You Are Here: Home - ပင်မစာမျက်နှာ , သတင်း , အရေးကြီးသတင်းများ - ရသေ့တောင်မြို့ ကူတောင် အဓိကရုဏ်း ရခိုင် ၁၁ဦးနှင့် ဘင်္ဂလီ ၂ဦးသေဆုံး

rtd 






ယနေ့နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် ရသေ့တောင်မြို့ ကူတောင်ကျေးရွာ ရခိုင်-ဘင်္ဂလီမူဆလင် အရေးအခင်းတွင် ရခိုင် ၁၁ဦးနှင့် ဘင်္ဂလီမူဆလင် ၂ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။
သေဆုံးသူ ရခိုင် ၁၁ဦးတွင် ကျောင်းအုပ်ဆရာ ၁ဦး၏ အလောင်းကိုသာ စစ်တပ်မှ ရရှိခဲ့ပြီး၊ ကျန်လူ ၁၀ဦး အလောင်းများမှာ လုံးဝရှာမတွေ့တော့ကြောင်း သိရှိရသည်။
“အဓိကရုဏ်းဖြစ်နေတဲ့အချိန်မှာ လူတွေဓါးဒဏ်ရာနဲ့ လဲနေတာကိုသာ မြင်ခဲ့ရတယ် ယူဖို့မရခဲ့ဘူး။ နေ့ခင်းဘက် မိုးရွာတော့ မြေထဲကနေ ခြေထောက်တစ်ချောင်းထွက်နေတာကိုတွေ့ပြီး စစ်တပ်က သွားဖော်တော့၊ ကျောင်းအုပ်ဆရာ ဦးသာဟန်ရဲ့ အလောင်းကိုသွားတွေ့တယ်၊ ကျန်တဲ့အလောင်းတွေအကုန်လုံးကိုတော့ ဘင်္ဂလီမူဆလင်တွေ အစဖျောက်ပစ်လိုက်ပြီထင်တယ်။ ”ဟု ကူတောင်ရွာသားတစ်ဦးက ပြောပြသည်။
ကူတောင်ရွာအပါအ၀င် ကူတောင်ရွာနှင့် နီးစပ်သော တစ်ခြားကျေးရွာများတွင် စစ်တပ်မှ လုံခြုံရေးယူထားကြောင်း သိရှိရသည်။
Blogger Widgets