You Are Here: Home - ပင်မစာမျက်နှာ , သတင်း , အရေးကြီးသတင်းများ - ဘင်္ဂလာရှိ ရခိုင်များ စိုးရိမ်နေရဆဲ


603156 191239134336934 1208936291 n 







ရခိုင်ပြည်နယ်အတွင်းတွင် ဇွန် ၈ ရက်နေ့ကတည်းက အကြမ်းဘက်သောင်းကျန်းမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် အိမ်နီးချင်းနိုင်ငံဖြစ်သော ဘင်္ဂလာတွင် ဘင်္ဂလီများ၏ ဆက်ဆံမှုများကြောင့် ရခိုင်နှင့် ဗုဒ္ဓဘာသာဝင်များ အထူးစိုးရိမ်မှုများ တရွေ့ရွေ့ဖြစ်ပေါ်လာနေကြောင်း စုံစမ်း သိရှိရသည်။
"ကျမတို့ယောက်ျားတွေကို စက်ဘုတ်ကြီးတွေနဲ့ နိုင်ငံခြားပို့ပေးမယ်ဆိုပြီး အလျင်စလို ခေါ်သွားကြပါတယ်၊ ခေါ်တဲ့သူတွေက ရခိုင်ပြည်မှာ နင်တို့ငါတို့ ဆွေမျိုးတွေရဲ့ ကျေးရွာတွေကိုမီးတိုက်၊ ဗလီတွေကိုဖြို၊ လူတွေကိုသတ်နေကြတယ်၊ ဒါငါတို့မှာ တာဝန်ရှိကြောင့် အလ္လာရှင်မြတ်ပြောခဲ့တယ်လို့ ဆိုပါတယ်။ ခုငါတို့သားလင်တွေနဲ့ အဆက်အသွယ်မရ ဖြစ်နေတယ်၊ ရခိုင်တွေကိုမကျေနပ်ဘူး။"ဟု ဘင်္ဂလီအမျိုးသမီးများက ပြောနေကြောင်း လျှို့ဝှက်သတင်း တခုက ပြောသည်။
ရခိုင်ပြည်နယ်အတွင်းမှ အကြမ်းဖက်မှုနှင့် ဆက်စပ်နေကြသော သောင်းကျန်းသူများ အနေဖြင့် ယင်းကော့စ်ဘဇားခရိုင်အတွင်းရှိ ဘင်္ဂလီကျေးရွာနှင့် လမ်းဘေးများတွင် ပြန့်ကြဲနေထိုင်သူများအား မလေး၊ စင်္ကာပူနိုင်ငံများသို့ ပို့ပေးမည်ဟု လိမ်လည်ခေါ်ယူ၍ ရာပေါင်းများစွာ အင်အားစုဆောင်းနေပြီး ရခိုင်ပြည်နယ်အတွင်းသို့ ပို့ဆောင်နေကြသည်ဟု ဘင်္ဂလီအမျိုးသမီးများက ပြောသည်ဟု သတင်းများ ထွက်ပေါ်လာနေသည်။
ထို့ပြင် ကော့စ်ဘဇားခရိုင်အတွင်းတွင် ရခိုင်ပြည်နယ်အတွင်း ရခိုင်အမျိုးသားများက စစ်တပ်နှင့်ပူးပေါင်းပြီး မူဆလင်များအား သတ်ဖြတ်၊ ဗလီကျောင်းများကိုဖြိုဖျက်၊ ကျေးရွာများကိုမီးတိုက်သည့်ဟုဆိုကာ ဓါတ်ပုံ-ဗီဒီယိုဖိုင်များအား Mobile များတွင် ထည့်သွင်းပြီး စည်းရုံး လှုံဆော်ပြသကာ ရခိုင်များအား နည်းမျိုးစုံ အကွက်ချ အပြစ်ရှာကြံလျက် ရှိနေကြောင်း ကိုယ်တွေ့မျက်မြင်များက ပြောသည်။
အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့် ကော့စ်ဘဇားခရိုင်နှင့် မောင်တော၊ ဘူးသီးတောင်မြို့နယ်တို့အား အီဆလာမ်မိတ်နိုင်ငံတော်ထူထောင်ရန် ကြိုးပမ်းလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်လျက်ရှိနေပြီဖြစ်ကြောင်း ကောလဟာလသတင်းများ ထွက်ပေါ်နေသည်။
