You Are Here: Home - ပင်မစာမျက်နှာ , သတင်း - ရခိုင်ပြည်နယ်တွင် နိုင်ငံသားကတ် မရှိသူများကို အရေးယူ သွားမည်

 နေပြည်တော်၊ ဇူလိုင် ၁
ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်းကြောင့် အရေးပေါ် ထုတ်ပြန် ကြေငြာခဲ့ရသည့် ရခိုင်ပြည်နယ်တွင် မြန်မာ နိုင်ငံသား စိစစ်ရေးကတ်ပြားများကို မှန်ကန်မှု ရှိမရှိ စစ်ဆေးလျက် ရှိပြီး ယင်းကတ်ပြား မရှိသူများအား လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ...ဦးခင်ရီက The Voice Weekly ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့သည်။

လက်ရှိ အခြေနေတွင် ရခိုင်ပြည်နယ်ရှိ ကယ်ဆယ်ရေး စခန်း ၆၇ ခုနှင့် နီးစပ်ရာ ရပ်ကွက် အတွင်းတွင် နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်ကတ်ပြား ကိုင်ဆောင်ခြင်း ရှိမရှိကို စစ်ဆေးလျက် ရှိပြီး ယင်းပြည်နယ် အတွင်းရှိ ဝန်ထမ်း ၂၇၅ ဦးဖြင့် စစ်ဆေးလျက် ရှိပြီး နေပြည်တော် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဝန်ထမ်း ၈၅ ဦးကို ထပ်မံ စေလွှတ်မည် ဖြစ်ကြောင်း ဝန်ကြီး ဦးခင်ရီက ဖြည့်စွက် ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ဇွန်လဆန်းပိုင်းမှ စတင်ကာ ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် သေဆုံးသူ ဦးရေမှာ ၆၈ ဦးထိ ရောက်ရှိလာခဲ့ပြီး ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင် ဒေသခံ ရခိုင် တိုင်းရင်းသားများမှာ ဇာတိဒေသ၌ ဘင်္ဂါလီလူမျိုးများ အဆမတန် များပြားနေမှုကြောင့် နေရင်း ဒေသသို့ ပြန်မသွားရဲကြကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဗဟို အလုပ်မှုဆောင် တစ်ဦးက ပြောကြားသည်။
ဓါက်ပုံ google
 
 
Blogger Widgets