You Are Here: Home - ပင်မစာမျက်နှာ , ပီးစာ , အရေးကြီးသတင်းများ - ပြည်သူသို့>>>

 ပြည်သူသို့>>>

မြန်မာနိုင်ငံအစိုးရအနေဖြင့် ယခုကဲ့သို့ ဗြိတိသျှများက ငြိမ်းချမ်းလာမလာနိုင်သော လုပ်ရပ်များ အပြုသဘောမဆောင်သော သွေးထိုးမှုများ လုပ်နေခြင်းအပေါ် တုန့်ပြန်သင့်ပြီ ဖြစ်ပါသည် တစ်ဖက်မှာ အစိုးရကရော အတိုက်အခံတိုင်းရင်းသားအင်အားစုတွေရော နိုင်ငံရေးပါတီတွေကပါ ကြေညာချက်တွေအသီးအသီးထုတ်ကာ ရိုဟင်ဂျာလူမျိုး မဟုတ်ပါဘူး မရှိပါဘူးဟု အတိအလင်း ကြေညာထားကြပြီးဖြစ်သော်လည်း ဗြိတိသျှများက ယခုကဲ့သို့ အသိအမှတ်ပြုလုပ်နေခြင်းသည် မြန်မာနိုင်ငံနဲ့ ဌာနေတိုင်းရင်းသားများ အစိုးရများနဲ့ အတိုက်အခံပါတီများအား မထိမေ့မြင်ပြုရုံသာမက ပိုင်စိုးပိုင်နင်း ပြုလုပ်နေသကဲ့သို့ သက်ရောက်နေပါသည်
တစ်ခြားလူမျိုးတစ်မျိုးက တခြားနိုင်ငံတစ်နိုင်ငံအား ကာပါယူကာ ဗြိတိသျှ လူမျိုးပါ နိုင်ငံသားပါ တိုင်းရင်းသားပါဟု ပြောလာခဲ့ရင် သူတို့အနေဖြင့် မည်ကဲ့သို့ တုန့်ပြန်မည်ကိုအား တွေးနေစရာပင် မလိုတော့ပေ သို့အတွက်ကြောင့် မြန်မာတိုင်းရင်းသားလူမျိုးများနဲ့ ဒေသခံဌာနေတိုင်းရင်းသား ရခိုင်လူမျိုးများ အစိုးရကိုယ်စားလှယ်တော်များ လွတ်တော်ကိုယ်စားလှယ်တော်များ  အတိုက်အခံများအနေဖြင့် တုန့်ပြန်ပြောဆိုမှုများ ပြုလုပ်ရန်အချိန်ရောက်ပြီ ဖြစ်သည်ဟု မြင်မိပါသည်။


မောင်စိုး facebook မှ ကူးယူဖေါ်ပြသည်။
Blogger Widgets