You Are Here: Home - ပင်မစာမျက်နှာ , အတွီးစချေတိ , ဆောင်းပါး - အဆင်းမလှသော လင်းတ(လဒ)များ

၁။ ဂျီစီဘီအေခေတ်မှာ ရခိုင်(ရက္ခိုင်)လူမျိုးဆရာတော်ဖြစ်သော ဦးဥတ္တမ က ကရက်ဒေါက်ထွက်သွား ဆိုပြီး အင်္ဂလိပ်ဘုရင်ခံကိုစိန်ခေါ်ခဲ့သည်။

၂။ မျက်မှောက်ခေတ်မှာ ရခိုင်ပြည်သူလူထုကိုယ်တိုင်မှ ယူအန်အပါအ၀င် အင်န်ဂျီအိုများ၏ အလှူလက်မခံ၊ရခိုင်ပြည်မှ ထွက်သွားဆိုပြီး ကြွေးကြော်နေသည်။

၃။ သမိုင်းဆိုသည်မှာ တပတ်ပြန်လည်ရိုးထုံးစံရှိပါသည်။ ခေတ်၊စံနစ်အခြေအနေ၊အချိန်ကာလကွဲပြားနေသောလည်း နယ်ချဲ့  မှုနှင့်မတရားမှုကို ဆန့် ကျင်သော အမျိုးသားရေးအသွင်လက္ခဏာများဖြစ်ပါသည်။

၎။မြန်မာနိုင်ငံသို့  ယူအင်န်အိတ်စီအာ မဟာမင်းကြီးလာချိန်မှာ ရခိုင်မငြိမ်သက်မှုများနှင့် ပက်သက်ပြီး မြန်မာပြည်အနောက်ဘက်မှာ ပြည်တွင်းဒုက္ခသည် (IDP- Internal Displace Person) များရှိသည့်ကိစ္စအားပြောဆိုခဲ့ပါသည်။

၅။ ထို့ ကြောင့် အိုင်ဒီပီ ဆိုသော အသုံးအနှုန်းကိုပါ သရုပ်ခွဲဖို့ လိုလာပြီဟု ယူဆမိပါသည်။ မြန်မာပြည်အရှေ့ ဘက် ထိုင်း-မြန်မာနယ်စပ်ဖက်ကစ၍ အိုင်ဒီပီဆိုသော အင်ဂျီအိုစကားရပ်ကို စတင်သုံးစွဲခဲ့သည်။ အရှေ့ ဘက်မှ ပြည်တွင်းဒုက္ခသည်သည် ပြည်တွင်းစစ်ကြောင့်ဒုက္ခရောက်ကြရသော တိုင်းရင်းသားစစ်စစ်များ၊ရွာပုန်း၊ရွာရှောင်များကိုခေါ်ပါသည်။ ထိုကိစ္စအား ဗိုလ်ချုပ်မြနှင့်ဗိုလ်ခင်ညွန့် တွေ့ ဆုံသော အခွေမှာလည်း အတိအလင်းဖော်ပြထားပါသည်။

၆။ ယခုယူအန်မှ ပြောဆိုသော ရခိုင်ပြည်အိုင်ဒီပီစကားရပ်မှာ (Internalလော၊ Illegalလော) ဆိုသော တရားဝင်မှု၊မ၀င်မှုများဖြစ်လာသလို၊ ဌာနေတိုင်းရင်းသားအခွင့်အရေးကို ပြဌာန်းထားသော ယူအန်ကိုယ်တိုင်လေးစားလိုက်နာကျင့်သုံးခြင်းမရှိသည်ကို အတိုင်းအသားတွေ့  နေရပါသည်။

၇။ ယူအန်အတ်စီအာ ကိုယ်တိုင်မှ ဘင်္ဂါလီ(ခ)အတုအယောင်ရိုဟင်ဂျာကို သိသိကြီးနှင့် မြန်မာနိုင်ငံဒုက္ခသည်ဆိုပြီးလုပ်ကိုင်ပေးနေမှုများသည် လူကုန်ကူးမှုအား အားပေးသမှုပြုပေးနေကြောင်း ထိုင်းနိုင်ငံအပါအ၀င် ဒေသတွင်းနိုင်ငံများသိကြပါသည်။

၈။ ယူအင်န်အိတ်စီအာသည် ဒုက္ခသည်ပေးရေးကို နှံ့ နှံ့  စပ်စပ်သိသလို၊အသေးစိတ်နှိုက်ကာလည်း အင်တာဗြူးတက်ပါသည်။ဥပမာအနေဖြင့် ၈၈ကြောင့်ထိုင်းဖက်ရောက်သွားကြသော ကျောင်းသားများကို အင်းလျားကန်တံတားနီနှင့်ပက်သက်ပြီးမေးရာမှာ ခုံးကျော်တံတားလား၊လူကူးတံတားလားဆိုသောအမေးမျိုး၊ အမ်၁၆သေနတ်မောင်း ဘယ်ဆွဲလား၊ညာဆွဲလားဆိုသောအမေးမျိုးတို့ ဖြင့် မေးတက်ပါသည်။

