်း လက်မှတ် လုံးဝမရရှိပဲ နေထိုင်လျှက်ရှိကြသည်။
၁၉၉၀ ခု၊ မေလ (၂၇)ရက် အထွေထွေဒီမိုကစီရွေးကောက်ပွဲ
န၀တ၊ နအဖ စစ်အစိုးရသည် ၁၉၉၀ ခု၊မေလ ရွေးကောက်ပွဲ မကျင်းပမှီ ၁၉၈၉ ခုနှစ်တွင် မြန်မာနိုင်ငံရှိပြည်နယ်နှင့် တိုင်းများ၌ သန်ခေါင်စာရင်း ကောက်ယူခဲ့သည်။ ထိုသို့ သန်းခေါင်စာရင်းကောက်ယူခဲ့ရာတွင်လည်း “ရိုဟင်ဂျာ” နာမည်ဖြင့် ဖော်ပြထာသည်ကို မတွေ့ရပါ။ ၁၉၉၀ ခု၊မေလတွင် ကျင့်ပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဝင်ရန်အတွက် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲ ကော်မရှင်၌ မှတ်ပုံတင်ကြရာတွင်လည်း “ရိုဟင်ဂျာ”နာမည်ဖြင့် မှတ်ပုံတင်ခဲ့သည်ကို မတွေ့ရရှိပါ။ အစ္စလန်ဘာသာဝင် မူဆလင်များအနေဖြင့် ရွေးကောက်ပွဲ ကော်မရှင်ထံ မှတ်ပုံတင်ရာတွင် လူ့အခွင့်ရေး စသောနာမည်များဖြင့်သာ မှတ်ပုံတင်ခဲ့ကြသည်ကို တွေ့ရှိရသည်။
ဦးနေ၀င်း ခေတ်၊ဗိုလ်ချုပ်မှူးကြီး စောမောင် ခေတ်များတွင် မြန်မာပြည်ရှိ တိုင်းရင်းသား လူမျိုးများကိုဖေါ်ပြရာ၌ လူမျိုးပေါင်း ၁၃၅ မျိုးရှိကြောင်း ဖေါ်ပြထားသည်။ ၄င်းလူမျိုး ၁၃၅ မျိုးကို ဖော်ပြရာတွင်လည်း “ရိုဟင်ဂျာ” ဟူ၍ ဖော်ပြထားသည်ကို မတွေ့ရပါ။ ရခိုင်ပြည်နယ်တွင် လူမျိုး (၇)မျိုးရှိကြောင်းဖေါ်ပြခဲ့သည်။ ၄င်း (၇) မျိုးတို့မှာ ရခိုင်၊ ကမန်၊ ခမွီး၊ ဒိုင်းနက်၊ မရမာကြီး၊ မြို၊ သက် ဟူ၍ ဖေါ်ပြထားသည်။ “ရိုဟင်ဂျာ” ဟူ၍ ဖေါ်ပြထားမှုမရှိပေ။
မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုများ ဒုက္ခသည်ဖြစ်ရခြင်းကြောင်း
မြန်မာနိုင်ငံရှိ ကရင်၊ ကရင်နီ၊ မွန်၊ ရခိုင်၊ ချင်း၊ ကချင်၊ ရှမ်း၊ ပအိုဝ်း၊ ပလောင်၊ ဝ၊ လားဟူ စသော တိုင်းရင်းသားလူမျိုးများသည် နိုင်ငံခြားတိုင်းပြည်များနှင့် နယ်မြေချင်း ဆက်စပ်သော ပြည်နယ်များတွင် နေထိုင်ကြသည်။ ၎င်းပြည်နယ်များတွင် သက်ဆိုင်ရာ လူမျိုးအလိုက် ခုခံတော်လှန်စစ်များ (တော်လှန်ရေးအဖွဲ့အစည်းများ) ဖြစ်ပေါ်ခဲ့ကြ သည်။ ခုခံတော်လှန်စစ်များရှိသော နယ်မြေများကို အုပ်စိုးသူ အစိုးရအဆက်ဆက်၏ လက်နက်ကိုင်တပ်မတော် (ဗမာ့တပ်တော်) မှ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိသည်။ ထိုသို့ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်သည့် အခါတိုင်းတွင် စစ်ဘေး၊ စစ်ဒဏ်ကြောင့် ဒုက္ခသည်များအဖြစ် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်လေ့ရှိကြရ သည်။ ဤအကြောင်းအရာများကြောင့် ဒုက္ခသည်များဖြစ်ကြရသည်။
