You Are Here:
Home -
ပင်မစာမျက်နှာ
,
ပီးစာ
,
သတင်း
,
ကြော်ငြာ
-
လေးစားအပ်ပါသော နိုင်ငံတကာနှင့် ပြည်တွင်းမှ မျိုးချစ်အလှူရှင်များ
လေးစားအပ်ပါသော နိုင်ငံတကာနှင့် ပြည်တွင်းမှ မျိုးချစ်အလှူရှင်များ
Posted by Unknown on 6:13 AM //
သို့
လေးစားအပ်ပါသော နိုင်ငံတကာနှင့် ပြည်တွင်းမှ မျိုးချစ်အလျူရှင်များ
ကျွန်တော်တို့ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ အလျူရှင်များ၏
ငွေကြေးတစ်စိတ်တစ်ပိုင်းကို အသုံးပြုပြီး မင်းဂံရပ်ကွက်နှင့်သံကျောင်းသိမ်
အနီးတွင် အခမဲ့ဆေးခန်းနှစ်ခုကို ဖွင့်လှစ်ပြီး မြို့ပေါ်ဒုကသည်စခန်းများကို
လှည့်လည်ပြီး အခမဲ့ဆေးကုသမူကို ဒေါက်တာမျိုးညွန့်ဦးဆောင်ပြီး
ပြုလုပ်လာခဲ့သည်မှာ ယခုဆိုလျင် တစ်လကျော်လောက်ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။
အလျူရှင်များ၏ စေတနာနှင့် ဒေါက်တာမျိုးညွန့် တို့၏ မိတော
စေတနာများကြောင့် ဒုက္ခသည်များအတွင်းတွင် ကူးစက်ရောဂါများဖြစ်သော
ဝမ်းပျက်၊၀မ်းလျော ရောဂါများ ကလေးငယ်များအတွင်း
သွေးလွန်တုတ်ကွေးရောဂါများ မဖြစ်ပွါးအောင် ထိန်းချုပ်နိုင်လိုက်သည်မှာ
အလျူရှင်များ၏ စေတနာ နှင့်လျူဒါန်းသော ငွေကြေးများကြောင့်
ကူးစက်ရောဂါကြောင့် သေဆုံးခဲ့သော လူနာလုံးဝမပေါ်ပေါက် ခဲ့သည်ကို တွေ့
ရှိရပါသည်။ သို့ ဖြစ်ပါသဖြင့် မျိုးချစ်အလျူရှင်များ သိရှိခံစားနိုင်ရန်
ဓါတ်ပုံများ ပူးတွဲပေးပို့ လိုက်ပါသည်။ ဒုကခသည်များ၏ စားဝတ်နေရေး
ကဏ္ဍများကိုလဲ စနစ်တကျစီမံပြီး စစ်တွေ၊မောင်တော၊
ဘူးသီးတောင်၊ရသေ့တောင်မြို့ နယ်များကို အဓိကထားပြီး ကျဆုံးသွားသည့်
မျိုးချစ်သားကောင်းများ၏ ကျန်ရစ်သူမိသားစုများကိုလဲ လိုအပ်သလို
ကူညီထောက်ပံ့မူအစီအစဉ်များကို ပြုလုပ်လျက်ရှိနေပါသည်။
ကူညီထောက်ပံ့ပေးနေသည့်ဓါတ်ပုံများကိုလဲ ဆက်လက်ဖြန်ဝေပေးသွားမည်ဖြစ်ပါသည်။
လေးစားစွာဖြင့်
ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ
ဒုက္ခသည်များကူညီထောက်ပံ့ရေးကော်မတီ
စစ်တွေမြို့