You Are Here: Home - ပင်မစာမျက်နှာ , သတင်း , အရေးကြီးသတင်းများ - ရခိုင်ပြည်နယ် ရသေ့တောင်မြို့ ကူတောင် အဓိကရုဏ်း ဖြစ်စဉ်

533881 382294335151474 1614124308 n








ဇွန်လ ၁၉ရက်နေ့ နံနက် ၅နာရီက ဖြစ်ပွားခဲ့သော ရသေ့တောင်မြို့နယ် ကူတောင်ရွာ အဓိကရုဏ်းတွင် ဘင်္ဂလီမူဆလင်များသည် ကြိုတင်ပြင်ဆင်မှုများနှင့် အဓိကရုဏ်းဖြစ်အောင် စတင်ခဲ့ခြင်း ဖြစ်ကြောင်းသိရှိရသည်။
ကူတောင်ရွားအနားမှ ပိုက်ဆိပ်ရွာရှိ ဘင်္ဂလီမူဆလင်များသည် ၄င်းတို့ပိုက်ဆိပ်ရွာပတ်လည်တွင် ထောက်ချောက်ဆင်ပြီး ဘင်္ဂလီမူဆလင် အမျိုးသမီးတစ်ယောက်မှ ကူတောင်ရွာပြင်ရှိ အိမ် ၄အိမ်ကို စတင်မီးရှို့ပြီး ကူတောင်ရွာသားများအား ပြန်လည်တုံ့ပြန်လာအောင် လှုံ့ဆော်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဘင်္ဂလီမူဆလင်တွေက သူတို့ရွာပတ်ပတ်လည်မှာ မြောင်းတူးထားပြီး ပုလင်းကွဲတွေကိုချထားတယ်၊ ပြီးတော့မှ မနက်၅နာရီလောက်မှာ ဘင်္ဂလီမူဆလင် အမျိုးသမီးတစ်ယောက်ကလာပြီး မီးရှို့တယ်၊ မီးလောင်တော့ တစ်ချို့ကမီးကိုငြိမ်းကြတယ်၊ နောက်လူတွေအများစုကတော့ အဲဒီ ဘင်္ဂလီမူဆလင် အမျိုးသမီးကို လိုက်ရင်းနဲ့ သူတို့ရွာထဲရောက်တော့ အဲဒီမြောင်းမှာ ကျွံကျသွားကြတယ်”ဟု အဓိကရုဏ်းတွင် ပါဝင်ခဲ့သော ကူတောင်ရွာသားတစ်ဦးက ပြောပြသည်။
အဓိကရုဏ်းတွင် ဘင်္ဂလီမူဆလင်များဘက်မှ ယမ်းထောင်းသေနတ်များဖြင့် ပစ်ခတ်ခဲ့၍ ရသေ့တောင်မြို့ ရဲတပ်ကြပ်ကြီး ဦးအောင်ခင်၏သား လက်မောင်းတွင် ယမ်းထောင်းသေနတ်ဒဏ်ရာဖြစ်ကြောင်း ရသေ့တောင်မြို့ဆေးရုံမှ တာဝန်ရှိဆရာဝန်၏ ဆေးမှတ်ချပေးခြင်းအရ သိရှိရသည်။
“အဲဒီမြောင်းထဲ ကျွံကျသွားတဲ့အချိန်မှာ ဘင်္ဂလီမူဆလင်လူအုပ်ထဲကနေ ယမ်းထောင်းနဲ့ ပစ်တယ်၊ ပစ်တော့ လူတွေလည်းကြောက်ပြီး ပြန်ဆုပ်ပြေးကြတယ်၊ ပြေးရတဲ့ လမ်းက လယ်ကွင်းလည်းဖြစ်၊ မိုးလည်းရွာနေတော့ ခြေကျွံတာနဲ့ မြောင်းထဲကျပြီး ဒဏ်ရာရထားတာနဲ့ ပြေးမရတဲ့လူတွေကို သူတို့က အနောက်ကနေ ဓားနဲ့လိုက်ခုတ်ကြတာ ဒဏ်ရာနဲ့လဲကျသွားတဲ့ လူတွေကိုဆွဲခေါ်ဖို့တောင် မရခဲ့ဘူး၊ ကူတောင်ရွာထဲကို ရွာသားတွေပြန်ရောက်တော့ ဘင်္ဂလီတွေက ရခိုင်အလောင်းတွေကို ဆွဲယူသွားကြတယ်၊ ဒါပေမယ့် ရွာထဲတော့ သူတို့မလိုက်လာဘူး”ဟု ၄င်းရွာသားက ဆက်ပြောသည်။
အဓိကရုဏ်းဖြစ်ပွားပြီး ညနေပိုင်းတွင် ဘင်္ဂလီမူဆလင်တစ်ဦးမှ မြို့နယ်အုပ်ချူပ်ရေးမှူးနှင့် တပ်ရင်းမှူးထံသို့ ကူတောင်ရွာသားများတွင် ကျန်ခဲ့သော ယမ်းထောင်းသေနပ်တစ်လက်ဖြစ်ကြောင်းဟုဆိုကာ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
စစ်တပ်မှ သေဆုံးသူအလောင်းများကို ဘင်္ဂလီမူဆလင်ရွာနှင့် အနီးပတ်ဝန်းကျင်များတွင် လိုက်ရှာနေသော်လည်း ယခုချိန်ထိ မတွေ့ရသေးကြောင်းသိရှိရသည်။ ကူတောင်ရွာမှ ဒဏ်ရာရရှိသူ ၈ဦးကို ရသေ့တောင် ကြက်ခြေနီအဖွဲ့မှ လူငယ်များ ကုသပေးလျက်ရှိပြီး ကျန် ၂ဦးမှာ ရသေ့တောင်ဆေးရုံနှင့် ၁ဦးကို စစ်တွေသို့ ပို့ဆောင်ခဲ့ရကြောင်းသိရှိရသည်။
ယင်းကူတောင်အဓိကရုဏ်းကြောင့် ရသေ့တောင်မြို့ထဲရှိ ဒုက္ခသည်စခန်းများတွင် ယခင်ဒုက္ခသည်ပေါင်း ၅၁၅၀ဦးမှ ၅၇၀၀အထိ တိုးလာခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့မှ ပြောပြချက်အရသိရှိရသည်။
Blogger Widgets