You Are Here: Home - ပင်မစာမျက်နှာ , သတင်း , ဆောင်းပါး - ရခိုင်ပြည်နယ်အတွင်း ရခိုင်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု လိုအပ်လျှက် ရှိကြောင်း ပြည်ပရောက်ရခိုင်အများစုနှင့် မြန်မာနိုင်ငံအတွင်းရှိ ရခိုင်လူမျိုး အများစုက မျှော်လင့်ပြောဆိုနေကြသည်။

ရခိုင်ပြည်နယ်အတွင်း ရခိုင်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု လိုအပ်လျှက် ရှိကြောင်း ပြည်ပရောက်ရခိုင်အများစုနှင့် မြန်မာနိုင်ငံအတွင်းရှိ ရခိုင်လူမျိုး အများစုက မျှော်လင့်ပြောဆိုနေကြသည်။
"ကချင်မှာဆိုလည်း ကချင်လက်နက်ကိုင်အဖွဲ့ရှိတယ်။ ရှမ်းမှာဆို လည်း ရှမ်းလက်နက်ကိုင်၊ ကရင်မှာဆိုလည်း ကရင်လက်နက်ကိုင် အဖွဲ့ရှိ တယ်။ ဒီဖြစ်စဉ်ကြီးမှာ ရခိုင်မှာ လက်နက်ကိုင်အဖွဲ့တစ်ခု ရှိတယ်ဆို ရင် ပြဿနာတွေ ဒီလောက်ထိကြီးထွားမလာနိုင်ပါဘူး" ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား(ဖလောင်းချိတ်) မြို့မှ ရခိုင်အမျိုးသား ကိုစိုးလင်းထွန်းက ပြောသည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) ဗဟိုဌာနချုပ်၏ လက်ရှိဖြစ်ပွားနေသော မောင်တော ၊ ဘူးသီးတောင်၊ စစ်တွေမြို့တို့မှ ဘင်္ဂါလီဆူပူမှုပြဿနာနှင့်ပတ်သက်၍ သဘောထားကြေငြာ ချက်ထုတ်ပြန် ခဲ့ရာတွင်လည်း ရခိုင်ပြည်နယ်၏ နယ်စပ်ဒေသလုံခြုံရေး ကိစ္စများ တွင် ပြည်ထောင်စု ဥပဒေနှင့်အညီ ရခိုင်လူမျိုးများကိုယ်တိုင် ပါဝင်စီမံ ခန့်ခွဲနိုင်သော ပြည်ထောင်စုရခိုင်အမျိုးသားလုံခြုံရေးတပ်ဖွဲ့များ အမှန်ပင် လိုအပ်လျှက်ရှိသည်ကို ယခုပြဿနာက ဖော်ပြလျှက်ရှိပေသည်ဟု ရှုမြင်ပါ
ကြောင်း ဖော်ပြထားသည်။
"ကျွန်တော်တို့အနေနဲ့က တရားမ၀င်လက်နက်ကိုင်အဖွဲ့ အစည်းအနေ နဲ့ပြောတာမဟုတ်ပါဘူး။ ဥပမာပြောရမယ်ဆိုရင် မောင်တောဖြစ်စဉ်မှာ RSO ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေ နတ်မြစ်အတွင်း သွားလာနေတာ ကို မြင်တွေ့နေရပါတယ်။ မောင်တောဒေသမှာရှိတဲ့ ရိုဟင်ဂျာတွေအတွက် လည်း လိုအပ်တဲ့လက်နက်တွေကို ဒီအဖွဲ့တွေက ထောက်ပံ့ပေးနေပါတယ်။ ကျွန်တော်တို့ရခိုင်အနေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုရှိမယ်ဆိုရင် ဒီပြဿနာကို နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်းလက်တွဲပြီးကြီးထွားမလာဖို့ တားဆီးနိုင်မယ်လို့ ယုံကြည်မိပါတယ်" ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖလောင်း ချိတ်မြို့၊ ရခိုင်ဘုန်းတော်ကြီးကျောင်းတွင်နေထိုင်သော ရခိုင်အမျိုးသား ကိုထွန်းထွန်းနိုင်(ခ) ကိုနိုင်နိုင်က ပြောသည်။
ိ ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေစိုက် ရခိုင် အမျိုးသား ကွန်မြူနစ်ပါတီဥက္ကဌ ဦးမောင်ဟန်မှလည်း ရခိုင်အမျိုးသားများအနေဖြင့် နယ်ခြားစောင့်တပ်ဖွဲ့ သဘောမျိုး လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့ရှိသင့်ကြောင်း ၎င်း၏ အမြင်ကို ဇွန်လ ၂ ရက်နေ့ နေ့လည်ပိုင်းတွင် 7Day News ဂျာနယ်သို့ ပြောခဲ့သည်။
"မောင်တောမှာဖြစ်ပွားတဲ့ ဖြစ်စဉ်တွေမှာ ဘင်္ဂလားဒေ့ရှ်ဖက်ကမ်းမှာရှိ တဲ့ Refuge ဒုက္ခသည်စခန်းက ရိုဟင်ဂျာငါးရာကျော် လှေတွေနဲ့ မောင်တော ဖက်ကူးသွားတာကို တွေ့မြင်ရပါတယ်၊၄င်းတို.အတွက်လိုအပ်တဲ့လက်နက်တွေကိုRSOအဖွဲက ထောက်ပံ့ပေးနေတယ်လို.ကြားသိရပါတယ်"ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနစ်မြို့ မြစ်နားရွာမှ ဒေသခံတစ်ဦးက တယ်လီ ဖုန်းဖြင့် ဆက်သွယ်ပြောကြားသည်။
ရခိုင်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုအဖြစ်ခိုင်ခိုင်မာမာရပ်တည်ခဲ့ပြီး ယခုအခါ နိုင်ငံတော်အစိုးရနှင့် ပြည်နယ်အဆင့်ငြိမ်းချမ်းရေးဆွေးနွေးမှုများ စတင်ပြုလုပ်နေသည့် အိန္ဒိယနိုင်ငံအခြေစိုက် ရခိုင်လွတ်မြောက်ရေး တပ်မတော်(ALP) အနေဖြင့် အခြားပြည်နယ်များကဲ့သို့ နယ်ခြားစောင့် တပ်အသွင်မျိုး ဖြစ်ပေါ်လာရန် ရခိုင်လူမျိုးအများစုက လိုလားလျှက်ရှိနေ ကြကြောင်း စုံစမ်းသိရသည်။

(သတင်း- ဥက္ကာကိုကို၊ ဖိုးသီဟ)
Blogger Widgets