၂၀၁၂-ခု၊ ဇူလိုင်လ (၇) ရက် နေ့တွင် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA)၊ ရမ္မာဝတီတပ်ရင်း အမှတ်စဉ် (၁/၂၀၁၂) အခြေခံ စစ်သင်တန်းဆင်းပွဲကို ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်ရေးနယ်မြေ၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ် ၎င်းအခမ်းအနားမစတင်မှီ သင်တန်းဆင်းရဲဘော်များ ကျမ်းသစ္စာပြုခြင်းအစီအစဉ်ကိုပထမဆုံး ပြုလုပ်ကြပြီး အခမ်းအနားတွင် တက်ရောက်လာသူများကို ရဲဘော်တစ်ယောက်ဖြစ်သူ ခိုင်မင်းညိုက အခုလိုပြောသည်။ “ မဟာမိတ်များဖြစ်သော ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ဘားအံခရိုင်ဥက္ကဌ ဖဒိုအောင်မောင်အေး၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ဘားအံခရိုင်အတွင်းအရေးမှူး စောအားတို၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၇)၊ တပ်ရင်း (၂၁) မှ တပ်ရင်းမှူးကိုယ်စား ဒု-တပ်ရင်းမှူး ဗိုလ်မှူး မိုးစက်၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) မှ ရဲဘော်များတက်ရောက်ခဲ့ပါတယ်။ ပြီးတော့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဒု-ဥက္ကဌခိုင်စိုးနိုင်အောင်နှင့် တကွ (ALP) ဂုဏ်ထူးဆောင်ဗဟိုကော်မတီ ခိုင်စံထွန်းအောင်အပါအဝင် ရခိုင်အမျိုးသမီးအစည်းအရုံးမှ မဲဆောက်ရုံးတာဝန်ခံ စောသန္တာ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဝင်များ၊ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA) အရာရှိအရာခံ အကြပ်တပ်သားများ၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ မျိုးချစ်ပြည်ချစ် ရခိုင်လူငယ်များ၊ မဲဆောက်နှင့်မယ်လဒုက္ခသည်စခန်း အခြေစိုက် ရခိုင်အမျိုးသားနဲ့ အမျိုးသ္မီးများတို့ အားလုံးစုစုပေါင်း လူပေါင်း (၁၅၀) ကျော်တက်ရောက်ခဲ့ပါတယ်။ ” ဟု ပြောသည်။ ဆက်လက်ပြီး ရဲဘော်ခိုင်မင်းညိုက “ ပထမဆုကို ခိုင်ကျော်ခိုင်မှလည်းကောင်း၊ ဒုတိယဆုကို ခိုင်စောထွီး မှလည်းကောင်း၊ တတိယဆုကို ခိုင်ကျော်ဇောထွန်း မှလည်းကောင်း၊ လက်ဖြောင့်ဆုကို ခိုင်အောင်စံထွန်းမှလည်းကောင်း၊ စည်းကမ်းလိုက်နာမှု တပ်စိပ်ဆုကို အခမ်းအနားတွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဒု-ဥက္ကဌ ခိုင်စိုးနိုင်အောင်မှ သင်တန်းသားရဲဘော်များနှင့် ရမ္မာဝတီတပ်ရင်းရှိ အရာရှိ၊ အရာခံ၊ အကြပ်တပ်သားများအား အမှာစကားပြောကြားခဲ့ကြပြီး ထို့အတူ မဟာမိတ် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ဘားအံခရိုင်ဥက္ကဌ ဖဒိုအောင်မောင်အေး၊ ဘားအံခရိုင် အတွင်းရေးမှူး စောအားတိုနှင့် ဒု-တပ်ရင်းမှူး ဗိုလ်မှူးမိုးစက်တို့မှလည်း အမှာစကားပြောကြားခဲ့သည်ကို ရဲဘော် ခိုင်မင်းညို ပြောပြချက်အရ သိရသည်။ ထို့နောက် ရမ္မာဝတီတပ်ရင်း၏ အမှတ်စဉ်(၁/၂၀၁၂)အခြေခံစစ်သင်တန်းကို ရက်ပေါင်း(၆၀)ရက် သတ်မှတ်ထားခဲ့ပြီး သင်တန်းဆင်းလက်မှတ်အား (KNU) (၂၁) တပ်ရင်းမှ ဒု-တပ်ရင်းမှူး ဗိုလ်မှူးမိုးစက်မှ လည်းကောင်း၊ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA) တပ်ခွဲမှူးဟောင်း ခိုင်မြတ်စိုးမှလည်းကောင်း၊ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် သင်တန်းမှူး ခိုင်ဇော်မင်းမှလည်းကောင်း၊ သင်တန်းဆင်း လက်မှတ်များကို သင်တန်းသားရဲဘော်များသို့ အသီးအသီးပေးအပ်ခဲ့သည်ကို သိရှိရပြီး သင်တန်းကာလတလျှောက်တွင် ဆုရရှိသောရဲဘော်များအားလည်း ဆုများကိုပေးအပ်ရာတွင် ဘန်ကောက်လူငယ်များမှလည်း ဆုရရဲဘော်များအား ထပ်မံဂုဏ်ပြုဆုများပေးအပ်ခဲ့ကြပြီး အခမ်းအနားကို နေ့လည် ၁၂နာရီတွင် စတင်ပြီး ၂ နာရီတွင် ပြီးဆုံးခဲ့သည်ကို သိရှိရသည်။ |
You Are Here: Home - ပင်မစာမျက်နှာ , သတင်း , အမျိုးသားရီး - ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်(ALA) ရမ္မာဝတီတပ်ရင်း အမှတ်စဉ်(၁/၂၀၁၂) အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြီးစီး