ရခိုင်ပြည်နယ်အတွင်း စစ်တွေနှင့် မောင်တောမြို့တို့တွင် ၈-၆-၂၀၁၂ နေ့မှစတင်၍ ၁၄-၆-၂-၂၀၁၂ နေ့အထိ အကြမ်းဖက်မှုများဆိုးရွားစွာဖြစ်ပေါ်ခဲ့သည်။ အဆိုပါ အကြမ်းဖက်မှုများကြောင့် ပြည်သူလူထုများမျာ အိုးမဲ့ အိမ်မဲ့များဖြစ်ပွားကာ ဒုက္ခရောက်ရှိခဲ့ရပါသည်။ အဆိုပါဒုက္ခသည်များမှာ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများ၊ သက်ဆိုင်ရာမှ ဖွင့်လှစ်ထားသော ဒုက္ခသည်များကူညီရေးစခန်းများတွင် ၀င်ရောက်ခိုလှုံနေကြရပါသည်။ ယခုကဲ့သို့ အကြမ်းဖက်မှုများတွင် အိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့ရေသော ပြည်သူများအတွက် နာရေးကူညီမှုအသင်း(စစ်တွေ)မှ ဦးဆောင်ပြီး ပြည်တွင်းရှိအလှူရှင်များနှင့်ပူးပေါင်း၍ တတ်အားသရွေ့ ကူညီပေးနိုင်ရန်အတွက် `ရခိုင်ပြည်နယ်မှ အိုးမဲ့ အိမ်မဲ့စားဝတ်နေရေးအခက်အခဲဖြစ်နေကြသော ပြည်သူများအား ကူညီထောက်ပံ့ရေးအဖွဲ့(စစ်တွေ)`အား ယာယီဖွဲ့စည်းလျှက် ကူညီဆောင်ရွက်မှုများပြုလုပ် နေဆဲဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါ ကူညီဆောင်ရွက်မှုများတွင် ပါဝင်ကူညီလှူဒါန်းလိုပါက အောက်ဖော်ပြပါ လိပ်စာများတွင် ပါဝင်ကူညီလှူဒါန်းနိုင်ကြပါသည်။- နာရေးကူညီမှုအသင်း(စစ်တွေ) ရုံးခန်း – ဖုန်း 043 22475
- ဦးမောင်ထွန်းကျော်၊ အင်းပေါက်ဝကုမ္ပဏီ လီမိတက်၊ ဖုန်း-043 23548၊ 098500944
- ဦးသန်းရွှေ၊ ရွှေသဇင်ဟိုတယ်၊ ဖုန်း – 043 23114၊ 098500590
- ဦးအောင်ကျော်ဇံ၊ အောင်ဇေကမ္ဘာကုမ္ပဏီ၊ 043 23025၊ 098500450
(၁၈-၆-၂၀၁၂)နေ့အထိ လတ်တလောကောက်ခံရရှိသည့် ဒုက္ခသည်များစာရင်း (15772)
(၁၈-၆-၂၀၁၂)နေ့အထိ အလှူငွေရရှိသည့်ငွေစုစုပေါင်း - 123086250/- (ကျပ်သိန်းတစ်ထောင်နှင့် နှစ်ရာ့သုံးဆယ့်ရှစ်သောင်းခြောက်ထောင့်နှစ်ရာ့ငါးဆယ်တိတိ)