ယခုအခါ ရခိုင်ပြည်နယ်အတွင်း သောင်းကျန်းသူ ဘင်္ဂလီများထံမှ ခေတ်မီလက်နက်မျိုးစုံတို့ကို နေရာအနှံ တဖြည်းဖြည်း ဖမ်းဆီးရမိနေကြောင်းနှင့် ယင်းလက်နက်များဖြင့် သောင်းကျန်းသူများမှာ ဒေသခံရခိုင်လူထုနှင့် စစ်တပ်တို့ကို မြို့တွင်းများတွင် ခုခံတိုက်ခိုက်လျက် ရှိနေရာ ဒဏ်ရာရရှိသွားသူများရှိကြောင်း သတင်းများတွင်ဖေါ်ပြကြသည်။
သို့သော်လည်း ယခုအချိန်ထိ သမ္မတဦးသိန်းစိန် ဦးဆောင်သောအဖွဲ့သည် ရခိုင်ပြည်နယ် သောင်းကျန်းသူများမှ လက်နက်ခဲယမ်းမျိုးစုံ ဖမ်းဆီးရမိသည့် အရေအတွက်ကို တရားဝင်ထုတ်ဖေါ်ပြသမှုနှင့် အရေးယူဆောင်ရွက်မှုများ မရှိသေးချေ။
တာခ်နာမြို့ BGBက နော်ရာပါရာ မြန်မာဘင်္ဂလီဒုက္ခသည်စခန်းအတွင်း Block-B No 3 အမှတ် ၉၀၈ မှ ၉ လက္မအရှည်ရှိ လုပ်သေနပ် တလက်ကို တနင်္လာနေ့ နေ့လည် ၂ နာရီတွင် ဖမ်းဆီးရမိကြောင်း ယနေ့ထုတ် The Daily Ajker Deshbideshနှင့် THE DAILY SAIKAT သတင်းစာတို့တွင် ဖေါ်ပြထားသည်။
သို့သော်လည်း သေနပ်ပိုင်ရှင်မှာ ထွက်ပြေးလွတ်မြောက်သွားကြောင်းနှင့် မြန်မာဘင်္ဂလီဒုက္ခသည် ဖေါ်ယေဇူလ္လာဟာရ်၏ သား နုရုလ် အာမ်လာမ်(၄၀)နှစ်အား သက်ဆိုင်ရာ တာခ်နာရဲဋ္ဌာနမှ ဖမ်းဆီးယူသွားကာ အရေးယူစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သတင်းစာက ဆိုသည်။ ယင်းမြန်မာဘင်္ဂလီဒုက္ခသည် စခန်းများမှ မကြာခဏ ဒေသလုပ်သေနပ်နှင့် နိုင်ငံခြားလုပ်သေနပ်များ ဖမ်းဆီးရမိကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ် မြို့တော်စစ်တွေမြို့တွင် သောင်းကျန်းသူများ ငြိမ်သက်သွားမှု မရှိသေးသောကြောင့် စစ်တပ်၊ ရဲ၊ လူထိမ်းလုံခြုံရေး တပ်ဖွဲ့များ ယခုအချိန်ထိ ရှိနေသေးကြောင်း၊ လုံခြုံရေးတပ်ဖွဲ့တချို့မှာ ပြည်သူ၏ နေအိမ်များအတွင်း စခန်းချလျက် ရှိနေကြောင်းနှင့် လုံခြုံရေးအင်အား ထပ်တိုးချပေးရန် သက်ဆိုင်ရာသို့ ပန်ကြားထားကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခ စတင်ဖြစ်ပွားသည့် မောင်တောမြို့လူထုများက သမ္မတကြီး ဦးသိန်းသိန်ထံသို့ ပေးစာတစောင်အား ပူးတွဲ ဖေါ်ပြလိုက်သည်။
သို့
သမ္မတကြီး ဦးသိန်းစိန်
နေပြည်တော် သမ္မတရုံး
ပြည်ထောင်စု မြန်မာနိုင်ငံ
လေးစားအပ်ပါသော နိုင်ငံတော်သမ္မတကြီးခင်ဗျား
