You Are Here: Home - ပင်မစာမျက်နှာ , သတင်း , အရေးကြီးသတင်းများ - နိုင်ငံတော် သမ္မတနှင့် ပါတီ ၁၄ ခုတို့ တွေ့ဆုံမည်


3003 mmpres 2meet 14pol parties
နိုင်ငံတော် သမ္မတနှင့် ရွေးကောက်ပွဲတွင် အောင်နိုင်ကြသည့် ပါတီများ၊ ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် တိုင်းရင်းသား ပါတီများ အပါအ၀င်အပါအ၀င် ပါတီ ၁၄ ခုတို့လာမည့် တစ်ပတ်အတွင်း တွေ့ရန် ရှိသောကြောင့် ပြည်ထောင်စုဝန်ကြီး နှစ်ဦးတို့ အကြို တွေ့ဆုံမှုကိုဇူလိုင်လ ၂၂ ရက်နေ့က ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် စက်မှုဝန်ကြီးဌာနတွင် တွေ့ဆုံခဲ့ကြသည်။
ယင်းအကြိုတွေ့ဆုံမှုပြုလုပ်ခဲ့သော ပါတီ ၁၄ ခုမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုပါ တီ၊ ကရင်ပြည်သူ့ပါတီ၊ အမျိုးသား ဒီမိုကရေစီပါတီသစ်၊ ရခိုင်တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ခေတ်သစ်ပြည်သူ့ပါတီ၊ မွန်ဒေ သလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဇိုမီးအမျိုးသားကွန်ကရက်ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ မြန်မာအမျိုးသား ကွန်ကရက်ပါတီ၊ မတူ ကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်ပါတီတို့ ဖြစ်ကြကြောင်း သိရသည်။
အဆိုပါ နိုင်ငံရေးပါတီ ၁၄ ခုမှပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံမှုသည် ငါးနာရီ ကျော်ကြာမြင့်ခဲ့ကြောင်း၊ ဆွေးနွေးခဲ့ကြသည်များ မှာ နိုင်ငံ၏ အပြောင်းအလဲများ အပါအ၀င် လက်ရှိဖြစ်ပေါ်နေသော ရခိုင်ပြည်နယ် ပြဿနာများ၊ ရှမ်းပြည်နယ် အတွင်းမငြိမ် မသက် မှုများ၊ ရင်းနှီးမြှပ်နှံမှုများ၊ သတ္တုလုပ်ငန်းဆိုင်ရာများ စသည်တို့ ဖြစ်ကြကြောင်း တက်ရောက်ခဲ့သော နိုင်ငံရေးပါတီများ၏ တာဝန်ရှိ သူများ၏ ပြောပြချက်အရ သိရှိရသည်။
"ဒီတွေ့ဆုံပွဲက လာမယ့်တစ်ပတ် အတွင်းမှာ နိုငိင်ငံရေးပါတီ ၁၄ ခုနဲ့ သမ္မတတို့ နေပြည်တော်မှာ တွေ့ဆုံဖို့ရှိတဲ့ အကြိုဆွေးနွေး ပွဲ ဖြစ်ပါတယ်။ နိုင်ငံရဲ့ အကျိုးအတွက် အားလုံးပါဝင်ဖို့ လိုလားသူတွေ အားလုံးပေါ့။ ဘယ်လိုတွေ တင်ပြကြမလဲ၊ ဘာတွေကို တင်ပြ ကြမလဲ၊ တင်ပြတဲ့အခါလည်း လိုရင်းတိုရှင်း တင်ပြကြဖို့ ဆွေးနွေးတာပါ" ဟု အမျိုးသား ဒီမိုကရေစီပါတီသစ်မှ သင်္ကန်းကျွန်းမြို့ နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကပြောသည်။
အဆိုပါ ဆွေးနွေးပွဲသည် အလွန် ပွင့်လင်းမှုရှိပြီး မတူသည့် အမြင်များကို ဖလှယ်ကာ ဆွေးနွေးခွင့်ရသော ပွဲဖြစ်ကြောင်း ဆွေးနွေးပွဲ ကို တက်ရောက်ခဲ့သော အမျိုးသားနိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ်ပါတီမှ ကိုကျော်စွာစိုးကပြောသည်။
သမ္မတ ဦးသိန်းစိန်နှင့် ဒီမိုကရေစီ မိတ်ဆွေပါတီများ ၁၀ ပါတို့ ပြီးခဲ့သည့် တစ်ပတ်က နေပြည်တော်တွင် တွေ့ဆုံခဲ့သေးကြောင်း၊ ယင်း အချိန်ကလည်း ၀န်ကြီး ဦးအောင်မင်း၊ ၀န်ကြီး ဦးစိုးသိန်းတို့နှင့် အကြို တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း၊ မကြာမီတွင် ဒေါ်အောင် ဆန်းစုကြည်၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့တို့နှင့်လည်း တွေ့ဆုံရန် ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ ပြောပြ ချက်အရ သိရှိရသည်။
Blogger Widgets