ယင်းနောက် မစိုးရိမ်ကျောင်းတိုက်က ဆရာတော်ကြီးတိနန့် တတူ ဒုက္ခသည်တိအတွက် လှူဒါန်းဖို့ ကုန်တင်ကားကြီး နှစ်စီးနန့် အလှူပစ္စည်းတိ အပြည်တင်ယူလာကြောင်း အဆိုပါ အလှူပီးဖို့ လာဂတ်တေ အလှူဒါယိကာ ဒါယိကာမတိရေ ရန်ကုန်မြို့ က သူဌေးကြီးတိ ဖြိုက်ကြောင်း မောင်တောမြို့ ခံတယောက်က အဂုပိုင်ပြောပါသည်။
”ရန်ကုန်မြို့ မစိုးရိမ်ကျောင်းတိုက်က ဆရာတော်ကြီးတိနန့် တတူ ရန်ကုန်က သူဌေးတိလေး ပါလာဘာရေ (၈)ရက်နိန့်က ဘင်္ဂလီအကြမ်းဖက် သမားတိ ခွတ်လို့ ဆရာတော်ကြီးတပါး ကွယ်လွန်လားဘာရေ ဇာလောက်ရက်စက်တေလေး ဆိုကေ ဆရာတော်က ယင်းနိန့် ခါတိုင်းပိုင် မောင်တောမြို့ ကို ဆိုင်ကယ် ကယ်ရီစီးလို့ ကြွလာစော်ကို မောင်တောမှာ ကုလားတိမီးတိုက်နိန်စော် မသိပါလေ လမ်းမှာဆရာတော်ကို ဖမ်းပြီးကေ ဒါးနန့်ဂုတ်ဆိပ်ကို ခွတ်ပြီးသတ်ပလိုက်ပါရေ ပြီးကေ ဘောက်သာနန့်ထုတ်လို့ ဂေါ ဒူသာရချောင်း တံတားကဝေးချပလိုက်ပါရေ နှစ်ရက်ေ လာက်မှ ဆရာတော် အလောင်းချောင်းက ပေါ်ပြီးကေရစော် ပါ ဗုဒ္ဓဘာသာ ရဟန်းတော်ကိုတောင် မရှောင်ပါယေ”လို့ ပြောပြပါရေ။
ဆက်လို့ ”ဆရာတော်ဘွဲ့နာမေက ဦးပညာသာရပါ သက်တော်(၄၅)နှစ်ပါ ဆရာတော်က ရွှေဒိုင်ကျေးရွာမှာ သီတင်းသုံးပါရေ ဆရာတော်နန့် ယင်းနိန့်
အသတ်ခံရရေ လူတိကို အာဇာဏီ လွမ်းသူပန်းခွေချလို့ ဂုဏ်ပြုဂတ်ပါရေ သပိတ်သွတ် ရီစက်ချအမျှဝီဂတ်ပါရေ ရောက်လာ ဂတ်တေ လူတိရင်ထဲမှာ ရီစက်ချနိန်ခါ ဆိုနစ်နိန်ဂတ်ပါရေယေ တသက်မှာ မကြုံဖူးရေ လူမဆန်ရေ ရက်စက်သတ်ဖြတ်မှုတိဖြိုက်လို့ပါ ကျန်လိုက်တေမိသားစုတိ ကြီကွဲရေ ငိုသံတိက ကျွန်တော်ရို့ လူငယ်တိ ရင်ထဲနှလုံးသားအနက်ရှိုင်းဆုံး နိန်ရာကိုဖေါက်ဝင်လားဘာဗျာယ်” လို့ ပြောသည်။
ဆရာတော်နန့် အတူပါလာရေ အလှူပစ္စည်းတိကိုလေး ဒုက္ခသည်တိကူညီစောင့်ရှောက်ရီး အဖွဲံဝင်တိကတဆင့် လှူဒါန်းပီးခကြောင်း သိဟိရပါသည်။