ကျွန်ုပ်တို့လေးစားစွာဖြင့်သိရှိ စီမံခန့်ခွဲနိုင်ရန် အစီရင်ခံ တင်ပြအပ်ပါသည်။
ရခိုင်ပြည်နယ်မောင်တောမြို့ နှင့် မောင်တောမြို့ နယ်တို့တွင် ၈/၆/၁၂ ခုနှစ်တွင် ဖြစ်ပျက်ခဲ့သော အကြမ်းဖက်မှု၌ ငယ်သောအမှုကို ကြီးစေ ကြီးသော အမှုကို ပို၍ ကျယ်ပြန့်စေ ဆိုသော သဘောဖြင့် နိုင်ငံတော် တစိတ်တပိုင်းအား လက်လွတ်လိုသော ရည်ရွယ်ချက်နှင့် နိုင်ငံတော်ကို ရောင်းစားရန်ကြံစည် အကောင် အထည် ဖေါ်နေသူမှာ မောင်တော နစက ဒေသကွပ်ကဲရေးမှူး ဒုတိယဗိုလ် မှူးကြီး ဦးအောင်ကြီး ဖြစ်ကြောင်းကို အောက်ပါအချက်တို့ဖြင့် သက်သေထူ တိုင်ကြားအပ်သည်။
အကြမ်းဖက်မှု ဖြစ်စေသော အခြေခံ ဆုတောင်းပွဲကို ကျပ်ငွေသိန်းပေါင်း ( ၃၅၀ဝ ) နှင့် ခွင့်ပြုခြင်း နိုင်ငံတော် ၏ တည်ဆဲဥပဒေကို ချိုးဖေါက်ပြီး သညန များအား ၄ လတွင် ၁၀ဝ၀ဝ ကျပ်အထိ ကောက်ခံ၍ ဘင်္ဂလီကုလား များကို ကိုင်ဆောင်ခွင့်ပြုခြင်း။
၎င်း ဘင်္ဂလီ အိမ်ထောင်စုစစ်ဆေးရာတွင်လည်း တရားမဝင် ဘင်္ဂလီတစ်ယောက်အား အိမ်ထောင်စုထဲ ထည့်လိုလျှင် ငွေကျပ် ၂၀ဝ၀ဝ၀ မှ ၅၀ဝ၀ဝ၀ အထိယူပြီး အိမ်ထောင်စု ဝင်ခွင့်ပြုခြင်း။
၎င်းဘင်္ဂလီအား မိသားစုဝင် ဓါတ်ပုံထဲထည့်ရိုက်ရန် ငွေ ၅၀ဝ၀ ကျပ် ထပ်ပေးရခြင်း။
ဦးဒီလာ၊ ဦးလှမြိုင်၊ တို့သည်အကြမ်းဖက်မှု နောက်ကွယ်၌ ကြိုးကိုင်သူများဟု သိပါလျှက် ငွေယူပြီး သတင်းပေး အမာခံဟုဆိုကာ လုံခြုံရေးချထားပေးခြင်း။
နိုင်ငံတော်အစိုးရအဖွဲ့မှလိုအပ်သော ဦးတင်မောင်ဝင်းအား ဒီလာအိမ်၌ဝှက်ထားခြင်း။
ကျေးရွာ ရပ်ကွက်တို့အား မီးရှို့ဖျက်ဆီးသော ဘင်္ဂလီကုလားများအား မီးရှို့ဖျက်ဆီးနေစဉ်အတွင်း မည်သို့ သော အတားဆီးမှုမျှမပြုလုပ်ဘဲ ကားဖြင့်ရောက်လာပြီး မျက်ကွယ်ပြု ရှောင်ထွက်သွားခြင်း။
အကြမ်းဖက်မှုဖြစ်မည့်သတင်းကို ရခိုင်ကျေးရွာများမှ နေ့လယ် ၃ နာရီ ကတည်းက ဒေသနစက အဖွဲ့အား သတင်းပို့တိုင်ကြားသော်လည်း ညနေ ၅ နာရီ မီးလောင်လူသတ်ပြီးချိန်မှ ရောက်ရှိလာကြခြင်း
နယ်မြေနှင့်ဝေးသော ဒေသတို့တွင် လုံထိန်း/ ရဲ / တပ်မတော်တို့မှ ဝန်ထမ်းတို့သည် လက်နက်အပြည့် အစုံနှင့်ပင် ရွာထဲသို့မဝင်ရဲကြသော်လည်း နစကတို့ကမူ လက်နက်မပါဘဲ ဝင်ထွက်သွားလာနိုင်ခြင်း
၈/ ၆/ ၁၂ နေ့က အကြမ်းဖက်မှု ကျူးလွန်သူများကို ရဲနှင့် စစ်တပ်များက အရေးယူ ဖမ်းဆီး နေကြသည်ကို ၁၁/ ၆/ ၁၂ နောက်ပိုင်းတွင် ရပ်တန့်ခိုင်းခြင်း