“ရိုဟင်ဂျာ” (ခေါ်) ဘင်္ဂလီမူဆလင်များ ဒုက္ခသည်ဖြစ်ရခြင်းအကြောင်း
ရခိုင်ပြည်ဘူးသီးတောင်နှင့် မောင်တောဒေသတွင် နေထိုင်ကြသော ရိုဟင်ဂျာ (ခေါ်) ဘင်္ဂလီ မူဆလင်အများစုသည် တဖက်နိုင်ငံမှ ပုံစံအမျိုးမျိုးဖြင့် ခိုးဝင်လာကြသူများဖြစ်သည်။ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခြင်း မခံရသေးသော ဘင်္ဂလီမူဆလင်ပိုမိုများပြားလာသည်။ အုပ်စိုးသူအစိုးရသည် ဘူးသီးတောင်နှင့် မောင်တောဒေသတွင် နေထိုင်သူများအား မှတ်ပုံတင်ရှိ၊ မရှိ စစ်ဆေးလေ့ရှိသည်။ မှတ်ပုံတင်တစ်ခုခုမရှိသူ ဘင်္ဂလီမူဆလင်များသည် အစစ်အဆေးမခံဘဲ တဖက်နိုင်ငံသို့ထွက်ပြေးလေ့ရှိကြသည်။ ရိုဟင်ဂျာ ခေါ်ဘင်္ဂလီ ခေတ်ပညာတတ် ဘင်္ဂလီ မူဆလင်တချို့သည် မှတ်ပုံတင်စစ်ဆေးမှုကို အခွင့်အကောင်းယကာ နိုင်ငံသားအဖြစ် အသိအမှတ်ပြု မှတ်ပုံတင်ရှိ သူများကိုပါတဖက်နိုင်ငံဘင်္ဂလားဒေရှ့်သို့ ထွက်ပြေးစေခဲ့သည်။ ဤသည်မှာ ရိုဟင်ဂျာ (ခေါ်) ခေတ်ပညာတတ် ဘင်္ဂလီမူဆလင်များ၏နည်းဗျူဟာဖြစ်သည်။
ထင်ရှားသော ဥပမာတစ်ခုအဖြစ် ရှင်းပြရမည်ဆိုလျှင် ဦးနေဝင်း (မဆလခေတ်) အစိုးရအုပ်ချုပ်စဉ်ကာလ ၁၉၇၈-ခု၊ မေလ (၅) ရက်နေ့ ရခိုင်ပြည်တွင် နဂါးမင်းစစ်ဆင်းရေးအစီအစဉ်ဖြင့်မှတ်ပုံတင်ရှိ၊ မရှိစစ်ဆေးမှု ပြုလုပ်သည့်အခါ ထွက်ပြေးသွားခဲ့သော ဘင်္ဂလီမူဆလင်ဦးရေမှာ (၇၆၈၂၃) ယောက်ဖြစ်သည်။ ရခိုင်ပြည်မှ ထွက်ပြေးကြသော ဘင်္ဂလီမူဆလင်ဦးရေ (၇၆၈၂၃) ယောက်သည် ဒုက္ခသည်ဖြစ်နေချိန်တွင် တဖက်နိုင်ငံအတွင်းပိုင်းတွင် ရှိနေကြသော ဘင်္ဂလီမူဆလင်ဦးရေ (၁၁၉၈၄၄) ယောက်သည် ရခိုင်ပြည်နယ်မှ ဒုက္ခသည်အဖြစ်ထွက်ပြေးလာကြသော ရိုဟင်ဂျာဆိုသည် ဘင်္ဂလီမူဆလင်များနှင့် ပူးပေါင်းလိုက်ကြသည်။ ထိုအခါ ထွက်ပြေးလာသူ ဘင်္ဂလီဦးရေမှာ (၁၉၆၆၇၈) ယောက်ဖြစ်လာသည်။
ဤသို့ များပြားလာသည့်အခါ ရိုဟင်ဂျာဆိုသူ ခေတ်ပညာတတ် ဘင်္ဂလီမူဆလင်များ (အထူးသဖြင့် ARNO ဥက္ကဌ ဖြစ်သူ နူ(ရ်)ဆလင် သည် နိုင်ငံတကာသို့ လှည့်ပတ်ပြိး ရိုဟင်ဂျာလူမျိုးများသည် လူ့အခွင့်အရေး ချိုးဖေါက်ခံနေကြရသည်။ ခွဲခြားဆက်ဆံမှု ခံနေကြရသည် စသည်ဖြင့် လုပ်ကြံဝါဒဖြန့်ကြသည်။ ဤသို့ ဝါဒဖြန့်ကြသည့် အတွက် နိုင်ငံတကာ၏ စာနာထောက်ခံမှုကို ရရှိလာကြသည်။ နိုင်ငံတကာမှလည်း နအဖ စစ်အုပ်စုများအား ဖိအားပေး လာကြသည်။ နိုင်ငံတကာ၏ ဖိအားပေးမှုကို ခံလာရသောအခါ အုပ်စိုးသူအစိုးရများသည် ရိုဟင်ဂျာ (ခေါ်) ဘင်္ဂလီမူဆလင် ဒုက္ခသည်များကို ဟင်္သာစီမံချက်ဖြင့် ပြန်လည်လက်ခံကြရသည်။ ဟင်္သာစီမံချက်ဖြင့် ပြန်လည် ခက်ခံသည့်အခါ ဘင်္ဂလီမူဆလင်ဦးရေမျာ (၁၉၆၆၇၈) ယောက်ဖြစ်လာသည်။ ဤသို့ပြုလုပ်ခြင်းသည် ရိုဟင်ဂျာ (ခေါ်) ဘင်္ဂလီမူဆလင်များ၏ နည်းဗျူဟာတစ်ခုဖြစ်သည်။ ဤနည်းဗျူဟာများကို နိုင်ငံတကာမှ မှန်မှန်ကန်ကန်မသိကြပါ။ ရခိုင်ပြည်နယ်မှ ထွက်ပြေးကြသေ ရိုဟင်ဂျာ (ခေါ်) ဘင်္ဂလီမူဆလင်ဒုက္ခသည်များသည် စစ်ဘေးဒဏ်ကြောင့် ထွက်ပြေး ကြသော ဒုက္ခသည်များမဟုတ်ပါ၊ လူ့အခွင့်အရေးချိုးဖေါက်မှုအများဆုံးခံကြရသော ဒုက္ခသည်များလည်းမဟုတ်ကြပါ။
ရိုဟင်ဂျာ (ခေါ်) ဘင်္ဂလီမူဆလင်များ၏ မဟာဗျူဟာသည် အဆင့် (၂) ဆင့်ရှိကြောင်း လေ့လာသိရှိရသည်။ မောင်တော၊ ဘူးသီးတောင်ရှိ ဘင်္ဂလီမူဆလင်များ အပါအဝင် ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီမူဆလင်အားလုံး ရိုဟင်ဂျာနာမယ်ဖြင့် လူမျိုးတစ်မျိုးဖြစ်လာရေးသည် ပထမအဆင့် မဟာဗျူဟာဖြစ်သည်။ မြန်မာပြည်အနှံ ပြည်နယ်တိုင်းများတွင် နေထိုင်လျှင်ရှိကြသော ဘင်္ဂလီမူဆလင်အားလုံး ရိုဟင်ဂျာနာမည်ဖြင့် လူမျိုးတစ်မျိုးဖြစ်လာရေးသည် ဒုတိယအဆင့် မဟာဗျူဟာဖြစ်သည်။ အဆိုပါ မဟာဗျူဟာများကို အကောင်အထည်ဖေါ်ရာတွင် ပုံစံမျိုးစုံဖြင့် နည်းဗျူဟာများကို ကျင့်သုံးကြသည်။
ရိုဟင်ဂျာ ခေါ် ဘင်္ဂလီမူဆလင်အချို့သည် လှေကြီး၊ လှေငယ်များဖြင့် နိုင်ငံခြားတိုင်းပြည်များသို့ ထွက်ပြေးနေကြသည်။ ထွက်ပြေးနေဆဲဖြစ်သည်။ ၂၀၀၇-ခုနှစ်အတွင်း လှေဖြင့် ထွက်ပြေးလာသူ ရိုဟင်ဂျာ (ခေါ်) ဘင်္ဂလီ မူဆလင် (၆၀) ကျော်ကို ထိုင်းနိုင်ငံ၊ ရနောင်းဖက်တွင် ထိုင်းအစိုးရမှ ဖမ်းဆီးခဲ့သည်။ ထိုင်းအစိုးရ တာဝန်ရှိပုဂ္ဂိုလ်များမှ စစ်ဆေးမှုပြုလုပ်သည့်အခါ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ (ခေါ်) ဘင်္ဂလီမူဆလင်အချို့နှင့် ဘင်္ဂလားဒေရှ့်နိုင်ငံမှ ဘင်္ဂလီမူဆလင်အချို့ပါကြောင်း BBC နှင့် VOA အသံလွှင်ဌာနမှ ကြေငြာသွားပါသည်။ ရိုဟင်ဂျာ (ခေါ်) ဘင်္ဂလီမူဆလင်များ လှေကြီး၊ လှေငယ်များဖြင့် နိုင်ငံခြားတိုင်းပြည်များသို့ ထွက်ပြေးကြသည့်အခါ ဘင်္ဂလားဒေရှ့် နိုင်ငံသား ဘင်္ဂလီမူဆလင်များနှင့်ပေါင်းပြီး ထွက်ပြေးလေ့ရှိကြသည်။ ရိုဟင်ဂျာ (ခေါ်) ဘင်္ဂလီမူဆင်များ၏ နည်းဗျူဟာ တစ်ခုဖြစ်ပေသည်။
မြန်မာပြည်အနှံအပြားပြည်နယ်နှင့်တိုင်းများမှ နိုင်ငံခြား တိုင်းပြည်များသို့ ရောက်ရှိနေကြသော အစ္စလာမ်ဘာသာဝင် ဘင်္ဂလီမူဆလင်များသည် မိမိတို့ရောက်ရှိနေကြသည့် နိုင်ငံများတွင် နေထိုင်ခွင့်(Status) ရရှိရေး အတွက် ရိုဟင်ဂျာ နာမည်ဖြင့် အသနားခံ လျှောက်လွှာတင်လေ့ရှိကြသည်။ ရိုဟင်ဂျာဟူသော လူမျိုးတမျိုးဖြင့် နေထိုင်ခွင့် (Status) ရရှိအောင် ကြိုးပမ်းကြသည်။ ၂၀၀၆-ခုနှစ်တွင် ဂျပန်နိုင်ငံရှိ ရိုဟင်ဂျာနာမည်ဖြင့် နေထိုင်ခွင့် (Status) ရရှိကြသူအချို့ရှိသည်။ ၎င်း ရိုဟင်ဂျာနာမည်ဖြင့် နေထိုင်ခွင့်ရရှိကြသူများအထဲတွင် ရခိုင်ပြည်နယ်မှ ဘင်္ဂလီ မူဆလင် အချို့နှင့် မြန်မာပြည်အနှံပြည်နယ်နှင့်တိုင်းများတွင် နေထိုင်ခဲ့ကြသော ဘင်္ဂလီမူဆလင်အချို့လည်းပါနေကြောင်း အထင် အရှားတွေ့ရပေသည်။ ဤသည်မှာလည်း နည်းဗျူဟာတစ်ခုဖြစ်ပေသည်။
အလားတူမလေးရှားနိုင်ငံတွင်လည်း ရိုဟင်ဂျာနာမည်ဖြင့် နေထိုင်ခွင့် (Status) ရရှိသွားသူ ဦးရေမှာ (၂) သောင်းကျော်ရှိကြောင်း ရေဒီယိုမှတဆင့် လေ့လာသိရှိရသည်။ ၎င်း (၂) သောင်းကျော်အထဲတွင်လည်း ရခိုင်ပြည်မှ ဘင်္ဂလီမူဆလင်များနှင့် မြန်မာပြည်အနှံ တိုင်းနှင့်ပြည်နယ်တွင် နေထိုင်ခဲ့ကြသော အစ္စလာမ်ဘာသာဝင် ဘင်္ဂလီ မူဆလင်များ ပါဝင်နေပေသည်။ ဤသို့ပြုလုပ်နေကြသည့် နည်းဗျူဟာများကို နိုင်ငံခြားတိုင်းပြည်များမှ မသိရှိကြပေ။
အခြားသော မဟာဗျူဟာများလည်း ရှိနိုင်သေးသည်။ ဘင်္ဂလားဒေရှ့် (ယခင် အရှေ့ပါကစ္စတန်) နိုင်ငံမှ အိန္ဒိယနိုင်ငံဖက်သို့ ရောက်ရှိသွားကြသည့် ဘင်္ဂလီမူဆလင် (၁၂) သန်းကျော်ရှိကြောင်းသိရသည်။ ရိုဟင်ဂျာ (ခေါ်) ဘင်္ဂလီမူဆလင်များ၏ ပထမအဆင့် မဟာဗျူဟာ၊ ဒုတိယအဆင့် မဟာဗျူဟာ အောင်မြင်မှုရရှိလာသောအခါ အိန္ဒိယ ဖက်သို့ ရောက်ရှိသွားကြသည့် ဘင်္ဂလီမူဆလင်များနှင့် ဆက်စပ်ဆက်နွယ်မှုများ ဖြစ်ပေါ်လာနိုင်သည်။ အခြားသော တိုင်းပြည်များရှိ မူဆလင်လှုပ်ရှားသူများနှင့်လည်း ဆက်စပ်မှုများရှိလာနိုင်သည်။
အထက်တွင်ဖေါ်ပြထားသော နည်းဗျူဟာများကို အသုံးပြုကာ ရခိုင်ပြည်ရှိ အစ္စလာမ်ဘာသာဝင် ဘင်္ဂလီ မူဆလင်အားလုံး ရိုဟင်ဂျာဟူသော နာမည်ဖြင့် လူမျိုးတစ်မျိုးဖြစ်သွားလျှင် မြန်မာပြည်အနှံပြည်နယ်နှင့်တိုင်းများတွင် နေထိုင်လျှက်ရှိကြသော အစ္စလာမ်ဘာသာဝင်ဘင်္ဂလီမူဆလင်အားလုံးကို ရိုဟင်ဂျာနာမည်ဖြင့် လူမျိုးတမျိုးဖြစ်လာအောင် ကြိုးပမ်းလာကြမည်ဖြစ်သည်။ ဤသို့ ကြိုးပမ်းမှုကို နိုင်ငံတကာရှိ မူဆလင်အဖွဲ့အစည်းများမှ အကူအညီပေးကြသည်။
