You Are Here: Home - ပင်မစာမျက်နှာ , သတင်း - KIO ဗဟိုဒေသတခွင် မြန်မာစစ်တပ် စစ်ရေးလှုပ်ရှား


ဇွန်လ(၂၃)ရက်နေ့တွင် စကခ(၃) နည်းဗျူဟာ(၁) အခြေချသော ဒေါ့ဖုန်းယန်မြို့နယ်၊ ရှဒန်ပါသို့ မြန်မာ့လေတပ်မှ ရဟတ်ယာဉ်ဖြင့် (၈)ကြိမ် ခေါက်တုန့်ခေါက်ပြန် လက်နက်ခဲယမ်းများ၊ တပ်သားများ ကို သွားရောက်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။ ယင်းဒေသသည် KIO ဗဟိုလိုင်ဇာကို ထိုးစစ် ဆင်ရန် ရှေ့တန်းကွပ်ကဲရုံးအဖြင့် အသုံးပြုသော တပ်စခန်းတစ်ခု ဖြစ်သည်။
ယင်းနေ့မှာပင် ခမရ(၃၈၈)တပ်ရင်းမှ အင်အား(၁၀၀)ခန့်သည် နားလုံကျေးရွာအောက်၊ မန်မော် ကျေးရွာသို့ ၀င်ရောက်လာခဲ့ကြောင်း သိရှိရသည်။
ဇွန်လ(၂၄)ရက်နေ့တွင်လည်း မြန်မာစစ်တပ်(တပ်ရင်းအမည် စုံစမ်းဆဲ)သည် စစ်ကား(၆)စီးအပြည့်ဖြင့် မိုးမောက်မြို့ မှ မြို့သစ်ကျေးရွာသို့ ရောက်ရှိလာကြောင်း သိရှိရသည်။
ယခုကဲ့သို့ စစ်ကြောင်းလှုပ်ရှားနေသော ဒေသမှာ KIO ဗဟိုဌာနချုပ် ဒေသတခွင်တွင်ဖြစ်သောကြောင့်၊ ဗဟိုဌာနတခွင်တွင် တိုက်ပွဲပြန်လည်၍ ပြင်းထန်လာမည်ဖြစ်ကြောင်း ခန့်မှန်းနေကြသည်။
Blogger Widgets