ဒေသအနှံ့အပြား၌ နစကဝတ်စုံ နစကသေနတ်ဖြင့် ဓါးပြမှုများအား တခုမှ မဖေါ်ထုတ်ခြင်း
၈/ ၆/ ၁၂ ခုနှစ် သောကြာနေ့ ဘင်္ဂလီများ ဆုတောင်းပွဲအပြီးတွင် မြို့မဘုန်းတော်ကြီးကျောင်းနှင့် ယူနိုက် တက် တည်းခိုခန်းအား ရာပေါင်းများစွာသော ဘင်္ဂလီများက ခဲဖြင့်ပေါက် ဖျက်ဆီးနေသည်ကို ရဲတပ်ဖွဲ့မှ မိုးပေါ် ထောင် သေနပ်ပစ်ဖေါက်၍ လူစုခွဲမှုအား အောင်ကြီးကအပြစ်တင် ကြိမ်းမောင်းခြင်း။
၎င်းမှစပြီး ဗိုလ်မှူးရွာထဲရှိ ရခိုင်အိမ်များကို မီးရှို့ဖျက်ဆီးနေကြသည်ကို မျက်ရည်စက်လက်ဖြင့် အဝေး မှကြည့် နေရုံမှလွဲ၍ ကယ်သူမဲ့ ဖြစ်နေသော ကျွန်ုပ်တို့ပြည်သူများမှ နစကမှူး ဗိုလ်မှူးကြီး အောင်ကြီး ရောက်လာပြီးဟု အားကိုးတကြီးဖြင့် ၀မ်းသာနေကြရာ ဝမ်းသာခြင်းပင် မဆုံးလိုက် သူ၏ မျက်ကွယ်ပြု ခံခဲ့ရခြင်း။
၎င်းဖြစ်ရပ်တို့အား လုံခြုံရေးတို့ကို စောင့်ကြည့်ရုံသာ စောင့်ကြည့်ခိုင်းပြီး ဗိုလ်မှူးကြီး အောင်ကြီး တစ်စုံတစ်ရာ ဟန့်တားမူ မလုပ်ရန် နစကတပ်ဖွဲ့ဝင်များအား ညွှန်ကြားခြင်း
ဤဖြစ်ရပ်သည် အကြမ်းဖက်ကျူးကျော် သတ်ဖြတ်မှုဆိုသည်ကို သူကိုယ်တိုင် မသိလေခြင်းလော၊ အားပေး နေခြင်းလော၊ ကြံရာပါလော၊ သို့တည်းမဟုတ် အောင်ကြီးထက် အကြမ်းဖက်ဘင်္ဂလီများက ဩဇာကြီးနေ၍ လော။ ဤသို့ဆိုလျှင် အဘယ်ကြောင်းနည်း။ နိုင်ငံတော် အစိုးရ အဖွဲ့အနေဖြင့် စုံစမ်း ဖေါ်ထုတ်စစ်ဆေးသင့်ပါသည်။
မောင်တောမြို့ပေါ်တွင် မီးတိုက်မှုဖြစ်ပွါး ပြီးသောအခါ သရီကုန်ဘောင်၊ မောရဝတီဖက်သို့ မောင်တောမြို့ပေါ်မှ ကား ၄ စီး မောင် တောမှ ထွက်သွားပြီး ၄င်းကားပေါ်မှ ဆူပူ အကြမ်းဖက်လိုသူများက ဟောပြော သောအခါမှစ၍ မောင်တောနယ် တောင်ပိုင်းအား ဘင်္ဂလီများက မီးရှို့ ကြခြင်းဖြစ်ပါသည်။ မောင်တောမြို့ပေါ်၌ ထိထိရောက် ထိန်းသိမ်းနိုင်ခဲ့ပါလျှင် နယ်ကျေးရွာများ၌ မီးရှို့ တိုက်ခိုက် လူသတ်မူများ ဖြစ်လာစရာ အစီအစဉ်မရှိဟု ဘင်္ဂလီ သတင်းရပ် ကွက်မှကြား သိရပါသည်။
နိုင်ငံတော်၏ ကျွေးမွေးသောအစာရေစာတို့ကို စားသောက်ပြီး နိုင်ငံတော်သစ္စာဖောက်ကာ သူပုန်အားပေး နိုင်ငံ တော်ကို ရောင်းစားသူ ဒုဗိုလ်မှူးကြီးအောင်ကြီးအား လက်ပိုက်ကြည့်နေကြလျှင် ကြည့်နေသူ နိုင်ငံခေါင်း ဆောင် တို့သည် ကြံရာပါဖြစ်ပေလိမ့်မည်။ ဦးရွှေမန်း ကိုယ်တိုင် ကိုယ့်တူကိုကိုယ် ဆုံးမမည်လော (သို့မဟုတ်) နိုင်ငံတော်က
Blogger Widgets