မြန်မာနိုင်ငံတွင်းရှိ Website များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Website များကို ဘင်္ဂလားဒေ့ရှ် Hacker အဖွဲ့နှစ်ဖွဲ့နှင့် မြန်မာ Hacker အချို့က ယခုလအတွင်း အပြန်အလှန်တိုက်ခိုက်ခဲ့ကြေ
အဆိုပါအဖွဲ့နှစ်ခုမှာ Bangladesh Cyber Army အဖွဲ့နှင့် Bangladesh Black HAT Hackers အဖွဲ့တို့ဖြစ်ပြီး ၎င်းတို့မှာ DdoS (Distributed Deninal of Service) နှင့် လုံခြုံမှုအားနည်းသည့် Website များကို Hack ပြုလုပ်ခဲ့ကြကြောင်း Bangladesh Cyber Army facebook စာမျက်နှာတွင် ရေးသားထားသည်။
Bangladesh Cyber Army အဖွဲ့က အစိုးရအဖွဲ့၏ တရားဝင် Website များဖြစ်သည့် www.myanmar.gov.mm
“ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရ
ယင်းအတူ ဇွန်လ ၁၈ ရက်နေ့ညနေ ၆ နာရီခန့်ကလည်း မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန တရားဝင် Website ဖြစ်သော www.mpt.net.mm
ယင်းကိစ္စနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် Website များကို တိုက်ခိုက်ခဲ့သည့် Blink Hacker Group ကို Email မှတစ်ဆင့် ဆက်သွယ်မေးမြန်းရာ “ကျွန်တော်တို့ ရိုဟင်ဂျာတွေရဲ့ ဆိုက်တွေကိုပဲ တိုက်တာပါ။ နောင်ပိုင်း သူတို့အဖွဲ့နှစ်နှစ်ဖွဲ့က တိုက်ခိုက်လို့ ကျွန်တော်တို့ သူတို့အစိုးရပိုင်ဆိုက်တွေက
“အင်တာနက်ကနေ DdoS တွေက ကိုယ်မကြိုက်တဲ့ Website တွေကို တိုက်လို့ရတယ်။ အဓိ က DdoS ဆိုတဲ့စနစ်ကလည်း Ping လုပ်တဲ့ပုံစံနဲ့ တူတူပါပဲ။ လူတစ်ယောက်ကို အလုပ်အများကြီးခိုင်းရင် မောသွားသလိုမျိုးပဲ။ စက်တွေအများကြီးကနေ စက်တစ်လုံးထဲကို Ping လုပ်တာများရင် စက်က မနိုင်တော့ဘဲ ရပ်သွားတာမျိုးပါ” ဟု အိုင်တီကျွမ်းကျင်သူ တစ်ဦးက DdoS တိုက်ခိုက်နည်းအကြောင်းကို ရှင်းလင်းပြောပြ သည်။
“မြန်မာနိုင်ငံက Website တွေကို ဖြစ်သလိုမျိုးမလုပ်ဘဲနဲ့ သေသေချာချာ Security ယိုပေါက် ကို စစ်သင့်တယ်။ ပြီးမှ အင်တာနင်ပေါ်တင်သင့်တယ်။ DdoS တိုက်ခိုက်လာရင်လည်း ဘာမှမဖြစ်အောင် ကိုယ့် ဘက်ကနေ ကာကွယ်ထားသင့်တယ်။ ဥပမာ- Cloud နည်းပညာကို သုံးတာတို့ပေါ့” ဟု Blink Hacker Group မှ တာဝန်ရှိသူ Rat-2 အမည်ရှိ Hacker တစ်ဦးက မေးလ်မှ တစ်ဆင့်ပြောကြားခဲ့သည်။
ကမ္ဘာပေါ်၌ ICT နည်းပညာတိုးတက်မှုကြောင့် မကြာမီတွင် Cyber War ဖြစ်ပွားလာနိုင် ကြောင်းနှင့် မြန်မာနိုင်ငံတွင် Cyber Police နှင့် Cyber Law တို့ရှိရန် လိုအပ်ကြောင်းလည်း အိုင်တီပညာရှင် တစ်ဦးက အကြံပြုပြောဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် ယင်းကဲ့သို့ Online Abuse ကိုတားဆီးနိုင်သည့် ဥပဒေများကို ပြုလုပ်ရန်အ တွက် သက်ဆိုင်ရာ အဖွဲ့အစည်းသို့ တင်ထားပြီးဖြစ်ကြောင်း၊ ယင်းဥပဒေများ အသက်ဝင်စေရန်အတွက် အချိန် ယူရဦးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကွန်ပျူတာလုပ်
အဆိုပါ DdoS တိုက်ခိုက်ရာတွင် အခြားသော ဘင်္ဂလားဒေ့ရှ်လူမျိုးများ၏ အကူအညီကိုလည်း ရယူခဲ့သေးကြောင်း ၎င်းတို့၏ဆိုက်တွင် ဖော်ပြပါရှိသည်။
The Voice Weekly Journal