Cox's Bazaar ဒုက္ခသည်စခန်းက တာဝန်ခံတဥိး က ပြင်သစ်နိုင်ငံက Medecins Sans Frontieres နယ်ခြားမဲ့ဆေးကုသရေးအဖွဲ့ နဲ့ Action Against Hunger ဆာလောင်မွတ်သိပ်မှု တိုက်ဖျက်ရေး ဗြိတိန် နိုင်ငံ က Britain's Muslim Aid UK ဗြိတိသျှမူစလင် အဖွဲ့တို့ ကို အကူ အညီပေးတာတွေ ကို ရပ် ဆိုင်း ခိုင်းလိုက်တယ်လို့ ပြောပြပါတယ်။
ကူညီကယ်ဆယ်ရေး အဖွဲ့ (၃)ဖွဲ့ ဟာ မြန်မာနဲ့ Bangladesh ၂ နိုင်ငံလုံးက လက်မခံတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ သောင်းနဲ့ချီ တဲ့လူတွေကို ကူညီထောက်ပံ့ပေးနေတာဖြစ်ပါတယ်။
Bangladesh အာဏာပိုင်တွေက ဒီလို အကူအညီတွေ ဆက်ပေး နေမယ်ဆို ရင် မြန်မာ နိုင်ငံ က ဒုက္ခသည် တွေ ပို ပို ပြီး ထွက်ပြေးလာအောင်အားပေး အားမြှောက်လုပ်နေရာရောက်တယ်လို့ဆို ပါတယ်။
ကူညီကယ်ဆယ်ရေးအသင်းတွေ ဟာ ၁၉၉၀ပြည့်နှစ်လောက်ကတည်းက သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို အရေးပေါ် အစာ ရိက္ခာ နဲ့ကျမ်းမာရေးလိုအပ်ချက်တွေ အတွက်အထောက်အပံ့ပေး နေ တဲ့အပြင် လုပ်ကိုင်စားသောက် နိုင်အောင် အခြေခံ ကလုပ်ငန်းကျွမ်းကျင်မှုပညာတွေကိုလဲပေး နေ တာဖြစ်ပါတယ်။
Bangladesh နိုင်ငံအရှေ့တောင်ဘက်ခြမ်း က ဘင်ဂါလီ ဘာသာစကားနဲ့ ပိုပြီးနီးစပ်တဲ့ စကားကို ပြောဆို ကြ တဲ့ ရိုဟင်ဂျာတွေကို ဗုဒ္ဓဘာသာဝင်အများစု ကြီးစိုးတဲ့ မြန်မာ နိုင်ငံ တရားမဝင် ဝင်ရောက်နေထိုင်သူ များအဖြစ်သတ်မှတ်ထားပါတယ်။
Cox's Bazaar ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာ လူဦးရေ ၃ သိန်းလောက် ရှိပြီး ကုလသမဂကနေ တရားဝင်မှတ်ပုံတင်ထားသူ ဥိးရေ က ၃သောင်းလဲ ရှိတယ်လို့သိရပါတယ်။
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် tomas Ojea Quintana က မြန်မာ နိုင်ငံ ကို ၃ရက်ကြာခရီးမှာ ရခိုင်ပြည်နယ်ကိုကွင်းဆင်းလေ့လာခဲ့ပြီး မနေ့ကလဲဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဆွေးနွှေးခဲ့တယ်လို့သိ ရပါတယ်။
You Are Here: Home - ပင်မစာမျက်နှာ , သတင်း , အရေးကြီးသတင်းများ - မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ပဋိပက္ခ ကနေ တိမ်းရှောင်ပြီး Bangladesh နိုင်ငံ ကို ပြေးရှောင်လာ ကြတဲ့ ရိုဟင်ဂျာတွေကို ဟန့်တားတဲ့အနေနဲ့ နိုင်ငံတကာ က ကူညီထောက်ပံ့ရေးအသင်းအဖွဲ့ (၃) ခုကို ကူညီထောက်ပံ့မှု မပေးတော့ ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက အမိန့်ထုတ်ပြန်ခဲ့တယ်လို့သိပါတယ်။