ဘင်္ဂလားဒေရှ့်နိုင်ငံ (ယခင်ပါကစ္စတန်) မှ အိန္ဒိယနိုင်ငံဖက်သို့ ရောက်ရှိသွားကြသော အစ္စလာမ်ဘာသာဝင် ဘင်္ဂလီမူဆလင်များသည် ရခိုင်ပြည်နယ် ရိုဟင်ဂျာ (ခေါ်) ဘင်္ဂလီမူဆလင်များသည်ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ မူဆလင်များနှင့် ဆက်စပ်မှုပြုလုပ်ကာ ရိုဟင်ဂျာဟူ၍ လူမျိုးတစ်မျိုးဖြစ်အောင် ကြိုးပမ်းလာနိုင်သည။ ဤသို့ ကြိုးပမ်းမှု ပြုလုပ်ကြသည့်အချိန်တွင် အိန္ဒိယနိုင်ငံ၌ ပဋိပက္ခ ပိုမိုပြင်းထန်လာနိုင်သည်။ အစ္စလာမ်ဘာသာဝင်မူဆလင်နှင့် ပထာန်များ မူဆလင်များနှင့် ဟိန္ဒူဘာသာဝင်များ ပိုမိုပြင်းထန်သော ပဋိပက္ခဖြစ်ကာ အိန္ဒိယနိုင်ငံ (၂) ခြမ်းကွဲသွားနိုင်သည့် အခြေအနေသို့ ရောက်ရှိကောင်း ရောက်ရှိသွားနိုင်သည်။ ဤမဟာဗျူဟာများကို အကောင်အထည်ဖေါ်ရာတွင် နှစ်တရာစီမံကိန်း (ရည်ရှည်စီမံကိန်း) အဖြစ်ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။
မူဆလင်ဘာသာဝင်များနေထိုင်သောထိုင်းနိုင်ငံတောင်ပိုင်းပြည်နယ်များသို့လည်း ကူးစက်လာနိုင်သည်။ ၂၀၀၅-ခုနှစ်မှ စတင်ဖြစ်ပွားခဲ့သော ထိုင်းနိုင်ငံတောင်ပိုင်းပြည်နယ်များမှ အစ္စလာမ်ဘာသာဝင် မူဆလင်များ၏ ပြဿနာကို ယခုအထိ အဆုံးသတ်၍ မရနိုင်သေးပေ။ ထိုင်းနိုင်ငံတောင်ပိုင်းပြည်နယ်များမှ အစ္စလာမ်ဘာသာဝင်စစ်သွေးကြွ (Militant) များသည် ထိုင်းနိုင်ငံအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အစ္စလာမ်ဘာသာဝင်မူဆလင်ပြည်နယ်တစ်ခုအဖြစ် ဖေါ်ထုတ် ဖန်တီးနေကြကြောင်း သိရှိရပါသည်။
NGOs အဖွဲ့အချို့၏ အစီရင်ခံစာများတွင် ရိုဟင်ဂျာများသည် ခွဲခြားဆက်ဆံခံနေကြရသည်ဟုဆိုသည်။ ဘူးသီးတောင်၊ မောင်တောရှိ ဘင်္ဂလီမူဆလင်များ တနေရာမှ တနေရာသို့ ခရီးသွားလာမှုကို ပိတ်ပင်တားဆီး ထားကြသည်ဟုလည်း ဖေါ်ပြတတ်ကြသည်။ တားဆီးပိတ်ပင်ခြင်း အဓိက အကြောင်းအရင်းကို NGOs များ မှန်မှန်ကန်ကန် သိပုံမရပေ။ မူဆလင်များ၏ ခရီးသွားလာမှုကို တားဆီးပိတ်ပင်မှုမှာ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခြင်း မခံရသေးသောသူများကိုသာ တားဆီးပိတ်ပင်ခြင်းဖြစ်သည်။ အထူးသဖြင့် NGOs များ သိထားသင်သည်မှာ ရိုဟင်ဂျာ (ခေါ်) ဘင်္ဂလီမူဆလင်များသည်လည်း အစ္စလာမ်ဘာသာဝင်များဖြစ်ကြသည်။ ရိုဟင်ဂျာအမည်မခံကြသော