၉။ထိုင်းနိုင်ငံရှိ ယူအင်န်အိတ်စီအာရုံးမှ ထိုင်းဝန်ထမ်းတဦးသည် ထိုင်းလူမျိုးများအား မြန်မာဒုက္ခသည်ဆိုပြီး အမေရိကန်ကို ပို့  ပေးမှုအားသိရှိခဲ့သဖြင့် အပြစ်ဒဏ်ပေးခံရပါသည်။

၁၀။မလေးရှားနိုင်ငံရှိ ယူအင်န်အိတ်စီအာရုံးမှ ကုလားဘာသာပြန်များနှင့်လူပွဲစားများကောင်းမှုကြောင့် ရိုဟင်ဂျာအရေခြုံဘင်္ဂလီများ နိုင်ငံတကာအနှံ့ ပြန့် နှံ့ နေပါသည်။

၁၁။ ဘန်ကောက်မှ arakan advocacy group မှလည်း ဘန်ကောက်ပို့ စ်၊ နေရှင်းသတင်းစာများမှာ ဘင်္ဂါလီရိုဟင်ဂျာများအကြောင်းကို စဉ်ဆက်မပြတ်ရေးသားနေပါသည်။

၁၂။ အမေရိကန်ရောက် ကရင်လူမျိုးများမှ နော်မူးလာဆိုသည့် ကရင်မလေးလာမည်ဆို၍ လေဆိပ်သို့ သွားကြိုရာမှာ တွေ့ လိုက်ရချိန်တွင် ကုလားမကြီးဖြစ်နေပါသည်။

၁၃။ သြစတြေးလျမှ ထိန်းသိမ်းရေးစခန်းများတွင် မြန်မာပြည်မှလာသောရိုဟင်ဂျာပြောကာ မြန်မာလိုလည်းမပြောတက်သူများကို တွေ့ ရကြောင်း

 သြစတြေးလျှရောက်မြန်မာဆရာဝန်အချို့ မှ ပြောဆိုကြသည်။

၁၄။ မကြာသေးမှီအချိန်ကာလမှာ မြန်မာလူမျိုးများဖြင့်ဖွဲ့ စည်းထားခြင်းမရှိသော

 နိုင်ငံတကာအမည်ခံအင်န်ဂျီအို(၃၁)ဖွဲ့ မှ မြန်မာပြည် လူဝင်မှုဥပဒေကိုပြောင်းလဲပေးရန် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ထိုကြေညာချက်၏ လိုလားချက်သည် ရခိုင်ပြည်အတွင်းခိုးဝင်နေထိုင်လာကြကုန်သော ဘင်္ဂါလီဟူသမျှ မြန်မာနိုင်ငံသားပေးရန် ဖြစ်သည်။သို့ ဆိုလျှင် ထိုင်းတွင်ရုံးစိုက်ထားသော ထို၃၁ဖွဲ့ ကြေညာချက်သည် မည်သို ကြောင့် မြန်မာနိုင်ငံသား ၃သန်းကျော် ထိုင်းနိုင်ငံသားဖြစ်ရေးကို မတောင်းဆိုပေးပါသလဲဟု ပြန်မေးလိုပါသည်။ ထိုင်းအစိုးရမှ ကန်ထုတ်မှာကိုကြောက်သဖြင့် စတိလောက်ပင် မတောင်းဆိုရဲကြခြင်းသည် အမှန်ဖြစ်ပါသည်။

၁၅။ မြန်မာပြည်အရေးအတွက်လုပ်နေကြသော အင်ဂျီအိုအများစုသည် အလှူဒါနအဖွဲ့ အစည်းမျိုးရပ်တည်ချက်များကင်းမဲ့ကာ ကိုယ်ကျိုးစီးပွားရှာစားနေခြင်းဖြစ်သည်ဟု ပြောလိုပါသည်။ ထိုသို့ သော အင်ဂျီအိုအဖွဲ့ များသည် နိုင်ငံတနိုင်ငံ၏အချုပ်အချာအာဏာ၊ပြည်သူလူထု၏ အမျိုးသားရေးဂုဏ်သိက္ခာများကို မလေးစားပဲရှိနေကြသည်။
၁၆။ စစ်ဖိနပ်အောက်မှာ ကြေပျက်နေသော တိုင်းပြည်အား ထပ်ပြီးကြေပျက်မှ၊လူများသေကြေမှ ပရိုပိုဆယ်လ်ကောင်းမယ်၊စီးပွားကောင်းမယ်ဆိုသော သုဘရာဇာစိတ်များ ပွေ့  ပိုက်ပြီးဝင်လာသော အင်န်ဂျီအိုတို့ ကို တားမြစ်နေသော ရက္ခိုင်ပြည်နှင့်ရက္ခိုင်သားတို့  ကမ္ဘာတည်သ၍တည်မြဲနေစေလိုပါသည်။ ။

မြန်မာပြည်ငြိမ်းချမ်းပါစေ

စစ်အောင်
Blogger Widgets