ဘင်္ဂလီ မူဆလင်များသည်လည်း အစ္စလာမ်ဘာသာဝင်များဖြစ်ကြသည်။ ၎င်းတို့အားလုံးသည် ဖိနှိပ်ခံရမှုနှင့် လူ့အခွင့်အရေး ချိုးဖေါက်ခံရမှုစသည်များမှာ အတူတူပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ယခုအုပ်ချုပ်နေသော အစိုးရသည် မဟာလူမျိုးကြီးဝါဒီ စစ်အာဏာရှင်အစိုးရသာဖြစ်သည်။ စစ်အာဏာရှင်တို့မည်သည်မှာ ပြည်သူလူထုအား အုပ်ချုပ်ရာတွင် ခွဲခြားဆက်ဆံပြီး အုပ်ချုပ်လေ့မရှိကြပါ။
ရိုဟင်ဂျာခေါ် ဘင်္ဂလီမူဆလင်များခွဲခြားဆက်ဆံမှု ခံနေကြရသည်ဟု ဝါဒဖြန့်နေခြင်းမှာ အနောက်တိုင်းမှ အချို့နိုင်ငံများ၏ လူဖြူ၊ လူမည်း ခွဲခြားဆက်ဆံခြင်းမျိုး၊ ဂျူးနှင့် ဂျာမန် ခွဲခြားဆက်ဆံမှုမျိုးအဖြစ် သိမြင်နားလည်အောင် ဝါဖြန့်နေကြမှုသာဖြစ်သည်။ ခွဲခြားဆက်ဆံမှုမျိုး ရခိုင်ပြည်တွင် မရှိခဲ့ဖူးပါ။ ယခုလည်းမရှိပါ။ ရခိုင်ပြည်နယ်တွင် တိုင်းရင်းသားလူမျိုးစုတစ်ခုအဖြစ် အသိအမှတ်ပြုခံထားရသော အစ္စလာမ်ဘာသာဝင် ကမန်မူဆလင်များသည် ရခိုင်ပြည်သို့ အိန္ဒိယမှ ဝင်ရောက်ခိုလုံလာသည်မှာ အနှစ် (၄၀၀) နီးပါးရှိပြီဖြစ်သည်။ လူမျိုးခွဲခြားဆက်ဆံမှုမည်သို့ ရှိသည်ကို ထို ကမန်မူဆလင်များကို မေးကြည့်ခြင်းဖြင့် တရားမျှတသော တွေးတောဆင်ခြင်မှုမျိုးကို ရနိုင်ပါမည်။
ဦးဟန်ယောင်ဝေ အနေဖြင့် ထိုင်းနိုင်ငံတွင် အခြေမချမှီကပင် ထိုင်းနိုင်ငံနယ်စပ်ဒေသများတွင် တပ်ပေါင်းစု၊ နိုင်ငံရေး အဖွဲ့အစည်းများရှိကြသည်။ ၎င်းတပ်ပေါင်းစုများ၊ နိုင်ငံရေးအဖွဲ့အစည်းများအနေဖြင့် ရိုဟင်ဂျာပြဿနာကို မကိုင်တွယ်ခဲ့ကြပေ။ ဆိုလိုသည်မှာ ရိုဟင်ဂျာပြဿနာသည် မြန်မာပြည်တစ်ခုလုံး၏ ပြဿနာဖြစ်နေသောကြောင့် သမိုင်း၏ ဖြစ်ရပ်မှန်နှင့် မြန်မာပြည်သူတရပ်လုံး၏ ဆန္ဒသဘောထားအပေါ်တွင် အခြေခံပြီး ပါလီမန်မှ ဆုံးဖြတ်ရမည့် ကိစ္စဖြစ်သည်ဟု နားလည်ထားကြသောကြောင့်ဖြစ်သည်။
ဦးဟန်ယောင်ဝေ ထိုင်းနိုင်ငံကို အခြေချလာသည့်အချိန်မှစပြီး ထိုင်းအခြေစိုက် ဗမာရိုဟင်ဂျာအဖွဲ့၊ Australia အခြေစိုက် ဗမာရိုဟင်ဂျာအဖွဲ့၊ Canada အခြေစိုက် ဗမာရိုဟင်ဂျာအဖွဲ့၊ Norway အခြေစိုက် ဗမာရိုဟင်ဂျာအဖွဲ့ စသည်ဖြင့် ပေါ်ပေါက်လာခဲ့သည်။ တရုတ်ပြည်တွင် ရှိနေကြသည့် အစ္စလာမ်ဘာသာဝင် တရုတ်ပန်းသီးများအတွင်း သို့လည်း တစံတရာ ဂယက်ရိုက်ခတ်မှု မရှိလာနိုင်ဟူ၍ ပြော၍မရပေ။
ရခိုင်ပြည်တွင် ရှိနေကြသည့် အစ္စလာမ်ဘာသာဝင် ဘင်္ဂလီမူဆလင်များသည် ဘင်္ဂလားဒေရှ့် (ယခင် အရှေ့ပါကစ္စတန်) မှ အကြောင်းအမျိုးမျိုးကြောင့် ခိုးဝင်လာကြသူများသာ ဖြစ်သည်။ ရခိုင်ပြည်၏ ပင်မလူမျိုး (သို့မဟုတ်) ဌာနေတိုင်းသားများမှာ ရခိုင်၊ ဒိုင်းနက်၊ ခမီး၊ မြို၊ သက်၊ ကမန်(မူဆလင်) တို့ဖြစ်ကြသည်။ ဦးဟန်ယောင်ဝေသည် ရခိုင်ပြည်တွင် ပင်မလူမျိုးဖြစ်သည့် ရခိုင်လူမျိုးအား အဓိကမထားဘဲ လူမျိုးအသစ်ဖန်တီးနေကြသည့် ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီမူဆလင်များကို အားပေးအားမြှောက်ပြုလုပ်နေခြင်းသည် သူ၏ နောက်ကွယ်မှာ Hidden Policy တစ်ခုခု ရှိနေကြောင်း ဝေဖန်သုံးသပ်နိုင်သည်။
ဦးဟန်ယောင်ဝေမှာ နိုင်ငံရေးအဖွဲ့အစည်းမရှိပါ။ EBO ၏ ဒါရိုက်တာသာဖြစ်သည်။ EBO ( Europe-Burma Office) ဆိုသည်မှာ ဥရောပပါလီမန် (သို့မဟုတ်) EU အဖွဲ့ဝင် နိုင်ငံတစ်ခုခုမှ မြန်မာပြည်ဒီမိုကရေစီလှုပ်ရှားမှုအတွက် အကူအညီပေးသည့် ငွေကို တဆင့်လက်ခံကာ အကူအညီပေးသည့် Funding Agency တစ်ခုသာဖြစ်သည်။ ဦးဟန်ယောင်ဝေမှ ငွေကို အကူအညီပေးသဖြင့် အချို့အဖွဲ့အစည်းများသည် သူ့အကြံပေးအဖြစ် တာဝန်ပေးကြသည်။ အဖွဲ့အစည်းအချို့၏ အကြံပေးဆိုသည့်အခွင့်အရေးကို အသုံးပြုကာ ငါးပွက်ရာ ငါးစာချသည့် ပုံစံမျိုးဖြင့် နိုင်ငံရေး ကစားနေသည်ကို မျက်ဝါးထင်ထင်တွေ့မြင်လာရသည်။
ရိုဟင်ဂျာနာမည်ခံများနှင့် တာလီဘန်တို့ဆက်စပ်မှု
ပါကစ္စတန်နိုင်ငံတွင် မူဆလင်ဘာသာရေး၏ အခြေခံဝါဒကို လေ့ကျင့်သင်ကြားပေးသည့် ကျောင်းပေါင်း ယခုအခါ (၆၀၀) ကျော်နေပြီဖြစ်သည်။ ထိုကျောင်းကို စတင်ထူထောင်စဉ်က ရည်ရွက်ချက်မှာ ဒေသခံ မရှိဆင်းရဲသား ကလေးသူငယ်များနှင့် ခိုကိုးရာမဲ့များအတွက် မူဆလင်ဘာသာရေးမော်လဝီများမှ စတင်ခဲ့ခြင်းဖြစ်သည်။ ထိုအခြေခံကို အကြောင်းပြု၍ မူဆလင်နိုင်ငံများမှ ချမ်းသာသူများထံမှလည်းကောင်း၊ အစိုးရထံမှလည်းကောင်း၊ ထောက်ပံ့ ကူညီငွေများဖြင့် ရပ်တည်လာခဲ့ကြသည်။ တဖြည်းဖြည်းနှင့် ကျောင်းသားများမှာ ပတ်ဝန်းကျင်နိုင်ငံများမှလည်းကောင်း၊ ကမ္ဘာလုံးဆိုင်ရာ မူဆလင်နိုင်ငံများမှလည်းကောင်း အဆက်မပြတ်ရောက်ရှိလာခဲ့ကြရာ ပိုမိုများပြားလာခဲ့ကြသည်။ ကျောင်းအရေအတွက်ကိုလည်း တိုးချဲ့ဖွင့်လှစ်ပေးခဲ့ရသည်။ ထိုကျောင်းများသို့လာရောက်ပြီး ပညာသင်ကြားကြသူများမှာ အရှေ့အလယ်ပိုင်း၊ အာဖရိက၊ အာရှစသည့် နိုင်ငံများအားလုံးပါဝင်လာသည်။ ဗမာပြည်မှ မူဆလင်များသည် လည်းကောင်း ရခိုင်ပြည်မှ မူဆလင်များသည်လည်းကောင်း အပါအဝင်ဖြစ်သည်။
ထိုကျောင်းများမှ ဆင်းလာသူကျောင်းသားများသည် အာဖဂန်စစ်ပွဲမတိုင်ခင် အိန္ဒိယ၏ ကက်ခ်ျမီးယားစစ်ပွဲတွင် ပါဝင်ပတ်သက်ခဲ့ကြသည့် အထောက်အထားများကို အိန္ဒိယမှ စောစီးစွာ ရရှိထားသည့်အတွက် ပါကစ္စတန်နိုင်ငံအား ထိုကျောင်းများကို ပိတ်ပင်ပေးရန် ထပ်ကာတလဲလဲ တောင်းဆိုလာခဲ့သည်။ အာဖဂန်နစ္စတန် စစ်ပွဲဖြစ်ပွားသောအခါ ဆိုဗီယက်ကျူးကျော်မှုကို ဖြုတ်ချပြီး အုပ်ချုပ်လာခဲ့သော အစိုးရကို တာလီဗန် (ကျောင်းသားများဟု အဓိပ္ပာယ်ရသည်) များက ဖြုတ်ချခဲ့ခြင်းဖြစ်သည်။ တာလီဗန်များ အုပ်ချုပ်လာခဲ့စဉ်ကာလအတွင်း အာဖဂန်နစ္စတန်တွင် ရက်စက်မှုများ၊ မတရာမှုများကို ဖြစ်ပွားခဲ့သည်။ ကမ္ဘာပေါ်တွင် အကြီးမားဆုံးဖြစ်သည့် ဘာမီယန်ဒေသရှိ ဗုဒ္ဓဆင်းတုတော်အား ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အပါအဝင် တကမ္ဘာလုံးက မေတ္တာရပ်ခံနေသည့်ကြားမှ ဖေါက်ခွဲဖျက်ဆီးခဲ့သည်။ နောက်ဆုံး အမေရိကန်နိုင်ငံ ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အဦးကို လေယဉ်နှင့် တိုက်ခိုက်ခဲ့သော (9/11) အကြမ်းဖက်လုပ်ရပ်ပြီးနောက်ပိုင်းတွင် အယ်ကိုင်ဒါများအား တိုက်ခိုက်ဖြုတ်ချခဲ့မှုကြောင့် ပြုတ်ကျခဲ့ရသည်။
ဗမာပြည်နှင့် ရခိုင်ပြည်မှ မူဆလင်များသည် ပါကစ္စတန်တွင် ဖွင့်လှစ်ပို့ချနေသော မူဆလင် အခြေခံဝါဒီကျောင်းများနှင့် အဆက်အစပ်ရှိကြောင်းကို အိန္ဒိယနိုင်ငံ ကက်ရှိမီးယားစစ်ပွဲများမှ ခိုင်လုံသော အထောက် အထားများကို ရရှိခဲ့ပြီးဖြစ်သည်။ ၁၉၉၉-ခုနှစ် ကက်ရှိမီးယားဒေသတွင် ကာဂီးလ်တောင်ကုန်းတိုက်ပွဲမှ ဖမ်းဆီးရမိသော သုံးပန်းများဖြစ်သည့် ဟူစိန်မူဟာမက်နှင့် နော်ဖီရာမက်တို့၏ ထွက်ဆိုချက်အရ ရခိုင်ပြည်မှာ ရိုဟင်ဂျာနာမည်ခံများနှင့် ဗမာပြည်မှ မူဆလင်များပါဝင်နေကြောင်း အထောက်အထားများကို ရရှိခဲ့သည်။ ထိုသူများ၏ထွက်ဆိုချက်အရ ၎င်းတို့နည်းတူ အများအပြား ပါကိစ္စတန်သို့ လာရောက်ပညာသင်ကြားသူများရှိကြောင်း သိရသည်။ အလားတူ ရိုဟင်ဂျာ နာမည်ခံ လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သော ARNO, RSO, ARIF အဖွဲ့များသည်လည်း တာလီဗန်များ၊ အယ်ကိုင်ဒါများနှင့် အဆက်အသွယ်ရှိကြောင်း၊ ထိုအဖွဲ့ဝင်အမြောက်အမြားသည် တာလီဗန်များနှင့် အယ်ကိုင်ဒါများ ထံတွင် နည်းပညာနှင့် ငွေကြေးအထောက်အပံ့များကို ရယူလေ့ရှိကြောင်း သိရှိရသည်။